Zawgyi version…

အခုတစ္လမွာေတာ့ ကၽြန္ေတာ္တို႔ ျပည္တြင္း ေစ်းကြက္မွာ မိသားစုလုိက္ ခရီးသြားတတ္သူေတြ၊ အတြင္းခန္း က်ယ္က်ယ္နဲ႔ ခရီးေ၀း သြားတတ္သူေတြ အမ်ားဆံုး စီးနင္းၾကတဲ့ Vanေတြထဲက အေကာင္းဆံုးနဲ႔ အ၀ယ္အလုိက္ဆံုး ျဖစ္ေနတဲ့ ေမာ္ဒယ္ေတြ အေၾကာင္းကို နည္းနည္း ေျပာျပခ်င္ပါတယ္။

Budget – Honda Odyssey …

ေမာ္္ဒယ္က  ၁၉၉၄ခုႏွစ္ကတည္းက စတင္ ထုတ္လုပ္ေနခ့ဲတာ ျဖစ္ၿပီး Minivanတန္း၀င္ ေမာ္ဒယ္ပါ။ ေရွ႕ပိုင္းမွာေတာ့ ၂၀၁၃ခုႏွစ္ထိေအာင္ Station Wagonဆိုတဲ့ မိသားစုသံုး ေမာ္ဒယ္ပံုစံ ထုတ္လုပ္ခဲ့ပါေသးတယ္။ ၂၀၁၃ခုႏွစ္ကေန ေနာက္ပိုင္းမွာေတာ့ Minivanျဖစ္လာခဲ့တာပါ။ ပထမမိ်ဳးဆက္ အေနနဲ႔ ၁၉၉၄ခုႏွစ္ကေန ၁၉၉၉ခုႏွစ္ထိေအာင္၊ ဒုတိယ မ်ိဳးဆက္ကို ၁၉၉၉ခုႏွစ္ကေန ၂၀၀၃ခုႏွစ္ အတြင္း၊ တတိယ မ်ိဳးဆက္ကို ၂၀၀၃ခုႏွစ္ကေန ၂၀၀၈ခုႏွစ္ အတြင္း ထုတ္လုပ္ခဲ့တာ ေတြ႔ရပါတယ္။ လက္ရွိ ျပည္တြင္းမွာ အမ်ားဆံုး ရွိေနတဲ့ Odysseyေတြကေတာ့ စတုတၳမ်ိဳးဆက္ ေတြ ျဖစ္ၿပီး ၂၀၀၈ခုႏွစ္ကေန ၂၀၁၃ခုႏွစ္ အတြင္း ထုတ္လုပ္ထားတဲ့ ေမာ္ဒယ္ေတြပါ။ အဆိုပါ မ်ိဳးဆက္ကို Guangzhou-Honda Odysseyအျဖစ္လည္း ေခၚၾကၿပီး ဂ်ပန္နဲ႔ တရုတ္မွာ ထုတ္လုပ္ပါတယ္။ ေရွ႕ဖက္ အင္ဂ်င္အထုိင္စနစ္နဲ႔ ေရွ႕ဘီးယက္၊ ေလးဘီးယက္ေတြ ရႏုိင္ပါတယ္။ အင္ဂ်င္က ၂.၄လီတာသံုး တစ္မ်ိဳးတည္း ထြက္ရွိပါတယ္။ ဂီယာပိုင္းက CVTနဲ႔လည္း ရသလို Autoဆိုရင္ ၅ခ်က္ ျဖစ္ပါတယ္။

လက္ရွိ ေနာက္ဆံုး ထုတ္လုပ္ေနတဲ့ မ်ိဳးဆက္ကေတာ့ ၅ဆက္ေျမာက္ ျဖစ္ၿပီး ၂၀၁၃ခုႏွစ္ကေန စတင္ ထုတ္လုပ္ေနခဲ့တာပါ။ တရုတ္ ေစ်းကြက္မွာ Honda Elysionအျဖစ္ ေခၚပါတယ္။ အင္ဂ်င္ပိုင္းမွာ ထူးျခားတဲ့ အဆင့္ျမွင့္တင္ ထုတ္လုပ္မႈ မေတြ႔ရေပမယ့္ ဂီယာပိုင္းကေတာ့ CVTပံုစံကို၇ခ်က္သံုး Manualပံုစံမ်ိဳးလည္း ရႏုိင္လာပါတယ္။ အခု ေနာက္ဆံုး ထြက္ရွိထားတဲ့ Odysseyဆိုရင္ ေရြးခ်ယ္ႏုိ္င္စရာ ေမာ္ဒယ္ခြဲ ၆ခုထိ ရေအာင္ ဖန္တီးထားတာ ေတြ႔ရပါတယ္။ LX, EX, EX-L, EX-L Navi & RES, Touringနဲ႔ Eliteေတြ ျဖစ္ပါတယ္။  ၁၈လက္မ ဘီးေတြ၊ ေနာက္ဖက္ ရိုက္ကူးကင္မရာ၊ ေရွ႕ဖက္ ထုိင္ခံုေတြက Powerနဲ႔ သြားတယ္၊ ၅လက္မ Touchစနစ္နဲ႔ ျပသမ်က္ႏွာျပင္စနစ္ေတြ၊ Bluetoothခ်ိတ္ဆက္ႏုိင္မႈနဲ႔ စပီကာ ၇လံုး ထည့္ထားပါတယ္။ ေလွ်ာတံခါးက Powerနဲ႔ ျဖစ္လာတယ္၊ Keylessစနစ္ သံုးႏုိင္လာတယ္၊ Remoteနဲ႔ အင္ဂ်င္ စက္ႏိႈးႏုိင္မယ္၊ ယာဥ္ေမာင္း ထို္င္ခံုကို အနိမ့္၊ အျမင့္ ခ်ိန္ညွိႏုိင္မႈက Powerန႔ဲ ျဖစ္လာတယ္၊ ေရွ႕ဖက္ ထုိင္ခံုေတြက အပူေပးစနစ္ ပါလာတယ္၊ ေနာက္ဖက္ တံခါးေတြမွာ ေနကာေတြပါလာတယ္၊ ၈လက္မ Touchစနစ္ ျပသမ်က္ႏွာျပင္စနစ္၊ လမ္းက်ဥ္းအခ်က္ျပစနစ္ေတြ ပါလာပါတယ္။

