Luxury SAV အမ်ိဳးအစားျဖစ္သည့္ BMW X7 ကို Prestige Automobiles မွ စတင္မိတ္ဆက္

ျမန္မာႏုိင္ငံတြင္ BMW ကို တစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ တင္သြင္းျဖန္႔ခ်ိခြင့္ ရရိွထားေသာ Prestige Automobiles သည္ ၿပီးခဲ့သည့္ ၾသဂတ္လ၊ (၁၀)ရက္ေန႔က Luxury SAV အမ်ိဳးအစားျဖစ္သည့္ BMW X7 ကို စတင္မိတ္ဆက္သြားခဲ့သည္။
BMW X Model မ်ိဳးဆက္သစ္ျဖစ္သည့္ BMW X7 တြင္ ထင္ရွားေပၚလြင္သည့္ Powertrain ႏွင့္ Chassis နည္းပညာ၊ က်ယ္ဝန္းသည့္ အတြင္းခန္းႏွင့္ အဆင့္ျမင့္နည္းပညာမ်ားျဖင့္ ျဖည့္ဆည္းထားၿပီး စြမ္းေဆာင္ရည္ျမင့္ ဇိမ္ခံကားေမာင္းႏွင္မႈ အေတြ႕အႀကံဳကို ရရိွေစမည္ျဖစ္သည္။
မိတ္ဆက္ခဲ့သည့္ BMW X7 ၏ ႐ုပ္ထြက္ပိုင္းမွာ Chrome Element မ်ား၏ လိုက္ဖက္ညီေသာ အခ်ိဳးအစား၊ ေရွ႕မ်က္ႏွာစာတြင္ Kidney Grille၊ ဆ႒ဂံပံုစံ Blue X0Shaped Elements မ်ား ပါဝင္သည့္ Twin Headlight၊ အေနာက္ဘက္ပိုင္းတြင္ BMW X7 Series တြင္သာ အသံုးျပဳထားသည့္ LED မီးလံုးမ်ားအား Chrome ျဖင့္ ခ်ိတ္ဆက္ထားျခင္းတို႔ေၾကာင့္ ထည္ဝါသည့္ ဒီဇုိင္းပိုင္းကို ျမင္ေတြ႕ရမည္ျဖစ္သည္။
အတြင္းပိုင္းမွာေတာ့ ထိုင္ခံုသံုးတန္းျဖင့္ က်ယ္ဝန္းစြာ ဖြဲ႕စည္းထားၿပီး လိုက္ပါစီးနင္းသူမ်ားအေနျဖင့္ သက္ေတာင့္သက္သာ လိုက္ လိုက္ပါစီးနင္းႏိုင္မည္ ျဖစ္သည္။ ကားအေနာက္ခန္းေနရာမ်ားကိုလည္း Electric Button မ်ားျဖင့္ ခ်ိန္ညိွျခင္း၊ ေခါက္သိမ္းျခင္း၊ နဂိုေနရာအတိုင္း တည့္မတ္ႏုိင္သည့္ ISOFIX Attachment စနစ္မ်ားကို အသံုးျပဳထားၿပီး မိသားစုလိုက္ပါစီးနင္းရန္အတြက္ အဆင္ေျပေစမည့္ ကေလးငယ္မ်ားအတြက္ ထိုင္ခံုေနရာမ်ားကိုလည္း ခိုင္ၿမဲစြာ အလြယ္တကူ တပ္ဆင္ႏုိင္မည္ျဖစ္သည္။
နည္းပညာပိုင္းတြင္ BMW Operating System 7.0 Control System ႏွင့္အတူ ခလုတ္မ်ား ပါဝင္သည့္ Sport Leather Steering Wheel၊ ေမာင္းႏွင္သူအေနျဖင့္ အလြယ္တကူထိန္းခ်ဳပ္ႏုိင္မည့္ ၁၂.၃ လက္မ ရိွ Control Display ႏွင့္ Fully-Digital Instrument Display၊ ရနံ႔(၈)မ်ိဳး ေရြးခ်ယ္ႏိုင္မည့္ Ambient Air Package၊ Bower and Wilkins Sounds System ပါဝင္လာမည္ျဖစ္ၿပီး ဒုတိယခံုတန္းရိွ ခရီးသည္မ်ားအတြက္ ၁၀.၂ လက္မရိွ၊ Full-HD Touchscreen Displays၊ DVD Player USB Port၊ Headphone Jacks မ်ား ပါဝင္လာမည္ျဖစ္သည္။
စြမ္းေဆာင္ရည္ပိုင္းတြင္ ေလးဘက္ယက္စနစ္ျဖစ္သည့္ BMW xDrive Intelligent AWD System ႏွင့္အတူ အသစ္ဖန္တီးထားသည့္ Chassis နည္းပညာႏွင့္အတူ 3.0-liter inline-six-cylinder အင္ဂ်င္ကို တပ္ဆင္ထားသည္။ BMW Twin Power Turbo နည္းပညာႏွင့္ Eight-Speed Steptronic Sport Automatic Transmission အသံုးျပဳထားၿပီး ျမင္းေကာင္ေရ 340 hp ႏွင့္ ႐ုန္းအား(Torque) 450 Nm အထိ စြမ္းေဆာင္ေပးႏုိင္မည္ျဖစ္သည္။
BMW X7 တြင္ Standard အေနျဖင့္ ထိုင္ခံု(၇) ခံု ပါဝင္လာကာ Optional အေနျဖင့္ ထိုင္ခံု(၆)ခံု မွာယူႏုိင္မည္ျဖစ္ၿပီး ျမန္မာႏုိင္ငံတြင္ The First-Ever BMW X7 ကို ေဒၚလာ(၃၀၀,၀၀၀) မွ စတင္ဝယ္ယူႏုိင္မည္ျဖစ္သည္။

Unicode Version…….

