Unicode version…

“၀င်္ဂဘာအလိုင်းမင်း၏သား ဒေါက်တာတော်တော်မောင်တည်ထောင်တဲ့ Inya Myaing 22 & Inya Myaing 22+ Car Service Center”

Inya Myaing 22+ Car Service Center မှာ အကို တာဝန်ယူထားတဲ့အပိုင်းနဲ့ ဘယ်လိုလုပ်ပြီး ဆရာဝန်တစ်ယောက်က ဒီလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ဖြစ်သွားတယ်ဆိုတာကိုလည်း ပြောပြပေးပါရှင့်။

ကျွန်တော်နာမည်က ဒေါက်တာတော်တော်မောင်ဖြစ်ပါတယ်။ Inya Myaing 22+ Car Service Center ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ ဆေးကျောင်းတက်တဲ့ အသက်၁၆ အရွယ် လောက်ကတည်းကစပြီး မိဘလုပ်ငန်းဖြစ်တဲ့ ၀င်္ဂဘာအလိုင်းမင်းမှာ ထဲထဲဝင်ဝင်ကို ၀င်ရောက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ အဲမတိုင်ခင် ငယ်စဉ်ကလေးဘဝ သုံးလေးနှစ်လောက်ကတည်းကလည်း ဒီကားတွေနဲ့ပဲ ကြီးပြင်းလာတာဖြစ်တဲ့အတွက် ကားတွေနဲ့ပတ်သက်ပြီး ကလေးဘဝကတည်းက စိတ်ပါ၀င်စားမှန်းမသိ စိတ်ပါ၀င်စားလာပါတယ်။ အဲဒါကြောင့်လည်း ဆရာဝန်ဘွဲ့ယူခဲ့တာတောင် မိဘလက်ရင်းဖြစ်တဲ့ ဒီအလုပ်ကိုပဲ ကိုယ်ပိုင်တည်ထောင် ဖြစ်သွားတာပါ။ ကိုယ်တိုင်ကလည်း ၀ါဿနာပါတာအပြင် မိဘအမွေဆက်ခံတယ်လို့လည်း ပြောလို့ရပါတယ်။

အရင်ဆုံး Inya Myaing 22+ Car Service Center ကို မတည်ထောင်ခင်မှာ Inya Myaing 22 Car Service Center ကို အရင်တည်ထောင်ခဲ့တယ်လို့သိထားတယ်။ အဲဒီ Inya Myaing 22 Car Service Center ကို ဘယ်တုန်းကဖွင့်လှစ်ခဲ့တာလဲဆိုတာလည်း ပြောပြပေးပါရှင့်။

၂၀၁၃ ခုနှစ်လောက်မှာ Inya Myaing 22 Car Service Center ကို အင်ယားမြိုင် ခြံအမှတ် 22 မှာ စဖွင့်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Inya Myaing 22+ Car Service Center ကို အင်ယားမြိုင်လမ်းပေါ်မှာပဲ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်ကိုယ်ပိုင်ဆိုင်အဖြစ် နှစ်ဆိုင်တိတိ ဖွင့်လှစ်ထားခဲ့ပါပြီးဖြစ်ပါတယ်။

ဆိုင်နာမည် ဘယ်လိုပေးဖြစ်သွားတာလဲလည်း သိပါရစေ။

ပထမဖွင့်တဲ့ Inya Myaing 22 Car Service Centerက အင်းယားမြိုင်ရဲ့ ခြံနံပါတ် 22 မှာ စဖွင့်တာဆိုတော့ ခြံနံပါတ် 22ကို အစွဲပြုပြီး Inya Myaing 22 ဆိုပြီး ပေးဖြစ်သွားတယ်။ အဲနောက်ပိုင်း ၂၀၁၅ မှာတော့ အင်းယားမြိုင်လမ်းပေါ်မှာပဲ နောက်တစ်ဆိုင်ထပ်တိုးဖွင့်ဖြစ်တော့ Inya Myaing 22 ပြီးတော့ နောက်ထပ်တိုးဖွင့်တဲ့ဆိုင်ဖြစ်လို့ နံမည်ဆင်တူအောင်ဆိုပြီး Inya Myaing 22+ လို့ ပေးလိုက်တာပါ။

ကားနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံတွေရှိခဲ့တာနဲ့အမျှ ကားတစ်စီးကို မောင်းကြည့်လိုက်တဲ့ အခါမှာ ဒီကားမှာဘယ်အပိုင်းတွေ ချို့ယွင်းနေနိုင်တယ်ဆိုတဲ့ အတွေ့အကြံုလေးတွေကိုလည်း ပြန်လည်ဝေမျှ ပေးပါ။

ကျွန်တော့်ဘဝမှာတော့ ကားအစီးပေါင်း သောင်းနဲ့ချီတဲ့အထိ စမ်းသပ်မောင်းနှင်ခဲ့ဖူးတယ်လို့လည်း ပြောလို့ရပါတယ်။ အဲအတွက် ကားတစ်စီးကို မောင်းကြည့်လိုက်တာနဲ့ ဒီကားမှာ ဘာတွေချို့ယွင်းနေတယ်၊ ဘယ်နေရာတွေပြင်သင့်တယ်၊ ဘယ်အပိုင်းကတော့ အခုချက်ချင်းမလဲသေးလဲရသေးတယ် ဆိုတာတွေကို ကောင်းကောင်းခန့်မှန်းနိုင်ပါတယ်။ ကြံုခံရတဲ့ အတွေ့အကြံုတစ်ခုဆိုရင်တော့ Customer တစ်ယောက်ရဲ့ ကားတစ်စီးက ရှေ့တည့်တည့်မောင်းတဲ့အခါမှာလည်း ဒူးဆစ်အသံထွက်တယ်။ ကွေ့တဲ့အခါမှာလည်း ဒူးဆစ်သံထွက်တယ်။ ပုံမှန်ဆိုရင် ဒူးဆစ်သံက ကွေ့မှထွက်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူကထူးထူးခြားခြား အတည့်မှာကော အကွေ့မှာပါထွက်နေတယ်။ ကားမှာက အတွင်းဒူးဆစ် အပြင်ဒူးဆစ်ဆိုပြီး ရှိတယ်။ အဲလိုနှစ်သံထွက်နေတာက အတွင်းဒူးဆစ်ကော အပြင်ဒူးဆစ်ပါ ပျက်နေတာကြောင့််ဖြစ်လို့ တည့်တည့်မောင်းရင်ကော ကွေ့ရင်ပါ အသံထွက်နေတာဖြစ်တယ်။ တစ်ခါတစ်လေ ၁၉၉၀ လောက်က ကားတွေဆိုရင် ပြစ်ချက်ကိုလည်း သိတယ် လုပ်လည်းလုပ်ပေးချင်ပေမဲ့ စပယ်ယာအပိုတွေကလည်း မရှိတော့တဲ့အတွက် ပြင်ရတော်တော်ခက်ခဲတဲ့အပိုင်းတွေလည်း ရှိခဲ့ဖူးတယ်။