အင္ဂ်င္စနစ္ကေတာ့ တစ္ခုတည္း ျဖစ္ၿပီး သူက ၃.၅လီတာသံုး V6အင္ဂ်င္ ျဖစ္ၿပီး ရုန္းအား ၂၆၂ေပါင္-ေပမွာ ျမင္းေကာင္ေရ ၂၈၀အားထိေအာင္ ထြက္ရွိလာပါတယ္။ အရင္ႏွစ္ ေမာ္ဒယ္ထက္ စြမ္းေဆာင္ရည္ ေတာ္ေတာ္ေလး ေကာင္းလာပါတယ္။ ေရွ႕ဘီးယက္စနစ္နဲ႔ ျဖစ္ၿပီး ၉ခ်က္သံုး Autoနဲ႔ သြားပါတယ္။ Touringနဲ႔ Eliteမွာေတာ့ ၁၀ခ်က္သံုး Autoနဲ႔ သြားပါတယ္။ LXကေတာ့ ၇ေယာက္စီး ေမာ္ဒယ္ ျဖစ္ေပမယ့္ က်န္ေမာ္ဒယ္ေတြ အားလံုးက ၈ေယာက္စီးပါ။

Standard – Toyota Alphard …

လက္ရွိ ျပည္တြင္း ေစ်းကြက္မွာ စီးနင္းမႈ အမ်ားဆံုး ေမာ္ဒယ္ပါ။ ဇိမ္ခံ အျဖစ္ေရာ အိမ္စီး အျဖစ္ပါ သံုးပါတယ္။ ေမာ္ဒယ္ကို ၂၀၀၂ခုႏွစ္မွာ စတင္ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီးေတာ့ သက္တမ္း အေနနဲ႔ ၁၄ႏွစ္ထဲကို ေရာက္လာၿပီ ျဖစ္ၿပီး မ်ိဳးဆက္ေျပာင္းလဲ အဆင့္ျမွင့္ထုတ္လုပ္မႈေတြလည္း ရွိပါတယ္။ ဂ်ပန္ႏုိင္ငံမွာပဲ အမ်ားဆံုး တပ္ဆင္ ထုတ္လုပ္တာ ျဖစ္ပါတယ္။ အဓိက ေမာ္ဒယ္ခြဲေတြ အျဖစ္ G, Vနဲ႔ Hybridေမာ္ဒယ္ခြဲေတြ လာပါတယ္။ ဒါနဲ႔ Alphardနဲ႔ ပတ္သတ္လုိ႔ တစ္ခု ေျပာစရာ ရွိတာက ဒီေမာ္ဒယ္ကို Toyotaက ဂ်ပန္မွာပဲ ေရာင္းခ်ဖုိ႔ ထုတ္လုပ္ခဲ့တာ ေနာက္ပိုင္း ေစ်းကြက္ေအာင္ျမင္ေတြအရ ျပည္ပကို တင္ပို႔ေရာင္းခ်လာတာ ျဖစ္ကာ လက္ရွိမွာ ဘာရိန္း၊ ဘဂၤလားေဒရွ္႕၊ ဘီလာရုစ္၊ တရုတ္၊ ေဟာင္ေကာင္၊ အိႏိၵယ၊ အင္ဒိုနီးရွား၊ အိုမန္၊ ဖိလစ္ပိုင္၊ ရုရွ၊ စင္ကာပူ၊ မေလးရွား၊ ထိုင္၀မ္နဲ႔ ထိုင္ႏိုင္ငံေတြထိေအာင္ ေစ်းကြက္တင္ေနတာ ေတြ႔ရပါတယ္။ ၿပီးေတာ့ Alphardကို ေလးေယာက္စီး ေမာ္ဒယ္ အေနနဲ႔လည္း ထုတ္လုပ္ဖူးေသးသလို ၂၀၀၆ခုႏွစ္ အတြင္းက Royal Lounge Alphardေမာ္ဒယ္ကို မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး သူက Nissan Elgrandေမာ္ဒယ္ကို ေစ်းကြက္ၿပိဳင္ဖို႔ ဖန္တီးခဲ့တာပါ။

