ဂျာမနီနိုင်ငံမှာ အခြေစိုက်ထားတဲ့ Audi ကုမ္ပဏီ က Uber – Luxury Sedans ကားဖြစ်တဲ့ 2017 Audi A8L ကားသစ်ကို မြန်မာနိုင်ငံ သွင်းကုန် ကားအဖြစ် မိတ်ဆက် ပေးခဲ့ပါတယ်။ အပြင်ပန်း ယေဘူယျ ကြည့်ရှု လိုက်ရုံနဲ့ ကားလေးရဲ့ ကိုယ်ထည်ဖွဲ့စည်းမှုက လှပတင့် တယ်ပြီး ၀င့်ကြွားတဲ့ ဟန်ပန်လေး ရှိနေတာကို တွေ့ မြင် နိုင်ပါလိမ့်မယ်။ မြို့တွင်းမောင်း ဇိမ်ခံကား ဖြစ်ပေ မယ့် Sport ကား Style လည်း မောင်းနိုင်တယ်လို့ ဆိုပါတယ်။ မြင်းကောင်ရေ (333-hp) ရှိတဲ့ 3.0-Liter Supercharged V-6 အင်ဂျင်ကို Standard အဖြစ် ထုတ်လုပ်ထားပြီး၊မြင်းကောင်ရေ (450-hp)ရှိတဲ့ 4.0- Liter twin-turbo V-8 အင်ဂျင်ကိုလည်း ရရှိနိုင်ပါ တယ်။ All-Wheel Drive ကားဖြစ်သလို Standard Models အားလုံးမှာ 8-speed Automatic Trans- mission စနစ်ကို တပ်ဆင်ထားပါတယ်။

ကိုယ်ထည်ပိုင်းဆိုင်ရာ ဒီဇိုင်းနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကို Audi က စဉ်ဆက်မပြတ်ကြိုး ပမ်း လုပ်ဆောင်လာခဲ့ရာမှာ New Versions ဖြစ်တဲ့ Q7, A4 နဲ့ TT ကား Models သစ်တွေကို ထုတ်လုပ် လာနိုင်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ Design သစ်ကား တွေက သေသပ်လှပတဲ့ ကိုယ်ထည်အချိုးအစားနဲ့ ကျစ် လစ်ခိုင်ခန့်တဲ့ Sheet metal တွေကို အသုံးပြုခဲ့လို့ လူကြိုက်များပြီး ထင်ရှားခဲ့ပါတယ်။ ဘေးကင်းလုံခြုံ မှုရှိစေတဲ့ အတွင်းခန်း၊ တိကျမှုနဲ့ မြန်ဆန်မှုရှိတဲ့ အရွေ့ စွမ်းအင်တွေကိုပါ ပေါင်းစပ်ထားလို့ ကားရဲ့စွမ်းဆောင် ရည်မြင့်မားမှုကို ပြောဖို့မလိုလောက်တော့ပါဘူး။ မကြာ တော့တဲ့ အချိန်အတွင်းမှာ Audi ရဲ့ Model ဟောင်း တွေကို အသွင်သစ် ပြောင်းလဲပြီး ထုတ်လုပ်ထားတဲ့ Q5 Crossover နဲ့ A5 Coupe ကားတွေကို တွေ့မြင်ကြ ရတော့မှာပါ။ အရင် တုန်းက ထုတ်လုပ်ခဲ့တဲ့ Audi ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ သံကွင်းလေးကွင်း Logo နဲ့ တံခါးလေးပေါက် Full-Size-Luxury Sedan ကားတွေကတော့ ဈေးကွက်မှာ ၀ယ်ယူသူတွေရဲ့ အားပေး နှစ်ခြိုက်မှုကို ယခုအချိန်ထိ ရရှိနေဆဲပါ။

အမေရိကန် ဈေးကွက်အတွက် သီးသန့်ထုတ် လုပ်ခဲ့တဲ့ 2016 A8 ကားတွေကနေ စတင်ပြီး Wheel base တွေကို အရွယ်အစား သေးငယ်အောင် ပြုလုပ် ထားတဲ့ ဒီဇိုင်းသစ်ကို ဖန်တီးခဲ့ပါတယ်။ ဒီဇိုင်းအသစ် TDI diesel  အင်ဂျင်အမျိုးအစားကတော့ အခုအချိန် မှာ အနည်းဆုံး အရေအတွက်ပဲ ထုတ်လုပ်မှာပါ။ ဘီးအရွယ် အစားကြီးမားတဲ့ A8L Models ရဲ့ အင်ဂျင် အမျိုးအစား တွေထဲမှာ ဆလင်ဒါ ၆-လုံး၊ ၈-လုံး၊၁၂-လုံး

