Unicode Version
Lucid သည် Production Model ဖြစ်သည့် Air Luxury Sedan အား Global Debut အနေဖြင့် 2020 April တွင် ကျင်းပမည့် New York ကားပြပွဲ၌ စတင်မိတ်ဆက်မည်ဖြစ်ပြီး 2020 နှစ်ကုန်ခန့်တွင် စတင်ရောင်းချရန်လျာထားပါသည်။ EV Air Model တွင် Intelligent Micro Arry နည်းပညာသုံး LED Lighting စနစ်ကဲ့သို့ အထူးအဆင့်မြင့် နည်းပညာများ ပေါင်းစပ်ပါဝင်ပါမည်။ ဒေါင်လိုက်နှင်းခွဲမီးများ ၊ Glass Canopy Roof ၊ Scripted Logo တို့လည်း ပါဝင်မည်ဖြစ်ပြီး ပထမဆုံးကားများအား First Edition Model အနေဖြင့် ထုတ်လုပ်ပါမည်။ ကားအသစ်နှင့် ပတ်သက်သည့် အချက်အားလုံးကို New York ကားပြပွဲတွင် အသေးစိတ် ပြသမည်ဖြစ်သည် ။ ၎င်းတွင် ခရီးမိုင် (၃၀၀) ခန့်မောင်းနှင်နိုင်သည့် ( 100 kwh Battery ) ပါဝင်ပြီး ခရီးမိုင် ( ၄၀၀ )ခန့် မောင်းနှင်နိုင်သည့် ( 130 kwh Battery ) ကိုလည်း မှာယူနိုင်မည်ဖြစ်သည်။ Lucid သည် Air Concept အား 2010 တွင် ပထမဆုံး မိတ်ဆက်ပြခဲ့ပြီး Polestar ကဲ့သို့ သာမန်ထက် ထူးခြားသည့် လျှပ်စစ်ကားများကို Sedan Crossover ပုံစံတို့ဖြင့် ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။
Zawgyi Version