Unicode version..
Engine : 6.6 lt Twin Turbo V-12
Horse power : 563 hp (420 Kw)
Torque : 575 lb-ft(780 NM)
Transmission : 8-speed automatic, GPS adaptive
Weight : 2550 kg (depending on options)
0-100 Km/hr: 4.8 seconds
Quarter Mile : 13 seconds
Top Speed : 250 Km/hr (electronically Limited)
Fuel Consumption : 14/21 lt/100 Km (highway/city)
Base Price (Europe) : $ 250,000
Zawgyi version…
အထက်တန်းလွှာလူတန်းစားတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ Rolls Royce ကားထုတ်လုပ်ရေး ကုမ္ပဏီတည်ရှိနေတာ ယနေ့ဆိုရင် နှစ်ပေါင်းတစ်ရာ ကျော်လွန်လာခဲ့ပါပြီ။ Luxury Sedan ကားထုတ်လုပ်တဲ့ နယ်ပယ်မှာ ဦးဆောင်ကုမ္ပဏီအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပြီး Mercedes AMGS, Bentley Muisanne, Mercedes-Maybach, Porsche Panamera, BMW 7-Series, Jaguar XJ နဲ့ Maserati Quattroporte ကားတွေနဲ့ ယှဉ်ပြိုင်ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ တိတိကျကျ သတ်မှတ်ထားတဲ့ model အမျိုးအစား တွေကို ထုတ်လုပ်ခြင်းမရှိပဲ Luxury, Solidity (ကြီးမားခိုင်ခန့်တဲ့ ကားအမျိုးအစား) နဲ့ အပိုပစ္စည်း ဈေးသိပ်မကြီးတဲ့ကား အမျိုးအစားတွေကို ထုတ်လုပ် လာခဲ့တာပါ။ ကားထုတ်လုပ်တဲ့ လောကမှာ Rolls Royce ကားကုမ္ပဏီရဲ့ ပုံရိပ်ကို စွဲထင်စေခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ရှိလာပြီဖြစ်ပါတယ်။ ထူးခြားကောင်းမွန်တဲ့ Luxury ကားတွေကို ၀င်ငွေကောင်းမွန်တဲ့ လူထုကို ရည်ရွယ်ထုတ်လုပ်လာခဲ့ပြီး ကုမ္ပဏီ brand ကို စောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။
Rolls Royce ကားတွေကို ဓါတ်ပုံတွေထဲမှာ Two dimensional images အဖြစ် တွေ့မြင်ရတာ ထက်စာရင် အပြင်မှာ စစ်မှန်တဲ့ ပုံသဏ္ဍာန်ကို ကြည့်ရှု နိုင်ဖို့ သတိပြုသင့်ပါတယ်။ ကားရဲ့ကိုယ်ထည်က ကြီးမားပြီး ခန့်ညားထည်ဝါတဲ့ အသွင်သဏ္ဍာန်မျိုးပါ။ ဈေးနှုန်းတူညီတဲ့ Sport ကားအမျိုးအစားတွေလို အလွန်အမင်းတောက်ပနေ တဲ့အရောင်မျိုးကို အသုံးပြု ထားခြင်းမရှိပါဘူး။ Aston Martin, Lamborghini (သို့) Ferrari ကားအမျိုးအစား တွေနဲ့ ယှဉ်ရင်ပိုပြီးခန့်ထည်တဲ့ ဒီဇိုင်းနဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်မှာပါ။
Rolls Royce ကားမှာ အသုံးပြုထားတဲ့ အင်ဂျင်အမျိုးအစားက 6.6- Liter V-12 ဖြစ်ပြီး မြင်းကောင်ရေ 563 hp ထွက်ရှိပါတယ် Satellite-aided Gearbox ကို တွဲဖက်အသုံးပြုထားတဲ့အတွက် အရှေ့ဖက်မှာရှိတဲ့ လမ်းရဲ့ GPS data တွေကို သိရှိနိုင် ပါလိမ့်မယ်။ ယာဉ်ကို မောင်းနှင်ရာမှာ လိုအပ်မယ့် Control System တွေပါဝင်ပြီး ဂီယာအလှည့် အပြောင်းပြုလုပ်ရာမှာ လွယ်ကူချောမွေ့ စေမယ့် နည်းပညာသစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ O-100 Km/hr ခရီးကို (၅) စက္ကန့်မတိုင်ခင် အရောက် မောင်းသွားနိုင်လို့ ခေတ်ပေါ် Supercar တွေရဲ့ မြန်နှုန်း ကို မှီရုံသာမကပဲ 99.99 ရာခိုင်နှုန်းထက်သာလွန်မှာ ဖြစ် ပါတယ်။ Top Speed က 250 Km/hr ဖြစ်ပါတယ်။ Rolls Royce ကားကို မောင်းနှင်တဲ့ ယာဉ်မောင်းကို လုံလောက်တဲ့ပါဝါစွမ်းရည်ကိုပေးပြီး ယာဉ်မောင်းနှင်ဖို့ လုပ်ဆောင်ရာမှာ လုပ်ငန်းတာဝန်တွေကို လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်တဲ့ System တွေကို အသုံးပြုသွားနိုင် ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ယာဉ်မောင်းအတွက် ဘေးကင်းလုံခြုံမှုစနစ် ပြည့်ဝစွာလုပ်ဆောင်ပေးထားလို့ ယာဉ်ကို စိတ်အေးချမ်းမှုအပြည့်နဲ့ မောင်းနှင်သွားနိုင်မှာ ပါ။ လူတစ်ဦးရဲ့ မူလပန်းတိုင်အဖြစ် ဘ၀ကိုတည်ငြိမ် အေးချမ်းစွာဖြတ်သန်းသွားနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း 500 လောက်ကို အရေးပေါ်အသုံးပြုနိုင်မယ့် ငွေကြေး အဖြစ်ဘဏ်မှာ အပ်နှံထားနိုင်ဖို့ လိုအပ်ပြီး ခေတ်မီပြီးအဆင့်မြင့်တဲ့ လူနေမှုပုံစံနဲ့ဘ၀ကို ရပ်တည် သွားနိုင်ဖို့ဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်း 20 လောက် အသုံးပြုသွားရမှာဖြစ်ပါတယ်။
Rolls Royce ရဲ့ အဆင့်မြင့်ဇိမ်ခံကားကို ပြည့်စုံကြွယ်ဝမှုရှိတဲ့ လူနည်းစုအသုံးပြုဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါသည်။ Super Luxurious ကားအမျိုးအစားဖြစ်တဲ့ Ghost ကားရဲ့အတွင်းခန်းမှာ နောက်ဖက်ထိုင်ခုံတွေက ကြီးမားပြီး ရိုးရှင်းသယောင် ထင်ရပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် နူးညံ့တဲ့သားရေနဲ့ ထိုင်ခုံကို ဖုံးအုပ်ထားပါတယ်။ ထိုင်ခုံအမျိုးအစားသုံးမျိုးကို ထုတ်လုပ်ထားရာမှာ Leather Seat, Wood trim (သစ်သားထိုင်ခုံ) နဲ့ သိုးမွှေးကော်ဇော်ခင်းပေးထားတဲ့ ထိုင်ခုံတွေပါဝင်မှာပါ။ ထိုင်ခုံပေါ်မှာ ထိုင်နေစဉ်ပွက်ဆွဲမှု ဒဏ်တွေကို ကြမ်းတမ်းစွာ မခံစားရပဲ နူးညံ့တဲ့အထိအတွေ့ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး သက်သောင့်သက်သာရှိမှုကို ခံစားရစေပါလိမ့်မယ်။ ခုံတွေရဲ့ အလယ်မှာ သားရေနဲ့ ဖုံးအုပ်ပေးထားတဲ့ လက်တင်တဲ့နေရာပါရှိပြီး ရှန်ပိန်ခွက် တင်နိုင်တဲ့နေရာလည်း ပါဝင်ပါတယ်။ အမြုပ်ထနေတဲ့ ရှန်ပိန်တွေကို ခွက်ထဲမှာ ၄ ဒီကရီစင်တီဂရိတ် အပူချိန် အထိ ထိန်းထားနိုင်တဲ့ Cooler Unit လည်းပါရှိမှာပါ။ Picnic table ကိုတော့ နည်းလမ်းအမျိုးမျိုးနဲ့ ချိုးခေါက်ပြီး အသုံးပြုသွားနိုင်ပါတယ်။ ဒီလိုထိန်းညှိ လုပ်ဆောင်နိုင်ကာ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်တဲ့ စားပွဲ ပါရှိခဲ့ရင် ဘယ်ခရီးကိုပဲသွားသွား၊ သက်သောင့် သက်သာရှိမှုနဲ့ အဆင်ပြေချောမွေ့မှုတွေ တိုးပွားလာ စေမှာဖြစ်ပါသည်။
Super Luxury ကားရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူဝင့်ကြွားနေကြရတဲ့ အင်္ဂလန်နိုင်ငံသားတွေက ဒီခံစားချက်တွေကို မသိရှိရသေးဘဲ တခြားသူတွေကို ပြောပြချင်နေပါသေးတယ်။ ကားရဲ့ဒီဇိုင်းကို ထုတ်လုပ် ပေးတဲ့ ဒီဇိုင်နာတွေက Modern ကားအများစုရဲ့ ဒီဇိုင်းကို နှစ်သက်မှုမရှိပဲ သူတို့ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်း အတွက် အကြီးမားဆုံး ဂုဏ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ကားရဲ့အတွင်းခန်းထဲမှာ တပ်ဆင်ထားတဲ့ သစ်သားထည်တွေကို အရောင် တင်ရာမှာ အကောင်းဆုံး Goodwood Factory မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှဉ့်မွှေး (သို့) ခွေးတူဝက်တူ (သို့) နို့တိုက်သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်က အမွှေးနဲ့ပြုလုပ် ထားတဲ့ brushes တွေနဲ့ ပွတ်တိုက်ပေးတဲ့အတွက် လှပ တောက်ပြောင်တဲ့အရောင်အဆင်းကို ရရှိစေခဲ့ပါတယ်။ သစ်သားအချောထည်ပြုလုပ်ပေးတဲ့ စက်ရုံရဲ့ အထူး သတ်မှတ်ထားတဲ့နေရာမှာ သစ်သားနဲ့ သားရေဆိုင်တွေ ဖွင့်လှစ်ပေးထားပြီး စက်ရုံရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင် လုပ်ဆောင်နိုင်ဖို့ အရည်အသွေးပြည့်ဝတဲ့လူငယ်တွေကို အလုပ်သင်ဝန်ထမ်းအဖြစ် လေ့ကျင့်ပေးကာ Rolls Royce ကုမ္ပဏီရဲ့ ဖြတ်သန်းသွားရမယ့် အနာဂတ် ခရီးမှာ စွမ်းအားအပြည်ရှိတဲ့ လူကောင်း လူတော်တွေနဲ့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ Rolls Royce က ယုံကြည်ထားခဲ့ပါတယ်။