Antique ကားတွေနဲ့ လက်ရှိကားတွေရဲ့ Service ပေးရတဲ့အပိုင်း ကွာခြားချက်တွေကကော ဘာတွေဖြစ်မလဲ။

Antique ကားတွေကတော့ ကားကလည်းဟောင်းနေပြီး သက်တမ်းကလည်း ပိုကြာနေပြီးဖြစ်တဲ့အတွက် ပစ္စည်းချို့ယွင်းမှုကတော့ ပိုများပါတယ်။ ပြီးတော့ အပိုပစ္စည်းတွေကလည်း မရှိတတ်တာမို့ ပစ္စည်းလဲလှယ်တပ်ဆင်ရတဲ့အပိုင်းတွေဆိုရင် အခက်အခဲတော်တော်များများရှိတယ်။ လက်ရှိကားတွေကျတော့ ပုံမှန် ချို့ယွင်းမှုတွေအဖြစ် အနည်းနဲ့အများ ပျက်တတ်ကြပေမဲ့ ချို့ယွင်းမှုက သိပ်မများဘူး။ ပြီးတော့လည်း Parts တွေအနေနဲ့ကလည်း အလွယ်တကူရနိုင်တဲ့အပြင် ကားအပိုပစ္စည်းတင်သွင်းသူတွေကလည်း နောက်ပိုင်းအသစ်ထွက်တဲ့ကားတွေအတွက်လောက်သာ ပိုတင်သွင်းလာကြတဲ့အတွက်လည်း နောက်ပိုင်းကားတွေကတော့ ပစ္စည်းရှားမှာပူစရာမလိုဘဲ တစ်ခုခုချို့ယွင်းရင် အလွယ်တကူ လဲလှယ်နိုင်တယ်။

Auto ကားနဲ့ Manual ကားတွေရဲ့ Service ပိုင်းဆိုင်ရာမှာ ဘယ်လိုကွာခြားချက်တွေ ရှိပါသလဲ။

လတ်တလောမှာတော့ Manual ကားတွေကတော့ တော်တော်ကိုရှားသွားပြီး Auto ကားတွေပဲ များလာပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆိုင်မှာတော့ Auto ကားအပြင် Manual ကားတွေအတွက်ပါ Service လုပ်ပေးနေပါတယ်။ အထွေအထူးရယ်တော့ ခွဲခြားဆောင်ရွက်တာမရှိပေမဲ့ Auto ကားကော Manual ကားတွေအတွက်ပါ Service ပိုင်းဆိုင်ရာ Customer စိတ်တိုင်းကျဖြစ်အောင် အတက်နိုင်ဆုံး အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေပါတယ်။

Inya Myaing 22 Car Service Center မှာ ဘယ်လို ၀န်ဆောင်မှုတွေ ပေးနေလဲ သိပါရစေ။

22 မှာတော့ Manual အလိုင်းမင်းချိန်တယ်။ ကားရေဆေးတယ်။ စက်ပေါ်လစ်၊ လက်ပေါ်လစ်တင်တယ်။ အတွင်းခန်းသန့်ရှင်းရေး လုပ်ပေးတယ်။ ကားအပြင်သန့်ရှင်းရေး၊ အောက်ပိုင်းဒီဇယ်ဖြန်းတာတွေ၊ Body ပိုင်းဒီဇယ်ဖြန်းတာတွေအပြင် အောက်ပိုင်းစစ်ဆေးပြုပြင်ခြင်း၊ အင်ဂျင်ပိုင်းပြုပြင်ခြင်း၊ Auto Gear Box စစ်ဆေးပြုပြင်တယ်၊ ကွန်ပျူတာ Box စစ်ဆေးပေးခြင်း Coolant လဲလှယ်ပေးခြင်း စသဖြင့် ကားနဲ့ပတ်သက်တဲ့ စစ်ဆေးပြုပြင်မှုအပိုင်း တော်တော်များများကို လုပ်ပါတယ်။

Inya Myaing 22+ Car Service Center မှာကော ဘယ်လို ၀န်ဆောင်မှုတွေ ပေးနေလဲ သိပါရစေ။

ကားအောက်ပိုင်းပြုပြင်စစ်ဆေးခြင်း၊ Spark ပလပ်လဲခြင်းတွေလို့ 22 မှာရတဲ့ Service တွေအပြင် 3D ကွန်ပျူတာအလိုင်းမင်းချိန်၊ ကားဘက်ထရီလဲတာ၊ ကားတာယာလဲတာတွေ၊ ကွန်ပျူတာ Box စစ်ဆေးပေးခြင်းလည်း လုပ်ပေးနေပါတယ်။ နောက်တစ်ခုကတော့ Mobil Lubricant နဲ့တွဲပြီး မော်တော်ယာဉ်စစ်ဆေးခြင်းကို Basic Package နှင့် ပေးပါတယ်။ Basic Package မှာဆိုရင် Cab and Body Part အပိုင်းမှာဆိုရင် လေကာမှန်၊ ရေပန့်၊ ရေသုတ်တံ ကောင်း/မကောင်း စစ်ဆေးပေးခြင်း၊ ရှေ့မီး၊ နောက်မီး၊ နံပါတ်ပြားမီးများ စစ်ဆေးခြင်း၊ မီးကြီး မီးသေး စစ်ဆေးခြင်း၊ ဘရိတ်မီး နောက်မီးလုံးများ စစ်ဆေးခြင်း၊ အချက်ပြမီး စစ်ဆေးခြင်း၊ ကားဟွန်းများ စစ်ဆေးခြင်းတို့ ပါ၀င်ပါတယ်။ Engine Room Part မှာတော့ အင်ဂျင်ဝိုင် ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အင်ဂျင်ဝိုင် ကောင်း/မကောင်း စစ်ဆေးခြင်း၊ ဂီယာဝိုင် ကောင်း/မကောင်း စစ်ဆေးခြင်း၊ ဘရိတ်ဆီ ကောင်း/မကောင်း စစ်ဆေးခြင်း၊ ပါ၀ါစတီယာတိုင်ဆီ ကောင်း/မကောင်း စစ်ဆေးခြင်း၊ ဘတ္ထရီ ကောင်း/မကောင်း စစ်ဆေးခြင်း၊ ရေတိုင်ကီရေ ကောင်း/မကောင်း စစ်ဆေးခြင်း၊ မှန်ကြည်ဆေး ရှိ/မရှိ စစ်ဆေးခြင်း၊ လေစစ် Filter များ စစ်ဆေးခြင်းတို့ပါ၀င်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ Chassis Part အပိုင်းမှာတော့ တာယာ ကောင်း/မကောင်း စစ်ဆေးခြင်း၊ တာယာလေ ရှိ/မရှိ စစ်ဆေးခြင်း၊ အလိုင်းမင်းချိန်ပေးခြင်း၊ အောက်ပိုင်းစစ်ဆေးပေးခြင်းတွေ ပါ၀င်ပါတယ်။

