Unicode version…
ကားအင်ဂျင်ဝိုင်ဖောက်လဲတိုင်း Oil Filter ဘူး အသစ်ပါ လဲပေးရသည်။ ကားတစ်စီးသည် တစ်နှစ်လျှင် Oil Filter ဘူးဟောင်း ငါးဘူးမှခြောက်ဘူးခန့် စွန့်ပစ်နေရ သည်။ ကားစီးရေ တစ်သိန်းဆိုလျှင် ဆီစစ်ဘူးဟောင်း အရေ အတွက် ငါးသိန်းမှ ခြောက်သိန်းအထိ ကျွန်ုပ်တို့ စွန့်ပစ်နေကြသည်။ ကားစီးရေ သန်းချီများလျှင် စွန့်ပစ်ရသော ဆီစစ် ဘူးဟောင်းများလည်း သန်းချီ၍ ရှိပါမည်။ သန်းချီသော ဆီစစ်ဘူးဟောင်း စွန့်ပစ်ပစ္စည်းများသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေပတ်ဝန်းကျင် ကို ညစ်ညမ်းစေသည်။
အမေရိကန် ပြည်ထောင်စု ပတ်ဝန်းကျင်ထိန်း သိမ်းရေး အင်ဂျင်စီ (EPA) ၏ ခန့်မှန်တွက်ချက်မှုအရ တစ်နှစ်လျှင် ဆီစစ်ဘူးမျိုးစုံ သန်း (၇၀၀) ခန့်စွန့်ပစ်နေ ရပြီး အဆိပ်အတောက် ဖြစ်စေသော အင်ဂျင်ဝိုင်အ ဟောင်းများ စွန့်ပစ်နေမှုပမာဏသည် အလေးချိန် နှစ်ဘီလီယံ (တစ်ဘီလီယံတွင် သန်းတစ်ထောင်) ပေါင်ရှိသည် ဟုဆိုထားသည်။ ထိုမျှများပြားလှသော ဆီစစ် ဘူးအဟောင်းများနှင့် အင်ဂျင်ဝိုင်အဟောင်းများ သည် ကမ္ဘာမြေပတ်ဝန်းကျင်ကို မည်မျှ ထိခိုက်စေသနည်း။အသုံး ပြုပြီးသော အင်ဂျင်ဝိုင်အဟောင်းများသည် အဆိပ်အ တောက် အလွန်မြင့်မားပြီး ကင် ဆာရောဂါ ဖြစ်စေသော ဓာတုပစ္စည်းများပါ၀င်နေပါသည်။
ထို့အပြင် ကိုဘော့ (Cobalt)၊ ခဲသတ္တု (Lead)၊ နီကယ် (Nickel)၊ အန်တီမိုနီ (Antimony) နှင့် အခြား အဆိပ်ဖြစ်စေသော ဒြပ်ပစ္စည်းများလည်း ပါ၀င်နေသည်။ ထို့ကြောင့် အမေရိကန်ပြည်နယ်များတွင် အသုံးပြုပြီး အင်ဂျင် ၀ိုင် နှင့် ဆီစစ်ဘူးအဟောင်းများ စွန့်ပစ်ခြင်းကို ဥပဒေအသစ်များ ပြဋ္ဌာန်းသတ်မှတ်ပြီး ကာကွယ်မှုများ ပြုလုပ်လျက်ရှိ သည်။
သာမန်အင်ဂျင်ဝိုင်စစ်ဘူး (Oil Filter) များ သည် တစ်ခါသုံးပစ္စည်း အမျိုးအစားဖြစ်ပြီး အင်ဂျင်ဝိုင် အသစ် လဲလှယ်တိုင်း စွန့်ပစ်နေရသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် Pure Power ဆီစစ်ဘူး ထုတ်လုပ်ရေးလုပ်ငန်းကြီးမှ ဆေးကြောသန့်စင်ပြီး ထပ်ခါ ထပ်ခါ ပြန်လည်အသုံးပြုနိုင်သော Stainless Steel Filter ဘူးကို (၁၉၉၅)ခုနှစ်က တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။