Standard Equipment တွေကို တပ်ဆင်ပေး ရာမှာ Navigation System, 16-Speaker premium audio system, Massaging front seats, power- closing rear “coach” (Suicide) doors, four- zone automatic climate control, adaptive cruise control နဲ့ 19-inch Wheels တို့ ပါဝင်ခဲ့ပါတယ်။
ကိုယ်ပိုင်အမှတ်တံဆိပ်ပြားတွေအဖြစ် စာလုံး ထွင်းပြီးကားမှာ တပ်ဆင်သွားလို့ ရပါတယ်။ ထိုင်ခုံ ခေါင်းမှီတဲ့နေရာမှာ ပန်းထိုးစာလုံးနဲ့ ဖော်ပြပေးတဲ့ embroidered headrests အပြင် ခြေနင်းပြားမှာ စာလုံးထွင်းပြီး ဖော်ပြပေးတဲ့ monogrammed door tread plotes ပြားကိုလည်း တပ်ဆင်လို့ရပါတယ်။ အသုံးပြုသူက ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးအဆောင်နဲ့ အဆင်တန်ဆာပစ္စည်းတွေကို ရွေးချယ်တပ်ဆင်ကြ ရာမှာ duck feather cushions (ဘဲမွှေးနဲ့ ပြုလုပ်ထား တဲ့ ကူရှင်)၊ “Spirit of Ecstasy” hood ornament in 24 Karat gold, (24 ကာရက်ရှိတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ ခေါင်းမီအစွပ်) fleece lined car covers, (သိုးမွှေးလို နူးညံ့မှုရှိတဲ့ Car Covers)handmade teak နဲ့ aluminium picnic hamper designed to solt into a special space inaleather – line boot, (ကျွန်းနဲ့ အလူမီနီယံကို ရောစပ်ပြီး လက်နဲ့ပြုလုပ်ထားတဲ့ အဖုံးပါ တဲ့ ခြင်းတောင်းပုံစံမျိုး ပစ္စည်းထည့်ဖို့ အထူးပြုလုပ်ထား တဲ့နေရာ)၊ teak wood decking on exterior panels or boot, (ကျွန်းအထပ်သားနဲ့ ပြုလုပ်ထားတဲ့ပြင်ပလွှာ (သို့) ပစ္စည်းထည့်တဲ့အခန်း) fitted branded Luggage, (၀န်စည်စလယ်တွေကိုထားရှိဖို့ နေရာကို တပ်ထားပေးခြင်း) glove box humidor, (စိုနေတဲ့ လက်အိတ်တွေကို ထည့်ဖို့ box) safe built into the boot floor (ပစ္စည်းထားတဲ့အခန်းရဲ့ အောက်ခြေကို ဘေးကင်းလုံခြုံမှုရှိစေရန် ပြုလုပ်ခြင်း) ထို့အပြင် အခြာသော personalized List တွေကို ဆက်လက် ရွေးချယ်သွားနိုင်ပါလိမ့်မယ်။ မြန်မာပြည် ဈေးကွက် အတွက် entry level model ကတော့ အမေရိကန် ဒေါ်လာ 750,000 တန်တဲ့ Ghost ကားဖြစ်ပါ တယ်။ လှပတဲ့ ဖိုးအိမ်လေးနဲ့ အသွင်သဏ္ဍာန်တူညီတဲ့ Ghost ကားကို ပိုင်ဆိုင်တဲ့သူအတွက် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဘ၀တစ်ခု ကို ပေးစွမ်းသွားနိုင် ပါလိမ့်မယ်။ Ghost ကားရဲ့ Spec –Sheet ကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Engine : 6.6 lt Twin Turbo V-12
Horse power : 563 hp (420 Kw)
Torque : 575 lb-ft(780 NM)
Transmission : 8-speed automatic, GPS adaptive
Weight : 2550 kg (depending on options)
0-100 Km/hr: 4.8 seconds
Quarter Mile : 13 seconds
Top Speed : 250 Km/hr (electronically Limited)
Fuel Consumption : 14/21 lt/100 Km (highway/city)
Base Price (Europe) : $ 250,000