Unicode version…

ကားကုမ္ပဏီတွေသည် သင့်ကားကို သတ်မှတ်ထားတဲ့အချိန် (သို့) မိုင်နှုန်းတစ်ခုမတိုင်ခင် ကောင်းမွန်အဆင်ပြေစွာ သွားလာနိုင်မယ်ဆိုတာကို အာမခံနိုင်မှာ မဟုတ်ပါဘူး။ စက်တွေအတွက်ကတော့ ပုံမှန်ပြုပြင်ဖို့ လိုအပ်ပါတယ်။ ယခုဒီစာအုပ်မှာ ကျွန်တော်တို့ DRIVE က ကားဝါသနာအိုးလည်းဖြစ် Right D Car Mechanics ပိုင်ရှင်လည်းဖြစ်သူ ကိုဇေယျာမောင်ကို သူ့ရဲ့စီးပွားရေးအကြောင်း၊ အဓိက ကားပြဿနာများနဲ့ အသုံးပြုနေတဲ့မော်တော်ယာဉ်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အင်တာဗျူးထားပါတယ်။the-fixer

DRIVE – ကားပြင်ဆရာအလုပ်ကို ဘယ်လိုစလုပ်ဖြစ်တာလဲ၊

ကိုဇေယျာ – ကားပြင်ဆရာအလုပ်ကို ၂၀၁၃ ခုနှစ် မေလလောက်ကစလုပ်ဖြစ်တာပါ။ လုပ်ဖြစ်တာကလည်း ကျွန်တော်ကိုယ်တိုင် Myanmar Motor Sport Association (MMSA) မှာ ဝင်ပြိုင်ခဲ့တုန်းက ကားတွေပျက်ပြီး အရေးတကြီးပြင်ဖို့လိုပြီဆိုရင် အလွယ်တကူပြင်ဖို့ မလွယ်တာကို ကိုယ်တိုင်ကြုံရတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကားပြင်အလုပ်ကိုဝါသနာပါတယ်။ ကျောင်းကလည်း Machanics နဲ့တက်နေတာဆိုတော့ ကားပြင်လုပ်ငန်းကို စိတ်ဝင်စားတယ်။ ပြီးတော့လည်း ပြိုင်ကားမောင်းတဲ့သူတွေအတွက် ကားပျက်လို့အရေးကြီးပြီဆိုရင် ပြင်ပေးနိုင်တဲ့သူတွေလည်း မရှိဘူး။ အဲတော့ ဈေးသက်သက်သာသာနဲ့ အရေးတကြီးဖြစ်ပြီဆိုရင် တန်းပြင်ပေးနိုင်တဲ့ ကားပြင်လုပ်ငန်းကို ဝါသနာအရ ၂၀၁၃ မေလောက်မှာ Right D

ဆိုတဲ့ နာမည်နဲ့ online ကနေ on call ပုံစံနဲ့ စလုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၅ ဇန်နဝါရီမှာ Right D Myanmar ဆိုပြီးတော့ သူငယ်ချင်းတွေနဲ့ ရှယ်ယာပေါင်းပြီး ကားပြင်လုပ်ငန်းကို ထပ်ချဲ့ဖြစ်ခဲ့တယ်။ လတ်တလောမှာတော့ နေရာသုံးခုမှာ လုပ်ငန်းတစ်ခုစီကို ခွဲလုပ်တယ်။ ဘော်ဒီရုံတစ်ရုံ၊ ဝပ်ရှော့တစ်ခုနဲ့ ွမေေါန တစ်ခုပါတယ်။ ကားစွမ်းရည်ကောင်းမွန်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ ကားအလှဆင်လုပ်ငန်းတွေကို အဓိကလုပ်ဖြစ်ပါတယ်။

DRIVE – ကျင်းပတဲ့ ပွဲမှာလည်း ဆုရခဲ့တယ်လို့ သိထားပါတယ်။ အဲဒီအကြောင်းလေးနဲ့ အတွေ့အကြံုလေးတွေကိုလည်း ပြန်ပြောပြပေးပါ။

ကိုဇေယျာ – Myanmar Motor Sport Association (MMSA) က ကြီးမှူးကျင်းပတဲ့ Race Event 2

မှာ မြန်မာတစ်နိုင်ငံလုံး ဒုတိယရခဲ့ပါတယ်။ ပြိုင်ပွဲမှာ ကြံုခဲ့ရတာတွေကတော့ ကိုယ်ကားပျက်သွားခဲ့ရင် ကူညီမယ့်သူမရှိဘူး။ ကိုယ်တိုင်ကလည်း ကားပြင်တာတွေနဲ့ပတ်သက်ပြီး အခုလောက်ထိ တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သေးဘူး။ Online service လောက်ပဲ ဝါသနာအရ လုပ်နိုင်သေးတဲ့အတွက် ပြိုင်ပွဲမှာ spare parts တွေလိုရင် ဒုက္ခရောက်ခဲ့ရတယ်။

