Unicode version…
မြန်မာနိုင်ငံတွင် မော်ဒယ်မြင့်မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုလာပြီးနောက် ယင်းကားတွေကို အဆင့်တန်းမီအလှဆင်ခြင်း ပြုပြင်ထိန်းသိမ်းခြင်းများ ကို အရည်အသွေးပြည့်မီစွာဝန်ဆောင်မှုပေးခြင်းများ လုပ်ဆောင်နိုင်ရန်လည်း လိုအပ်တစ်ခုလိုဖြစ်ပေါ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဝန်ဆောင်မှုစင်တာများစွာ ရှိသည့်အနက် ဥရောပကားအမျိုးအစားများပါမကျန် ကဏ္ဍအစုံဝန်ဆောင်မှုများပေးနေသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ်ဝန်ဆောင်မှုစင်တာဖြစ်သော Apex Auto Body Shop မော်တော်ယာဉ်ဝန်ဆောင်မှုစင်တာ ၏ဝန်ဆောင်မှု အပိုင်း၊ လုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ Apex Auto Body Shop မှ မန်နေဂျင်းဒါရိုက်တာ ကိုသာမျိုးနိုင်နှင့်တွေ့ဆုံမေးမြန်းမှုများအား ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။မင်္ဂလာပါအစ်ကို အစ်ကို့အနေနဲ့ Apex Auto Body Shop ကိုဘယ်လိုစိတ်ကူး ရည်ရွယ်ချက်တွေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်ဖြစ်ပါသလဲ။
ဖြေ။ ။ကျွန်တော် Apex Auto Body Shop ကိုမဖွင့်လှစ်ခင်ထဲက Steadfast Trading ကုမ္ပဏီဆိုပြီး ကျွန်တော့်မိသားစုလုပ်ငန်းအနေနဲ့Car Care Product နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ ကားမှုတ်ဆေးတွေ ကိုတင်သွင်းရောင်းချခဲ့တာပါ။Toyota IIကားမှုတ်ဆေးတို့၊အမေရိကန်ထုတ် Mother တံဆိပ် Car Care Product တို့၊ဂျပန်ကထုတ်တဲ့ Willson Car Care Product တို့ Diax တံဆိပ်ကားရေမွှေးတို့ ၊ထိုင်ဝမ်ထုတ် Aromate ကားရေမွှေးတို့က မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ ဖြန့်ချိရောင်းချနေတာ နှစ်ပေါင်း ၃၀လောက်ရှိနေပြီလေ။ဒါကြောင့်ကျွမ်းကျင်မှုကိုအခြေခံပြီး ကျွန်တော်တို့ရဲ့ Customer တွေကို One Stop Services ပေးရင်ကောင်းမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ Steadfast Trading ကုမ္ပဏီအောက်မှာ Apex Auto Body Shop ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မေး။ ။အခုလိုမျိုး တစ်နေရာထဲမှာ ကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုအားလုံး ပေးနိုင်အောင် အစ်ကိုတို့အနေနဲ့ ပညာရှင်ပိုင်းရော နည်းပညာပိုင်းရော ဘယ်လိုမျိုးအားဖြည့်ဆောင်ရွက်ထားလဲဆိုတာ ပြောပြပေးပါအုံး။