ေမာ္ဒယ္ရဲ႕ ပထမ မ်ိဳးဆက္ကိုေတာ့ ၂၀၀၂ခုႏွစ္ကေန ၂၀၀၈ခုႏွစ္အတြင္း ထုတ္လုပ္ခဲ့ၿပီး ဂ်ပန္ထုတ္ ျဖစ္ကာ တံခါးေလးေပါက္ ဒါမွမဟုတ္ ငါးေပါက္စနစ္ေတြ ျဖစ္ပါတယ္။ ဒီမ်ိဳးဆက္မွာ အင္ဂ်င္စနစ္ ႏွစ္မ်ိဳး ေရြးခ်ယ္ႏိုင္ၿပီး ျမင္းေကာင္ေရ ၁၆၀အားထြက္ရွိတဲ့ ၂.၄လီတာသံုး အင္ဂ်င္စနစ္နဲ႔ ျမင္းေကာင္ေရ ၂၂၀အား သံုးႏိုင္မယ့္ ၃.၀လီတာသံုး အင္ဂ်င္စနစ္ေတြပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္ရဲ႕ ဒုတိယ မ်ိဳးဆက္ကိုေတာ့ ၂၀၀၇ခုႏွစ္ကေန စတင္ ထုတ္လုပ္ခဲ့ၿပီး ၂၀၀၈ခုႏွစ္ ေမာ္ဒယ္ အေနနဲ႔ ေစ်းကြက္ ၀င္လာပါတယ္။ ဂ်ပန္နိုင္ငံ၊ အီခ်ီမွာ ရွိတဲ့ Inabeစက္ရံုမွာ တပ္ဆင္ ထုတ္လုပ္တာ ျဖစ္ၿပီး အင္ဂ်င္ပိုင္းမွာ ျမင္းေကာင္ေရ ၁၆၈ေကာင္အားထုတ္ေပးႏုိင္မယ့္ ၂.၄လီတာသံုး အင္ဂ်င္တပ္ ေမာ္ဒယ္နဲ႔ ျမင္းေကာင္ေရ ၂၆၆ေကာင္ကေန ၂၇၆ေကာင္အားအတြင္း ထုတ္ေပးႏုိင္မယ့္ ၃.၅လီတာသံုး အင္ဂ်င္ေတြ ျဖစ္လာပါတယ္။ Transmissionပိုင္းမွာ ၂.၄လီတာသံုး ေမာ္ဒယ္ေတြမွာ ဆိုရင္ ဂီယာခ်က္ ၇ခ်က္သံုးႏုိင္မယ့္ Super CVT-iစနစ္နဲ႔ ေတြ႔လာရသလို ၃.၅လီတာသံုး ေမာ္ဒယ္ေတြမွာေတာ့ Autoစနစ္နဲ႔ ဂီယာခ်က္ ၆ခ်က္သံုး ေမာ္ဒယ္ေတြ ျဖစ္လာပါတယ္။

ေမာ္ဒယ္ရဲ႕ တတိယမ်ိဳးဆက္ကေတာ့ ၂၀၁၅ခုႏွစ္မွာ စတယ္လုိ႔ ဆိုရမွာပါ။ ဒီမ်ိဳးဆက္မွာ ထူးျခားလာတာ တစ္ခုကေတာ့ ရုန္းအားယူ စနစ္မွာ ေရွ႕ဘီးယက္စနစ္နဲ႔လည္း ေရြးခ်ယ္ႏုိင္သလို ေလးဘီးယက္ ေမာ္ဒယ္ အေနနဲ႔ပါ ရႏိုင္လာတာပဲ ျဖစ္ပါတယ္။ အင္ဂ်င္ အရြယ္အစား ႏွစ္မ်ိဳးပဲ ေရြးခ်ယ္ႏုိင္တာ မွန္ေပမယ့္ ၂.၅လီတာသံုး အင္ဂ်င္စနစ္ ႏွစ္မ်ိဳးရႏိုင္ၿပီး Hydridအင္ဂ်င္စနစ္က ျမင္းေကာင္ေရ ၁၅၀အား ထြက္ရွိမွာ ျဖစ္ကာ ပံုမွန္ ေမာ္ဒယ္ကေတာ့ ျမင္းေကာင္ေရ ၁၈၀အား သံုးႏုိင္ပါလိမ့္မယ္။ ၃.၅လီတာသံုး အင္ဂ်င္တပ္ ေမာ္ဒယ္မွာေတာ့ ျမင္းေကာင္ေရ ၂၇၆ေကာင္အား ထုတ္ေပးႏုိင္မွာ ျဖစ္ပါတယ္။ ပံုမွန္ ၂.၅လီတာသံုး ေမာ္ဒယ္ေတြကေတာ့ ဂီယာခ်က္ ၇ခ်က္ကို Super CVT-iစနစ္နဲ႔ပဲ သြားၿပီး ၃.၅လီတာသံုး ေမာ္ဒယ္မွာက ဂီယာခ်က္ ၆ခ်က္သံုး Super ECTစနစ္နဲ ႔ သြားသလို Hybridေမာ္ဒယ္မွာေတာ့ ဂီယာခ်က္ ၆ခ်က္သံုး CVTစနစ္နဲ႔ ျဖစ္ပါတယ္။

ေနာက္ဆံုးထုတ္ ေမာ္ဒယ္ရဲ႕ အဓိက ၿပိဳင္ဖက္ေတြကေတာ့ Nissan Elgranနဲ႔ Honda Odysseyေတြ ျဖစ္ပါတယ္။ ေမာ္ဒယ္ရဲ႕ ဆီစားႏႈန္းေတြကို ၾကည့္မယ္ ဆိုရင္ ပ်မ္းမွ် အေနနဲ႔ Hybridေတြဆိုရင္ ဆီတစ္ဂါလံကို ၄၂မိုင္ေလာက္ထိေအာင္ စီးနင္းလာႏုိင္တာ ေတြ႔႔ရၿပီး တျခား ေမာ္ဒယ္ေတြကေတာ့ ကိုယ့္ရဲ႕ နည္းပညာ အသံုးခ်မႈ အေပၚနဲ႔ အင္ဂ်င္ အရြယ္အစားေပၚ မူတည္ၿပီး နည္းနည္း ပိုမ်ားႏုိင္ပါတယ္။

