Unicode version…
108 ကြိမ်မြောက် Chicago Auto Show ပွဲမှာ ပြသခဲ့တဲ့ ပြင်သစ်နိုင်ငံလုပ် 2016 Bugatti Veyron Grand Sport Vitesse ကားလေးပဲဖြစ်ပါတယ်။ ဥရောပနိုင်ငံထုတ် ကားတွေအနက် ဂုဏ်သိက္ခာ မြင့်မားတဲ့ လူချမ်းသာတွေ အတွက် ရည်ရွယ် ထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေထဲမှာ လူကြိုက် အများဆုံးနဲ့ ထင်ပေါ်ကျော် ကြားမှုအရှိဆုံး ကားအမျိုအစားဖြစ်ပါတယ်။ Bugatti ကားကုမ္ပဏီ က 1909 ခုနှစ်ကတည်းက စတင်တည်ထောင် ထားခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။ 1920 မှာ First Highlight Sports Car တွေကို စတင်ထုတ်လုပ်ခဲ့ ပြီး နှစ်ယောက်စီး Roadster Royal Type 41 နဲ့ Sport Car စျေးကွက် ကို ထိုးဖောက်ခဲ့ပါတယ်။ Type 50, 55 နဲ့ 57တွေကို ဆက်လက်ထုတ််လုပ် ခဲ့ရာမှာ လှပတဲ့ခေတ်မီ ဒီဇိုင်းဆန်း တွေကြောင့် လူကြိုက်များလာခဲ့တာပါ။
Sport ကားအမျိုးအစားတွေကို စဉ်ဆက်မပြတ် ထုတ်လုပ်လာခဲ့တဲ့ သက်တမ်းရင့် Bugatti ကုမ္ပဏီ ထုတ်ကားဖြစ်လို့ အရည်အသွေး နဲ့ ဒီဇိုင်းပိုင်း ဆိုင်ရာ ကတော့ ပြောစရာ မလိုတော့ လောက်အောက် ပါပဲ။ 2016 Bugatti Veyron Grand Sport Vitesse ကားက လေခွင်းအား စနစ်သစ်ကို အသုံးပြုထားလို့ ပေ့ါပါးမြန်ဆန် မှုကတော့ အံ့မခန်းပါဘဲ။ အင်ဂျင်ပိုင်းဆိုင်ရာ ပြောင်းလဲ မှု အဖြစ် 8-litter အစား W16 အင်ဂျင်ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ အများဆုံးထွက်ရှိတဲ့ မြင်းကောင်ရေအား က 1,200 hp ဖြစ်ပြီး အင်ဂျင်ရုန်းအားက 1106 lb-ft ဖြစ်ပါတယ်။
ဒုံးကျည်လို လျှင်မြန်တဲ့ အရှိန်နှုန်းနဲ့ သွားနိုင်မယ့် Super Car ဖြစ်လို့ 0-62mph ကို 2.6 စက္ကန့်နဲ့ အရောက် သွားနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံး Speed က 255-mph ပါ။ Grand Sport Vitesse က အမြန်ဆုံးနဲ့ ပြေးမယ့် Roadster ကားဖြစ်ပြီး 4-Wheel Drive အမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ ရှေ့မှာ အင်ဂျင်အတွက် လေဝင်လေထွက် စနစ်ကောင်းစေမယ့် ကြီးမားတဲ့ air intakes ကို တပ်ဆင်ထားပါတယ်။ ဘေးဘယ်ညာ နှစ်ဖက်ရှိတဲ့ air intake နှစ်ခုရဲ့ အလယ်မှာ ထားရှိပြီ အပူတွေကို ထုတ်လွှတ်ပေးမယ့် Grille