Pure Power မှ ထုတ်လုပ်သော Oil Filter သည် သံချေးမတက်နိုင်သော Stainless Steel ဖြင့်ပြုလုပ် ထား ပြီး အတွင်း၌ပါရှိသော ဆီစစ်ဇကာမှာလည်း သံမဏိမျှင် ကလေးများနှင့် ရက်လုပ်ထားသော အလွန်အဏုစိတ် သည့် နှစ်ထပ်ဇာဖြစ်သည်။ Oil Filter ဘူးကို အရစ်ပါ သောအဖုံးဖြင့် ဖုံးပိတ်ထားပြီး အတွင်းရှိ ဆီစစ်ဇကာ ကို ဖြုတ်၍ ဆေးကြောသန့်ရှင်းနိုင်သည်။ ပြန်လည်ဆေး ကြော၍ ပြန်လည်အသုံးပြုနိုင်သော အမျိုးအစားဖြစ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်သည်။ အသုံး ပြုနိုင်သော သက်တမ်းမှာ ( Lifetime Span) နှစ် (၅၀) ဖြစ်သည်။
Oil Filter ၏ သက်တမ်းသည် ကားတစ်သက် အင်ဂျင်တစ်သက်ဖြစ်ပြီး တစ်ခါသုံး Conventional Oil Filter များကဲ့သို့ အင်ဂျင်ဝိုင်တစ်ခါလဲတိုင်း အသစ် တစ်လုံးဝယ်နေစရာ မလိုတော့ပါ။ အကောင်းဆုံး အကျိုး ပြုသောအချက်မှာ ကားစီးရေသန်းပေါင်းများစွာ စက် ယန္တရားပေါင်း သိန်းပေါင်းများစွာမှ နှစ်စဉ်စွန့်ပစ်နေသော ဆီစစ်ဘူးအဟောင်း ဘီလီယံပေါင်းများစွာကို လျော့ကျ သွားစေခြင်းဖြစ်သည်။
Lifetime Oil Filter ကို စတင်ဝယ်ယူစဉ်က စျေးကြီးသော်လည်း တစ်ကြိမ်သာ ကုန်ကျပြီး နောက်ပိုင်း ထပ်ခါထပ်ခါ ၀ယ်နေစရာမလိုတော့၍ ရေရှည်တွင် စီး ပွားရေး တွက်ခြေကိုက်ပါသည်။ Lifetime Oil Filter ယူ နစ် တစ်ခုလုံးကို Stainless Steel ဖြင့်တည်ဆောက် ထားပြီး အတွင်း၌ သုံးထားသော Mesh ဇကာမှာလည်း သံမ ဏိမျှင်လေးများဖြင့် ရက်လုပ်ထားသော နှစ်ထပ် ဇကာဖြစ်သည်။ ရိုးရိုးဆီစစ်ဘူးတွင်ပါသော စက္ကူဇကာများထက် ဆီစစ်နိုင်သော စွမ်းရည်ပိုကောင်းသည်။
ခွဲစိတ်ခန်းသုံး Stainless Steel Mesh အမျိုးအစားကဲ့သို့ Micro-woven ရက်လုပ်ထား၍ အသေးငယ် ဆုံးသော အမှုန်အမွှားကလေးများကိုပင် စစ်ပေးနိုင်သည်။ ရိုးရိုး Oil Filter များတွင် စက္ကူဘာဂျာစစ်သာခံထား၍ ခရီးမိုင် (၃၀၀၀)ကျော်လောက်သာ သုံးနိုင်သော် လည်း Lifetime Steel Filter များသည် ဆီထဲတွင်ပါ၀င် သောအညစ်အကြေး အမှုန်အမွှားများကို ဇကာနှစ်ဆင့်ခံ၍ စစ်ပေးနိုင်သဖြင့် ခရီးမိုင်တစ်သောင်းအထိ အသုံးခံသည်။ သတ်မှတ်ခရီးမိုင်ပြည့်၍ ဆီစစ်ဘူးကို ဖြုတ်ဆေး ပြီး အင်ဂျင်ဝိုင် အသစ်လဲပြီးပါက Oil Filter ကို ထပ်ခါ ထပ်ခါ အသုုံးပြုနိုင်သည်။