Luxury – Toyota Vellfire …

ျပည္တြင္းမွာ လူစီးအမ်ားဆံုး ကားအမွတ္တံဆိပ္ျဖစ္တဲ့ Toyotaရဲ႕ အားသာခ်က္ကေတာ့ ေမာ္ဒယ္ခြဲ ေရြးခ်ယ္ႏုိင္စရာ မ်ားျပားျခင္းပါပဲ။ အခု ေမာ္ဒယ္က Alphardနဲ႔ ဆင္ပါတယ္။ တပ္ဆင္ထားရွိမႈ၊ ကိုယ္ထည္ အရြယ္အစား၊ စြမ္းေဆာင္ရည္၊ ေစ်းႏႈန္း၊ အာလံုးနီးပါးေပါ့။ ဒါဆို ဘာေၾကာင့္မ်ား Alphardရွိေနပါလ်က္နဲ႔ Vellfireထြက္လာပါေသးသလဲ။ အေၾကာင္းကေတာ့ Vellfireက Alphardေလာက္ အင္ဂ်င္စနစ္ ေရြးခ်ယ္စရာ မရွိပါဘူး။ ဇိမ္ခံ သီးသန္႔သေဘာမ်ိဳး ထုတ္လုပ္ထားတာပါ။ ဒါဆို Alphardနဲ႔ Vellfireက ေမာ္ဒယ္ခ်င္း မတူဘူးလား ဆိုေတာ့ မဟုတ္ပါဘူး၊ အတူတူပါပဲ၊ ကုမဏီထုတ္ နာမည္က Alphardပါ၊ ေစ်းကြက္အေပၚမွာ မူတည္ၿပီးေတာ့ Vellfireလုိ႔ ေခၚဆိုမႈေတြ ရွိသလို Alphardေတြက ဇိမ္ခံ လူစီးေမာ္ဒယ္ပါ၊ Vellfireကေတာ့ ဇိမ္ခံ သီးသန္႔ေမာ္ဒယ္ပါ။ ေနာက္ၿပီး Vellfireဆိုတာက ဂ်ပန္ျပည္တြင္းအတြက္ပဲ သီးသန္႔ထုတ္လုပ္ထားတဲ့ Alphardေမာ္ဒယ္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ Alphardေတြက ၂၀၀၂ခုႏွစ္ကေန စတင္ ထုတ္လုပ္ခဲ့ၿပီး အခုခ်ိန္ထိ္ ထုတ္လုပ္ေနေသးေပမယ့္ Vellfireကေတာ့ ၂၀၀၈ခုႏွစ္မွာ စထြက္လာၿပီး ၂၀၁၅ခုႏွစ္မွာ ထုတ္လုပ္မႈ ရပ္နားထားတာ ေတြ႔ရပါတယ္။ ဒါက ေမာ္ဒယ္အေၾကာင္း သိေကာင္းစရာေလးပါ။

ဒီေန႔ ျပည္တြင္းမွာ ရႏုိင္မယ့္ Vellfireကေတာ့ Oriပစၥည္း အမ်ားဆံုး ပါရွိတဲ့ Aplhardလို႔ ဆိုရမွာပါ။ ျပန္ထည့္ထားမႈ နည္းတယ္၊ ထိုင္ခံုေတြက အစ Alphardေမာ္ဒယ္ေတြထက္ ဖန္တီးျမင့္ ေကာင္းတယ္၊ အရည္အေသြး ျမင့္တယ္၊ GLေမာ္ဒယ္ခြဲထိေအာင္ ရႏုိင္မယ္၊ ႏွစ္ဘီးယက္စနစ္နဲ႔ ျဖစ္လုိ႔ အင္ဂ်င္ အရြယ္ အနည္းငယ္ ႀကီးေနတာကို ဆီစားႏႈန္း ခ်ိဳသာေအာင္ ျပန္လည္ ခ်ိန္ဆဖန္တီးထားတယ္၊ အင္ဂ်င္စနစ္က ၃.၅လီတာသံုး ျဖစ္ၿပီးေတာ့ အထူးသျဖင့္ ခရီးေ၀း ေမာင္းႏွင္ခ်ိန္ေတြမွာပါ Air-Conအၿမဲဖြင့္ထားႏုိင္ေအာင္၊ ေနာက္ဖက္ TVစနစ္ေတြ တပ္ဆင္ ခ်ိတ္ဆက္ၾကည့္ႏုိင္ေအာင္ အဆင္ေျပပါတယ္။ ၂.၅လီတာသံုး ၀န္းက်င္ Alphardေတြကေတာ့ ခရီးေ၀းမွာ Air-Conအတြက္ အဆင္ေျပမႈ အားနည္းခ်င္မွာလည္း ျဖစ္ပါတယ္။ ခရီးသည္ ထို္္င္ခံုေနရာက ၇ေယာက္စာ ျဖစ္ေပမယ့္ အသက္ကယ္ ေလအိတ္စနစ္ ဖြဲ႔စည္းထားမႈက အားလံုး ၉လံုးပါ၊ ဒါက အဆင့္ျမင့္ဇိမ္ခံေမာ္ဒယ္ေတြမွာ ေတြ႔ရတဲ့ အသက္ကယ္ေလအိတ္စနစ္မ်ိဳး ျဖစ္ပါတယ္။ Auto Parkingစနစ္ သံုးႏုိင္မယ္၊ Power Steeringစနစ္ ရမယ္၊ Sun Roof/Moon Roofစနစ္က စိတ္အပန္းေျပမႈကို ေပးႏုိင္မယ္၊ ပံုမွန္ထက္လည္း Sun Roofက က်ယ္ၿပီး ျမင္ကြင္းပိုရွင္းတာ ေတြ႔ရပါတယ္၊

