Brand အသစ်များအနက် EV ကားများဖြင့် ပွဲထွက်လာသည့် Lucid Motor သည် ၎င်း၏ အထင်ကရ Model တခုဖြစ်သည့် Air Luxury EV Sedan အား Online Event အနေဖြင့် ယခုနှစ် ( September 9 ) တွင် စတင်မိတ်ဆက်မည်ဟု ကြေငြာလိုက်ပါသည်။ အဆိုပါ မိတ်ဆက်ခြင်း၌ ကား၏ ဓာတ်ပုံများကို ပြည့်စုံစွာ ပြသမည်ဖြစ်ပြီး Production Specs နှင့်ဆိုင်သည့် သတင်းအချက် အလက်များ၊ ဈေးနှုန်းနှင့် အခြားအချက်အလက်များလည်း ထည့်သွင်းမိတ်ဆက်မည်ဖြစ်သည်။ Air EV ၏ လျှပ်စစ်ဖြင့်မောင်းနှင်နိုင်မှုသည် မိုင်လေးရာအထိရရှိနိုင်ရန် လျာထားကြောင်း CEO ဖြစ်သူ Mr Peter RawLinson မှပြေကြားပါသည်။ Air EV တွင် 1800 hp Output ရရှိမည့် Tri-Motor Package အပါအဝင် အဆန်းသစ်ဆုံး နည်းပညာနှင့် EV Tech များစွာကို ထည့်သွင်းထားမည်ဟု Lucid မှ ဆိုထားပါသည်။ Lucid Motor သည် အမေရိကန် ၊ အရီဇိုးနားပြည်နယ်၊ Casa Grande တွင် စက်ရုံ အသစ်တခု တည်ဆောက်လျှက်ရှိပြီး ၎င်းစက်ရုံမှ Air EV Model များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သွားမည်ဖြစ်သည်။ Lucid သည် ယခုနှစ်တွင် ကျင်းပမည့် New York ကားပြပွဲ၌ Model အသစ်များကို မိတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း ၊ COVID 19 ပြဿနာများကြောင့် ယခုကဲ့သို့ Online Event အနေဖြင့် မိတ်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။ Lucid သည် Air EV ကို မိတ်ဆက်ပြီး ပါက SUV Model အသစ်တမျိုးကိုလည်း ဆက်လက် မိတ်ဆက်ရန် စီစဉ်ထားပါသည်။

03 Jul 2020
0