Luxury SAV အမျိုးအစားဖြစ်သည့် BMW X7 ကို Prestige Automobiles မှ စတင်မိတ်ဆက်
မြန်မာနိုင်ငံတွင် BMW ကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိခွင့် ရရှိထားသော Prestige Automobiles သည် ပြီးခဲ့သည့် သြဂတ်လ၊ (၁၀)ရက်နေ့က Luxury SAV အမျိုးအစားဖြစ်သည့် BMW X7 ကို စတင်မိတ်ဆက်သွားခဲ့သည်။
BMW X Model မျိုးဆက်သစ်ဖြစ်သည့် BMW X7 တွင် ထင်ရှားပေါ်လွင်သည့် Powertrain နှင့် Chassis နည်းပညာ၊ ကျယ်ဝန်းသည့် အတွင်းခန်းနှင့် အဆင့်မြင့်နည်းပညာများဖြင့် ဖြည့်ဆည်းထားပြီး စွမ်းဆောင်ရည်မြင့် ဇိမ်ခံကားမောင်းနှင်မှု အတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။
မိတ်ဆက်ခဲ့သည့် BMW X7 ၏ ရုပ်ထွက်ပိုင်းမှာ Chrome Element များ၏ လိုက်ဖက်ညီသော အချိုးအစား၊ ရှေ့မျက်နှာစာတွင် Kidney Grille၊ ဆဋ္ဌဂံပုံစံ Blue X0Shaped Elements များ ပါဝင်သည့် Twin Headlight၊ အနောက်ဘက်ပိုင်းတွင် BMW X7 Series တွင်သာ အသုံးပြုထားသည့် LED မီးလုံးများအား Chrome ဖြင့် ချိတ်ဆက်ထားခြင်းတို့ကြောင့် ထည်ဝါသည့် ဒီဇိုင်းပိုင်းကို မြင်တွေ့ရမည်ဖြစ်သည်။
အတွင်းပိုင်းမှာတော့ ထိုင်ခုံသုံးတန်းဖြင့် ကျယ်ဝန်းစွာ ဖွဲ့စည်းထားပြီး လိုက်ပါစီးနင်းသူများအနေဖြင့် သက်တောင့်သက်သာ လိုက် လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ကားအနောက်ခန်းနေရာများကိုလည်း Electric Button များဖြင့် ချိန်ညှိခြင်း၊ ခေါက်သိမ်းခြင်း၊ နဂိုနေရာအတိုင်း တည့်မတ်နိုင်သည့် ISOFIX Attachment စနစ်များကို အသုံးပြုထားပြီး မိသားစုလိုက်ပါစီးနင်းရန်အတွက် အဆင်ပြေစေမည့် ကလေးငယ်များအတွက် ထိုင်ခုံနေရာများကိုလည်း ခိုင်မြဲစွာ အလွယ်တကူ တပ်ဆင်နိုင်မည်ဖြစ်သည်။
နည်းပညာပိုင်းတွင် BMW Operating System 7.0 Control System နှင့်အတူ ခလုတ်များ ပါဝင်သည့် Sport Leather Steering Wheel၊ မောင်းနှင်သူအနေဖြင့် အလွယ်တကူထိန်းချုပ်နိုင်မည့် ၁၂.၃ လက်မ ရှိ Control Display နှင့် Fully-Digital Instrument Display၊ ရနံ့(၈)မျိုး ရွေးချယ်နိုင်မည့် Ambient Air Package၊ Bower and Wilkins Sounds System ပါဝင်လာမည်ဖြစ်ပြီး ဒုတိယခုံတန်းရှိ ခရီးသည်များအတွက် ၁၀.၂ လက်မရှိ၊ Full-HD Touchscreen Displays၊ DVD Player USB Port၊ Headphone Jacks များ ပါဝင်လာမည်ဖြစ်သည်။
စွမ်းဆောင်ရည်ပိုင်းတွင် လေးဘက်ယက်စနစ်ဖြစ်သည့် BMW xDrive Intelligent AWD System နှင့်အတူ အသစ်ဖန်တီးထားသည့် Chassis နည်းပညာနှင့်အတူ 3.0-liter inline-six-cylinder အင်ဂျင်ကို တပ်ဆင်ထားသည်။ BMW Twin Power Turbo နည်းပညာနှင့် Eight-Speed Steptronic Sport Automatic Transmission အသုံးပြုထားပြီး မြင်းကောင်ရေ 340 hp နှင့် ရုန်းအား(Torque) 450 Nm အထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
BMW X7 တွင် Standard အနေဖြင့် ထိုင်ခုံ(၇) ခုံ ပါဝင်လာကာ Optional အနေဖြင့် ထိုင်ခုံ(၆)ခုံ မှာယူနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် The First-Ever BMW X7 ကို ဒေါ်လာ(၃၀၀,၀၀၀) မှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here