ထိုင္ခံုသား အားလံုးက သားေရနဲ႔ ခ်ဳပ္ထားပါတယ္၊ ထိုင္ခံု အပူေပးစနစ္ ပါဦးမယ္၊ Cool and Hot Boxလည္း ထုိင္ထားတယ္၊ Cruise Controlက လက္ကိုင္စနစ္နဲ႔ ခ်ိတ္ဆက္ထားၿပီး အေကာင္းဆံုး ကူညီေပးပါလိမ့္မယ္၊ တံခါးေတြက 3 Slide Doorအမ်ိဳးအစားေတြပါ၊ ေပါ့တယ္၊ အဖြင့္၊ အပိတ္လြယ္ကူတယ္၊ လံုၿခံဳေရး အထူး စိတ္ခ်ရမယ္ အသံပိုင္းအတြက္ 5.1 Speakerေတြ ထည့္ထားလို႔ Super Soundစနစ္ရႏုိင္တယ္၊ ပင္မအထိုင္ TVက Oriျဖစ္ၿပီး ေနာက္ခန္း TVလည္း ပါရွိမွာပါ၊ Back Camအျပင္ Front Camနဲ႔ Side Camေတြပါ သံုးႏုိင္မွာ ျဖစ္ပါတယ္။ Smart Keyစနစ္နဲ႔ ျဖစ္ၿပီး Push Startနဲ႔လည္း သံုးႏိုင္ပါတယ္။ ေစ်းကြက္ အႀကိဳက္ အျဖဴေရာင္ပဲ အမ်ားဆံုး ရေနႏုိင္ၿပီး ေစ်းႏႈန္းလည္း Alphardထက္ ျမင့္ပါတယ္။

သက္ႏုိင္ဦး

Unicode version…

စျေးကွက်အတွင်း လူကြိုက်များ မော်ဒယ််များ

အခုတစ်လမှာတော့ ကျွန်တော်တို့ ပြည်တွင်း စျေးကွက်မှာ မိသားစုလိုက် ခရီးသွားတတ်သူတွေ၊ အတွင်းခန်း ကျယ်ကျယ်နဲ့ ခရီးဝေး သွားတတ်သူတွေ အများဆုံး စီးနင်းကြတဲ့ Vanတွေထဲက အကောင်းဆုံးနဲ့ အဝယ်အလိုက်ဆုံး ဖြစ်နေတဲ့ မော်ဒယ်တွေ အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။

Budget – Honda Odyssey …

မော််ဒယ်က ၁၉၉၄ခုနှစ်ကတည်းက စတင် ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး Minivanတန်းဝင် မော်ဒယ်ပါ။ ရှေ့ပိုင်းမှာတော့ ၂၀၁၃ခုနှစ်ထိအောင် Station Wagonဆိုတဲ့ မိသားစုသုံး မော်ဒယ်ပုံစံ ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၃ခုနှစ်ကနေ နောက်ပိုင်းမှာတော့ Minivanဖြစ်လာခဲ့တာပါ။ ပထမမျိုးဆက် အနေနဲ့ ၁၉၉၄ခုနှစ်ကနေ ၁၉၉၉ခုနှစ်ထိအောင်၊ ဒုတိယ မျိုးဆက်ကို ၁၉၉၉ခုနှစ်ကနေ ၂၀၀၃ခုနှစ် အတွင်း၊ တတိယ မျိုးဆက်ကို ၂၀၀၃ခုနှစ်ကနေ ၂၀၀၈ခုနှစ် အတွင်း ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းမှာ အများဆုံး ရှိနေတဲ့ Odysseyတွေကတော့ စတုတ္ထမျိုးဆက် တွေ ဖြစ်ပြီး ၂၀၀၈ခုနှစ်ကနေ ၂၀၁၃ခုနှစ် အတွင်း ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေပါ။ အဆိုပါ မျိုးဆက်ကို Guangzhou-Honda Odysseyအဖြစ်လည်း ခေါ်ကြပြီး ဂျပန်နဲ့ တရုတ်မှာ ထုတ်လုပ်ပါတယ်။ ရှေ့ဖက် အင်ဂျင်အထိုင်စနစ်နဲ့ ရှေ့ဘီးယက်၊ လေးဘီးယက်တွေ ရနိုင်ပါတယ်။ အင်ဂျင်က ၂.၄လီတာသုံး တစ်မျိုးတည်း ထွက်ရှိပါတယ်။ ဂီယာပိုင်းက CVTနဲ့လည်း ရသလို Autoဆိုရင် ၅ချက် ဖြစ်ပါတယ်။

