Unicode version…
Top Speed Auto Services မှ Vitali Krupenka ရဲ့
ဇိမ်ခံကားနဲ့ စပေါ့ကား ပြုပြင်ထိန်းသိမ်းရေး အကြံပြုချက်များ
ဇိမ်ခံကားနဲ့ စပေါ့ကားတွေဟာ အိုလံပစ်ကစားသမားတွေနဲ့ အနည်းငယ်တူပါတယ်။ သူတို့ကို ကောင်းကောင်းရွေးချယ်မှ သူတို့က အမြင့်ဆုံးစွမ်းဆောင်ရည်တွေဖြစ်စေမှာ ဖြစ်ပါတယ်။ ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ပိုင်ရှင်တွေကို ပိုက်ဆံတွေ အများကြီးကုန်ကျစေမှာဖြစ်ပြီး အခြားကားတွေလိုပဲ မထူးမခြား ပုံမှန်ကဲ့သို့ပဲ စွမ်းဆောင်မှာ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဝင်တဲ့သူတွေလိုပဲ Rolls Royces, Porsche နဲ့ Lamborghini တို့ဟာ သူတို့ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့ကို အကောင်းဆုံးအခြေအနေဖြစ်အောင် ပြုပြင်ပေးဖို့လည်း အလေးပေးရပါမယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများတဲ့ ရာသီဥတုအခြေအနေတွေနဲ့ စိုးထိတ်ဖွယ်ကောင်းတဲ့လမ်းတွေကိုကြည့်ခြင်းအားဖြင့် သင့်ရဲ့ငွေတွေကို ကားထဲမှာရင်းနှီးပြီးတဲ့အခါ အားစိုက်မှုတွေ အချည်းနှီးဖြစ်သွားတယ်ဆိုတာ ရှင်းလင်းစွာတွေ့မြင်နိုင်ပါလိမ့်မယ်။kml_7625
Top Speed Auto Services သည် အမြင့်စား ဇိမ်ခံကားတွေနဲ့ စူပါကားတွေကိုအထူးပြုဝန်ဆောင်မှုပေးနေတဲ့ ရန်ကုန်ရဲ့ပရီမီယံကားဝန်ဆောင်မှု စင်တာတစ်ခုဖြစ်ပါတယ်။ သင်ဟာ Bentley, Maserati (သို့) Ferrari ထဲက တစ်ခုခုကို ပိုင်ဆိုင်ထားရင် ဒီနေရာလေးက လာရမယ့်နေရာတစ်နေရာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ ကားအကောင်းစား တော်တော်များများအတွက် Health Spa တစ်ခုပါ။ Top Speed Auto Services ဟာ ဖွင့်လှစ်ပြီး တစ်နှစ်အကြာမှာတော့ Showroom အမိုက်စား၊ ပန်းဆိုးတန်းအထက်လမ်းမှာရှိတဲ့ ကားရုံအပြင် အထူးဝန်ဆောင်မှုတွေကို ကားပိုင်ရှင်တွေဆီသို့ ပေးစွမ်းလျက်ရှိပါတယ်။ နည်းပညာမြင့်ပြုပြင်ခြင်း၊ ကားကိုယ်ထည်ပြုပြင်ခြင်း၊ ဆေးခြယ်ခြင်း၊ သန့်စင်ခြင်းစတဲ့ ဝန်ဆောင်မှုများကိုပေးလျက်ရှိပါတယ်။ မကြာခင် ကားတွေကို အသစ်ဖြစ်စေတဲ့ ဝန်ဆောင်မှုတွေနဲ့ စိတ်တိုင်းကျဆောက်ရွက်နိုင်မဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။kml_7607
Top Speed Auto Services မှာ စက်ပြင် ၁၂ယောက်ရှိပါတယ်။ ယခင် Belarus Rallying Champion ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ Vitali Krupenka ရဲ့ အချိန်ပြည့်ကြည့်ရှုမှုအောက်မှာ လည်ပတ်နေတာ ဖြစ်ပါတယ်။
ဘယ်ကားပဲဖြစ်ဖြစ် ခင်ဗျား ဂရုစိုက်ရပါမယ်။ အထူးသဖြင့် ဇိမ်ခံကားတွေကိုပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အရမ်းခက်ခဲရှုပ်ထွေးပြီး ဈေးလည်းကြီးပါတယ်လို့ သူကပြောပါတယ်။ မပြင်ရအောင် ကြိုတင်ဂရုစိုက်ထားတာက ပိုက်ဆံနဲ့ အချိန်ကို သက်သာစေပါတယ်။