DRIVE – ကားပြင်လုပ်ငန်းနဲ့ပတ်သက်ပြီး သင်ခဲ့ဖူးတာတွေရှိလား၊

ကိုဇေယျာ – ၂၀၁၅ ခုနှစ် လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော့်သူငယ်ချင်း ကားပြင်ဆရာတွေရဲ့ ဆက်သွယ်ပေးမှုနဲ့ တရုတ်ပြည်က ဝပ်ရှော့တစ်ခုမှာ သင်တန်းတက်ခဲ့ဖူးပါတယ်။ ပြီးတော့ Liquid Gold ဆိုတဲ့ အင်ဂျင်ဝိုင်ကုမ္ပဏီရဲ့ စပွန်ဆာပေးမှုနဲ့ အင်ဂျင်ဝိုင်နဲ့ပတ်သက်တဲ့ training တစ်ခုကိုလည်း စင်ကာပူမှာ တစ်ပတ်သွားတက်ခဲ့တယ်။ လက်ရှိမှာတော့ ဗစ်တိုးရီးကား တက္ကသိုလ်မှာ Auto Mobile Specialize အဖြစ် တက်ရောက်နေပါတယ်။

DRIVE – နောက်ပိုင်းမှာကော ကားပြင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ။

ကိုဇေယျာ – ဒီနှစ်ထဲမှာပဲ ကျွန်တော့်အနေနဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး သုဝဏ္ဏနားက ကားမောင်းကွင်းကို ငှားမယ်။ အဲဒီမှာ ကားမောင်းတဲ့ Track ကွင်းတစ်ခုပါမယ်။ ဝပ်ရှော့ပါမယ်။

Dinning Bar & Resturant တစ်ခုပါမယ်။

(ဥပမာ-တာယာတစ်ခုခုဖြစ်ရင် တန်းလုပ်ပေးနိုင်တဲ့ service မျိုးကို ပြောတာပါ။) ပြီးတော့ Dinning Bar & Resturant တစ်ခုပါမယ်။ အဲဒီလုပ်ငန်းကို ဒီနှစ်ထဲမှာပဲ ဖြစ်အောင်လုပ်ဖို့ စီစဉ်ထားပါတယ်။

DRIVE – အောင်မြင်တဲ့ကားလုပ်ငန်းအဖြစ် ရပ်တည်နိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ။

ကိုဇေယျာ – ကိုယ့်အလုပ်မှာလာအပ်တဲ့ ကားတွေကို ရက်ချိန်းတိတိကျကျလုပ်ပေးတာတို့၊ ကွာလတီမှန်မှန်၊ စေတနာမှန်မှန်နဲ့ လာအပ်သူတွေ စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးတာတွေကလည်း ကျွန်တော်တို့ရဲ့ ကားပြင်လုပ်ငန်းတွေကို ပိုပြီးအောင်မြင်ဖို့ အထောက်အကူဖြစ်လာမှာပါ။ ပြီးတော့ ကျွန်တော်က စီးပွားရေးအရလုပ်တာမဟုတ်ဘဲ ဝါသနာအရလုပ်တာဖြစ်တဲ့အတွက် အမြတ်များများနဲ့ ကားနည်းနည်းပဲ ရတာထက် အမြတ်နည်းနည်းနဲ့ ကားတွေများများ ပိုတင်သွင်းလာနိုင်တာက ကျွန်တော်တို့ ပြိုင်ကားပြုပြင်ရေးလုပ်ငန်းတွေအတွက်လည်း စိတ်တိုင်းကျပြင်ဆင်ပြုလုပ်ခွင့်ရတာပေါ့ဗျာ။

DRIVE – ကားသစ်တင်သွင်းခွင့်တွေ ပိတ်လိုက်တာနဲ့ပတ်သက်ပြီး အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ်လို့ ခင်ဗျားထင်လဲ။