လက်ရှိ နောက်ဆုံး ထုတ်လုပ်နေတဲ့ မျိုးဆက်ကတော့ ၅ဆက်မြောက် ဖြစ်ပြီး ၂၀၁၃ခုနှစ်ကနေ စတင် ထုတ်လုပ်နေခဲ့တာပါ။ တရုတ် စျေးကွက်မှာ Honda Elysionအဖြစ် ခေါ်ပါတယ်။ အင်ဂျင်ပိုင်းမှာ ထူးခြားတဲ့ အဆင့်မြှင့်တင် ထုတ်လုပ်မှု မတွေ့ရပေမယ့် ဂီယာပိုင်းကတော့ CVTပုံစံကိုရချက်သုံး Manualပုံစံမျိုးလည်း ရနိုင်လာပါတယ်။ အခု နောက်ဆုံး ထွက်ရှိထားတဲ့ Odysseyဆိုရင် ရွေးချယ်နို်င်စရာ မော်ဒယ်ခွဲ ၆ခုထိ ရအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ LX, EX, EX-L, EX-L Navi & RES, Touringနဲ့ Eliteတွေ ဖြစ်ပါတယ်။ ၁၈လက်မ ဘီးတွေ၊ နောက်ဖက် ရိုက်ကူးကင်မရာ၊ ရှေ့ဖက် ထိုင်ခုံတွေက Powerနဲ့ သွားတယ်၊ ၅လက်မ Touchစနစ်နဲ့ ပြသမျက်နှာပြင်စနစ်တွေ၊ Bluetoothချိတ်ဆက်နိုင်မှုနဲ့ စပီကာ ရလုံး ထည့်ထားပါတယ်။ လျှောတံခါးက Powerနဲ့ ဖြစ်လာတယ်၊ Keylessစနစ် သုံးနိုင်လာတယ်၊ Remoteနဲ့ အင်ဂျင် စက်နှိုးနိုင်မယ်၊ ယာဉ်မောင်း ထို်င်ခုံကို အနိမ့်၊ အမြင့် ချိန်ညှိနိုင်မှုက Powerနဲ့ ဖြစ်လာတယ်၊ ရှေ့ဖက် ထိုင်ခုံတွေက အပူပေးစနစ် ပါလာတယ်၊ နောက်ဖက် တံခါးတွေမှာ နေကာတွေပါလာတယ်၊ ၈လက်မ Touchစနစ် ပြသမျက်နှာပြင်စနစ်၊ လမ်းကျဉ်းအချက်ပြစနစ်တွေ ပါလာပါတယ်။

အင်ဂျင်စနစ်ကတော့ တစ်ခုတည်း ဖြစ်ပြီး သူက ၃.၅လီတာသုံး V6အင်ဂျင် ဖြစ်ပြီး ရုန်းအား ၂၆၂ပေါင်-ပေမှာ မြင်းကောင်ရေ ၂၈၀အားထိအောင် ထွက်ရှိလာပါတယ်။ အရင်နှစ် မော်ဒယ်ထက် စွမ်းဆောင်ရည် တော်တော်လေး ကောင်းလာပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်ပြီး ၉ချက်သုံး Autoနဲ့ သွားပါတယ်။ Touringနဲ့ Eliteမှာတော့ ၁၀ချက်သုံး Autoနဲ့ သွားပါတယ်။ LXကတော့ ရယောက်စီး မော်ဒယ် ဖြစ်ပေမယ့် ကျန်မော်ဒယ်တွေ အားလုံးက ၈ယောက်စီးပါ။

Standard – Toyota Alphard …

လက်ရှိ ပြည်တွင်း စျေးကွက်မှာ စီးနင်းမှု အများဆုံး မော်ဒယ်ပါ။ ဇိမ်ခံ အဖြစ်ရော အိမ်စီး အဖြစ်ပါ သုံးပါတယ်။ မော်ဒယ်ကို ၂၀၀၂ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ သက်တမ်း အနေနဲ့ ၁၄နှစ်ထဲကို ရောက်လာပြီ ဖြစ်ပြီး မျိုးဆက်ပြောင်းလဲ အဆင့်မြှင့်ထုတ်လုပ်မှုတွေလည်း ရှိပါတယ်။ ဂျပန်နိုင်ငံမှာပဲ အများဆုံး တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဓိက မော်ဒယ်ခွဲတွေ အဖြစ် G, Vနဲ့ Hybridမော်ဒယ်ခွဲတွေ လာပါတယ်။ ဒါနဲ့ Alphardနဲ့ ပတ်သတ်လို့ တစ်ခု ပြောစရာ ရှိတာက ဒီမော်ဒယ်ကို Toyotaက ဂျပန်မှာပဲ ရောင်းချဖို့ ထုတ်လုပ်ခဲ့တာ နောက်ပိုင်း စျေးကွက်အောင်မြင်တွေအရ ပြည်ပကို တင်ပို့ရောင်းချလာတာ ဖြစ်ကာ လက်ရှိမှာ ဘာရိန်း၊ ဘင်္ဂလားဒေရှ့်၊ ဘီလာရုစ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုမန်၊ ဖိလစ်ပိုင်၊ ရုရှ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်နိုင်ငံတွေထိအောင် စျေးကွက်တင်နေတာ တွေ့ရပါတယ်။ ပြီးတော့ Alphardကို လေးယောက်စီး မော်ဒယ် အနေနဲ့လည်း ထုတ်လုပ်ဖူးသေးသလို ၂၀၀၆ခုနှစ် အတွင်းက Royal Lounge Alphardမော်ဒယ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သူက Nissan Elgrandမော်ဒယ်ကို စျေးကွက်ပြိုင်ဖို့ ဖန်တီးခဲ့တာပါ။