Lifetime Steel Filter ကို အသုံးပြုခြင်းကြောင့် အင်ဂျင်ဝိုင် အသုံးပြုကာလပိုလာသည်။ ရိုးရိုး Oil Filter တွင် စက္ကူစစ်ကိုသာ သုံးထား၍ ကြာလာလျှင် ဆီချေး များ၊ ကာဗွန်အနယ်အနှစ်များ စက္ကူစစ်တွင် ပိတ်မိပြီး ဆီပန့်ဖိ အားဖြင့် တွန်းပါက Bypass Valve ပွင့်ကာ အင် ဂျင်ဝိုင်များ တိုက်ရိုက်ဖြတ်သန်းသွားသည်။ ထို့ကြောင့် ရိုးရိုး Oil Filter များ၏ အားနည်းချက်မှာ အင်ဂျင်ဝိုင်ထဲ တွင်ရှိနေသော အညစ်အကြေးများကို ကုန်စင်အောင် စစ်ထုတ် မပေးနိုင်ခြင်းဖြစ် သည်။
အင်ဂျင်ဝိုင်လဲချိန်တန်၍ ဆီဟောင်းဖောက်ချပြီး ဆီစစ်ဘူးကို ဆေးကြောသန့်ရှင်းရာတွင်လည်း လွယ်ကူ ရိုးရှင်းသည်။ ပိုးမွှားသန့်စင်နိုင်သော ရိုးရိုးဆပ်ပြာနှင့်ပင် Steel ဇကာများကို ဖြုတ်ဆေးနိုင်သည်။ ပြန်လည်တပ် ဆင်ရာတွင်လည်း မည်သည့် Hand Tool မျှမလိုဘဲ လက်တစ်တင်း လှည့်အားတင်းကြပ်ရုံဖြင့် အလုပ်ပြီးစီးသည်။
Lifetime Oil Filter ကို စျေးကွက်တွင် Brand တံဆိပ်နှစ်မျိုးဖြင့် ရနိုင်သည်။ Pure Power နှင့် Hubb အမျိုးအစားများ ဖြစ်သည်။ နှစ်မျိိုးစလုံး အမေရိကန်လုပ် ပစ္စည်းများဖြစ်သည်။ CNC Machine များဖြင့် အလိုအ လျောက် ထုတ်လုပ်ထား၍ စံချိန်စံညွှန်း တိကျသည်။ အမေရိကန် ပစ္စည်းများ၏ အရည်အသွေးဆိုင်ရာ နာမည် ကျော်စော မှုကြောင့် နိုင်ငံတကာအဆင့်မီ ISO 9001: 2008 လက်မှတ် ရရှိထားသော ကုမ္ပဏီများမှ ထုတ်ကုန် ပစ္စည်း များဖြစ်သည်။
Lifetime Oil Filter အတွင်း ချောဆီများ ဖြတ် သန်းစီးဆင်းနိုင်မှု (Oil Flow)သည် ရိုးရိုးစက္ကူစစ် Oil Filter ဘူးများထက် (၅) ဆ ပိုများပြီး ဆီတွင်ပါ၀င်နေ သော အညစ်အကြေးများကိုလည်း (၉၉) ရာခိုင်နူန်းအထိ သန့်စင်ပေးနိုင်ကြောင်း လက်တွေ့စမ်းသပ်ပြုလုပ်ချက်များ အရသိရှိရသည်။ ထို့ကြောင့် Lifetime Oil Filter ကိုသုံုး စွဲသော ကားအင်ဂျင်များ၏ စွမ်းဆောင်ရည်နှင့် အီမစ်ရှင်း (Emission) လျှော့ချပေးနိုင်မှုသည် (၃၀) ရာခိုင်နူန်း အထိတိုးတက်လာသည်။
Lifetime Oil Filter ကိုသုံးစွဲလျှင် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ-
– Stainless Steel Mesh ဇကာများအရည်အ သွေးကြောင့် အင်ဂျင်ဝိုင်များကို သန့်စင်အောင် စစ်ပေးနိုင် သည်။
– Oil Filter ဘူးကို ဆေးကြော၍ ထပ်ခါထပ်ခါ ပြန်သုံးနိုင်သည်။
– အင်ဂျင် ဆီစားသက်သာသည်။
– အင်ဂျင်ဝိုင် သုံးစွဲမှု သက်တမ်းပိုလာသည်။
– အိတ်ဇောအီမစ်ရှင်း ကျဆင်းသွားသည်။
– Oil Filter ဘူးကိုဖြုတ်/တပ်ရလွယ်ကူသည်။ မည်သည့် Hand Tool ကိုမျှသုံးစရာမလိုပါ။
– အင်ဂျင်သက်တမ်းပို၍ တာရှည်ခံသည်။