မှာ Horizontally bar တွေကို တပ်ဆင်ပေးထား ပါတယ်။ အောက်ခြေပိုင်းအတွက် လေဝင် လေထွက် စနစ်ကောင်းမွန်ဖို့ ဘီးရဲ့ အပေါ် ဘက်နားမှာ လုပ်ဆောင် ပေးထားပါသေးတယ်။ စွမ်းဆောင် နိုင်ရည်မြင့်မားကို သိသာ ပေါ်လွင်အောင် ထူးခြားတဲ့ လုပ်ဆောင် ချက်တွေ နဲ့ ဖြည့်ဆည်းပေးထားတာပါ။ Super Sport ကားဖြစ်လို့ ကားရဲ့ နောက်ဖက်မှာလည်း tailpipe နှစ်ခုကို အလယ်မှာ ပူးတွဲထားရှိပါတယ်။
ကားကိုယ်ထည် တစ်ခုလုံးကို Carbon fiber monocoque နဲ့ တည်ဆောက်ထားပြီး အပြင်ဘက်ပိုင်း Outer Skin ကိုတော့ Carbon fiber နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ရွေးချယ်စရာ တစ်ခု ထမ်မံပြုလုပ်ပေးထားတာကတော့ အပြင် ကိုယ်ထည်ကို Clear-coated Visible-carbon နဲ့ လုပ်ဆောင်ထား ပေးခဲ့တာပါ။ အတွင်းခန်း ဆူညံသံ နဲ့ လေတိုးသံတွေကို လျော့ချပေးမယ့် Spoiler အသစ်ကို လည်း ကားရဲ့ အမိုးမှာ တပ်ဆင်ပေးထားပါတယ်။ အတွင်းခန်းမှာ အဆင့်မြင့် သတ္တုအမျိုးအစားတွေဖြစ်တဲ့ Aluminum နဲ့ Maganesium တွေကိုပါ ပေါင်းစပ်ပြီး အလှဆင်ထားပါတယ်။
Veyron 16.4 ကားက 16 Cylinder 1.200 ps အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး အမြင့်ဆုံး torque က 1,500 Nm ပါ။ 0-100 km/h ကို 2.5 စက္ကန့်နဲ့ အရောက် မောင်းသွားနိုင်မှာဖြစ်ပြီး ကမ္ဘာ့ မှတ်တမ်းမှာ ထိန်းသိမ်းထားတဲ့ Word Record Speed က 431.072 km/h ပါ။ ဒီ Figure ကတော့သူမတူတဲ့ Magic Power လို့ဆိုရပါလိမ့်မယ်။Bugatti Veyron ကားက ကမ္ဘာ့ ကားထုတ်လုပ်ရေး လောကမှာ Super Car အဖြစ်ရပ်တည်လာခဲ့တာ ၁၀-နှစ် ကျော်သက်တမ်းရှိနေပါပြီ။ Bugatti ရဲ့ အင်ဂျင်နီယာတွေက အဆင့်မြင့်ဆုံးနည်းပညာတွေကို အသုံးပြုပြီး ကားထုတ်လုပ်တဲ့ သမိုင်းကြောင်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
Quarter mile ကို 10.0 စက္ကန့် နဲ့ မောင်းနိုင်မှာ ဖြစ်ပြီး ၁မိုင်ကို တော့ 25 စက္ကန့် အရောက်မောင်းနိုင်ပါလိမ့်မယ်။ ဘရိတ်ပိုင်း ဆိုင်ရာမှာ Ceramic brakes ကို အသုံးပြုထားပြီး ရှေ့ပိုင်း 400mm နဲ့ နောက်ပို်င်းက 380 mm အကွာအဝေးမှာ ဘရိတ် မိသွားမှာပါ။ centre console ကိုတော့ Carbonfiber နဲ့ titanium သတ္တုတို့ ရောစပ်ပြီး