မော်ဒယ်ရဲ့ ပထမ မျိုးဆက်ကိုတော့ ၂၀၀၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ဂျပန်ထုတ် ဖြစ်ကာ တံခါးလေးပေါက် ဒါမှမဟုတ် ငါးပေါက်စနစ်တွေ ဖြစ်ပါတယ်။ ဒီမျိုးဆက်မှာ အင်ဂျင်စနစ် နှစ်မျိုး ရွေးချယ်နိုင်ပြီး မြင်းကောင်ရေ ၁၆၀အားထွက်ရှိတဲ့ ၂.၄လီတာသုံး အင်ဂျင်စနစ်နဲ့ မြင်းကောင်ရေ ၂၂၀အား သုံးနိုင်မယ့် ၃.၀လီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကိုတော့ ၂၀၀၇ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့ပြီး ၂၀၀၈ခုနှစ် မော်ဒယ် အနေနဲ့ စျေးကွက် ၀င်လာပါတယ်။ ဂျပန်နိုင်ငံ၊ အီချီမှာ ရှိတဲ့ Inabeစက်ရုံမှာ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီး အင်ဂျင်ပိုင်းမှာ မြင်းကောင်ရေ ၁၆၈ကောင်အားထုတ်ပေးနိုင်မယ့် ၂.၄လီတာသုံး အင်ဂျင်တပ် မော်ဒယ်နဲ့ မြင်းကောင်ရေ ၂၆၆ကောင်ကနေ ၂၇၆ကောင်အားအတွင်း ထုတ်ပေးနိုင်မယ့် ၃.၅လီတာသုံး အင်ဂျင်တွေ ဖြစ်လာပါတယ်။ Transmissionပိုင်းမှာ ၂.၄လီတာသုံး မော်ဒယ်တွေမှာ ဆိုရင် ဂီယာချက် ရချက်သုံးနိုင်မယ့် Super CVT-iစနစ်နဲ့ တွေ့လာရသလို ၃.၅လီတာသုံး မော်ဒယ်တွေမှာတော့ Autoစနစ်နဲ့ ဂီယာချက် ၆ချက်သုံး မော်ဒယ်တွေ ဖြစ်လာပါတယ်။

မော်ဒယ်ရဲ့ တတိယမျိုးဆက်ကတော့ ၂၀၁၅ခုနှစ်မှာ စတယ်လို့ ဆိုရမှာပါ။ ဒီမျိုးဆက်မှာ ထူးခြားလာတာ တစ်ခုကတော့ ရုန်းအားယူ စနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်သလို လေးဘီးယက် မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာပဲ ဖြစ်ပါတယ်။ အင်ဂျင် အရွယ်အစား နှစ်မျိုးပဲ ရွေးချယ်နိုင်တာ မှန်ပေမယ့် ၂.၅လီတာသုံး အင်ဂျင်စနစ် နှစ်မျိုးရနိုင်ပြီး Hydridအင်ဂျင်စနစ်က မြင်းကောင်ရေ ၁၅၀အား ထွက်ရှိမှာ ဖြစ်ကာ ပုံမှန် မော်ဒယ်ကတော့ မြင်းကောင်ရေ ၁၈၀အား သုံးနိုင်ပါလိမ့်မယ်။ ၃.၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်မှာတော့ မြင်းကောင်ရေ ၂၇၆ကောင်အား ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန် ၂.၅လီတာသုံး မော်ဒယ်တွေကတော့ ဂီယာချက် ရချက်ကို Super CVT-iစနစ်နဲ့ပဲ သွားပြီး ၃.၅လီတာသုံး မော်ဒယ်မှာက ဂီယာချက် ၆ချက်သုံး Super ECTစနစ်နဲ ့ သွားသလို Hybridမော်ဒယ်မှာတော့ ဂီယာချက် ၆ချက်သုံး CVTစနစ်နဲ့ ဖြစ်ပါတယ်။

နောက်ဆုံးထုတ် မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေကတော့ Nissan Elgranနဲ့ Honda Odysseyတွေ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းတွေကို ကြည့်မယ် ဆိုရင် ပျမ်းမျှ အနေနဲ့ Hybridတွေဆိုရင် ဆီတစ်ဂါလံကို ၄၂မိုင်လောက်ထိအောင် စီးနင်းလာနိုင်တာ တွေ့့ရပြီး တခြား မော်ဒယ်တွေကတော့ ကိုယ့်ရဲ့ နည်းပညာ အသုံးချမှု အပေါ်နဲ့ အင်ဂျင် အရွယ်အစားပေါ် မူတည်ပြီး နည်းနည်း ပိုများနိုင်ပါတယ်။