-ဆီစစ်ဘူးအဟောင်းများ စွန့်ပစ်စရာမလို၍ပတ် ၀န်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေပါ။
– ရေရှည်တွင် ကုန်ကျစရိတ်သက်သာ၍ စီးပွား ရေးတွက်ခြေကိုက်သည်။
– မည်သည့် အင်ဂျင်အမျိုးအစားတွင်မဆို အသုံး ပြုနိုင်သည်။
Lifetime Oil Filter ၏ ကောင်းမွန်သော အရည်အသွေးများကြောင့် ကမ္ဘာ့နာမည်ကြီး ကားကုမ္ပဏီ များဖြစ်ကြသော GM, Ford, Chrysler, Toyota, BMW စသော ကားထုတ်လုပ်သူများ၏ ဇိမ်ခံကားကောင်းများ တွင် Lifetime Filter ကို မူလတပ်ဆင်ကတည်းကပင် အသုံးပြုလာကြသည်။ Lifetime Filter ကို ဓာတ်ဆီအင် ဂျင်၊ ဒီဇယ်အင်ဂျင်၊ CNG အင်ဂျင်၊ Propane ဓာတ်ငွေ့ ရည်သုံး အင်ဂျင်များနှင့် Hybrid ကားအင်ဂျင်များတွင် လည်း အသုံးပြုနိုင်သည်။
Lifetime Filter များကို ကားမျိုးစုံအတွက် ပုံစံ မျိုးစုံ အရွယ်အစားမျိိုးစုံ ထုတ်လုပ်သည်။ Oil Filter အပြင် Fuel System, Transmission System, Hydraulic System နှင့် Cooling System များတွင် လည်း အသုံးပြုနိုင် သည်။ မော်တော်ယာဉ်များ၏ ချောဆီ ပို့စနစ်တွင် (၁၉၂၀) ခုနှစ်ကတည်းက အသုံးပြုလာခဲ့ကြ သော တစ်ခါသုံး Disposable Oil Filter များနေရာတွင် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိသော Lifetime Oil Filter များကို အစား ထိုးအသုံးပြုခြင်းအားဖြင့် အင်ဂျင်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်စေရုံသာမက ငွေကြေးကုန်ကျ စရိတ်လည်း သက်သာ မည်။ စွန့်ပစ်ဆီစစ်ဘူးများ ကြောင့် ကမ္ဘာမြေပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလည်း လျှော့ချ ပေး နိုင်ပါလိမ့်မည်။
မော်တော်ယာဉ်စီးရေ တိုးတက်လာခြင်းနှင့်အတူ ဘေးထွက် ဆိုးကျိုးများအဖြစ် ပတ်ဝန်းကျင်လေထုညစ် ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် မြေထု၊ ရေထုညစ်ညမ်းခြင်းများကို အလေးထားစဉ်းစား လာသော (၂၁)ရာစုခေတ်တွင် စွန့်ပစ်အင်ဂျင်ဝိုင် အဟောင်းများ၊ စွန့်ပစ်ကားပစ္စည်း အဟောင်းများနှင့် သက်ဆိုင်သော ဥပဒေများ သတ်မှတ်ပြဋ္ဌာန်း၍ ကာကွယ်လာကြသည်ကို အချို့သော နိုင်ငံကြီးများတွင် မြင်တွေ့နေရပါသည်။ မြန်မာနိုင်ငံ တွင် လည်း မော်တော်ယာဉ်များ ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးရေး အတွက် Lifetime Oil Filter များအ သုံးပြုရေးကို ကျယ်ပြန့်စွာ အလေ့အကျင့် ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာမှ ပညာပေးဆောင်ရွက်သင့်ပါကြောင်း တိုက် တွန်းအပ်ပါသည်။