ဖြေ။ ။ ပညာရှင်ပိုင်းကတော့ လက်ရှိနှစ်ပေါင်း ၂၀ကျော် ၃၀ကျော်ရှိတဲ့မြန်မာနိုင်ငံသား ၀န်ထမ်းတွေနဲ့ စုဖွဲ့ပြီးတော့ လုပ်ဆောင်ထားပါတယ်။နည်းပညာပိုင်းကျတော့ ကွန်ပျူတာတွေနဲ့ စစ်ဆေးတွက်ချက်ပေးတဲ့ တိကျသေချာတဲ့ နောက်ဆုံးအဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ စက်ယန္တားတွေဝယ်ယူပြီး ၀န်ထမ်းတွေကိုလည်း အမြဲနည်းပညာသစ်တွေသင်ယူလေ့လာစေတယ်။နောက်ပိုင်းအသစ်ထွက်တဲ့ ဆော့ဝဲတွေကိုပြန်ပြန်သွင်းတိုင်း ၀န်ထမ်းတွေကို Training ပေးတယ်။ပစ္စည်းဝယ်တဲ့ကုမ္ပဏီတွေကကြီးရင် သူတို့ကိုယ်တိုင်ကလဲ စက်ပစ္စည်းတွေသုံးစွဲရတာတွေနဲ့ပတ်သက်ပြီး Training ပေးသွားတယ်။
မေး။ ။အစ်ကိုတို့ Apex Auto Body Shop မှာ ဘယ်လိုဝန်ဆောင်မှုတွေ ရရှိနိုင်ပါသလဲ၊ ဘယ်ကားအမျိုးအစားမဆို လာရောက်ပြသပြုပြင်လို့ရပါသလား။
ဖြေ။ ။ အစ်ကိုတို့မှာ ကားတစ်စီးလုံးအတွက်ကို ဆေးမှုတ်တာတွေရှိတယ်။ကားဘော်ဒီ ပြန်လည်ပြင်ဆင်ပေးတာတွေရှိတယ်။Engine & Suspension ရှိတယ်။အင်ဂျင်ကိုစစ်တဲ့ Diagnosis ရှိတယ်။အင်ဂျင် ဆီလဲတာတွေရှိတယ်။ ကားဆေးတာတွေ ကားပေါ်လစ်တိုက်တာတွေ၊3Dအလိုင်းမင်းတွေရှိတယ်။၂၄နာရီကရိန်း ၀န်ဆောင်မှုပေးတာတွေလည်းရှိပါတယ်။မော်တော်ကား အစုံကိုပြုပြင်ပေးနိုင်ပါတယ်။ဥရောပကား တချို့ကတော့ ပြည်တွင်းမှာ အပိုပစ္စည်းဝယ်ယူရတာ အခက်ခဲ ဖြစ်တာတွေတော့ရှိတယ်။လာပြင်တဲ့သူတွေက Show room ကနေပြီးတော့သူတို့ကိုယ်တိုင်ဝယ်လာပေးကြတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း Show room မှာမရှိဘူး တိုက်ရိုက်လဲမတင်သွင်းနိုင်ဘူး။ ကျန်တော်တို့ကို ရှာပေးပါဆိုရင် ပိုင်ရှင်စိတ်တိုင်းကျ ရှာပေးနိုင်တယ်။အဲ့လိုပြည်တွင်းစျေးကွက်ထဲရှားတဲ့ အပိုပစ္စည်းလိုအပ်တဲ့အခါမှာပဲပစ္စည်းအတွက် စောင့်ရတာတို့ ရှိမယ်။ဒါလည်း မာစီးဒီးတို့ BMW တို့လောက်ပဲရှိမယ်။ကျန်တဲ့ Ford တို့ မာစတာတို့ကတော့ အိုကေတယ်။ ဂျပန်ဆိုရင်တော့ မနက်ဝင်ညနေပြီးတဲ့အနေအထားလေးပေါ့၊ကျန်တဲ့ ကားကြီးတွေကတော့ Showroom ပေါ်မူတည်တယ်။ ဒီမှာက ဂျပန်ကားများတာကို ဂျပန်ကားပစ္စည်းလောက်ပဲ ဖော်ဖော်သီသီ ၀ယ်လို့ရမယ်။အင်ဂျင်ပိုင်း ပြုပြင်မယ်ဆိုရင်လည်း ဖြစ်တဲ့ပြဿနာပေါ်မူတည်ပြီး နေ့ချင်းပြီး ပြီးသလို အများဆုံး သုံးရက်လောက်ထိပဲ အချိန်ယူပြင်ပေးနိုင်ပါတယ်။