Basic Package အပြင် Premium Package လည်း ရှိသေးတယ်လို့သိရပါတယ်။ အဲအပိုင်းလေးလည်း ပြောပြပေးပါအုံးရှင့်။

Premium Package မှာတော့ Air-Con Filter စစ်ဆေးလဲလှယ်ပေးခြင်း Spark ပလပ် စစ်ဆေးလဲလှယ်ပေးခြင်း၊ ပန်ကာကြိုး စစ်ဆေးလဲလှယ်ပေးခြင်း၊ ဒိုင်နမိုကြိုး စစ်ဆေးလဲလှယ်ပေးခြင်းအပြင် Fuel Filter စစ်ဆေးလဲလှယ်ပေးခြင်းတွေပါ ထပ်မံလုပ်ဆောင်ပေးပါတယ်။ လိုအပ်ပါက Test Drive မောင်းနှင်ခြင်းတွေလည်း ပြုလုပ်ပေးပါတယ်။

Inya Myaing 22+ မှာ Mobil Lubricant ကို One Brand အဖြစ် ယူထားတယ်လို့ သိရပါတယ်။ အဲအပိုင်းလေးလည်း ပြောပြပေးပါ။

Mobil အင်ဂျင်ဝိုင်ဆိုတာက ကမ္ဘာအကောင်းဆုံးအင်ဂျင်ဝိုင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ အမေရိကန်နိုင်ငံအခြေစိုက် ထိပ်တန်းရေနံကုမ္ပဏီတစ်ခုရဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်တဲ့အတွက် Customer တွေအနေနဲ့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ Inya Myaing 22+ က Mobil Lubricant ကို One Brand အဖြစ် လက်တွဲလုပ်နေတာဖြစ်တဲ့အတွက် Mobil အင်ဂျင်ဝိုင်လဲမယ်ဆိုရင် တစ်ချို့လတွေမှာ Basic Package ကို အခမဲ့စစ်ပေးနေပြီး တချို့လတွေမှာတော့ အင်ဂျင်ဝိုင်လဲလှယ်ခြင်းကို အခမဲ့ဝန်ဆောင်မှုပေးတာတွေလည်း ရှိပါတယ်။ ဒါအပြင် နောက်ပိုင်းမှာလည်း Mobil အင်ဂျင်ဝိုင်ထည့်တိုင်း Promotion အစီအစဉ်တွေကို လစဉ်လတိုင်း မထပ်ရအောင် စီစဉ်သွားဖို့လည်းရှိပါတယ်။

22 ဆိုင်နဲ့ 22+ ရဲ့ ထူးခြားချက်လေးတွေကိုလည်း ပြောပြပေးပါ။

22 ဆိုင်ကတော့ Shell Lubricant နဲ့လက်တွဲထားတာဖြစ်တယ်။ Shell Lubricant ဆိုတာကလည်း နိုင်ငံတကာမှာ ကမ္ဘာရောင်းအားအကောင်းဆုံး ကားအင်ဂျင်ဝိုင်အဖြစ် ကိုးနှစ်ဆက်တိုက်ရရှိထားတဲ့ ထိပ်တန်းကားအင်ဂျင်ဝိုင်တစ်ခုလည်း ဖြစ်ပါတယ်။ 22+ ဆိုင်ကတော့ Mobil Lubricant နဲ့လက်တွဲထားတာဖြစ်တဲ့အတွက် ဆိုင်နှစ်ဆိုင်စလုံးမှာ ကမ္ဘာထိပ်တန်းအင်ဂျင်ဝိုင်များကိုသာ အသုံးပြုရောင်းချပေးနေပါတယ်။ ချွင်းချက်အနေနဲ့ Customer တွေက သူ့တို့ထည့်ချင်တဲ့ အင်ဂျင်ဝိုင်ယူလာရင်တော့လည်း Customer စိတ်တိုင်းကျ လုပ်ပေးပါတယ်။

Mobil Lubricant က အကို့ကို ကားနဲ့ပတ်သက်တဲ့ Traning တစ်ခု ကို လွှတ်ခဲ့တယ်လို့ သိထားရပါတယ်။ အဲတာနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါ။

၂၀၁၅ စက်တင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကိုစေလွတ်ပြီး သူတို့နိုင်ငံရဲ့ ကား Service Center တွေမှာ ကားကြံ့ခိုင်မှုကို စစ်ဆေးခြင်းသင်တန်းပို့ချတာကို တစ်ပတ်လောက်ကြာအောင် ကိုယ်တိုင်သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ Inya Myaing 22+ မှာ Basic Package ကို စစ်ဆေးပြုပြင်ပေးတဲ့ Tool Kits တွေကလည်း Mobil Lubricant ကတစ်ဆင့် နိုင်ငံခြားမှမှာယူထားတဲ့ စက်ပစ္စည်းတွေနဲ့ပဲ အသုံးပြု စစ်ဆေးလဲလှယ်ပေးနေတာဖြစ်ပါတယ်။

Member Card စနစ်အကြောင်းနဲ့ ဘယ်လို Promotion တွေ လတ်တလောမှာ လုပ်ပေးနေသလဲဆိုတာလည်း ပြောပြပေးပါ။