K M A(သိပ္ပံ နှင့် နည်းပညာ)
Zawgyi version…
ကားအင္ဂ်င္၀ိုင္ေဖာက္လဲတိုင္း Oil Filter ဘူး အသစ္ပါ လဲေပးရသည္။ ကားတစ္စီးသည္ တစ္ႏွစ္လွ်င္ Oil Filter ဘူးေဟာင္း ငါးဘူးမွေျခာက္ဘူးခန္႔ စြန္႔ပစ္ေနရ သည္။ ကားစီးေရ တစ္သိန္းဆိုလွ်င္ ဆီစစ္ဘူးေဟာင္း အေရ အတြက္ ငါးသိန္းမွ ေျခာက္သိန္းအထိ ကၽြန္ုပ္တို႔ စြန္႔ပစ္ေနၾကသည္။ ကားစီးေရ သန္းခ်ီမ်ားလွ်င္ စြန္႔ပစ္ရေသာ ဆီစစ္ ဘူးေဟာင္းမ်ားလည္း သန္းခ်ီ၍ ရွိပါမည္။ သန္းခ်ီေသာ ဆီစစ္ဘူးေဟာင္း စြန္႔ပစ္ပစၥည္းမ်ားသည္ ကၽြႏ္ုပ္တို႔ေနထုိင္ရာ ကမၻာေျမပတ္၀န္းက်င္ ကို ညစ္ညမ္းေစသည္။
အေမရိကန္ ျပည္ေထာင္စု ပတ္၀န္းက်င္ထိန္း သိမ္းေရး အင္ဂ်င္စီ (EPA) ၏ ခန္႔မွန္တြက္ခ်က္မႈအရ တစ္ႏွစ္လွ်င္ ဆီစစ္ဘူးမ်ဳိးစံု သန္း (၇၀၀) ခန္႕စြန္႔ပစ္ေန ရၿပီး အဆိပ္အေတာက္ ျဖစ္ေစေသာ အင္ဂ်င္၀ိုင္အ ေဟာင္းမ်ား စြန္႔ပစ္ေနမႈပမာဏသည္ အေလးခ်ိန္ ႏွစ္ဘီလီယံ (တစ္ဘီလီယံတြင္ သန္းတစ္ေထာင္) ေပါင္ရွိသည္ ဟုဆိုထားသည္။ ထိုမွ်မ်ားျပားလွေသာ ဆီစစ္ ဘူးအေဟာင္းမ်ားႏွင့္ အင္ဂ်င္၀ိုင္အေဟာင္းမ်ား သည္ ကမၻာေျမပတ္၀န္းက်င္ကို မည္မွ် ထိခိုက္ေစသနည္း။အသံုး ျပဳၿပီးေသာ အင္ဂ်င္၀ိုင္အေဟာင္းမ်ားသည္ အဆိပ္အ ေတာက္ အလြန္ျမင့္မားၿပီး ကင္ ဆာေရာဂါ ျဖစ္ေစေသာ ဓာတုပစၥည္းမ်ားပါ၀င္ေနပါသည္။
ထို႔အျပင္ ကိုေဘာ့ (Cobalt)၊ ခဲသတၱဳ (Lead)၊ နီကယ္ (Nickel)၊ အန္တီမိုနီ (Antimony) ႏွင့္ အျခား အဆိပ္ျဖစ္ေစေသာ ျဒပ္ပစၥည္းမ်ားလည္း ပါ၀င္ေနသည္။ ထို႔ေၾကာင့္ အေမရိကန္ျပည္နယ္မ်ားတြင္ အသံုးျပဳၿပီး အင္ဂ်င္ ၀ိုင္ ႏွင့္ ဆီစစ္ဘူးအေဟာင္းမ်ား စြန္႔ပစ္ျခင္းကို ဥပေဒအသစ္မ်ား ျပ႒ာန္းသတ္မွတ္ၿပီး ကာကြယ္မႈမ်ား ျပဳလုပ္လ်က္ရွိ သည္။
သာမန္အင္ဂ်င္၀ိုင္စစ္ဘူး (Oil Filter) မ်ား သည္ တစ္ခါသံုးပစၥည္း အမ်ဳိးအစားျဖစ္ၿပီး အင္ဂ်င္၀ိုင္ အသစ္ လဲလွယ္တိုင္း စြန္႔ပစ္ေနရသည္။ ပတ္၀န္းက်င္ ညစ္ညမ္းမႈ ျပႆနာကို ေျဖရွင္းႏိုင္ရန္ Pure Power ဆီစစ္ဘူး ထုတ္လုပ္ေရးလုပ္ငန္းႀကီးမွ ေဆးေၾကာသန္႔စင္ၿပီး ထပ္ခါ ထပ္ခါ ျပန္လည္အသံုးျပဳႏိုင္ေသာ Stainless Steel Filter ဘူးကို (၁၉၉၅)ခုႏွစ္က တီထြင္ထုတ္လုပ္ႏိုင္ခဲ့သည္။