မစ္စတာ Vitali က ဇိမ်ခံကားတွေနဲ့ စူပါကားတွေမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်ပေါ်လာတတ်တဲ့
ပြဿနာတွေအကြောင်းကို ပြောပြပါတယ်။
ကျွန်တော်တို့မှာ ကား သုံးစီးကနေ ၁၀ စီးထိပိုင်ဆိုင်တဲ့ ဖောက်သည်တစ်ယောက်ရှိပါတယ်။ ထိုကားတွေကို မသုံးတဲ့အချိန်က ခပ်များများရယ်ပါ။ အဲဒီမှာ ပြဿနာပေါ်တာပါပဲ။
မြန်မာနို်င်ငံရဲ့ ရာသီဥတုနဲ့ မောင်းနှင်တဲ့ လမ်းအခြေအနေတွေကလည်း ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ ကဏ္ဍကြီးတစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီမှာက ပူအိုက်ပြီး နေပူတယ်။ ဖုန်ထပြီး စိုစွတ်ကာ စိုထိုင်းမှုပိုပါတယ်။ ဒီအခြေအနေတွေဟာ ကားတွေအတွက် မကောင်းပါဘူး။ မစ္စတာ Vitali ဟာ အသက် (၃၂)နှစ်ရှိပြီဖြစ်ကာ 2015 Belarus Rally Sprint Cup ကို အနိုင်ရထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီအရင်နှစ်က သူ့ကားမှာ စက်ပြဿနာ ပေါ်ခဲ့ပြီး အမှတ် နှစ်မှတ်ကွာခဲ့ကာ ဒုတိယသာ ရရှိခဲ့ပါတယ်။ ထိုအကြောင်းအရာက ဒီနေ့တိုင် သူ့ကို စိတ်အနှောင့်အယှက်ပေးနေတုန်းပါပဲ။
အချိန်တိုင်း သင့်ကားကို ဂရုစိုက်သင့်တယ်ဆိုတဲ့ အကြောင်းကို ဒီဖြစ်ရပ်ကနေ ကျွန်တော်အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ သူတို့ကို ပစ်ထားလို့မရပါဘူး။ အိုလံပစ်ပြိုင်ပွဲဝင်တွေလိုပါပဲ။ သူတို့ကို သေချာဂရုစိုက်မှသာ ပိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
Top Speed Auto Services သည် ကားတင်သွင်းခြင်းကို ဝန်ဆောင်မှုပေးနေပြီး ဓာတ်ပုံရိုက်ကူးမှုတွေအတွက်လည်း ဇိမ်ခံကားတွေကို ငှားရမ်းပေးနေပါတယ်။ စီးပွားရေးက ကောင်းမွန်ပေမယ့် နှစ်ရှည်ဝန်ဆောင်မှုက အရမ်းအရေးကြီးတာကြောင့် ဇိမ်ခံကားနဲ့ စူပါကားပိုင်ရှင်အရေအတွက် လျော့ကျလာပါတယ်။
မြန်မာနိုင်ငံဟာ အပိတ်အဆို့တွေ မရှိတော့တဲ့နောက် စီးပွားရေးအသစ်တွေ ပွင့်လန်းလာပါတယ်။ ယာဉ်ကြောကျပ်မှု၊ ကားပါကင်အတွက်နေရာရှားပါးမှု၊ အခွန်ဥပဒေတွေကြောင့် ဇိမ်ခံကားဝယ်တဲ့သူ သိပ်မရှိတာကြောင့် ကျွန်တော်တို့မှာရှိတဲ့ ဇိမ်ခံကားငှားရမ်းခြင်းဝန်ဆောင်မှုဟာ အများကြီး မဖွံ့ဖြိုးခဲ့ပါဘူး။
“ကျွန်တော်တို့မှာ ကုမ္ပဏီအဖွဲ့အစည်း Customer တွေအတွက် အထူးဝန်ဆောင်မှုတွေ ရှိပါတယ်။ သူတို့မှာရှိတဲ့ ယာဉ်တွေရဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ ဝန်ဆောင်မှုအတွက် သီးသန့်အစီအစဉ်တွေကို စီစဉ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
မစ္စတာ Vitali ရဲ့ အကောင်းဆုံးထိန်းသိမ်းပြုပြင်ခြင်း နည်းလမ်းများ
သော့