မေး။ ။အစ်ကိုတို့ဆီမှာ Customer စိတ်တိုင်းကျအရောင် ဆေးစပ်ပြီးသုတ်ပေးတယ်ဆိုတာလေးလည်း တွေ့ရတော့ အသေးစိတ်ရှင်းပြပေးပါအုံး။
ဖြေ။ ။ အစ်ကိုတို့ဆီမှာ Painting ကဆေးမှုတ်တဲ့အခန်း ပေါင်းခန်း၄ခန်းရှိတယ်။ဆေးစပ်တဲ့အခန်း တစ်ခန်းရှိတယ်။အဲ့တော့ လိုချင်တဲ့အရောင်ကို တစ်နေရာထဲမှာပဲ One Stop တစ်ခါထဲစပ်ပြီးတစ်ခါထဲ မှုတ်လို့အဆင်ပြေတယ်ပေါ့နော်။ရောင်ပြေးကာလာတွေကအစ အထူးဝန်ဆောင်မှုပေးပါတယ်။နောက်ပြီးပေါင်းခန်း နဲ့မှုတ်တာဖြစ်တဲ့အတွက် အမှုံအမွှားတွေကပ်တာမျိုး ဆေးမညီတာတွေလည်းမဖြစ်ဘူးပေါ့။တစ်စီးလုံး ဆေးမှုတ်အကုန်အပြီးဆိုရင်တော့ ၁၀ရက်ကနေ ၁၄ရက်ကြား အချိန်ကြာမယ်။
မေး။ ။၂၄နာရီ ကရိန်းဝန်ဆောင်မှုပေးတဲ့အပိုင်းက Apex Auto Body Shop မှာပြင်ဆင်ဖူးတဲ့ ကားမဟုတ်ပဲ အပြင်ကားအနေနဲ့ ၀န်ဆောင်မှုလှမ်းခေါ်ရင်ပေးပါသလား။
ဖြေ။ ။ အစ်ကိုတို့မှာပြင်တဲ့ကားကိုပဲ သီးသန့် Service ပေးတာပါ။ခရီးအကွာအဝေးပေါ်မူတည်ပြီး Charged တော့ပေးရပါတယ်။ဒါပေမယ့် အစ်ကိုတို့ဆီမှာ ပြင်တဲ့ ကားတွေကိုပဲသီး သန့်ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် အပြင် ပေါက်စျေးထက် ပိုသက်သာတဲ့ စျေးနှုန်းနဲ့ဆောင်ရွက်ပေးပါတယ်။
မေး။ ။အစ်ကို့အနေနဲ့ရော ဘာများဖြည့်စွပ်ပြောကြားချင်သေးလဲရှင့်။
ဖြေ။ ။ ကျွန်တော်တို့လက်ရှိ အာမခံ ကုမ္ပဏီတွေနဲ့လည်းချိတ်ဆက်ပြီးဆောင်ရွက်နေတာရှိပါတယ်။ လက်ရှိချိတ်ဆက်ထားတဲ့ အာမခံကုမ္ပဏီ တွေကတော့ (GGIP)Green Garden ရှိမယ်၊ AMI ရှိမယ်၊IKBZ ရှိမယ်ပေါ့နော်။ လက်ရှိဒီ အာမခံကုမ္ပဏီ သုံးခုနဲ့ပူးပေါင်းပြီးဝန်ဆောင်မှုပေးနေပါတယ်။ဒီအာမခံကုမ္ပဏီ သုံးခုက တစ်ခုခုမှ အာမခံထားထားတဲ့ ကားကအစ်ကိုတို့ဆီမှာလာပြင်မယ်ဆိုရင် ပြင်ဆင်ခ ပစ္စည်းလဲတပ်ခ ဘာမှပေးစရာမလိုပါဘူး။အစ်တို့နဲ့ အာမခံကုမ္ပဏီနဲ့စပ်တူကုန်ကျခံ ဆောင်ရွက်ပေးသွားမှာပါ။ဒါပေမယ့် ထိခိုက်မှုဖြစ်စဉ် ဖြစ်တုန်းက အာမခံကုမ္ပဏီက စစ်ဆေးပြီး စာရင်းပေးထားတာမဟုတ်ဘဲ ပိုင်ရှင်က အပိုထပ်တိုး ဆောင်ရွက်ချင်ရင်တော့ ပုံမှန်ထက်ပိုသက်သာတဲ့စျေးနှုန်းနဲ့ ဆောင်ရွက်ပေးပါတယ်။
မေနှင်းနွယ် မေးမြန်းသည်
Zawgyi version..