အလှဆင်ထားလို့ မျက်စိပသာဒဖြစ် စေပါတယ်။ အင်ဂျင်ဆူညံသံနဲ့ တုန်ခါမှုလုံးဝမရှိပဲ turbos တွေက အားမာန်ပြင်းတဲ့ နဂါးတစ်ကောင်လို ခွန်အားကြီးပေမယ့် ကြမ်းတမ်းမှုတော့ မရှိဘူးလို့ Bugatti ဆိုပါတယ်။ Normal mode ကို အသုံးပြုပြီး မောင်းမယ်ဆိုရင် 235 mph နှုန်းလောက်နဲ့ ပြေးပါလိမ့်မယ်။ တိကျသေချာမှုရှိတဲ့ စတီယာရင်ချိုးကွေ့မှု စနစ် တွေကြောင့် တစ်ခြားကားတွေနဲ့ ထိပ်တိုက်မတိုးခင် လျှင်မြန်စွာ ရှောင်တိမ်းနိုင်မှာ ဖြစ်လို့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ကားကို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အမိုးဖွင့်ကားတွေ အတွက် Spring, Damper နဲ့ Anti-roll bar rates တွေကို ပြောင်းလဲပေးခဲ့ပါတယ်။ ကားကို အပျော်စီးဖို့ နဲ့ လေညှင်းခံထွက်ဖို့ 150 open-topped Versions ကို ဆက်လက် ထုတ်လုပ်သွားမှာဖြစ်ပြီး တခြား Standard Grand Sport ကားတွေကိုလည်း တစ်နှစ်ကျော် ကာလအတွင်းမှာ ထပ်မံ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Dual-Clutch Gearbox (DSG) ကိုတပ်တင်ထားပြီး ကမ္ဘာ့ အမြန်ဆုံး Fastset gearbox အမျိုးအစားဖြစ်ပါတယ်။ Bugatti က အရင်တုန်းက 7-speed ဂီယာကို အသုံးပြုခဲ့ပေမယ့် new sport car မှာတော့ direct-shift ဂီယာ box ကို အသုံးပြုထားပါတယ်။ Veyron ကားမှာတော့ dynamic အတွက် အကျိုးသက်ရောက်မှု ရှိစေမယ့် manual gearbox နဲ့ Automatic transmission စနစ် နှစ်မျိုးကို ပေါင်းစပ် အသုံးပြုထားလို့ ပြည့်စုံပြီး ကောင်းမွန်တဲ့ ဂီယာစနစ် မျိုးလို့ ဆိုနိုင်ပါတယ်။
အင်ဂျင်စွမ်းအင် မြင့်မားဖို့ တသမတ်တည်းရှိတဲ့ fuel pressure ရှိနေဖိို့အဓိကလိုအပ်ပါတယ်။ Bugatti ရဲ့ အင်ဂျင်နီယာတွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ AC injection Pumps စနစ်ကို ဆန်းသစ်တီတွင်နိုင်ခဲ့ပါတယ်။ အအေးခံစနစ် အတွက် Coolant နှစ်မျိုးကို အသုံးပြု ထားပါတယ်။ ယာဉ်ရဲ့ ရှေ့ခန်းအတွင်း အင်ဂျင်လည်ပတ် နေချိန်မှာ ထွက်ရှိလာတဲ့ အပူချိန်ကို ထိန်းပေးဖို့ ပိုမိုကြီးမားတဲ့ 40 Liter Coolant Water စနစ်ကို အသုံးပြု ထားပြီး radiators သုံးခုပါဝင်ပါတယ်။ ဒုတိယ Coolant က Low-temperature Circuit