Inya Myaing 22 အပြင် Inya Myaing 22+ နှစ်ဆိုင်လုံးအတွက် စီစဉ်ထားတဲ့ Member Card ကတော့ တစ်မျိုးတည်းရှိပါတယ်။ စိတ်ပါ၀င်စားတဲ့ ဘယ် Customer မဆို အခမဲ့ ၀င်နိုင်မှာဖြစ်ပြီး Member Card ရဲ့ အကျိုးကျေးဇူးတွေကတော့ ရေဆေးရင် ၅၀၀ကျပ်၊ အလိုင်းမင်းချိန်ရင် ၁၀၀၀ကျပ်၊ အင်ဂျင်ဝိုင်လဲရင် ၁၀၀၀ကျပ်၊ အောက်ပိုင်းအင်ဂျင်စစ်ဆေးပြုပြင်ခြင်းတွေမှာ ၃% ကနေ ၅% အထိ Discount ပေးပါတယ်။ အခုလအတွက် Promotion တွေကတော့ Mobil အင်ဂျင်ဝိုင်ထည့်ရင် Basic Package အခမဲ့စစ်ပေးပြီး နောက်လတွေမှာတော့ ဆိုင်နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဝေဖို့ ရှိပါတယ်။ အဲလက်ကမ်းစာစောင်တွေကို လက်ခံရတဲ့ Customer တွေက လက်ကမ်းစာစောင်နဲ့အတူ ဆိုင်ကိုလာခဲ့မယ်ဆိုရင် ကားရေဆေးခကို ၅၀% Discount ပေးမှာဖြစ်ပါတယ်။

ကုမ္ပဏီတွေ သံရုံးတွေ NGO တွေနဲ့လည်း စာချုပ်အလိုက် Credit ပေးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အဲအပိုင်းနဲ့ပတ်သက်ပြီး ဘယ်သူတွေနဲ့ လက်တွဲလုပ်ကိုင်နေတယ်ဆိုတာလည်း သိပါရစေ။

လက်ရှိမှာတော့ World Food Programme ၊ UNICEF ၊ World Vision ၊ ILO ၊ IO International Organization အစရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ NGO အဖွဲတွေက ကားတွေကို ထိန်းသိမ်းပြုပြင်ပေးနေပါတယ်။ ထပ်ပြီးတော့ နမ်သာလန်သံရုံး၊ ချက်သံရုံ၊ ဗီယက်နာမ်သံရုံး၊ အမေရိကန်သံရုံး အီတလီသံရုံး၊ အင်ဒိုနီးရှားသံရုံး၊ မလေးရှားသံရုံး၊ နယူးဇီလန်သံရုံး၊ တောင်ကိုရီးယားသံရုံး အစရှိတဲ့ သံရုံးကားတွေကိုလည်း Credit စနစ်နဲ့ ထိမ်းသိန်းပြုပြင်ပေးနေပါတယ်။ အဓိကကတော့ Asian Wings Airline နဲ့ UNOPS ကတော့ ကျွန်တော်တို့ Car Service Center မှာ ကားပြုပြင်ထိန်းသိမ်းဖို့ကို နှစ်နဲ့စာချုပ်ချုပ်ထားပါတယ်။ တခြားနိုင်ငံတကာကုမ္ပဏီတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

ဆိုင်ဖွင့်ချိန်နဲ့ ဆိုင်မှာ ဘယ်လိုဝန်ထမ်းတွေ ထားရှိထားတယ်ဆိုတာလေးလည်း ပြောပြပေးပါ။

မနက် ၈ခွဲကနေ ညနေ ၆နာရီအထိ အခါကြီးရက်ကြီးကလွဲပြီး ပိတ်ရက်မရှိဖွင့်လှစ်ပေးနေပါတယ်။ ကျွန်တော်ဆိုင်က ၀န်ထမ်းတွေဆိုရင်လည်း လုပ်ငန်းအတွေ့အကြံုက နှစ်အတော်ကြာနေတဲ့ ၀န်ထမ်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်မိဘတွေ လက်ထက်ဝင်္ဂဘာအလိုင်းမင်းမှာကတည်းက လုပ်လာတဲ့သူတွေဖြစ်တဲ့အတွက် အတွေ့အကြံုတွေအများကြီးရှိတဲ့ ၀န်ထမ်းတွေနဲ့ အသစ်ပြန်ဖွဲ့စည်းထားတယ်လို့ ပြောလည်းရပါတယ်။ အဲတာကြောင့် Customer တွေအနေနဲ့လည်း ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာများ ထပ်လောင်းလို့ ပြောကြားချင်ပါသေးလဲ။

အဓိကပြောချင်တာကတော့ ခရီးဝေးသွားမယ့် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကားလေးကို ခရီးမသွားခင်မှာ ယာဉ်ကြံ့ခိုင်မှုအတွက် Basic Package လောက်တော့ အနည်းဆုံး စစ်ဆေးသင့်ပါတယ်။ တာယာဒိတ်လွန်နေရင်လည်း လဲသင့်ရင် တစ်ခါတည်းလဲရမယ်။ ကားအောက်ပိုင်းချောင်နေသလား။ အင်ဂျင်မှာကော ဘယ်လို ပြဿနာတွေဖြစ်နိုင်လဲ စသဖြင့် ခရီးမသွားခင် သေချာစစ်ဆေးပြီး လုံခြံုဘေးကင်းစွာ ခရီးသွားလာနိုင်ကြပါစေလို့ အကြံပြု ဆုတောင်းပေးလိုက်ပါတယ်။

—————-
ယွန်းမီမီထွန်း

Zawgyi version..

“၀ဂၤဘာအလိုင္းမင္း၏သား ေဒါက္တာေတာ္ေတာ္ေမာင္တည္ေထာင္တဲ့ Inya Myaing 22 & Inya Myaing 22+ Car Service Center”

Inya Myaing 22+ Car Service Center မွာ အကို တာ၀န္ယူထားတဲ့အပိုင္းနဲ႔ ဘယ္လိုလုပ္ၿပီး ဆရာ၀န္တစ္ေယာက္က ဒီလုပ္ငန္းကို ဦးစီးဦးေဆာင္လုပ္ျဖစ္သြားတယ္ဆိုတာကိုလည္း ေျပာျပေပးပါရွင့္။

ကၽြန္ေတာ္နာမည္က ေဒါက္တာေတာ္ေတာ္ေမာင္ျဖစ္ပါတယ္။ Inya Myaing 22+ Car Service Center ရဲ႕ တည္ေထာင္သူလည္း ျဖစ္ပါတယ္။ ေဆးေက်ာင္းတက္တဲ့ အသက္၁၆ အရြယ္ ေလာက္ကတည္းကစၿပီး မိဘလုပ္ငန္းျဖစ္တဲ့ ၀ဂၤဘာအလိုင္းမင္းမွာ ထဲထဲ၀င္၀င္ကို ၀င္ေရာက္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။ အဲမတိုင္ခင္ ငယ္စဥ္ကေလးဘ၀ သံုးေလးႏွစ္ေလာက္ကတည္းကလည္း ဒီကားေတြနဲ႔ပဲ ႀကီးျပင္းလာတာျဖစ္တဲ့အတြက္ ကားေတြနဲ႔ပတ္သက္ၿပီး ကေလးဘ၀ကတည္းက စိတ္ပါ၀င္စားမွန္းမသိ စိတ္ပါ၀င္စားလာပါတယ္။ အဲဒါေၾကာင့္လည္း ဆရာ၀န္ဘြဲ႔ယူခဲ့တာေတာင္ မိဘလက္ရင္းျဖစ္တဲ့ ဒီအလုပ္ကိုပဲ ကိုယ္ပိုင္တည္ေထာင္ ျဖစ္သြားတာပါ။ ကိုယ္တိုင္ကလည္း ၀ါႆနာပါတာအျပင္ မိဘအေမြဆက္ခံတယ္လို႔လည္း ေျပာလို႔ရပါတယ္။