ကိုဇေယျာ – ပွင့်ပွင့်လင်းလင်းပြောရရင် မူလပစ္စည်းက စက်ရုံထုတ်ဈေး ၂၀ဝဝ တန်တယ်ပဲထား။ Dailer တွေဆီရောက်ရင် ၃၀ဝဝ လောက်ဖြစ်သွားတတ်တာ ပုံမှန်ဆိုပေမယ့် ရန်ကုန်ဈေးကွက်မှာကျတော့ ၃၀ဝဝ လောက်ပြန်ရောင်းမယ့်အစား နှစ်ဆ၊ သုံးဆလောက်အထိ ဈေးတင်တာတွေ ရှိတတ်တယ်။ ကျွန်တော်ကိုယ်တိုင်က ပြိုင်ကားတွေဘက်ကို ပိုအားသန်ပါတယ်။ ဒါကြောင့် ပြိုင်ကားကို ရူးသွပ်တဲ့သူတွေ၊ Sporty ကျကျ စီးချင်တဲ့ လူငယ်တွေအတွက် သူတို့လိုချင်တဲ့ ဘယ်ပစ္စည်းကိုမဆို ပစ္စည်းမှန် ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင်လုပ်ပေးချင်တယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ကနေ ကားတင်သွင်းတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိပါတယ်။ လတ်တလော စည်းမျည်းတွေအရဆိုရင် ၂၀ဝ၆ နောက်ပိုင်းကားတွေဆိုရင် out of model ဖြစ်သွားတဲ့အတွက် တင်သွင်းခွင့် မရတော့ဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ပြိုင်ကားတချို့ (ဥပမာ- Japaness domestic motor လို့ခေါ်တဲ့ ဂန္ထဝင်မြောက်ကားတွေ)ဆိုရင် 2016 model အောက်တွေပဲ ဖြစ်နေတယ်။ အစိုးရကလည်း တင်သွင်းခွင့်တွေကို ကန့်သတ်ထားတော့ ဘာပဲဖြစ်ဖြစ် အခုအစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့လို ပြိုင်ကားချစ်တဲ့သူတွေအတွက် အဲဒီစည်းမျဉ်းတွေကို အနည်းငယ်လျှော့ပေါ့ပေးမယ်ဆိုရင် ကျွန်တော်တို့ကားလုပ်ငန်းလုပ်သူတွေအတွက် တော်တော်ကို အခွင့်အလမ်းတွေ ပိုများလာမယ်လို့မြင်မိပါတယ်။

DRIVE – ကားမှာ ပုံမှန်ဖြစ်တတ်တဲ့ပြဿနာတွေအပြင် တခြားဘယ်လိုပြဿနာမျိုးတွေ ဖြစ်တတ်ပါသလဲ။

ကိုဇေယျာ – ကျွန်တော်ကတော့ ပြိုင်ကားတွေကိုသီးသန့်ဆိုတော့ ပြိုင်ကားနယ်ပယ်ထဲကနေပဲ ပြောချင်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ဖြစ်တတ်တာတွေဆိုရင် အင်ဂျင်ဝိုင်ခန်းသွားတတ်တာမျိုး၊ ရုတ်တရက်စက်ရပ်လိုက်လို့ turbo ပျက်သွားတတ်တာမျိုး၊ ပြီးတော့ အင်ဂျင်မှာ သာမန်မဟုတ်တဲ့ ပြဿနာတွေ ဖြစ်လာတာမျိုးတွေအပြင် ECU ပိုင်းမှာ censer တွေ ကြောင်သွားတတ်တာမျိုးတို့၊ ကားအောက်ပိုင်း စပရိန်တွေ ကျိုးသွားတတ်တာမျိုးတွေလည်း ဖြစ်တတ်တယ်။ ဥပမာပြောရရင် ကျွန်တော့်ကားကို အစမ်းမောင်းတဲ့နေ့ကဆိုရင် ၂၃၆ ကီလိုမီတာအရောက်မှာ အပူချိန်တွေတအားမြင့်လာပြီး(high pressure) အင်ဂျင်ဝိုင်တွေပန်းထွက်သွားတယ်။ ကျွန်တော့်ကားလည်း ဘက်ထရီဟန်းသွားတယ် (အင်ဂျင်ပြဿနာတက်သွားတယ်)။ ဒီလိုပြသနာတွေက တော်ရုံတန်ရုံ များသောအားဖြင့်တော့ မဖြစ်တတ်တဲ့ ကိစ္စတွေပါ။

DRIVE – ခင်ဗျားနဲ့အလုပ်အတူတူလုပ်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ အလုပ်သမားတွေကိုရော

