Unicode version…

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်ကို တရားဝင်ရရှိ ထားသူများ အဖွဲ့အစည်း(MAADA-ယခင် AADA) ၏ စီမံခန့်ခွဲမှုကော်မ တီ ရွေးကောက်ပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ကပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသို့ပြုလုပ်ခဲ့ရာတွင် ဥက္ကဋ္ဌအဖြစ် ဦးအောင်ဝင်း(DFM) ကိုရွေးချယ်တင်မြှောက်ခဲ့ပြီး ဒု-ဥက္ကဋ္ဌ များအဖြစ် ဦးခင်ထွန်း (Ford, Jaguar,Land Rover)၊ ဦးအေးထွန်း (Nissan)၊ အထွေထွေအတွင်း ရေးမှူးများအဖြစ် ဦးစိန်လွင် (TATA)၊ ဦးချမ်းမြ(BMW)၊ ဘဏ္ဍာရေး မှူးအဖြစ် ဦးမျိုးဇော်အောင် (Nissan)၊ စာရင်းစစ်အဖြစ် ဦးသန့်ဇင် (Nissan) တို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ထို့အပြင် အသင်း၏ အမည် ကိုလည်း AADA(မော်တော်ယာဉ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်ကို တရားဝင်ရရှိထားသူများ အဖွဲ့အ စည်း)အစား MAADA ( မြန် မာ့မော်တော် ယာဉ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်ကို တရားဝင်ရရှိထားသူများ အဖွဲ့အ စည်း) အဖြစ်ပြောင်းလဲခဲ့ကြောင်း သိရသည်။ MAADA ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး 1. BMW, 2. Chevrolet, 3. DFM,4. Ford,5. Fuso,6. GAC,7. Higer,8. Hyundai Truck & Bus,9. Hino,10. Jaguar,11. Land Rover,12. Mazda,13. Mercedes,14. Mitsubishi,15. Nissan,16. Suzuki,17. Scania,18. Toyota,19. Tata,20. Volkswagen,21. Volvo စသည့် Showroom များပါဝင်ဖွဲ့ စည်းထားသည်။

Photo-MAADA

Zawgyi version…


Photo-MAADA