နာမည်ကျော် Lotus သည် ၎င်း၏ Stalwart Model (၃) မျိုးဖြစ်သည့် Elise , Exige နှင့် Evara တို့၏ ထုတ်လုပ်မှုများအား ရပ်ဆိုင်းမည်ဖြစ်သည်။ အဆိုပါ Model (၃)မျိုးအား စုစုပေါင်းအစင်းရေ ( 51, 738 ) စင်းထုတ်လုပ်ခဲ့ပါသည်။ အဆိုပါ Model ( ၃ ) မျိုး၏ နောက်ဆုံးထုတ် Final Edition Model များအား Lotus သည် Heritage Collection အနေဖြင့် သိမ်းဆည်းထားပါမည်။ အသစ်ထွက်ရှိမည့် New Lotus Emira ၏ ထုတ်လုပ်မှုအား 2022 တွင် စတင်ပါမည်ဖြစ်ပြီး ၎င်းသည် Lotus ၏ နောက်ဆုံးဖန်တီးသည့် Pure Combustion – Engine Lotus Model ဖြစ်သည်။ အနာဂက်ထုတ်လုပ်မည့် New Series Production Machine အနေဖြင့် ပြောင်းလဲဖန်တီးပါမည်ဖြစ်ပြီး Lotus Strategy ၏ ထိပ်တန်းအရည်အသွေးရှိသည့် တီထွင်ဖန်တီးမှုများဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ Lotus Elise အား 1996 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုနောက်ဆုံးရက် Elise Sport 240 Final Model အထိ အစင်းရေ ( 35,124 ) စင်း ထုတ်လုပ်ခဲ့ပါသည်။
Lotus Exige အား 2000 ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုနောက်ဆုံးထုတ် Exige Cup 430 Final Edition အထိ အစင်းရေ (10,497 ) စင်းထုတ်လုပ်ခဲ့ပါသည်။ အဆိုပါ Model ( ၂ ) မျိုးအား Vauxhall VX 220 နှင့် Tesla Roadster တို့တွင် အသုံးပြုခဲ့သည့် lotus Small Car Platform တွင် အခြေခံဖန်တီးခြင်းဖြစ်သည်။ Lotus Evara အား 2009 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုနောက်ဆုံးထုတ် Evara Final Edition အထိ အစင်းရေ ( 6117 ) စင်း ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါကား ( ၃ ) မျိုးအား Lotus ၏ စက်ရုံဖြစ်သည့် Norwich factory တွင် အဓိက ထုတ်လုပ် ခဲ့ပါသည်။
#DriveMediaMyanmar