ဗြိတိန်ဇိမ်ခံကားထုတ်လုပ်သူ Aston Martin V12 Speedster ကားသစ်ကို သူတို့ရဲ့ Gaydon headquarters မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဒီ V12 Speedster ကားသစ်ရဲ့ပုံစံက1959 ခုနှစ် Le Mans-winning DBR1 နဲ့ 2013 ရဲ့ ရာပြည့်အခမ်းအနားမှာပြသခဲ့တဲ့ CC100 Speedster Concept ကားတွေကို ပြန်မြင်ယောင်လာမိစေပါတယ်။
Aluminium 5.2-litre, twin-turbocharged V12 အင်ဂျင်ကိုတပ်ဆင်ထားပြီး outputs 522kW နဲ့ 752Nm ရှိမှာပါ။ ZF eight-speed automatic transmission နဲ့ rear wheel drive စနစ်ပါဝင်ထားပါတယ်။ V12 Speedster 100km/h ကို 3.5 second နဲ့ Top Speed က 300km/h (electronically-limited) ထိရှိမှာဖြစ်ပါတယ်။
အရင်ပါဝင်နေကျ glovebox အစား ဖြုတ်-တပ်လုပ်နိုင်တဲ့ leather bag ကို ပြောင်းလဲထည့်သွင်းပေးထားပါတယ်။ driving mode တွေအနေနဲ့ Sport, Sport+ နဲ့ Track ဆိုပြီး ၃ မျိုးပါဝင်မှာပါ။ 21-inch ရှိ forged centre-lock alloy wheel တွေရဲ့အနောက်ဘက်မှာတော့ Carbon ceramic brake discs (at 410mm up front and 360mm in the rear) တွေ တပ်ဆင်ထားပါတယ်။
ကားရဲ့ဒီဇိုင်းက F/A-18 fighter jet ရဲ့အသွင်ကို မှီငြမ်းဖန်တီးထားတာဖြစ်ပြီး Satin black နဲ့ dark chrome တွေကို exhaust tips, grilles and vanes နဲ့ interior pieces တွေအထိေတွ့ရမှာပါ။ ဒီ Model အသစ်ရဲ့ အတွင်းဒီဇိုင်းက ရှေးဆန်ဆန်ပုံံစံမျိုးရှိပြီး Saddle leather, chrome, aluminium နဲ့ carbon fibre သုံး 3D-printed rubber contrast တွေနဲ့ဖွဲ့စည်းထားတဲ့ Cabin ကိုတွေ့ရမှာပါ။
Speedster ရဲ့ body တစ်ခုလုံးနီးပါးကို carbon fibre အသုံးပြုဖန်တီးထားတာလို့လည်း Aston Martin က ဆိုထားပါတယ်။ Limited Edition အဖြစ်နဲ့ ၈၈ စင်းပဲထုတ်လုပ်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်း $99820 ဝန်းကျင်နဲ့ရောင်းချသွားမယ်လို့သိရပါတယ်။
(Zawgyi)
ၿဗိတိန္ဇိမ္ခံကားထုတ္လုပ္သူ Aston Martin V12 Speedster ကားသစ္ကို သူတို႔ရဲ႕ Gaydon headquarters မွာ ပြဲဦးထြက္ျပသခဲ့ပါတယ္။ ဒီ V12 Speedster ကားသစ္ရဲ႕ပုံစံက1959 ခုႏွစ္ Le Mans-winning DBR1 နဲ႔ 2013 ရဲ႕ ရာျပည့္အခမ္းအနားမွာျပသခဲ့တဲ့ CC100 Speedster Concept ကားေတြကို ျပန္ျမင္ေယာင္လာမိေစပါတယ္။
Aluminium 5.2-litre, twin-turbocharged V12 အင္ဂ်င္ကိုတပ္ဆင္ထားၿပီး outputs 522kW နဲ႔ 752Nm ရွိမွာပါ။ ZF eight-speed automatic transmission နဲ႔ rear wheel drive စနစ္ပါဝင္ထားပါတယ္။ V12 Speedster 100km/h ကို 3.5 second နဲ႔ Top Speed က 300km/h (electronically-limited) ထိရွိမွာျဖစ္ပါတယ္။
အရင္ပါဝင္ေနက် glovebox အစား ျဖဳတ္-တပ္လုပ္ႏိုင္တဲ့ leather bag ကို ေျပာင္းလဲထည့္သြင္းေပးထားပါတယ္။ driving mode ေတြအေနနဲ႔ Sport, Sport+ နဲ႔ Track ဆိုၿပီး ၃ မ်ိဳးပါဝင္မွာပါ။ 21-inch ရွိ forged centre-lock alloy wheel ေတြရဲ႕အေနာက္ဘက္မွာေတာ့ Carbon ceramic brake discs (at 410mm up front and 360mm in the rear) ေတြ တပ္ဆင္ထားပါတယ္။
ကားရဲ႕ဒီဇိုင္းက F/A-18 fighter jet ရဲ႕အသြင္ကို မွီျငမ္းဖန္တီးထားတာျဖစ္ၿပီး Satin black နဲ႔ dark chrome ေတြကို exhaust tips, grilles and vanes နဲ႔ interior pieces ေတြအထိေတြ႕ရမွာပါ။ ဒီ Model အသစ္ရဲ႕ အတြင္းဒီဇိုင္းက ေရွးဆန္ဆန္ပုံံစံမ်ိဳးရွိၿပီး Saddle leather, chrome, aluminium နဲ႔ carbon fibre သုံး 3D-printed rubber contrast ေတြနဲ႔ဖြဲ႕စည္းထားတဲ့ Cabin ကိုေတြ႕ရမွာပါ။
Speedster ရဲ႕ body တစ္ခုလုံးနီးပါးကို carbon fibre အသုံးျပဳဖန္တီးထားတာလို႔လည္း Aston Martin က ဆိုထားပါတယ္။ Limited Edition အျဖစ္နဲ႔ ၈၈ စင္းပဲထုတ္လုပ္ေရာင္းခ်မွာျဖစ္ၿပီး ေဈးႏႈန္း $99820 ဝန္းက်င္နဲ႔ေရာင္းခ်သြားမယ္လို႔သိရပါတယ္။
Ref: caradvice
Thiha