နောက်ဆုံးပေါ်နည်းပညာသုံး ARCFOX αT လျှပ်စစ်ကားဟာဆိုရင် အပြင်ပိုင်းဒီဇိုင်း အသွင်အပြင် ဆွဲဆောင်မှုရှိစေရုံသာမက အတွင်းပိုင်းအပြင်အဆင်ကိုလည်း အဆင်ပြေချောမွေ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်သောင့်သက်သာမောင်းနှင်နိုင်‌အောင် ဖန်တီးထားပါတယ်။

ကြည်လင်ပြတ်သားတဲ့မြင်ကွင်းနဲ့ အကန့်အသတ်မရှိ ခံစားမောင်းနှင်နိုင်ဖို့အတွက် ၂၀.၃ လက်မရှိ 4K retina display၊ အသံပိုင်းဆိုင်ရာအတွက် Harman infinity 12 speakers luxury sound system ကို အသုံးပြုပေးထားလို့ infotainment ရော entertainment အတွက်ပါပြည့်စုံတဲ့ premium ကားတစ်စီးရဲ့အနှစ်သာရကို အပြည့်အဝ ခံစားရရှိစေမှာ အသေအချာပါပဲ။

ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို screen မှာ တိကျပြတ်သားစွာ မြင်တွေ့နိုင်မှာ ဖြစ်တဲ့အပြင် Charging Level၊ Energy Consumption ၊ Estimate Range စတာ တွေကို အချိန်နဲ့တပြေးညီ ပြပေးမယ့် vehicle control screen ပါဝင်လို့ vehicle setting တွေကို လိုသလို ချိန်ညှိမောင်းနှင်းနိုင်မှာပါ။

မောင်းရတာ လွယ်ကူရုံတင်မကဘဲ ကားအလျား 4788 mm၊ အနံ 1940 mm၊ အမြင့် 1683 mm၊ Wheelbase 2915 mm ရှိတဲ့အတွက် အတွင်းခန်းကျယ်ပြီး ထုထည်ကြီးမားလို့ မိသားစုနဲ့ ခရီးဝေးသွားမယ်ဆိုလည်း သင့်တော်ပါတယ်။

ဒီလို premium feature တွေပါဝင်လာတဲ့ ARCFOX αT ဟာ ဆိုဒ်ပြည့် SUV ကိုမှ Luxury ဆန်ဆန်စီးချင်သူတွေအတွက်တော့ အံကိုက်ပါပဲ။