ျမန္မာနိုင္ငံတြင္ ေမာ္ဒယ္ျမင့္ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းခြင့္ျပဳလာၿပီးေနာက္ ယင္းကားေတြကို အဆင့္တန္းမီအလွဆင္ျခင္း ျပဳျပင္ထိန္းသိမ္းျခင္းမ်ား ကို အရည္အေသြးျပည့္မီစြာ၀န္ေဆာင္မႈေပးျခင္းမ်ား လုပ္ေဆာင္နိုင္ရန္လည္း လိုအပ္တစ္ခုလိုျဖစ္ေပၚေနပါတယ္။ လက္ရွိျမန္မာနိုင္ငံတြင္ ေမာ္ေတာ္ယာဥ္၀န္ေဆာင္မႈစင္တာမ်ားစြာ ရွိသည့္အနက္ ဥေရာပကားအမ်ိဳးအစားမ်ားပါမက်န္ က႑အစံု၀န္ေဆာင္မႈမ်ားေပးေနသည့္ ျမန္မာနိုင္ငံ၏ ထိပ္တန္း ေမာ္ေတာ္ယာဥ္၀န္ေဆာင္မႈစင္တာျဖစ္ေသာ Apex Auto Body Shop ေမာ္ေတာ္ယာဥ္၀န္ေဆာင္မႈစင္တာ ၏၀န္ေဆာင္မႈ အပိုင္း၊ လုပ္ငန္းေဆာင္ရြက္ ေနမႈမ်ားႏွင့္ပတ္သက္၍ Apex Auto Body Shop မွ မန္ေနဂ်င္းဒါရိုက္တာ ကိုသာမ်ိဳးနိုင္ႏွင့္ေတြ႔ဆံုေမးျမန္းမႈမ်ားအား ေဖာ္ျပေပးလိုက္ပါတယ္။
ေမး။ ။မဂၤလာပါအစ္ကို အစ္ကို႔အေနနဲ႔ Apex Auto Body Shop ကိုဘယ္လိုစိတ္ကူး ရည္ရြယ္ခ်က္ေတြနဲ႔ အေကာင္ထည္ေဖာ္ေဆာင္ရြက္ျဖစ္ပါသလဲ။
ေျဖ။ ။ကၽြန္ေတာ္ Apex Auto Body Shop ကိုမဖြင့္လွစ္ခင္ထဲက Steadfast Trading ကုမၸဏီဆိုၿပီး ကၽြန္ေတာ့္မိသားစုလုပ္ငန္းအေနနဲ႔Car Care Product နဲ႔ပတ္သက္တဲ့ပစၥည္းေတြ၊ ကားမႈတ္ေဆးေတြ ကိုတင္သြင္းေရာင္းခ်ခဲ့တာပါ။Toyota IIကားမႈတ္ေဆးတို႔၊အေမရိကန္ထုတ္ Mother တံဆိပ္ Car Care Product တို႔၊ဂ်ပန္ကထုတ္တဲ့ Willson Car Care Product တို႔ Diax တံဆိပ္ကားေရေမႊးတို႔ ၊ထိုင္၀မ္ထုတ္ Aromate ကားေရေမႊးတို႔က ျမန္မာျပည္တစ္ဦးတည္းကိုယ္စားလွယ္အေနနဲ႔ ျဖန္႔ခ်ိေရာင္းခ်ေနတာ ႏွစ္ေပါင္း ၃၀ေလာက္ရွိေနၿပီေလ။ဒါေၾကာင့္ကၽြမ္းက်င္မႈကိုအေျခခံၿပီး ကၽြန္ေတာ္တို႔ရဲ႕ Customer ေတြကို One Stop Services ေပးရင္ေကာင္းမွာပဲဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ Steadfast Trading ကုမၸဏီေအာက္မွာ Apex Auto Body Shop ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။
ေမး။ ။အခုလိုမ်ိဳး တစ္ေနရာထဲမွာ ကားနဲ႔ပတ္သက္တဲ့၀န္ေဆာင္မႈအားလံုး ေပးနိုင္ေအာင္ အစ္ကိုတို႔အေနနဲ႔ ပညာရွင္ပိုင္းေရာ နည္းပညာပိုင္းေရာ ဘယ္လိုမ်ိဳးအားျဖည့္ေဆာင္ရြက္ထားလဲဆိုတာ ေျပာျပေပးပါအံုး။