မြန်မာနိုင်ငံမှာရှိတဲ့ ဇိမ်ခံကားတွေရဲ့ အဓိကပြသနာကတော့ ကားတွေကို ဂိုဒေါင်ထဲမှာ အချိန်အကြာမြင့်စွာပစ်ထားတာဖြစ်ပါတယ်။ ကားတော်တော်များများကို သေသေချာချာ မထိန်းသိမ်းထားကြပါဘူးလို့ မစ္စတာ Vitali က ပြောပါတယ်။ “သင့်ကားကို မသုံးတော့ဘူးဆိုရင် ကားသော့ကို ကားရဲ့အဝေးမှာ သိမ်းထားသင့်ပါတယ်။ ဒါဆိုရင် ကားရဲ့ ကွန်ပျူတာဆီသို့ (မက်ဆေ့ပို့ခြင်း) အကြောင်းအရာကို တားဆီးပေးမှာ ဖြစ်ပါတယ်။ အချိန်ကြာစွာ ကားကိုသိမ်းထားမယ်ဆိုရင် ဘတ္ထရီနဲ့ မဆက်သွယ်ထားသင့်ပါဘူး။ ယာဉ်ကနေ ကားသော့ကို ဝေးဝေးမှာ ထားသင့်ပါတယ်။
ဘတ္ထရီ ပြတ်တောက်မှု
ကားဟာ stand-by mode နဲ့ အချိန်ကြာမြင့်စွာရှိနေရင် Voltage လျော့နည်းလာမှာ ဖြစ်ပါတယ်။ နောက်ပိတ်ဆုံးမှာ အရမ်းကို လျော့နည်းလာပြီ ဖြစ်တဲ့အကြောင်း ကားရဲ့ On-board ကွန်ပျူတာက ဆုံးဖြတ်ကာ Shut down ချဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ သင့်ကားကို လအတန်ကြာမှ မောင်းဖို့ လုပ်မယ်ဆိုရင် အရေးကြီးတဲ့ အစိတ်အပိုင်းအချို့ကို ကွန်ပျူတာက Shut down ချထားတဲ့အနေနဲ့ သင် မောင်းလို့ရမှာ မဟုတ်ပါဘူး။
အင်ဂျင်ကို အပူပေးခြင်း
ကားတွေကို အသုံးမပြုဘဲ ဂိုဒေါင်ထဲမှာပဲ မကြာခဏထားထားတဲ့အတွက် မိနစ် (၃၀) လောက် စက်ပြန်နှိုးပြီး အပူပြန်ပေးဖို့လိုအပ်ပါတယ်။ မိနစ်အနည်းငယ်လောက်နဲ့မရပါဘူး။ ကားရဲ့အင်ဂျင်ကို စက်နှိုးပြီး အပူပေးခြင်းဖြင့် ထိန်းသိမ်းထားနိုင်ပါတယ်။ ကားဟာ မောင်းဖို့သာဖြစ်ပြီး သိမ်းထားဖို့မဟုတ်ပါဘူး။
မြြွေကက်
မြြွေကက်တွေဟာ ကားဝိုင်ယာတွေနဲ့ ထိုင်ခုံတွေကို ကိုက်ခြင်းဖြင့် ဇိမ်ခံကားတွေနဲ့ စပေါ့ကားတွေကို ပျက်စီးစေပြီး ဒေါ်လာတွေအများကြီး ကုန်ကျစေနိုင်ပါတယ်။ ဒီလိုပျက်စီးခြင်းက ပြင်ဖို့ အရမ်းခက်ပါတယ်။ ကားနားကို မြြွေကက်နဲ့ အိမ်ြွကက်တွေမလာအောင် တားဆီးပေးတာတွေကို ကျွန်တော်တို့ အထူးစီစဉ်ပေးပါတယ်။
သံချေးတက်ခြင်း
ကားတစ်စီးဟာ အချိန်ကြာလာတဲ့အခါ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စိုထိုင်းတဲ့ ရာသီဥတုမှာ သံချေးတက်လာနိုင်တာကြောင့် ကိုယ်ထည်ကို ကာကွယ်မှု လုပ်ထားခြင်းက ကောင်းတဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မကြာမီ ဒီလိုကာကွယ်တဲ့ ဝန်ဆောင်မှုမျိုးကို ပေးတော့မှာဖြစ်ပါတယ်။ ဒီလိုကာကွယ်ထားမှုကြောင့် ရာသီဥတု၊ ပွန်းပဲ့ရာ၊ ခြစ်ရာတွေကို ကာကွယ်နိုင်ပါတယ်။
မိုး
ဒါကတော့ ရိုးရှင်းပါတယ်။ ကားပြူတင်းပေါက်တွေကို ပိတ်လိုက်ပါ။ တစ်ယောက်ယောက်က ကားပြူတင်းပေါက်တွေကို ပိတ်ဖို့မေ့သွားတဲ့အခါ စိုစွတ်ပြီး ပြုပြင်ရတာ ဈေးကြီးပါတယ်။ ဗွက်အိုင်တွေကို ဖြတ်တဲ့အခါမှာလည်း သတိထားပါ။ ရေတွေ intake ထဲကို ဝင်သွားရင် အင်ဂျင်ကို ပျက်စီးစေနိုင်ပါတယ်။
