Lincoln ၏ Flagship Sedan ဖြစ်သည့် Continental Sedan အား 2020 အထိသာ ထုတ်လုပ်မည်ဖြစ်ပြီး Production ကို ရပ်ဆိုင်းရန် FORD မှ အတည်ပြုလိုက်ပါသည်။ Continental သည် အလွန်ကောင်းမွန်သော်လည်း ရောင်းအားသည် မျှော်လင့်ထားသည်ထက် များစွာလျော့နည်း လာခြင်းကြောင့် ထိုသို့ရပ်ဆိုင်းခြင်းဖြစ်ကာ Lincoln သည် Navigator SUV ကို Brand ၏ အနာဂတ် Flagship Model အဖြစ်လျာထားပါသည်။ Continental အား U.S.A ၊ ပီဂျီဂန်ပြည်နယ် ၊ Flat Rock စက်ရုံတွင် ထုတ်လုပ်တပ်ဆင်ပါသည်။ Continental အား 2017 တွင် ပြန်လည်ဖန်တီးခြင်းဖြစ်ကာ ယခင်က ထုတ်လုပ်ခဲ့သည့် Model အား 2002 / 2003 တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 2017 တွင် ပြန်လည် ထုတ်လုပ်သည့် Model အား Lincoln MKS နှင့် Concept Car တို့ကို အခြေခံကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Lincoln သည် 2019 ခုနှစ်အတွက် Continental အစင်းရေ (6586) စင်းရောင်းချခဲ့ပါသည်။ Lincoln Continental သည် တရုတ်နိုင်ငံတွင်မူ 2021 Model အနေဖြင့် ဆက်လက် ထွက်ရှိမည်ဟု Lincoln မှ ဆိုပါသည်။ Lincoln Continental သည် U.S Made ဇိမ်ခံကားများတွင် အလွန်ထင်ရှားခဲ့သည့် Model လည်းဖြစ်ပါသည်။

16 Jul 2020
0