အတွက် အသုံးပြုသွားမယ့် 20 liter coolant water ဖြစ်ပါတယ်။ ဒီစနစ်က လေကို အေးအောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ယာဉ်ကို slow traffic မှာ မောင်းနေတဲ့ အခြေအနေမျိုးမှာ အင်ဂျင်အပူလွန်ကဲမှု ကို ထိန်းချုပ်ပေးသွားမှာပါ။ ဒီလိုပြဿနာမျိုးတွေက high-performance sport cars တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အတွက် နည်းပညာ အထောက်အကူနဲ့ ဖြေရှင်းပေးထား တာဖြစ်ပါတယ်။ Veyron ကားမှာ တပ်ဆင်မယ့် တာယာတွေမှာ tyre pressure sensor တွေ ပါရှိပြီး အလေးချိန်က 130Kg အထက်မှာရှိမှာပါ။ ဒီတာယာတွေက 400 km/h ထက်ပိုတဲ့ speed မျိုးနဲ့ မောင်းနင်တာကို ခံနိုင်ရည်ရှိပါလိမ့်မယ်။
Bugatti ရဲ့ Braking System မှာ Airbrake App: နဲ့ Aerodynamic Braking funcitons တွေကို ပေါင်းစပ်အသုံးပြုထားတဲ့ အတွက် စွမ်းဆောင်ရည်မြင့်မား တဲ့ အတွက် ဘရိတ်စနစ်ကို ဖြစ်ပေါ်စေပါတယ်။ Carbon-ceramic နဲ့ ပြုလုပ်ထားတဲ့ brake discs ကို အသုံးပြုထားလို့ အပူချိန် 1000 ဒီကရီ အထိခံနိုင်ရည် ရှိပါတယ်။ Brake disc hub ကို titanium သတ္တုနဲ့ အသုံးပြု ထားလို့ stainless steel ကို အသုံးပြုတာထက် စာရင် ပိုပြီး ကြံခိုင်မှာပါ။
Super Car တွေမှာ Aerodynamics အတွက် စွမ်းဆောင်ရည် မြင့်ဖို့ အထူး အရေးကြီးပါတယ်။ Veyron ကားရဲ့ ပုံစံ နဲ့ Style ကို ကြံ့ခိုင်မှုရှိတဲ့ ဒီဇိုင်းကို အခြေခံပြီးလေခွင်းအား ကောင်းမွန်မှု နဲ့ ဆက်စပ်စဉ်းစားပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Air brake ရဲ့ အရှိန်လျော့ ပေးနိုင်မှုက 0.6G ရှိလို့ brake pressure ကောင်းမွန် ပါတယ်။ Wheel Brake ရဲ့Deceleration (အရှိန်လျှော့နှုန်း) ကတော့ 1.4 G(Gravity) လောက်ရှိပါ တယ်။ အရည်အသွေး ကောင်းမွန်ပြီး စီးတဲ့သူတွေကို ဂုဏ်တက်စေတဲ့ Bugatti Veyron Grand Sport ကားရဲ့ Specification Sheet ကို ဖော်ပြပေးလိုက်ပါတယ်။
Engine : W16 Turbocharged , 8000 cc
Power output 736 kW ( 1 001 HP) at 6 000 rpm
Max. torque 1 250 Nm at 2 ,200 -5 ,500 rpm
Gearbox 7-speed DSG
Top Speed : 400 km/h
0-100 km/h : under 3 Second
Quartermile : 10-0 Second