Luxury – Toyota Vellfire …

ပြည်တွင်းမှာ လူစီးအများဆုံး ကားအမှတ်တံဆိပ်ဖြစ်တဲ့ Toyotaရဲ့ အားသာချက်ကတော့ မော်ဒယ်ခွဲ ရွေးချယ်နိုင်စရာ များပြားခြင်းပါပဲ။ အခု မော်ဒယ်က Alphardနဲ့ ဆင်ပါတယ်။ တပ်ဆင်ထားရှိမှု၊ ကိုယ်ထည် အရွယ်အစား၊ စွမ်းဆောင်ရည်၊ စျေးနှုန်း၊ အာလုံးနီးပါးပေါ့။ ဒါဆို ဘာကြောင့်များ Alphardရှိနေပါလျက်နဲ့ Vellfireထွက်လာပါသေးသလဲ။ အကြောင်းကတော့ Vellfireက Alphardလောက် အင်ဂျင်စနစ် ရွေးချယ်စရာ မရှိပါဘူး။ ဇိမ်ခံ သီးသန့်သဘောမျိုး ထုတ်လုပ်ထားတာပါ။ ဒါဆို Alphardနဲ့ Vellfireက မော်ဒယ်ချင်း မတူဘူးလား ဆိုတော့ မဟုတ်ပါဘူး၊ အတူတူပါပဲ၊ ကုမဏီထုတ် နာမည်က Alphardပါ၊ စျေးကွက်အပေါ်မှာ မူတည်ပြီးတော့ Vellfireလို့ ခေါ်ဆိုမှုတွေ ရှိသလို Alphardတွေက ဇိမ်ခံ လူစီးမော်ဒယ်ပါ၊ Vellfireကတော့ ဇိမ်ခံ သီးသန့်မော်ဒယ်ပါ။ နောက်ပြီး Vellfireဆိုတာက ဂျပန်ပြည်တွင်းအတွက်ပဲ သီးသန့်ထုတ်လုပ်ထားတဲ့ Alphardမော်ဒယ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Alphardတွေက ၂၀၀၂ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့ပြီး အခုချိန်ထိ် ထုတ်လုပ်နေသေးပေမယ့် Vellfireကတော့ ၂၀၀၈ခုနှစ်မှာ စထွက်လာပြီး ၂၀၁၅ခုနှစ်မှာ ထုတ်လုပ်မှု ရပ်နားထားတာ တွေ့ရပါတယ်။ ဒါက မော်ဒယ်အကြောင်း သိကောင်းစရာလေးပါ။

ဒီနေ့ ပြည်တွင်းမှာ ရနိုင်မယ့် Vellfireကတော့ Oriပစ္စည်း အများဆုံး ပါရှိတဲ့ Aplhardလို့ ဆိုရမှာပါ။ ပြန်ထည့်ထားမှု နည်းတယ်၊ ထိုင်ခုံတွေက အစ Alphardမော်ဒယ်တွေထက် ဖန်တီးမြင့် ကောင်းတယ်၊ အရည်အသွေး မြင့်တယ်၊ GLမော်ဒယ်ခွဲထိအောင် ရနိုင်မယ်၊ နှစ်ဘီးယက်စနစ်နဲ့ ဖြစ်လို့ အင်ဂျင် အရွယ် အနည်းငယ် ကြီးနေတာကို ဆီစားနှုန်း ချိုသာအောင် ပြန်လည် ချိန်ဆဖန်တီးထားတယ်၊ အင်ဂျင်စနစ်က ၃.၅လီတာသုံး ဖြစ်ပြီးတော့ အထူးသဖြင့် ခရီးဝေး မောင်းနှင်ချိန်တွေမှာပါ Air-Conအမြဲဖွင့်ထားနိုင်အောင်၊ နောက်ဖက် TVစနစ်တွေ တပ်ဆင် ချိတ်ဆက်ကြည့်နိုင်အောင် အဆင်ပြေပါတယ်။ ၂.၅လီတာသုံး ၀န်းကျင် Alphardတွေကတော့ ခရီးဝေးမှာ Air-Conအတွက် အဆင်ပြေမှု အားနည်းချင်မှာလည်း ဖြစ်ပါတယ်။ ခရီးသည် ထို််င်ခုံနေရာက ရယောက်စာ ဖြစ်ပေမယ့် အသက်ကယ် လေအိတ်စနစ် ဖွဲ့စည်းထားမှုက အားလုံး ၉လုံးပါ၊ ဒါက အဆင့်မြင့်ဇိမ်ခံမော်ဒယ်တွေမှာ တွေ့ရတဲ့ အသက်ကယ်လေအိတ်စနစ်မျိုး ဖြစ်ပါတယ်။ Auto Parkingစနစ် သုံးနိုင်မယ်၊ Power Steeringစနစ် ရမယ်၊ Sun Roof/Moon Roofစနစ်က စိတ်အပန်းပြေမှုကို ပေးနိုင်မယ်၊ ပုံမှန်ထက်လည်း Sun Roofက ကျယ်ပြီး မြင်ကွင်းပိုရှင်းတာ တွေ့ရပါတယ်၊

ထိုင်ခုံသား အားလုံးက သားရေနဲ့ ချုပ်ထားပါတယ်၊ ထိုင်ခုံ အပူပေးစနစ် ပါဦးမယ်၊ Cool and Hot Boxလည်း ထိုင်ထားတယ်၊ Cruise Controlက လက်ကိုင်စနစ်နဲ့ ချိတ်ဆက်ထားပြီး အကောင်းဆုံး ကူညီပေးပါလိမ့်မယ်၊ တံခါးတွေက 3 Slide Doorအမျိုးအစားတွေပါ၊ ပေါ့တယ်၊ အဖွင့်၊ အပိတ်လွယ်ကူတယ်၊ လုံခြုံရေး အထူး စိတ်ချရမယ် အသံပိုင်းအတွက် 5.1 Speakerတွေ ထည့်ထားလို့ Super Soundစနစ်ရနိုင်တယ်၊ ပင်မအထိုင် TVက Oriဖြစ်ပြီး နောက်ခန်း TVလည်း ပါရှိမှာပါ၊ Back Camအပြင် Front Camနဲ့ Side Camတွေပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ Smart Keyစနစ်နဲ့ ဖြစ်ပြီး Push Startနဲ့လည်း သုံးနိုင်ပါတယ်။ စျေးကွက် အကြိုက် အဖြူရောင်ပဲ အများဆုံး ရနေနိုင်ပြီး စျေးနှုန်းလည်း Alphardထက် မြင့်ပါတယ်။

သက်နိုင်ဦး