Pure Power မွ ထုတ္လုပ္ေသာ Oil Filter သည္ သံေခ်းမတက္ႏုိင္ေသာ Stainless Steel ျဖင့္ျပဳလုပ္ ထား ၿပီး အတြင္း၌ပါရွိေသာ ဆီစစ္ဇကာမွာလည္း သံမဏိမွ်င္ ကေလးမ်ားႏွင့္ ရက္လုပ္ထားေသာ အလြန္အဏုစိတ္ သည့္ ႏွစ္ထပ္ဇာျဖစ္သည္။ Oil Filter ဘူးကို အရစ္ပါ ေသာအဖံုးျဖင့္ ဖံုးပိတ္ထားၿပီး အတြင္းရွိ ဆီစစ္ဇကာ ကို ျဖဳတ္၍ ေဆးေၾကာသန္႔ရွင္းႏုိင္သည္။ ျပန္လည္ေဆး ေၾကာ၍ ျပန္လည္အသံုးျပဳႏုိင္ေသာ အမ်ဳိးအစားျဖစ္ၿပီး အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္အသံုးျပဳႏိုင္သည္။ အသံုး ျပဳႏုိင္ေသာ သက္တမ္းမွာ ( Lifetime Span) ႏွစ္ (၅၀) ျဖစ္သည္။
Oil Filter ၏ သက္တမ္းသည္ ကားတစ္သက္ အင္ဂ်င္တစ္သက္ျဖစ္ၿပီး တစ္ခါသံုး Conventional Oil Filter မ်ားကဲ့သို႔ အင္ဂ်င္၀ိုင္တစ္ခါလဲတိုင္း အသစ္ တစ္လံုး၀ယ္ေနစရာ မလိုေတာ့ပါ။ အေကာင္းဆံုး အက်ဳိး ျပဳေသာအခ်က္မွာ ကားစီးေရသန္းေပါင္းမ်ားစြာ စက္ ယႏၱရားေပါင္း သိန္းေပါင္းမ်ားစြာမွ ႏွစ္စဥ္စြန္႔ပစ္ေနေသာ ဆီစစ္ဘူးအေဟာင္း ဘီလီယံေပါင္းမ်ားစြာကို ေလ်ာ့က် သြားေစျခင္းျဖစ္သည္။
Lifetime Oil Filter ကို စတင္၀ယ္ယူစဥ္က ေစ်းႀကီးေသာ္လည္း တစ္ႀကိမ္သာ ကုန္က်ၿပီး ေနာက္ပိုင္း ထပ္ခါထပ္ခါ ၀ယ္ေနစရာမလုိေတာ့၍ ေရရွည္တြင္ စီး ပြားေရး တြက္ေျခကိုက္ပါသည္။ Lifetime Oil Filter ယူ နစ္ တစ္ခုလံုးကို Stainless Steel ျဖင့္တည္ေဆာက္ ထားၿပီး အတြင္း၌ သံုးထားေသာ Mesh ဇကာမွာလည္း သံမ ဏိမွ်င္ေလးမ်ားျဖင့္ ရက္လုပ္ထားေသာ ႏွစ္ထပ္ ဇကာျဖစ္သည္။ ရိုးရိုးဆီစစ္ဘူးတြင္ပါေသာ စကၠဴဇကာမ်ားထက္ ဆီစစ္ႏိုင္ေသာ စြမ္းရည္ပိုေကာင္းသည္။
ခြဲစိတ္ခန္းသံုး Stainless Steel Mesh အမ်ဳိးအစားကဲ့သို႔ Micro-woven ရက္လုပ္ထား၍ အေသးငယ္ ဆုံးေသာ အမႈန္အမႊားကေလးမ်ားကိုပင္ စစ္ေပးႏုိင္သည္။ ရိုးရိုး Oil Filter မ်ားတြင္ စကၠဴဘာဂ်ာစစ္သာခံထား၍ ခရီးမိုင္ (၃၀၀၀)ေက်ာ္ေလာက္သာ သံုးႏုိင္ေသာ္ လည္း Lifetime Steel Filter မ်ားသည္ ဆီထဲတြင္ပါ၀င္ ေသာအညစ္အေၾကး အမႈန္အမႊားမ်ားကို ဇကာနွစ္ဆင့္ခံ၍ စစ္ေပးႏိုင္သျဖင့္ ခရီးမိုင္တစ္ေသာင္းအထိ အသံုးခံသည္။ သတ္မွတ္ခရီးမိုင္ျပည့္၍ ဆီစစ္ဘူးကို ျဖဳတ္ေဆး ၿပီး အင္ဂ်င္၀ိုင္ အသစ္လဲၿပီးပါက Oil Filter ကို ထပ္ခါ ထပ္ခါ အသံုုးျပဳႏိုင္သည္။