အရင္ဆံုး Inya Myaing 22+ Car Service Center ကို မတည္ေထာင္ခင္မွာ Inya Myaing 22 Car Service Center ကို အရင္တည္ေထာင္ခဲ့တယ္လို႔သိထားတယ္။ အဲဒီ Inya Myaing 22 Car Service Center ကို ဘယ္တုန္းကဖြင့္လွစ္ခဲ့တာလဲဆိုတာလည္း ေျပာျပေပးပါရွင့္။

၂၀၁၃ ခုႏွစ္ေလာက္မွာ Inya Myaing 22 Car Service Center ကို အင္ယားၿမိဳင္ ၿခံအမွတ္ 22 မွာ စဖြင့္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ Inya Myaing 22+ Car Service Center ကို အင္ယားၿမိဳင္လမ္းေပၚမွာပဲ ထပ္မံတိုးခ်ဲ႕ ဖြင့္လွစ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ကၽြန္ေတာ္ကိုယ္ပိုင္ဆိုင္အျဖစ္ ႏွစ္ဆိုင္တိတိ ဖြင့္လွစ္ထားခဲ့ပါၿပီးျဖစ္ပါတယ္။

ဆိုင္နာမည္ ဘယ္လိုေပးျဖစ္သြားတာလဲလည္း သိပါရေစ။

ပထမဖြင့္တဲ့ Inya Myaing 22 Car Service Centerက အင္းယားၿမိဳင္ရဲ႕ ၿခံနံပါတ္ 22 မွာ စဖြင့္တာဆိုေတာ့ ၿခံနံပါတ္ 22ကို အစြဲျပဳၿပီး Inya Myaing 22 ဆိုၿပီး ေပးျဖစ္သြားတယ္။ အဲေနာက္ပိုင္း ၂၀၁၅ မွာေတာ့ အင္းယားၿမိဳင္လမ္းေပၚမွာပဲ ေနာက္တစ္ဆိုင္ထပ္တိုးဖြင့္ျဖစ္ေတာ့ Inya Myaing 22 ၿပီးေတာ့ ေနာက္ထပ္တိုးဖြင့္တဲ့ဆိုင္ျဖစ္လို႔ နံမည္ဆင္တူေအာင္ဆိုၿပီး Inya Myaing 22+ လို႔ ေပးလိုက္တာပါ။

ကားနဲ႔ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ အေတြ႔အႀကံဳေတြရွိခဲ့တာနဲ႔အမွ် ကားတစ္စီးကို ေမာင္းၾကည့္လိုက္တဲ့ အခါမွာ ဒီကားမွာဘယ္အပိုင္းေတြ ခ်ိဳ႕ယြင္းေနႏိုင္တယ္ဆိုတဲ့ အေတြ႔အႀကံဳေလးေတြကိုလည္း ျပန္လည္ေ၀မွ် ေပးပါ။

ကၽြန္ေတာ့္ဘ၀မွာေတာ့ ကားအစီးေပါင္း ေသာင္းနဲ႔ခ်ီတဲ့အထိ စမ္းသပ္ေမာင္းႏွင္ခဲ့ဖူးတယ္လို႔လည္း ေျပာလို႔ရပါတယ္။ အဲအတြက္ ကားတစ္စီးကို ေမာင္းၾကည့္လိုက္တာနဲ႔ ဒီကားမွာ ဘာေတြခ်ိဳ႕ယြင္းေနတယ္၊ ဘယ္ေနရာေတြျပင္သင့္တယ္၊ ဘယ္အပိုင္းကေတာ့ အခုခ်က္ခ်င္းမလဲေသးလဲရေသးတယ္ ဆိုတာေတြကို ေကာင္းေကာင္းခန္႔မွန္းႏိုင္ပါတယ္။ ႀကံဳခံရတဲ့ အေတြ႔အႀကံဳတစ္ခုဆိုရင္ေတာ့ Customer တစ္ေယာက္ရဲ႕ ကားတစ္စီးက ေရွ႕တည့္တည့္ေမာင္းတဲ့အခါမွာလည္း ဒူးဆစ္အသံထြက္တယ္။ ေကြ႔တဲ့အခါမွာလည္း ဒူးဆစ္သံထြက္တယ္။ ပံုမွန္ဆိုရင္ ဒူးဆစ္သံက  ေကြ႔မွထြက္ရမွာ ျဖစ္တယ္။ ဒါေပမဲ့ သူကထူးထူးျခားျခား အတည့္မွာေကာ အေကြ႔မွာပါထြက္ေနတယ္။ ကားမွာက အတြင္းဒူးဆစ္ အျပင္ဒူးဆစ္ဆိုၿပီး ရွိတယ္။ အဲလိုႏွစ္သံထြက္ေနတာက အတြင္းဒူးဆစ္ေကာ အျပင္ဒူးဆစ္ပါ ပ်က္ေနတာေၾကာင့္္ျဖစ္လို႔ တည့္တည့္ေမာင္းရင္ေကာ ေကြ႔ရင္ပါ အသံထြက္ေနတာျဖစ္တယ္။ တစ္ခါတစ္ေလ ၁၉၉၀ ေလာက္က ကားေတြဆိုရင္ ျပစ္ခ်က္ကိုလည္း သိတယ္ လုပ္လည္းလုပ္ေပးခ်င္ေပမဲ့ စပယ္ယာအပိုေတြကလည္း မရွိေတာ့တဲ့အတြက္ ျပင္ရေတာ္ေတာ္ခက္ခဲတဲ့အပိုင္းေတြလည္း ရွိခဲ့ဖူးတယ္။

Antique ကားေတြနဲ႔ လက္ရွိကားေတြရဲ႕ Service ေပးရတဲ့အပိုင္း ကြာျခားခ်က္ေတြကေကာ ဘာေတြျဖစ္မလဲ။

