General Motors သည် တရုတ်ဈေးကွက်၌ Fully Luxury MPV တမျိုးဖြစ်သည့် Buick Century MPV ကို မိတ်ဆက်ထားပါသည်။ ၎င်းသည် 1999 တွင် မိတ်ဆက်ခဲ့သည့် Buick GL 8 ၏ Evolution Model ဖြစ်ပြီး အထူးခမ်းနားပြီး ကျယ်သည့်အတွင်းခန်း အခင်းအကျင်းဖြင့် ဖန်တီးထား ခြင်းဖြစ်သည်။ Buick Century တွင် Rolling Cineplex with Reclining , Massage ထိုင်ခုံများ , Touchscreen in Center Console , Nappa Leather Surface စသည့် အထူးဖန်တီးမှုနှင့် အခင်းအကျင်းများ ပါဝင်ပါသည်။ ၎င်းတွင် 3-Row Seat Type နှင့် 4-Seat Type ဟူ၍ ပုံစံ ( ၂ ) မျိုး ရှိမည် ဖြစ်ကာ 4 – Seat Type ၏ အခင်းအကျင်းအား First-Class Airplane ကဲ့သို့ စီမံထားပါသည်။ ထူးခြားမှုအနေဖြင့် Rolls-Royce Phantom တွင် ပါဝင်သည့် LED Light Head liner Layout အား 4-Seat Version တွင် ရရှိနိုင်ပါမည်။

အနောက်ခန်း ခရီးသည် ( ၂ ) ဦး အနေဖြင့် သက်သောင့် သက်သာ စီးနင်းနိုင်မည့်အပြင် အရွယ်ကြီးမားသည့် – 32 – inch Screen နှင့် Limousine-Style powered partition တို့ကိုလည်း B – Pillar တွင် ထည့်သွင်းပေးထားပါသည်။ အလားတူ 16 Speakers Sound System , On-Board Refrigerator စသည့် Features များလည်း ပေါင်းစပ် ပါဝင်ပါမည်။ Buick Century MPV တွင် 2.0 L Turbo I4 Engine နှင့် 48 Volt Mild-hybrid Setup တို့ ပေါင်းစပ်ထားပြီး 9-Speed Auto gear နှင့် တွဲဖက်ထားပါသည်။ ကား၏ အပြင်ဖက်ဒီဇိုင်းအား Modern and Stylish ဖြစ်သည့် ပုံစံဖြင့် ဖန်တီးထား ပြီး တမူထူးခြားသည့် LED Headlight Design နှင့်  Mesh Grille Design တို့အား လိုက်ဖက်စွာ ပေါင်းစပ်ထားပါသည်။ Buick Century ၏ ဈေးနှုန်းသည် ( USD 74,000 ) ဝန်းကျင်ခန့် ကျသင့်မည် ဖြစ်ပြီး Asia Market အပြင် Europe Market ကိုလည်း တိုးချဲ့ ရောင်းချရန် စီစဉ်ထားပါသည်။ Buick သည် Century MPV အား တရုတ်နိုင်ငံရှိ Elite Level များကို အဓိက ရည်ရွယ်ရောင်းချမည်ဖြစ်သည်။