Luxury Brand ဖြစ်သည့် Lincoln Brand သည် Fully EVs Brand အဖြစ်သို့ 2030 တွင် ပြောင်းလဲရန် စီစဉ်ထားပြီး EV SUV အသစ်တမျိုးကိုလည်း 2022 တွင်ထုတ်လုပ်မည်ဖြစ်သည်။ New EV SUV အား Mark E ဟုခေါ်ဆိုကာ အဆိုပါ SUV အား ယခင်က Rivian နှင့်ပူးပေါင်းဖန်တီးရန် စီစဉ် ထားသော်လည်း နောက်ပိုင်းတွင် Lincoln ၏ ကိုယ်ပိုင် Platform ဖြင့်သာ ထုတ်လုပ်ရန် စီစဉ်လိုက် ပါသည်။ Mark E ၏ Design အား Zephy Reflection Concept Car ထံမှ မှီငြမ်းထားပြီး အဆိုပါ Design ကို အနာဂတ်တွင် ထုတ်လုပ်မည့် Lincoln SUV များတွင် Design Language အနေဖြင့် အသုံးပြုမည်ဖြစ်သည်။ New SUV ၏ အရွယ်သည် Lincoln Aviator နှင့် တူညီမည် ဖြစ်သော်လည်း တမူထူးခြားသည့် Design ဖန်တီးမှုနှင့်အတူ LED Lighting Setup ၊ အရွယ်ကြီးမားသည့် Digital Display Screen အား Dashboard နေရာတခုလုံးတွင် ခင်းကျင်းထားမှု ၊ လွတ်လပ်ပြီး Airy Feel ကို ခံစားစေရန်အတွက် Flat Floor Layout စသည့်အခင်းအကျင်းများဖြင့် ထူးခြားစွာ ဖန်တီးထားပါမည်။ Mark E SUV တွင် ( New Battery – Electronic Setup ) ကိုထည့်သွင်းထားမည်ဖြစ်ကာ Lincoln ၏ ပထမဆုံး EV အနေဖြင့် မိုင် ၃၀၀ မှ ၄၀၀ အထိ အသုံးပြုနိုင်မည့် Per Charge Power ပါရှိမည့် EV SUV ဖြစ်သည်။ ၎င်းတွင် ( နောက်ဘီးယက်စနစ် ) နှင့် ( AWD System) တို့ ပါဝင်မည်ဖြစ်ပြီး Audi e – tron ၊ Jaguar I-Pace ၊ Tesla Model X ၊ တို့၏ ပြိုင်ဖက်ကောင်းတခုလည်း ဖြစ်လာနိုင်ပါမည်။ Lincoln အနေဖြင့် Hands-free လုပ်ဆောင်မှုပါဝင်သည့် Semi-Autonomous Driving Model ဖြစ်သည့် Lincoln Active Glide ကိုလည်း မကြာခင် မိတ်ဆက်မည်ဖြစ်သည်။

26 Jun 2021
0