Antique ကားေတြကေတာ့ ကားကလည္းေဟာင္းေနၿပီး သက္တမ္းကလည္း ပိုၾကာေနၿပီးျဖစ္တဲ့အတြက္ ပစၥည္းခ်ိဳ႕ယြင္းမႈကေတာ့ ပိုမ်ားပါတယ္။ ၿပီးေတာ့ အပိုပစၥည္းေတြကလည္း မရွိတတ္တာမို႔ ပစၥည္းလဲလွယ္တပ္ဆင္ရတဲ့အပိုင္းေတြဆိုရင္ အခက္အခဲေတာ္ေတာ္မ်ားမ်ားရွိတယ္။ လက္ရွိကားေတြက်ေတာ့ ပံုမွန္ ခ်ိဳ႕ယြင္းမႈေတြအျဖစ္ အနည္းနဲ႔အမ်ား ပ်က္တတ္ၾကေပမဲ့ ခ်ိဳ႕ယြင္းမႈက သိပ္မမ်ားဘူး။ ၿပီးေတာ့လည္း Parts ေတြအေနနဲ႔ကလည္း အလြယ္တကူရႏိုင္တဲ့အျပင္ ကားအပိုပစၥည္းတင္သြင္းသူေတြကလည္း ေနာက္ပိုင္းအသစ္ထြက္တဲ့ကားေတြအတြက္ေလာက္သာ ပိုတင္သြင္းလာၾကတဲ့အတြက္လည္း ေနာက္ပိုင္းကားေတြကေတာ့ ပစၥည္းရွားမွာပူစရာမလိုဘဲ တစ္ခုခုခ်ိဳ႕ယြင္းရင္ အလြယ္တကူ လဲလွယ္ႏိုင္တယ္။

Auto ကားနဲ႔ Manual ကားေတြရဲ႕ Service ပိုင္းဆိုင္ရာမွာ ဘယ္လိုကြာျခားခ်က္ေတြ ရွိပါသလဲ။

လတ္တေလာမွာေတာ့ Manual ကားေတြကေတာ့ ေတာ္ေတာ္ကိုရွားသြားၿပီး Auto ကားေတြပဲ မ်ားလာပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ဆိုင္မွာေတာ့ Auto ကားအျပင္ Manual ကားေတြအတြက္ပါ Service လုပ္ေပးေနပါတယ္။ အေထြအထူးရယ္ေတာ့ ခြဲျခားေဆာင္ရြက္တာမရွိေပမဲ့ Auto ကားေကာ Manual ကားေတြအတြက္ပါ Service ပိုင္းဆိုင္ရာ Customer စိတ္တိုင္းက်ျဖစ္ေအာင္ အတက္ႏိုင္ဆံုး အေကာင္းဆံုး ၀န္ေဆာင္မႈေတြ ေပးေနပါတယ္။

Inya Myaing 22 Car Service Center မွာ ဘယ္လို ၀န္ေဆာင္မႈေတြ ေပးေနလဲ သိပါရေစ။

22 မွာေတာ့ Manual အလိုင္းမင္းခ်ိန္တယ္။ ကားေရေဆးတယ္။ စက္ေပၚလစ္၊ လက္ေပၚလစ္တင္တယ္။ အတြင္းခန္းသန္႔ရွင္းေရး လုပ္ေပးတယ္။ ကားအျပင္သန္႔ရွင္းေရး၊ ေအာက္ပိုင္းဒီဇယ္ျဖန္းတာေတြ၊ Body ပိုင္းဒီဇယ္ျဖန္းတာေတြအျပင္ ေအာက္ပိုင္းစစ္ေဆးျပဳျပင္ျခင္း၊ အင္ဂ်င္ပိုင္းျပဳျပင္ျခင္း၊ Auto Gear Box စစ္ေဆးျပဳျပင္တယ္၊ ကြန္ပ်ဴတာ Box စစ္ေဆးေပးျခင္း Coolant လဲလွယ္ေပးျခင္း စသျဖင့္ ကားနဲ႔ပတ္သက္တဲ့ စစ္ေဆးျပဳျပင္မႈအပိုင္း ေတာ္ေတာ္မ်ားမ်ားကို လုပ္ပါတယ္။

Inya Myaing 22+ Car Service Center မွာေကာ ဘယ္လို ၀န္ေဆာင္မႈေတြ ေပးေနလဲ သိပါရေစ။

ကားေအာက္ပိုင္းျပဳျပင္စစ္ေဆးျခင္း၊ Spark ပလပ္လဲျခင္းေတြလို႔ 22 မွာရတဲ့ Service ေတြအျပင္ 3D ကြန္ပ်ဴတာအလိုင္းမင္းခ်ိန္၊ ကားဘက္ထရီလဲတာ၊ ကားတာယာလဲတာေတြ၊ ကြန္ပ်ဴတာ Box စစ္ေဆးေပးျခင္းလည္း လုပ္ေပးေနပါတယ္။ ေနာက္တစ္ခုကေတာ့ Mobil Lubricant နဲ႔တြဲၿပီး ေမာ္ေတာ္ယာဥ္စစ္ေဆးျခင္းကို Basic Package ႏွင့္ ေပးပါတယ္။ Basic Package မွာဆိုရင္ Cab and Body Part အပိုင္းမွာဆိုရင္ ေလကာမွန္၊ ေရပန္႔၊ ေရသုတ္တံ ေကာင္း/မေကာင္း စစ္ေဆးေပးျခင္း၊ ေရွ႕မီး၊ ေနာက္မီး၊ နံပါတ္ျပားမီးမ်ား စစ္ေဆးျခင္း၊ မီးႀကီး မီးေသး စစ္ေဆးျခင္း၊ ဘရိတ္မီး ေနာက္မီးလံုးမ်ား စစ္ေဆးျခင္း၊ အခ်က္ျပမီး စစ္ေဆးျခင္း၊ ကားဟြန္းမ်ား စစ္ေဆးျခင္းတို႔ ပါ၀င္ပါတယ္။ Engine Room Part မွာေတာ့ အင္ဂ်င္၀ိုင္ ယိုစိမ့္မႈ ရွိ/မရွိ စစ္ေဆးျခင္း၊ အင္ဂ်င္၀ိုင္ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ ဂီယာ၀ိုင္ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ ဘရိတ္ဆီ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ ပါ၀ါစတီယာတိုင္ဆီ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ ဘတၳရီ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ ေရတိုင္ကီေရ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ မွန္ၾကည္ေဆး ရွိ/မရွိ စစ္ေဆးျခင္း၊ ေလစစ္ Filter မ်ား စစ္ေဆးျခင္းတို႔ပါ၀င္ပါတယ္။ ေနာက္ဆံုးတစ္ခုျဖစ္တဲ့ Chassis Part အပိုင္းမွာေတာ့ တာယာ ေကာင္း/မေကာင္း စစ္ေဆးျခင္း၊ တာယာေလ ရွိ/မရွိ စစ္ေဆးျခင္း၊ အလိုင္းမင္းခ်ိန္ေပးျခင္း၊ ေအာက္ပိုင္းစစ္ေဆးေပးျခင္းေတြ ပါ၀င္ပါတယ္။