ပါတဲ့ အင်ဂျင်တွေကို ရရှိနိုင်ပါလိမ့်မယ်။ 4.0T A8 model ကိုတော့ New “Sport” Designation အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် စက်စွမ်းအားပါဝါ မြင်းကောင်ရေ ၁၅-ကောင်လောက် အင်အားပိုကြီး လာဖို့ Twin-turbo charger က လုပ်ဆောင်ပေးပါ တယ်။ အင်ဂျင် ထုထည် 4.0 literရှိတဲ့ V-8 အင်ဂျင်ရဲ့ စွမ်းအား ကတော့ မြင်းကောင်ရေ 450 hp အထိ ထွက် ရှိ လာပါလိမ့်မယ်။

A8L 4.0T ကိုနောက်ဆုံး အဆင့်စမ်းသပ် မောင်းနှင် ခဲ့စဉ်က Zero-to 60 mph ကို 3.9 စက္ကန့်နဲ့ အရောက်မောင်းနိုင်ခဲ့ပြီး Quarter -mile ကိုတော့ 12.4 စက္ကန့်နဲ့ ရောက်မှာဖြစ်ပါတယ်။ ဒီပါဝါနှုန်းထားက တော့ BMW 7- Series ဖြစ်တဲ့ 750 i XDrive Sedan ကားရဲ့ power ထက် အနည်းငယ်ပိုများ နေတာကို တွေ့ရပါ တယ်။ BMW က 0 – 60 mph ကို 4.4 စက္ကန့်နဲ့အ ရောက်မောင်းနိုင်တယ်။

Audi A8L ကားမှာ နောက်ခန်းမှာစီးတဲ့ ခရီး သည်တွေအတွက် အပူ-အအေး ထိန်းညှိပေးနိုင်တဲ့ ထိုင်ခုံ တွေကို တပ်ဆင်ထားပါတယ်။ စတီယာရင် Wheel ကိုကိုင်တွယ်ထိန်းချုပ်ရာမှာ ပေါ့ပါးသွက် လက်ပြီး တိကျသေချာတဲ့ တုန့်ပြန်မှုကို ပေးနိုင်လို့ ယာဉ်ရဲ့ကိုယ်ထည် ယိမ်းထိုးလှုပ်ရှားမှု တွေကို ထိန်း ပေးနိုင်ပါတယ်။ ယာဉ်ရဲ့ အလေးချိန်ကို ပိုမိုပေါ့ပါးစေဖို့ 1997 ခုနှစ်က ထုတ်လုပ် တဲ့ ပထမဦးဆုံးမျိုးဆက် A8 ကားတွေမှာ အလူမီနီယမ် ကိုယ်ထည် အသုံးပြုမှုကို Audi  ကစတင်ပြုလုပ်နိုင်ခဲ့ တာပါ။

ကားအတွင်းပိုင်း၊ အစိတ်အပိုင်းတွေကို လုပ် ဆောင်ရာမှာ ပလပ်စတစ် အသုံးပြုမှုကို ပုံမှန်ထက် လျှော့ချပြီး Standard Glossy Wood နဲ့  အလှဆင်ခဲ့ပါ တယ်။ Audi ရဲ့ MMI Control Interface Functions ကိုတပ်ဆင် အသုံးပြုခဲ့ပေမယ့် Screen မှာ ဖော်ပြ ပေးတဲ့ Graphic Design ကိုတော့ အရင်ကထုတ် လုပ်ခဲ့တဲ့ မူရင်းဒီဇိုင်းအတိုင်း မပြောင်းလဲဘဲ ထားရှိ ခဲ့ပါတယ်။ ဒါပေမယ့် Apple Car Play & Android Auto System ကိုတော့ အသုံးပြုသွားနိုင်ပါလိမ့်မယ်။

Infotainment စနစ်အတွက် Audi MMI Navigation Plus System ကို အသုံးပြုထားပါတယ်။ Audi music interface , i Pod Connection Cable, USB Slot (သို့) Aux input feature တွေကို အသုံးပြု နိုင်ပါတယ်။