လေးထောင့်တာယာများ
ကားတစ်စီး အချိန်ကြာလာတဲ့အခါ တာယာတွေဟာ တွန့်ရွဲ့လာပါတယ်။ ကျွန်တော်တို့ ဒါကို လေးထောင့်ပုံသဏ္ဍာန်ဖြစ်နေတဲ့တာယာတွေလို့ ခေါ်ပါတယ်။ ဇိမ်ခံကားတွေနဲ့ စူပါကားတာယာတွေဟာ အရမ်းစမတ်ကျပြီး အခြားတာယာတွေနဲ့ ကွဲပြားမှာဖြစ်ပါတယ်။ On board ကွန်ပျူတာက ပြဿနာတွေနဲ့ suspension ပြဿနာတွေကို မှန်ကန်အောင် ကြိုးစားပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Top Speed Auto Services
Top Speed Auto Services အနေနဲ့ အောက်ပါဝန်ဆောင်မှုတွေအပါအဝင် ဇိမ်ခံကားတွေနဲ့ စူပါကားတွေအတွက် ဝန်ဆောင်မှုများကို အပြည့်အဝပေးလျက်ရှိပါတယ်။
– အင်ဂျင်ဝန်ဆောင်မှုနဲ့ ပြုပြင်ခြင်း
– ကွန်ပျူတာဖြင့် ချို့ယွင်းချက်ရှာခြင်း
– ကားဆိုင်းနဲ့ ဘရိတ်ပြုပြင်ခြင်း
– လျှပ်စစ်နဲ့ ဝိုင်ယာပြုပြင်ခြင်း
– လေအေးပေးစက် ဝန်ဆောင်မှု
– Tuning နဲ့ customising ဝန်ဆောင်မှု
– ဆေးမှုတ်ခြင်း
– ကားကိုယ်ထည်ပြုပြင်ခြင်း
Personalized ဝန်ဆောင်မှုအစီအစဉ်တွေကို ရရှိနိုင်တော့မှာဖြစ်ပြီး ကားတွေကို ကာကွယ်မှုပေးနိုင်တဲ့ ceramic coatings ဝန်ဆောင်မှုတွေလည်း ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
Top Speed Autos Services
အမှတ်-၇၅၊ ပန်းဆိုးတန်းလမ်း
ဖဆပလ ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း- ဝ၁ ၃၉၃၄၉၀၊ ဝ၁ ၃၉၃၄၉၁၊ ဝ၁ ၃၉၃၁၃၃
မစ္စတာ Vitali ရဲ့ပရိုဖိုင်
မစ္စတာ Vitali Krupenka ရဲ့လူငယ်အိပ်မက်ကတော့ ပြိုင်ကားတွေဖြစ်ပါတယ်။ အခုတော့ အိပ်မက်တွေက ဖြစ်လာပါပြီ။ ဘီလာရုစ်နိုင်ငံ၊ go-karts ကားတွေထဲမှာ (၇) နှစ်ခန့် အရည်အချင်းများကို သွေးခဲ့ပြီးနောက် အမြင့်စားကားကမ္ဘာထဲကို ရောက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ အမျိုးသားချန်ပီယံရှစ်မှာ ဒုတိယရရှိခဲ့ပါတယ်။ ပထမဆုနဲ့ လွဲခဲ့တာကတော့ ကားရဲ့ စက်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်ပါတယ်။ Test driver အဖြစ်ရပ်တည်ခဲ့ပြီး ရုရှားကားတီဗီရှိုးတွေမှာ ပါဝင်ခဲ့ပါတယ်။
ဒါကတော့ top gear ရဲ့ simplistic version တစ်ခုဖြစ်ပါတယ်လို့ သူကပြောပါတယ်။ အခုတော့ ချန်ပီယံကြီးဟာ မြန်မာနိုင်ငံရဲ့ ဇိမ်ခံကားဈေးကွက်ထဲမှာ သူ့ရဲ့အတွေ့အကြံုတွေကို အသုံးချနေပါတယ်။
Zawgyi version..
မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ မောင်းနှင်တဲ့ လမ်းအခြေအနေတွေကလည်း ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ ကဏ္ဍကြီးတစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။
သော့
ဘတ္ထရီ ပြတ်တောက်မှု
မြွေကက်
သံချေးတက်ခြင်း
မိုး
လေးထောင့်တာယာများ
– ဆေးမှုတ်ခြင်း
ရန်ကုန်မြို့။