Basic Package အျပင္ Premium Package လည္း ရွိေသးတယ္လို႔သိရပါတယ္။ အဲအပိုင္းေလးလည္း ေျပာျပေပးပါအံုးရွင့္။

Premium Package မွာေတာ့ Air-Con Filter စစ္ေဆးလဲလွယ္ေပးျခင္း Spark ပလပ္ စစ္ေဆးလဲလွယ္ေပးျခင္း၊ ပန္ကာႀကိဳး စစ္ေဆးလဲလွယ္ေပးျခင္း၊ ဒိုင္နမိုႀကိဳး စစ္ေဆးလဲလွယ္ေပးျခင္းအျပင္ Fuel Filter စစ္ေဆးလဲလွယ္ေပးျခင္းေတြပါ ထပ္မံလုပ္ေဆာင္ေပးပါတယ္။ လိုအပ္ပါက Test Drive   ေမာင္းႏွင္ျခင္းေတြလည္း ျပဳလုပ္ေပးပါတယ္။

Inya Myaing 22+ မွာ Mobil Lubricant ကို One Brand အျဖစ္ ယူထားတယ္လို႔ သိရပါတယ္။ အဲအပိုင္းေလးလည္း ေျပာျပေပးပါ။

Mobil အင္ဂ်င္၀ိုင္ဆိုတာက ကမာၻအေကာင္းဆံုးအင္ဂ်င္၀ိုင္ေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္တယ္။ အေမရိကန္ႏိုင္ငံအေျခစိုက္ ထိပ္တန္းေရနံကုမၸဏီတစ္ခုရဲ႕ အေကာင္းဆံုးထုတ္ကုန္တစ္ခုျဖစ္တဲ့အတြက္ Customer ေတြအေနနဲ႔ ယံုၾကည္စိတ္ခ်စြာ သံုးစြဲႏိုင္မွာျဖစ္ပါတယ္။ လက္ရွိမွာ Inya Myaing 22+ က Mobil Lubricant ကို One Brand အျဖစ္ လက္တြဲလုပ္ေနတာျဖစ္တဲ့အတြက္ Mobil အင္ဂ်င္၀ိုင္လဲမယ္ဆိုရင္ တစ္ခ်ိဳ႕လေတြမွာ Basic Package ကို အခမဲ့စစ္ေပးေနၿပီး တခ်ိဳ႕လေတြမွာေတာ့ အင္ဂ်င္၀ိုင္လဲလွယ္ျခင္းကို အခမဲ့၀န္ေဆာင္မႈေပးတာေတြလည္း ရွိပါတယ္။ ဒါအျပင္ ေနာက္ပိုင္းမွာလည္း Mobil အင္ဂ်င္၀ိုင္ထည့္တိုင္း Promotion အစီအစဥ္ေတြကို လစဥ္လတိုင္း မထပ္ရေအာင္ စီစဥ္သြားဖို႔လည္းရွိပါတယ္။

22 ဆိုင္နဲ႔ 22+ ရဲ႕ ထူးျခားခ်က္ေလးေတြကိုလည္း ေျပာျပေပးပါ။

22 ဆိုင္ကေတာ့ Shell Lubricant န႔ဲလက္တြဲထားတာျဖစ္တယ္။ Shell Lubricant ဆိုတာကလည္း ႏိုင္ငံတကာမွာ ကမာၻေရာင္းအားအေကာင္းဆံုး ကားအင္ဂ်င္၀ိုင္အျဖစ္ ကိုးႏွစ္ဆက္တိုက္ရရွိထားတဲ့ ထိပ္တန္းကားအင္ဂ်င္၀ိုင္တစ္ခုလည္း ျဖစ္ပါတယ္။ 22+ ဆိုင္ကေတာ့ Mobil Lubricant န႔ဲလက္တြဲထားတာျဖစ္တဲ့အတြက္ ဆိုင္ႏွစ္ဆိုင္စလံုးမွာ ကမာၻထိပ္တန္းအင္ဂ်င္၀ိုင္မ်ားကိုသာ အသံုးျပဳေရာင္းခ်ေပးေနပါတယ္။ ခၽြင္းခ်က္အေနနဲ႔ Customer ေတြက သူ႔တို႔ထည့္ခ်င္တဲ့ အင္ဂ်င္၀ိုင္ယူလာရင္ေတာ့လည္း Customer စိတ္တိုင္းက် လုပ္ေပးပါတယ္။

Mobil Lubricant က အကို႔ကို ကားနဲ႔ပတ္သက္တဲ့ Traning တစ္ခု ကို လႊတ္ခဲ့တယ္လို႔ သိထားရပါတယ္။ အဲတာနဲ႔ပတ္သက္ၿပီးလည္း ေျပာျပေပးပါ။

၂၀၁၅ စက္တင္ဘာလမွာ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ကိုေစလြတ္ၿပီး သူတို႔ႏိုင္ငံရဲ႔ ကား Service Center ေတြမွာ ကားႀကံ့ခိုင္မႈကို စစ္ေဆးျခင္းသင္တန္းပို႔ခ်တာကို တစ္ပတ္ေလာက္ၾကာေအာင္ ကုိယ္တုိင္သြားေရာက္ ေလ့လာခြင့္ရခဲ့ပါတယ္။ Inya Myaing 22+ မွာ Basic Package ကို စစ္ေဆးျပဳျပင္ေပးတဲ့ Tool Kits ေတြကလည္း Mobil Lubricant ကတစ္ဆင့္ ႏိုင္ငံျခားမွမွာယူထားတဲ့ စက္ပစၥည္းေတြနဲ႔ပဲ အသံုးျပဳ စစ္ေဆးလဲလွယ္ေပးေနတာျဖစ္ပါတယ္။

Member Card စနစ္အေၾကာင္းနဲ႔ ဘယ္လို Promotion ေတြ လတ္တေလာမွာ လုပ္ေပးေနသလဲဆိုတာလည္း ေျပာျပေပးပါ။