ေျဖ။ ။ ပညာရွင္ပိုင္းကေတာ့ လက္ရွိႏွစ္ေပါင္း ၂၀ေက်ာ္ ၃၀ေက်ာ္ရွိတဲ့ျမန္မာနိုင္ငံသား ၀န္ထမ္းေတြနဲ႔ စုဖြဲ႔ၿပီးေတာ့ လုပ္ေဆာင္ထားပါတယ္။နည္းပညာပိုင္းက်ေတာ့ ကြန္ပ်ဴတာေတြနဲ႔ စစ္ေဆးတြက္ခ်က္ေပးတဲ႔ တိက်ေသခ်ာတဲ့ ေနာက္ဆံုးအဆင့္ျမင့္နည္းပညာေတြျဖစ္တဲ့ စက္ယႏၱားေတြ၀ယ္ယူၿပီး ၀န္ထမ္းေတြကိုလည္း အျမဲနည္းပညာသစ္ေတြသင္ယူေလ့လာေစတယ္။ေနာက္ပိုင္းအသစ္ထြက္တဲ့ ေဆာ့၀ဲေတြကိုျပန္ျပန္သြင္းတိုင္း ၀န္ထမ္းေတြကို Training ေပးတယ္။ပစၥည္း၀ယ္တဲ့ကုမၸဏီေတြကႀကီးရင္ သူတို႔ကိုယ္တိုင္ကလဲ စက္ပစၥည္းေတြသံုးစြဲရတာေတြနဲ႔ပတ္သက္ၿပီး Training ေပးသြားတယ္။
ေမး။ ။အစ္ကိုတို႔ Apex Auto Body Shop မွာ ဘယ္လို၀န္ေဆာင္မႈေတြ ရရွိနိုင္ပါသလဲ၊ ဘယ္ကားအမ်ိဳးအစားမဆို လာေရာက္ျပသျပဳျပင္လို႔ရပါသလား။
ေျဖ။ ။ အစ္ကိုတို႔မွာ ကားတစ္စီးလံုးအတြက္ကို ေဆးမႈတ္တာေတြရွိတယ္။ကားေဘာ္ဒီ ျပန္လည္ျပင္ဆင္ေပးတာေတြရွိတယ္။Engine & Suspension ရွိတယ္။အင္ဂ်င္ကိုစစ္တဲ့ Diagnosis ရွိတယ္။အင္ဂ်င္ ဆီလဲတာေတြရွိတယ္။ ကားေဆးတာေတြ ကားေပၚလစ္တိုက္တာေတြ၊3Dအလိုင္းမင္းေတြရွိတယ္။၂၄နာရီကရိန္း ၀န္ေဆာင္မႈေပးတာေတြလည္းရွိပါတယ္။ေမာ္ေတာ္ကား အစံုကိုျပဳျပင္ေပးနိုင္ပါတယ္။ဥေရာပကား တခ်ိဳ႕ကေတာ့ ျပည္တြင္းမွာ အပိုပစၥည္း၀ယ္ယူရတာ အခက္ခဲ ျဖစ္တာေတြေတာ့ရွိတယ္။လာျပင္တဲ့သူေတြက Show room ကေနၿပီးေတာ့သူတို႔ကိုယ္တိုင္၀ယ္လာေပးၾကတာရွိတယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း Show room မွာမရွိဘူး တိုက္ရိုက္လဲမတင္သြင္းနိုင္ဘူး။ က်န္ေတာ္တို႔ကို ရွာေပးပါဆိုရင္ ပိုင္ရွင္စိတ္တိုင္းက် ရွာေပးနိုင္တယ္။အဲ့လိုျပည္တြင္းေစ်းကြက္ထဲရွားတဲ့ အပိုပစၥည္းလိုအပ္တဲ့အခါမွာပဲပစၥည္းအတြက္ ေစာင့္ရတာတို႔ ရွိမယ္။ဒါလည္း မာစီးဒီးတို႔ BMW တို႔ေလာက္ပဲရွိမယ္။က်န္တဲ႔ Ford တို႔ မာစတာတို႔ကေတာ့ အိုေကတယ္။ ဂ်ပန္ဆိုရင္ေတာ့ မနက္၀င္ညေနၿပီးတဲ့အေနအထားေလးေပါ့၊က်န္တဲ႔ ကားႀကီးေတြကေတာ့ Showroom ေပၚမူတည္တယ္။ ဒီမွာက ဂ်ပန္ကားမ်ားတာကို ဂ်ပန္ကားပစၥည္းေလာက္ပဲ ေဖာ္ေဖာ္သီသီ ၀ယ္လို႔ရမယ္။အင္ဂ်င္ပိုင္း ျပဳျပင္မယ္ဆိုရင္လည္း ျဖစ္တဲ့ျပႆနာေပၚမူတည္ၿပီး ေန႔ခ်င္းၿပီး ျပီးသလို အမ်ားဆံုး သံုးရက္ေလာက္ထိပဲ အခ်ိန္ယူျပင္ေပးနိုင္ပါတယ္။
