Lucid Motor သည် Air Luxury EV Sedan အားလွန်းခဲ့သည့် ( ၃ ) နှစ်၌ စတင်မိတ်ဆက် ခဲ့ပြီး ထုတ်လုပ်မည့် အစီအစဉ်ကို 2018 တွင် ချမှတ်ခဲ့သည်။ အမေရိကန် Arizona ရှိစက်ရုံတွင် တည်ဆောက်မည့် Model သည် ဒုတိယမျိုးဆက် Prototype Model ၏ 95 % အထိ Production တွင် ပါဝင်ဖွယ်ရှိပြီး 2020 နှစ်ကုန်တွင် စတင်ထုတ်လုပ်မည်ဖြစ်ကာ U.S နှင့် ကနေဒါတွင် Deposit အမှာစာများ စတင်လက်ခံလျက်ရှိပါသည်။ Lucid အနေဖြင့် Prototype အစင်းရေ ( ၈၀ ) ခန့် ထုတ်လုပ်မည်ဖြစ်ကာ Aluminum Body Shell ဖန်တီးမှုလည်းပါဝင်မည်။ ထုတ်လုပ်မည့် Model များအား တရားဝင်စမ်းသပ်ခြင်းများ ပြုလုပ်ပြီးမှသာ Market Assembly ဆောင်ရွက်မည်ဖြစ်သည်။ ထုတ်လုပ်ပြီးပါက Auto Show များတွင်လည်း ထည့်သွင်းပြသမည် ဖြစ်သည်။ Standard Lucid တွင် ( 100 – Kwh Battery ) ကို ထည့်သွင်းထားကာ ( 300 – mile Range ) ကို ရရှိမည်။ ထို့အပြင် ( 400 – mile Rang ) အသုံးပြုနိုင်သည့် ( 130 – Kwh ) Battery ကိုလည်း Loaded Model တွင် ထည့်သွင်းထားပါမည်။ Lucid Air EV သည် ( 217 mph ) နှင့် ( 235 mph ) စံချိန်များကို Laguna Seca ၏ EV Record တွင် စံချိန်တင်နိုင်ခဲ့သည့် Model ဖြစ်ပါသည်။
Zawgyi Version………
Lucid Motor မှ Air EV အတွက် အမှာစာများစတက်လက်ခံ Prototype Model အစင်း ၈၀ ကို 2020 နှစ်ကုန်တွင် ထုတ်လုပ်မည်