Lifetime Steel Filter ကို အသံုးျပဳျခင္းေၾကာင့္ အင္ဂ်င္၀ိုင္ အသံုးျပဳကာလပိုလာသည္။ ရိုးရိုး Oil Filter တြင္ စကၠဴစစ္ကိုသာ သံုးထား၍ ၾကာလာလွ်င္ ဆီေခ်း မ်ား၊ ကာဗြန္အနယ္အႏွစ္မ်ား စကၠဴစစ္တြင္ ပိတ္မိၿပီး ဆီပန္႔ဖိ အားျဖင့္ တြန္းပါက Bypass Valve ပြင့္ကာ အင္ ဂ်င္၀ိုင္မ်ား တိုက္ရိုက္ျဖတ္သန္းသြားသည္။ ထုိ႔ေၾကာင့္ ရိုးရိုး Oil Filter မ်ား၏ အားနည္းခ်က္မွာ အင္ဂ်င္၀ိုင္ထဲ တြင္ရွိေနေသာ အညစ္အေၾကးမ်ားကို ကုန္စင္ေအာင္ စစ္ထုတ္ မေပးႏိုင္ျခင္းျဖစ္ သည္။
အင္ဂ်င္၀ိုင္လဲခ်ိန္တန္၍ ဆီေဟာင္းေဖာက္ခ်ၿပီး ဆီစစ္ဘူးကို ေဆးေၾကာသန္႔ရွင္းရာတြင္လည္း လြယ္ကူ ရိုးရွင္းသည္။ ပိုးမႊားသန္႔စင္ႏိုင္ေသာ ရိုးရိုးဆပ္ျပာႏွင့္ပင္ Steel ဇကာမ်ားကို ျဖဳတ္ေဆးႏိုင္သည္။ ျပန္လည္တပ္ ဆင္ရာတြင္လည္း မည္သည့္ Hand Tool မွ်မလိုဘဲ လက္တစ္တင္း လွည့္အားတင္းၾကပ္ရံုျဖင့္ အလုပ္ၿပီးစီးသည္။
Lifetime Oil Filter ကို ေစ်းကြက္တြင္ Brand တံဆိပ္ႏွစ္မ်ိဳးျဖင့္ ရႏိုင္သည္။ Pure Power ႏွင့္ Hubb အမ်ိဳးအစားမ်ား ျဖစ္သည္။ ႏွစ္မ်ိိဳးစလံုး အေမရိကန္လုပ္ ပစၥည္းမ်ားျဖစ္သည္။ CNC Machine မ်ားျဖင့္ အလိုအ ေလ်ာက္ ထုတ္လုပ္ထား၍ စံခ်ိန္စံညႊန္း တိက်သည္။ အေမရိကန္ ပစၥည္းမ်ား၏ အရည္အေသြးဆိုင္ရာ နာမည္ ေက်ာ္ေစာ မႈေၾကာင့္ ႏုိင္ငံတကာအဆင့္မီ ISO 9001: 2008 လက္မွတ္ ရရွိထားေသာ ကုမၸဏီမ်ားမွ ထုတ္ကုန္ ပစၥည္း မ်ားျဖစ္သည္။
Lifetime Oil Filter အတြင္း ေခ်ာဆီမ်ား ျဖတ္ သန္းစီးဆင္းႏိုင္မႈ (Oil Flow)သည္ ရိုးရိုးစကၠဴစစ္ Oil Filter ဘူးမ်ားထက္ (၅) ဆ ပိုမ်ားၿပီး ဆီတြင္ပါ၀င္ေန ေသာ အညစ္အေၾကးမ်ားကိုလည္း (၉၉) ရာခိုင္ႏူန္းအထိ သန္႔စင္ေပးႏိုင္ေၾကာင္း လက္ေတြ႔စမ္းသပ္ျပဳလုပ္ခ်က္မ်ား အရသိရွိရသည္။ ထို႔ေၾကာင့္ Lifetime Oil Filter ကိုသံုုး စြဲေသာ ကားအင္ဂ်င္မ်ား၏ စြမ္းေဆာင္ရည္ႏွင့္ အီမစ္ရွင္း (Emission) ေလွ်ာ့ခ်ေပးႏိုင္မႈသည္ (၃၀) ရာခိုင္ႏူန္း အထိတိုးတက္လာသည္။
Lifetime Oil Filter ကိုသံုးစြဲလွ်င္ ရရွိႏုိင္ေသာ အက်ိဳးေက်းဇူးမ်ားမွာ-
– Stainless Steel Mesh ဇကာမ်ားအရည္အ ေသြးေၾကာင့္ အင္ဂ်င္၀ိုင္မ်ားကို သန္႔စင္ေအာင္ စစ္ေပးႏုိင္ သည္။
– Oil Filter ဘူးကို ေဆးေၾကာ၍ ထပ္ခါထပ္ခါ ျပန္သံုးႏိုင္သည္။
– အင္ဂ်င္ ဆီစားသက္သာသည္။
– အင္ဂ်င္၀ိုင္ သံုးစြဲမႈ သက္တမ္းပိုလာသည္။
– အိတ္ေဇာအီမစ္ရွင္း က်ဆင္းသြားသည္။
– Oil Filter ဘူးကိုျဖဳတ္/တပ္ရလြယ္ကူသည္။ မည္သည့္ Hand Tool ကိုမွ်သံုးစရာမလိုပါ။