Fuel consumption
In town 41.9 l
Out of town 15.6 l
Fuel type Super unleaded 98 RON/ROZ
Base Price : $ 2,624,726 ပါ၀ါ
Zawgyi version…
108 ႀကိမ္ေျမာက္ Chicago Auto Show ပဲြမွာ ျပသခဲ့တဲ့ ျပင္သစ္ႏိုင္ငံလုပ္ 2016 Bugatti Veyron Grand Sport Vitesse ကားေလးပဲျဖစ္ပါတယ္။ ဥေရာပႏုိင္ငံထုတ္ ကားေတြအနက္ ဂုဏ္သိကၡာ ျမင့္မားတဲ့ လူခ်မ္းသာေတြ အတြက္ ရည္ရြယ္ ထုတ္လုပ္တဲ့ ကားကုမၸဏီေတြထဲမွာ လူႀကိဳက္ အမ်ားဆံုးနဲ႔ ထင္ေပၚေက်ာ္ ၾကားမႈအရွိဆံုး ကားအမိ်ဳအစားျဖစ္ပါတယ္။ Bugatti ကားကုမၸဏီ က 1909 ခုႏွစ္ကတည္းက စတင္တည္ေထာင္ ထားခဲ႔တဲ့ ကုမၸဏီတစ္ခုပါ။ 1920 မွာ First Highlight Sports Car ေတြကို စတင္ထုတ္လုပ္ခဲ့ ၿပီး ႏွစ္ေယာက္စီး Roadster Royal Type 41 နဲ႔ Sport Car ေစ်းကြက္ ကို ထိုးေဖာက္ခဲ့ပါတယ္။ Type 50, 55 နဲ႔ 57ေတြကို ဆက္လက္ထုတ္္လုပ္ ခဲ့ရာမွာ လွပတဲ့ေခတ္မီ ဒီဇိုင္းဆန္း ေတြေၾကာင့္ လူႀကိဳက္မ်ားလာခဲ့တာပါ။
Sport ကားအမ်ိဳးအစားေတြကို စဥ္ဆက္မျပတ္ ထုတ္လုပ္လာခဲ့တဲ့ သက္တမ္းရင့္ Bugatti ကုမၸဏီ ထုတ္ကားျဖစ္လို႔ အရည္အေသြး နဲ႔ ဒီဇိုင္းပိုင္း ဆိုင္ရာ ကေတာ့ ေျပာစရာ မလိုေတာ့ ေလာက္ေအာက္ ပါပဲ။ 2016 Bugatti Veyron Grand Sport Vitesse ကားက ေလခြင္းအား စနစ္သစ္ကို အသံုးျပဳထားလို႔ ေပ့ါပါးျမန္ဆန္ မႈကေတာ့ အံ့မခန္းပါဘဲ။ အင္ဂ်င္ပိုင္းဆိုင္ရာ ေျပာင္းလဲ မႈ အျဖစ္ 8-litter အစား W16 အင္ဂ်င္ကို ေျပာင္းလဲ အသံုးျပဳခဲ့ပါတယ္။ အမ်ားဆံုးထြက္ရွိတဲ့ ျမင္းေကာင္ေရအား က 1,200 hp ျဖစ္ၿပီး အင္ဂ်င္ရုန္းအားက 1106 lb-ft ျဖစ္ပါတယ္။
ဒံုးက်ည္လို လွ်င္ျမန္တဲ့ အရွိန္ႏႈန္းနဲ႔ သြားႏုိင္မယ့္ Super Car ျဖစ္လို႔ 0-62mph ကို 2.6 စကၠန္႔နဲ႔ အေရာက္ သြားနိုင္မွာျဖစ္ပါတယ္။ အျမင့္ဆံုး Speed က 255-mph ပါ။ Grand Sport Vitesse က အျမန္ဆံုးနဲ႔ ေျပးမယ့္ Roadster ကားျဖစ္ၿပီး 4-Wheel Drive အမ်ိဳးအစားျဖစ္ပါတယ္။ ကားရဲ႕ ေရွ႕မွာ အင္ဂ်င္အတြက္ ေလဝင္ေလထြက္ စနစ္ေကာင္းေစမယ့္ ႀကီးမားတဲ့ air intakes ကို တပ္ဆင္ထားပါတယ္။ ေဘးဘယ္ညာ ႏွစ္ဖက္ရွိတဲ့ air intake နွစ္ခုရဲ႕ အလယ္မွာ ထားရွိၿပီ အပူေတြကို ထုတ္လႊတ္ေပးမယ့္ Grille မွာ Horizontally bar ေတြကို