ေမး။ ။အစ္ကိုတို႔ဆီမွာ Customer စိတ္တိုင္းက်အေရာင္ ေဆးစပ္ၿပီးသုတ္ေပးတယ္ဆိုတာေလးလည္း ေတြ႔ရေတာ့ အေသးစိတ္ရွင္းျပေပးပါအံုး။
ေျဖ။ ။ အစ္ကိုတို႔ဆီမွာ Painting ကေဆးမႈတ္တဲ့အခန္း ေပါင္းခန္း၄ခန္းရွိတယ္။ေဆးစပ္တဲ့အခန္း တစ္ခန္းရွိတယ္။အဲ့ေတာ့ လိုခ်င္တဲ့အေရာင္ကို တစ္ေနရာထဲမွာပဲ One Stop တစ္ခါထဲစပ္ၿပီးတစ္ခါထဲ မႈတ္လို႔အဆင္ေျပတယ္ေပါ့ေနာ္။ေရာင္ေျပးကာလာေတြကအစ အထူး၀န္ေဆာင္မႈေပးပါတယ္။ေနာက္ျပီးေပါင္းခန္း နဲ႔မႈတ္တာျဖစ္တဲ့အတြက္ အမွံဳအမႊားေတြကပ္တာမ်ိဳး ေဆးမညီတာေတြလည္းမျဖစ္ဘူးေပါ့။တစ္စီးလံုး ေဆးမႈတ္အကုန္အၿပီးဆိုရင္ေတာ့ ၁၀ရက္ကေန ၁၄ရက္ၾကား အခ်ိန္ၾကာမယ္။
ေမး။ ။၂၄နာရီ ကရိန္း၀န္ေဆာင္မႈေပးတဲ့အပိုင္းက Apex Auto Body Shop မွာျပင္ဆင္ဖူးတဲ့ ကားမဟုတ္ပဲ အျပင္ကားအေနနဲ႔ ၀န္ေဆာင္မႈလွမ္းေခၚရင္ေပးပါသလား။
ေျဖ။ ။ အစ္ကိုတို႔မွာျပင္တဲ့ကားကိုပဲ သီးသန္႕ Service ေပးတာပါ။ခရီးအကြာအေ၀းေပၚမူတည္ၿပီး Charged ေတာ့ေပးရပါတယ္။ဒါေပမယ့္ အစ္ကိုတို႔ဆီမွာ ျပင္တဲ့ ကားေတြကိုပဲသီး သန္႕ေဆာင္ရြက္ေပးတာျဖစ္တဲ့အတြက္ အျပင္ ေပါက္ေစ်းထက္ ပိုသက္သာတဲ့ ေစ်းႏႈန္းနဲ႔ေဆာင္ရြက္ေပးပါတယ္။
ေမး။ ။အစ္ကို႔အေနနဲ႔ေရာ ဘာမ်ားျဖည့္စြပ္ေျပာၾကားခ်င္ေသးလဲရွင့္။
ေျဖ။ ။ ကၽြန္ေတာ္တို႔လက္ရွိ အာမခံ ကုမၸဏီေတြနဲ႔လည္းခ်ိတ္ဆက္ၿပီးေဆာင္ရြက္ေနတာရွိပါတယ္။ လက္ရွိခ်ိတ္ဆက္ထားတဲ့ အာမခံကုမၸဏီ ေတြကေတာ့ (GGIP)Green Garden ရွိမယ္၊ AMI ရွိမယ္၊IKBZ ရွိမယ္ေပါ့ေနာ္။ လက္ရွိဒီ အာမခံကုမၸဏီ သံုးခုနဲ႔ပူးေပါင္းၿပီး၀န္ေဆာင္မႈေပးေနပါတယ္။ဒီအာမခံကုမၸဏီ သံုးခုက တစ္ခုခုမွ အာမခံထားထားတဲ့ ကားကအစ္ကိုတို႕ဆီမွာလာျပင္မယ္ဆိုရင္ ျပင္ဆင္ခ ပစၥည္းလဲတပ္ခ ဘာမွေပးစရာမလိုပါဘူး။အစ္တို႕နဲ႔ အာမခံကုမၸဏီနဲ႕စပ္တူကုန္က်ခံ ေဆာင္ရြက္ေပးသြားမွာပါ။ဒါေပမယ့္ ထိခိုက္မႈျဖစ္စဥ္ ျဖစ္တုန္းက အာမခံကုမၸဏီက စစ္ေဆးၿပီး စာရင္းေပးထားတာမဟုတ္ဘဲ ပိုင္ရွင္က အပိုထပ္တိုး ေဆာင္ရြက္ခ်င္ရင္ေတာ့ ပံုမွန္ထက္ပိုသက္သာတဲ့ေစ်းႏႈန္းနဲ႔ ေဆာင္ရြက္ေပးပါတယ္။
ေမႏွင္းႏြယ္ ေမးျမန္းသည္