Unicode version…
ဗြိတိန်အခြေစိုက် (Lotus)သည် ၎င်း၏ နာမည်ကျော် (New Evora 400)၏ (Lighter Version)ဖြစ်သည့် (Eclise Cup 250)အား မိတ်ဆက် ထုတ်လုပ်လိုက်ပါသည်။ (Lotus Elise)အား (2010)တွင် စတင်ထုတ်လုပ်ခဲ့ပြီး ပုံမှန် (Elise Cup 250)အား (2016)တွင် မိတ်ဆက်ခဲ့ပါသည်။
အဆိုပါ (Elise Cup 250)နှင့် (Lighter Version of Elise Cuo 250)တို့သည် (Model)ကွဲများ ဖြစ်သော်လည်း များစွာတူညီမှုရှှိသော်လည်း ယခု (2017 New Model)အား ပေါ့ပါးစွာ ထုတ်လုပ်ထားပါသည်။ ယခု (New Model)၏ အလေးချိန်သည် (1895 lbs)ဖြစ်ပြီး (2016 Elise Cup 250)သည် (2053 lbs)ဖြစ်ပါ သည်။ ထိုသို့ပေါ့ပါးမှုရှိခြင်းမှာ (New Model)အား ပြိုင်ကားများတွင် ပါလေ့ရှိသည့် (Carbon Fiber), (Titnium)နှင့် (Aluminum)သတ္တုစပ်အား ကား၏ (Body work) (Exhaust) နှင့် အလွိုင်းဘီးများတွင် တပ်ဆင်ထားသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ၎င်း၏အနောက်မှန်အား (Plastic) ဖြင့် ဖန်တီးထားပြီး ယခင် (Model)တွင် ပါရှိသည့် (Lithium-ion Battery)အစား (Lead-acid Battery)ကို ပြောင်းလဲ ထည့်သွင်းထားသည် ဖြစ်ပါသည်။
အထက်ပါ ထူးခြားမှုများမှလွဲ၍ (2017 Elise)နှင့် (2016 Elise)တို့သည် တူညီကြပါသည်။ ယခု (New Elise)တွင် အင်ဂျင်အနေဖြင့် (1.8 L Superchanged I4 Engine), (243 hp)အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး ထိုအင်ဂျင်သည် (Evora 400)ထက် သာလွန်ပါသည်။ အဆိုပါအင်ဂျင်သည် ( 0 to 60 mph)အား (3.9 Seconds) ဖြင့် အမြန်ဆုံး ရောက်နိုင်ပါသည်။ (New Elise)၏ အတွင်းခန်းတွင် (Features)များ စုံလင်စွာ ပါ၀င်မည်ဖြစ်ပြီး (Cupholders)များအား ထည့်သွင်းထားမည် မဟုတ်ပါ။ ၎င်းအား စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး (U.S Market)သို့ တင်ပို့ရောင်းချမည် မဟုတ်ပါ။
Zawgyi version…