တပ္ဆင္ေပးထား ပါတယ္။ ေအာက္ေျခပိုင္းအတြက္ ေလဝင္ ေလထြက္ စနစ္ေကာင္းမြန္ဖုိ႔ ဘီးရဲ႕ အေပၚ ဘက္နားမွာ လုပ္ေဆာင္ ေပးထားပါေသးတယ္။ စြမ္းေဆာင္ ႏုိင္ရည္ျမင့္မားကုိ သိသာ ေပၚလြင္ေအာင္ ထူးျခားတဲ့ လုပ္ေဆာင္ ခ်က္ေတြ နဲ႔ ျဖည့္ဆည္းေပးထားတာပါ။ Super Sport ကားျဖစ္လို႔ ကားရဲ႕ ေနာက္ဖက္မွာလည္း tailpipe ႏွစ္ခုကို အလယ္မွာ ပူးတဲြထားရွိပါတယ္။
ကားကိုယ္ထည္ တစ္ခုလံုးကို Carbon fiber monocoque နဲ႔ တည္ေဆာက္ထားၿပီး အျပင္ဘက္ပိုင္း Outer Skin ကိုေတာ့ Carbon fiber နဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ေရြးခ်ယ္စရာ တစ္ခု ထမ္မံျပဳလုပ္ေပးထားတာကေတာ့ အျပင္ ကိုယ္ထည္ကို Clear-coated Visible-carbon နဲ႔ လုပ္ေဆာင္ထား ေပးခဲ့တာပါ။ အတြင္းခန္း ဆူညံသံ နဲ႔ ေလတိုးသံေတြကို ေလ်ာ့ခ်ေပးမယ့္ Spoiler အသစ္ကို လည္း ကားရဲ႕ အမိုးမွာ တပ္ဆင္ေပးထားပါတယ္။ အတြင္းခန္းမွာ အဆင့္ျမင့္ သတၱဳအမ်ိဳးအစားေတြျဖစ္တဲ့ Aluminum နဲ႔ Maganesium ေတြကိုပါ ေပါင္းစပ္ၿပီး အလွဆင္ထားပါတယ္။
Veyron 16.4 ကားက 16 Cylinder 1.200 ps အင္ဂ်င္အမ်ိဳးအစားကို အသံုးျပဳထားၿပီး အျမင့္ဆံုး torque က 1,500 Nm ပါ။ 0-100 km/h ကို 2.5 စကၠန္႔နဲ႔ အေရာက္ ေမာင္းသြားႏုိင္မွာျဖစ္ၿပီး ကမၻာ့ မွတ္တမ္းမွာ ထိန္းသိမ္းထားတဲ့ Word Record Speed က 431.072 km/h ပါ။ ဒီ Figure ကေတာ့သူမတူတဲ႔ Magic Power လို႔ဆိုရပါလိမ္႔မယ္။Bugatti Veyron ကားက ကမၻာ့ ကားထုတ္လုပ္ေရး ေလာကမွာ Super Car အျဖစ္ရပ္တည္လာခဲ့တာ ၁၀-ႏွစ္ ေက်ာ္သက္တမ္းရွိေနပါၿပီ။ Bugatti ရဲ႕ အင္ဂ်င္နီယာေတြက အဆင့္ျမင့္ဆံုးနည္းပညာေတြကို အသံုးျပဳၿပီး ကားထုတ္လုပ္တဲ့ သမိုင္းေၾကာင္းကို ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။
Quarter mile ကို 10.0 စကၠန္႔ နဲ႔ ေမာင္းႏုိင္မွာ ျဖစ္ၿပီး ၁မိုင္ကို ေတာ့ 25 စကၠန္႔ အေရာက္ေမာင္းႏိုင္ပါလိမ့္မယ္။ ဘရိတ္ပိုင္း ဆိုင္ရာမွာ Ceramic brakes ကို အသံုးျပဳထားၿပီး ေရွ႕ပိုင္း 400mm နဲ႔ ေနာက္ပို္င္းက 380 mm အကြာအေဝးမွာ ဘရိတ္ မိသြားမွာပါ။ centre console ကိုေတာ့ Carbonfiber နဲ႔ titanium သတၱဳတို႔ ေရာစပ္ၿပီး အလွဆင္ထားလို႔ မ်က္စိပသာဒျဖစ္ ေစပါတယ္။ အင္ဂ်င္ဆူညံသံနဲ႔ တုန္ခါမႈလံုးဝမရွိပဲ turbos ေတြက အားမာန္ျပင္းတဲ့ နဂါးတစ္ေကာင္လို ခြန္အားႀကီးေပမယ့္ ၾကမ္းတမ္းမႈေတာ့ မရွိဘူးလို႔ Bugatti ဆိုပါတယ္။ Normal mode ကို အသံုးျပဳၿပီး ေမာင္းမယ္ဆိုရင္ 235 mph ႏႈန္းေလာက္နဲ႔ ေျပးပါလိမ့္မယ္။ တိက်ေသခ်ာမႈရွိတဲ့ စတီယာရင္ခ်ိဳးေကြ႕မႈ စနစ္ ေတြေၾကာင့္ တစ္ျခားကားေတြနဲ႔ ထိပ္တုိက္မတိုးခင္ လွ်င္ျမန္စြာ ေရွာင္တိမ္းႏိုင္မွာ ျဖစ္လို႔ ယံုၾကည္စိတ္ခ်မႈ အျပည့္နဲ႔ ကားကို ေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။ အမိုးဖြင့္ကားေတြ အတြက္ Spring, Damper နဲ႔ Anti-roll bar rates ေတြကို ေျပာင္းလဲေပးခဲ့ပါတယ္။ ကားကို အေပ်ာ္စီးဖို႔ နဲ႔ ေလညွင္းခံထြက္ဖုိ႔ 150 open-topped Versions ကို ဆက္လက္ ထုတ္လုပ္သြားမွာျဖစ္ၿပီး တျခား Standard Grand Sport ကားေတြကိုလည္း တစ္ႏွစ္ေက်ာ္ ကာလအတြင္းမွာ ထပ္မံ ထုတ္လုပ္သြားမွာျဖစ္ပါတယ္။
Dual-Clutch Gearbox (DSG) ကိုတပ္တင္ထားၿပီး ကမၻာ့ အျမန္ဆံုး Fastset gearbox အမ်ိဳးအစားျဖစ္ပါတယ္။ Bugatti က အရင္တုန္းက 7-speed ဂီယာကို အသံုးျပဳခဲ့ေပမယ့္ new sport car မွာေတာ့ direct-shift ဂီယာ box ကို အသံုးျပဳထားပါတယ္။ Veyron ကားမွာေတာ့ dynamic အတြက္ အက်ိဳးသက္ေရာက္မႈ ရွိေစမယ့္ manual gearbox နဲ႔ Automatic transmission စနစ္ ႏွစ္မိ်ဳးကို ေပါင္းစပ္ အသံုးျပဳထားလို႔ ျပည့္စံုၿပီး ေကာင္းမြန္တဲ့ ဂီယာစနစ္ မ်ိဳးလို႔ ဆိုႏိုင္ပါတယ္။
အင္ဂ်င္စြမ္းအင္ ျမင့္မားဖုိ႔ တသမတ္တည္းရွိတဲ့ fuel pressure ရွိေနဖိ႔ုိအဓိကလိုအပ္ပါတယ္။ Bugatti ရဲ႕ အင္ဂ်င္နီယာေတြက ဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ AC injection Pumps စနစ္ကို ဆန္းသစ္တီတြင္ႏုိင္ခဲ့ပါတယ္။ အေအးခံစနစ္ အတြက္ Coolant ႏွစ္မ်ိဳးကို အသံုးျပဳ ထားပါတယ္။ ယာဥ္ရဲ႕ ေရွ႕ခန္းအတြင္း အင္ဂ်င္လည္ပတ္ ေနခ်ိန္မွာ ထြက္ရွိလာတဲ့ အပူခ်ိန္ကို ထိန္းေပးဖုိ႔ ပိုမိုႀကီးမားတဲ့ 40 Liter Coolant Water စနစ္ကို အသံုးျပဳ ထားၿပီး radiators သံုးခုပါဝင္ပါတယ္။ ဒုတိယ Coolant က Low-temperature Circuit အတြက္ အသံုးျပဳသြားမယ့္ 20 liter coolant water ျဖစ္ပါတယ္။ ဒီစနစ္က ေလကို ေအးေအာင္ျပဳလုပ္ေပးသြားမွာျဖစ္ၿပီး