A8L  ရဲ့ အောက်ပိုင်းစနစ်ကို Multi – Link Front နဲ့ Rear Air Springs စနစ်နဲ့ ပြုလုပ်ထားလို့ ယာဉ်ရဲ့လူးလိမ့်မှုဒဏ်တွေကို ခံနိုင်ရည်ရှိပြီး သက် သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ Brakes ပိုင်းဆိုင် ရာမှာလည်း တိကျတဲ့တုန့်ပြန်မှုကို ပေးစွမ်းနိုင်တဲ့ 4-Wheel Disc Brakes, 4-Wheel ABS, Front And Rear Vented Discs, Brake Assist and Electric Parking  Brake တို့ပါဝင်ပါတယ်။

ဘေးကင်းလုံခြုံမှုစနစ်ကို Audi A8L မှာ ဦးစားပေး တပ်ဆင်ထားခဲ့ပါတယ်။ ယာဉ်ကိုတည်ငြိမ် အောင် ထိန်းပေးနိုင်တဲ့ Electronic Stability Control (ESC), အလိုအလျောက်ယာဉ်ကို ရပ်တန့်အောင် ပြုလုပ်ပေးသွားနိုင်မယ့် Automatic Braking System နဲ့ ယာဉ်ကို မောင်းနေစဉ် လမ်းကြောင်း သွေဖည် မသွားစေဖို့   ဘီးကုပ်အားကို ထိန်းချုပ်ပေး နိုင်တဲ့ Driveline Traction Control တို့ပါဝင်ပါတယ်။

အသက်ကယ်လေအိတ်စနစ်ကိုလည်း ပြည့်စုံ စွာ တပ်ဆင်ပေးထားပါထယ်။ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရင် အသက်ကယ် လေအိတ်စနစ် ကောင်းမွန် ခြင်းက ယာဉ်မောင်း နဲ့ ခရီးသည်တွေရဲ့ အသက် အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ အဓိကကျတဲ့ Safety System ဖြစ်တာမို့ Audi က ဒီစနစ်ကို ဦးစားပေးလုပ်ဆောင်ခဲ့ပါ တယ်။ SIDEGUAD Curtain 1st And 2nd Row Airbags, Airbag Sensor, Driver and Passenger Knee Airbag, Rear Side Impact Airbag တို့ကို တပ်ဆင်ပေးထားပါတယ်။

အဆော့လွန်တဲ့ ကလေးတွေကို ထိန်းချုပ်ထား ဖို့  Child Safety Locks စနစ်လည်းပါရှိပြီး အသက် ကယ်ခါးပတ်ကို နောက်ထိုင်ခုံအတွက် Point 3 ခုမှာ တပ်ဆင်ပေးထားပါတယ်။ နောက်ဖက်ပိုင်းမြင်ကွင်းတွေ ကို ကြည့်ရှုနိုင်မယ့် Back-Up ကင်မရာတစ်လုံး ကို လည်း တပ်ဆင်ပေးထားပါတယ်။

Audi ကုမ္ပဏီက ထုတ်လုပ်ခဲ့သမျှ ကားအား လုံး မှာ Brand နာမည်ကို ထိခိုက်ပြောဆို ခံရမှုမျိုးလုံးဝ မရှိခဲ့ပဲ ယနေ့အထိ ကမ္ဘာ့ကားထုတ်လုပ်ရေး လောက မှာ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာပါ။ A8 ကားက Luxurious Sedan ကားဖြစ်လို့ စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေမယ့် အဆင့်မြင့် Lofty Segment ကားဖြစ် ပါတယ်။ A8 က Sport ကား မဟုတ်ပေမယ့် အသုံးပြု သူတွေက ဆန္ဒရှိခဲ့ရင် Sport ကားလို မောင်းသွားနိုင်တဲ့ အဆင့် မြင့် နည်းပညာတွေ ပါရှိနေပါတယ်။ ကားရဲ့ ရုပ်သွင်ကို မြင်ရရုံနဲ့တင် ကျက်သရေရှိ နေတာမို့ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသူ အားလုံးက လည်း ဂုဏ်သရေရှိ လူကြီးမင်းတွေအဖြစ် လေးစားမှုကို ခံယူ ရမှာ အမှန်ပါပဲ။

Audi A8 ရဲ့ Specification အကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။

Specification

Engine            – 3.0 liter  V-6 engine

Horse Power    – 333 hp

Torque            – 325 lb-ft

Transmission   – 8 Speed Automatic

Transmission

4 door, 5 passenger,

Fuel System     – Gasoline Direct  Injection

Drivetrain        –  All-wheel Drive

Fuel Consumption     19/29 mpg    City/hwy

 

ပါဝါ