– အင္ဂ်င္သက္တမ္းပို၍ တာရွည္ခံသည္။
-ဆီစစ္ဘူးအေဟာင္းမ်ား စြန္႔ပစ္စရာမလို၍ပတ္ ၀န္းက်င္ကို ညစ္ညမ္းမႈ မျဖစ္ေစပါ။
– ေရရွည္တြင္ ကုန္က်စရိတ္သက္သာ၍ စီးပြား ေရးတြက္ေျခကိုက္သည္။
– မည္သည့္ အင္ဂ်င္အမ်ိဳးအစားတြင္မဆို အသံုး ျပဳႏိုင္သည္။
Lifetime Oil Filter ၏ ေကာင္းမြန္ေသာ အရည္အေသြးမ်ားေၾကာင့္ ကမၻာ႔နာမည္ႀကီး ကားကုမၸဏီ မ်ားျဖစ္ၾကေသာ GM, Ford, Chrysler, Toyota, BMW စေသာ ကားထုတ္လုပ္သူမ်ား၏ ဇိမ္ခံကားေကာင္းမ်ား တြင္ Lifetime Filter ကို မူလတပ္ဆင္ကတည္းကပင္ အသံုးျပဳလာၾကသည္။ Lifetime Filter ကို ဓာတ္ဆီအင္ ဂ်င္၊ ဒီဇယ္အင္ဂ်င္၊ CNG အင္ဂ်င္၊ Propane ဓာတ္ေငြ႕ ရည္သံုး အင္ဂ်င္မ်ားႏွင့္ Hybrid ကားအင္ဂ်င္မ်ားတြင္ လည္း အသံုးျပဳႏိုင္သည္။
Lifetime Filter မ်ားကို ကားမ်ိဳးစံုအတြက္ ပံုစံ မ်ိဳးစံု အရြယ္အစားမ်ိိဳးစံု ထုတ္လုပ္သည္။ Oil Filter အျပင္ Fuel System, Transmission System, Hydraulic System ႏွင့္ Cooling System မ်ားတြင္ လည္း အသံုးျပဳႏိုင္ သည္။ ေမာ္ေတာ္ယာဥ္မ်ား၏ ေခ်ာဆီ ပို႔စနစ္တြင္ (၁၉၂၀) ခုႏွစ္ကတည္းက အသံုးျပဳလာခဲ့ၾက ေသာ တစ္ခါသံုး Disposable Oil Filter မ်ားေနရာတြင္ ပတ္၀န္းက်င္ ထိခိုက္ပ်က္စီးမႈမရွိေသာ Lifetime Oil Filter မ်ားကို အစား ထိုးအသံုးျပဳျခင္းအားျဖင့္ အင္ဂ်င္၏ စြမ္းေဆာင္ရည္ကို တုိးျမွင့္ေစရုံသာမက ေငြေၾကးကုန္က် စရိတ္လည္း သက္သာ မည္။ စြန္႔ပစ္ဆီစစ္ဘူးမ်ား ေၾကာင့္ ကမၻာေျမပတ္၀န္းက်င္ ညစ္ညမ္းမႈမ်ားကိုလည္း ေလ်ွာ့ခ် ေပး ႏုိင္ပါလိမ့္မည္။
ေမာ္ေတာ္ယာဥ္စီးေရ တိုးတက္လာျခင္းႏွင့္အတူ ေဘးထြက္ ဆိုးက်ိဳးမ်ားအျဖစ္ ပတ္၀န္းက်င္ေလထုညစ္ ညမ္းျခင္း၊ စြန္႔ပစ္ပစၥည္းမ်ားေၾကာင့္ ပတ္၀န္းက်င္ ေျမထု၊ ေရထုညစ္ညမ္းျခင္းမ်ားကို အေလးထားစဥ္းစား လာေသာ (၂၁)ရာစုေခတ္တြင္ စြန္႔ပစ္အင္ဂ်င္၀ုိင္ အေဟာင္းမ်ား၊ စြန္႔ပစ္ကားပစၥည္း အေဟာင္းမ်ားႏွင့္ သက္ဆုိင္ေသာ ဥပေဒမ်ား သတ္မွတ္ျပ႒ာန္း၍ ကာကြယ္လာၾကသည္ကို အခ်ိဳ႕ေသာ ႏုိင္ငံႀကီးမ်ားတြင္ ျမင္ေတြ႕ေနရပါသည္။ ျမန္မာႏုိင္ငံ တြင္ လည္း ေမာ္ေတာ္ယာဥ္မ်ား ေၾကာင့္ ပတ္၀န္းက်င္ထိခိုက္မႈ ေလ်ာ့ပါးေရး အတြက္ Lifetime Oil Filter မ်ားအ သံုးျပဳေရးကို က်ယ္ျပန္႔စြာ အေလ့အက်င့္ ျဖစ္ေပၚလာေစရန္ သက္ဆိုင္ရာမွ ပညာေပးေဆာင္ရြက္သင့္ပါေၾကာင္း တုိက္ တြန္းအပ္ပါသည္။
K M A(သိပံၸ ႏွင့္ နည္းပညာ)