ယာဥ္ကို slow traffic မွာ ေမာင္းေနတဲ့ အေျခအေနမ်ိဳးမွာ အင္ဂ်င္အပူလြန္ကဲမႈ ကို ထိန္းခ်ဳပ္ေပးသြားမွာပါ။ ဒီလိုျပႆနာမ်ိဳးေတြက high-performance sport cars ေတြမွာ ႀကံဳေတြ႕ရေလ့ရွိတဲ့ အတြက္ နည္းပညာ အေထာက္အကူနဲ႔ ေျဖရွင္းေပးထား တာျဖစ္ပါတယ္။ Veyron ကားမွာ တပ္ဆင္မယ့္ တာယာေတြမွာ tyre pressure sensor ေတြ ပါရွိၿပီး အေလးခ်ိန္က 130Kg အထက္မွာရွိမွာပါ။ ဒီတာယာေတြက 400 km/h ထက္ပိုတဲ့ speed မ်ိဳးနဲ႔ ေမာင္းနင္တာကို ခံႏိုင္ရည္ရွိပါလိမ့္မယ္။
Bugatti ရဲ႕ Braking System မွာ Airbrake App: နဲ႔ Aerodynamic Braking funcitons ေတြကို ေပါင္းစပ္အသံုးျပဳထားတဲ့ အတြက္ စြမ္းေဆာင္ရည္ျမင့္မား တဲ့ အတြက္ ဘရိတ္စနစ္ကို ျဖစ္ေပၚေစပါတယ္။ Carbon-ceramic နဲ႔ ျပဳလုပ္ထားတဲ့ brake discs ကို အသံုးျပဳထားလို႔ အပူခ်ိန္ 1000 ဒီကရီ အထိခံႏိုင္ရည္ ရွိပါတယ္။ Brake disc hub ကို titanium သတၱဳနဲ႔ အသံုးျပဳ ထားလို႔ stainless steel ကို အသံုးျပဳတာထက္ စာရင္ ပိုၿပီး ႀကံခိုင္မွာပါ။
Super Car ေတြမွာ Aerodynamics အတြက္ စြမ္းေဆာင္ရည္ ျမင့္ဖို႔ အထူး အေရးႀကီးပါတယ္။ Veyron ကားရဲ႕ ပံုစံ နဲ႔ Style ကို ႀကံ႕ခိုင္မႈရွိတဲ့ ဒီဇိုင္းကို အေျခခံျပီးေလခြင္းအား ေကာင္းမြန္မႈ နဲ႔ ဆက္စပ္စဥ္းစားၿပီး ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ Air brake ရဲ႕ အရွိန္ေလ်ာ့ ေပးႏိုင္မႈက 0.6G ရွိလို႔ brake pressure ေကာင္းမြန္ ပါတယ္။ Wheel Brake ရဲ႕Deceleration (အရွိန္ေလ်ွာ႔နွဳန္း) ကေတာ့ 1.4 G(Gravity) ေလာက္ရွိပါ တယ္။ အရည္အေသြး ေကာင္းမြန္ၿပီး စီးတဲ့သူေတြကို ဂုဏ္တက္ေစတဲ့ Bugatti Veyron Grand Sport ကားရဲ႕ Specification Sheet ကို ေဖာ္ျပေပးလိုက္ပါတယ္။
Engine : W16 Turbocharged , 8000 cc
Power output | 736 kW ( 1 001 HP) at 6 000 rpm |
Max. torque | 1 250 Nm at 2 ,200 -5 ,500 rpm |
Gearbox | 7-speed DSG |
Top Speed : 400 km/h
0-100 km/h : under 3 Second
Quartermile : 10-0 Second
Fuel consumption | |||
In town | 41.9 l | ||
Out of town | 15.6 l | ||
Fuel type | Super unleaded 98 RON/ROZ | ||
Base Price : $ 2,624,726 ပါ၀ါ