Inya Myaing 22 အျပင္ Inya Myaing 22+ ႏွစ္ဆိုင္လံုးအတြက္ စီစဥ္ထားတဲ့ Member Card ကေတာ့ တစ္မ်ိဳးတည္းရွိပါတယ္။ စိတ္ပါ၀င္စားတဲ့ ဘယ္ Customer မဆို အခမဲ့ ၀င္ႏိုင္မွာျဖစ္ၿပီး Member Card ရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ ေရေဆးရင္ ၅၀၀က်ပ္၊ အလိုင္းမင္းခ်ိန္ရင္ ၁၀၀၀က်ပ္၊ အင္ဂ်င္၀ိုင္လဲရင္ ၁၀၀၀က်ပ္၊ ေအာက္ပိုင္းအင္ဂ်င္စစ္ေဆးျပဳျပင္ျခင္းေတြမွာ ၃% ကေန ၅% အထိ Discount ေပးပါတယ္။ အခုလအတြက္ Promotion ေတြကေတာ့ Mobil အင္ဂ်င္၀ိုင္ထည့္ရင္ Basic Package အခမဲ့စစ္ေပးၿပီး ေနာက္လေတြမွာေတာ့ ဆိုင္နဲ႔ပတ္သက္တဲ့ လက္ကမ္းစာေစာင္ေတြ ေ၀ဖို႔ ရွိပါတယ္။ အဲလက္ကမ္းစာေစာင္ေတြကို လက္ခံရတဲ့ Customer ေတြက လက္ကမ္းစာေစာင္နဲ႔အတူ ဆိုင္ကိုလာခဲ့မယ္ဆိုရင္ ကားေရေဆးခကို ၅၀% Discount ေပးမွာျဖစ္ပါတယ္။

ကုမၸဏီေတြ သံရံုးေတြ NGO ေတြနဲ႔လည္း စာခ်ဳပ္အလိုက္ Credit ေပးလုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ အဲအပိုင္းနဲ႔ပတ္သက္ၿပီး ဘယ္သူေတြနဲ႔ လက္တြဲလုပ္ကိုင္ေနတယ္ဆိုတာလည္း သိပါရေစ။

လက္ရွိမွာေတာ့ World Food Programme ၊ UNICEF ၊ World Vision ၊ ILO ၊ IO International Organization အစရွိတဲ့ ကုလသမဂၢ အဖြဲ႔အစည္းနဲ႔ NGO အဖြဲေတြက ကားေတြကို ထိန္းသိမ္းျပဳျပင္ေပးေနပါတယ္။ ထပ္ၿပီးေတာ့ နမ္သာလန္သံရံုး၊ ခ်က္သံရံု၊ ဗီယက္နာမ္သံရံုး၊ အေမရိကန္သံရံုး အီတလီသံရံုး၊ အင္ဒိုနီးရွားသံရံုး၊ မေလးရွားသံရံုး၊ နယူးဇီလန္သံရံုး၊ ေတာင္ကိုရီးယားသံရံုး အစရွိတဲ့ သံရံုးကားေတြကိုလည္း Credit စနစ္နဲ႔ ထိမ္းသိန္းျပဳျပင္ေပးေနပါတယ္။ အဓိကကေတာ့ Asian Wings Airline နဲ႔ UNOPS ကေတာ့ ကၽြန္ေတာ္တို႔ Car Service Center မွာ ကားျပဳျပင္ထိန္းသိမ္းဖို႔ကို ႏွစ္နဲ႔စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ တျခားႏိုင္ငံတကာကုမၸဏီေတြ၊ ပုဂၢလိက ကုမၸဏီေတြနဲ႔လည္း ခ်ိတ္ဆက္လုပ္ေဆာင္ေနတာေတြလည္း ရွိပါတယ္။

ဆိုင္ဖြင့္ခ်ိန္နဲ႔ ဆိုင္မွာ ဘယ္လို၀န္ထမ္းေတြ ထားရွိထားတယ္ဆိုတာေလးလည္း ေျပာျပေပးပါ။

မနက္ ၈ခြဲကေန ညေန ၆နာရီအထိ အခါႀကီးရက္ႀကီးကလဲြၿပီး ပိတ္ရက္မရွိဖြင့္လွစ္ေပးေနပါတယ္။ ကၽြန္ေတာ္ဆိုင္က ၀န္ထမ္းေတြဆိုရင္လည္း လုပ္ငန္းအေတြ႔အႀကံဳက ႏွစ္အေတာ္ၾကာေနတဲ့ ၀န္ထမ္းေတြပဲျဖစ္ပါတယ္။ ကၽြန္ေတာ္မိဘေတြ လက္ထက္၀ဂၤဘာအလိုင္းမင္းမွာကတည္းက လုပ္လာတဲ့သူေတြျဖစ္တဲ့အတြက္ အေတြ႔အႀကံဳေတြအမ်ားႀကီးရွိတဲ့ ၀န္ထမ္းေတြနဲ႔ အသစ္ျပန္ဖြဲ႔စည္းထားတယ္လို႔ ေျပာလည္းရပါတယ္။ အဲတာေၾကာင့္ Customer ေတြအေနနဲ႔လည္း ယံုၾကည္စိတ္ခ်စြာ အပ္ႏွံႏိုင္ပါတယ္။

ကားနဲ႔ပတ္သက္ၿပီး ပရိသတ္ကို ဘာမ်ား ထပ္ေလာင္းလို႔ ေျပာၾကားခ်င္ပါေသးလဲ။

အဓိကေျပာခ်င္တာကေတာ့ ခရီးေ၀းသြားမယ့္ ဘယ္သူပဲျဖစ္ျဖစ္ ကိုယ့္ကားေလးကို ခရီးမသြားခင္မွာ ယာဥ္ႀကံ့ခုိင္မႈအတြက္ Basic Package ေလာက္ေတာ့ အနည္းဆံုး စစ္ေဆးသင့္ပါတယ္။ တာယာဒိတ္လြန္ေနရင္လည္း လဲသင့္ရင္ တစ္ခါတည္းလဲရမယ္။ ကားေအာက္ပိုင္းေခ်ာင္ေနသလား။ အင္ဂ်င္မွာေကာ ဘယ္လို ျပႆနာေတြျဖစ္ႏုိင္လဲ စသျဖင့္ ခရီးမသြားခင္ ေသခ်ာစစ္ေဆးၿပီး လံုျခံဳေဘးကင္းစြာ ခရီးသြားလာႏိုင္ၾကပါေစလို႔ အႀကံျပဳ ဆုေတာင္းေပးလိုက္ပါတယ္။

—————-
ယြန္းမီမီထြန္း