ဘယ်လိုမျိုး လေ့ကျင့်ပေးထားလဲ။

ကိုဇေယျာ – ကျွန်တော်က အလုပ်ရုံသုံးရုံခွဲထားတယ်။ တစ်ရုံစီမှာ အောက်က ဝန်ထမ်းကို အုပ်ချုပ်တဲ့ စီနီယာဝန်ထမ်း၊ ခေါင်းဆောင်တွေ၊ ကြီးကြပ်သူတွေ စသဖြင့် အဆင့်ဆင့် ခွဲထားပါတယ်။ ဝပ်ရှော့ဆရာတွေ၊ ကားဘော်ဒီပိုင်းသီးသန့်လုပ်တဲ့သူတွေ၊ ကားပြုပြင်ထိန်းသိမ်းရေးပိုင်းလုပ်တဲ့သူတွေဆိုပြီး အလုပ်ရုံ သုံးရုံလုံးမှာ အလုပ်သမား ၃၀ လောက်ရှိပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်စလုပ်ကတည်းက ကျွန်တော်တို့်မှာ project plan ကြီးတစ်ခုလုံးကို ဆွဲပေးတဲ့သူရှိတယ်။ သူဆွဲပေးတဲ့အစီအစဉ်အတိုင်း လုပ်ဆောင်ပြီး ဝန်ထမ်းတွေကိုလည်း ကားပြင်သူတွေ စိတ်တိုင်းကျဖြစ်ဖို့၊ အချိန်မီပြီးအောင်လုပ်ပေးနိုင်ဖို့အတွက် သေချာလေ့ကျင့်ပေးထားပါတယ်။

DRIVE – ကားတစ်စီး တာရှည်အသုံးခံရေးနဲ့ပတ်သက်ပြီး ကားပိုင်ရှင်တွေ ဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းမှုတွေကို ပြုလုပ်သင့်ပါသလဲ၊

ကိုဇေယျာ – ကားပိုင်ရှင်တွေအနေနဲ့ သူတို့ကားတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုရင် ဥပမာ ရန်ကုန်ကနေ မန္တလေးသွားတာပဲဖြစ်ဖြစ် မန္တလေးကနေ ရန်ကုန်လာရင်ပဲဖြစ်ဖြစ် ခရီးရှည်သွားပြီးတဲ့အခါတိုင်းရော မသွားခင်အချိန်မှာပါ ကားအောက်ပိုင်းကအစ ပြန်စစ်ရမယ်။ ပြိုင်ကားမောင်းတဲ့သူတွေအနေနဲ့ဆိုရင်လည်း တာယာကိုစစ်ရမယ်။ မြင်းကောင်ရေအားသိပ်များတဲ့ ကားတွေဆိုရင် ဝယ်ဝယ်ချင်းအသစ်မှာပဲ တာယာ ချော်တတ်တဲ့အတွက် တာယာကို သေချာစစ်ရမယ်။ ပြီးတော့ အမြန်နှုန်းနဲ့ ကားကိုကွေ့တဲ့အချိန်မှာလည်း ကားကိုမှောက်မသွားအောင် ထိန်းပေးနိုင်တဲ့ short absorver တွေကို ကိုယ့်ကားသက်တမ်းအလိုက် ရွေးချယ်တတ်ရမယ်။ အရင်တုန်းကဆိုရင် သတိ ဆီ ရေ လေ ဝိုင် ဆိုတဲ့ စကားအတိုင်း ကိုယ်တိုင်ကားမမောင်းခင်မှာ ဒီအချက်တွေကိုတော့ သေချာပေါက် စစ်ဆေးသင့်ပါတယ် ပြီးတော့ ကားပိုင်ရှင်ရဲ့ စိတ်ပေါ်မူတည်ပြီး ကိုယ့်ကားလေးကို ပိုလှချင်ရင် ပိုအချိန်ပေးရပါတယ်။ ပြီးတော့ ကိုယ့်ကားလေးပြီးစီးသွားပြီဆိုရင်လည်း ကားလေးကိုထိုင်ကြည့်လို့ရတဲ့ ကော်ဖီဆိုင်လေးမှာဖြစ်ဖြစ် စားသောက်ဆိုင်လေးမှာဖြစ်ဖြစ် ထိုင်ပြီးတော့ ကိုယ့်ကားလေးကို ထိုင်ကြည့်တတ်ကြတယ်။ ပြီးတော့ ပြိုင်ကားသမားတွေမှာဖြစ်တတ်တဲ့ နောက်ထပ်ပြဿနာတစ်ခုက ကောင်မလေးတွေနဲ့ ပြဿနာတက်တာပါပဲ။ ကိုယ်ကကားအပေါ်မှာပဲ စိတ်ရောက်နေတော့ သူတို့ကို အချိန်မပေးနိုင်တာတို့ တစ်ခါတစ်လေ ကားအကြောင်းပဲ ဆွေးနွေးနေတော့ သူတို့ဘေးနားမှရှိတာတောင် မေ့နေလို့ ကောင်မလေးနဲ့ပြတ်တဲ့အထိတောင်

ဖြစ်တာတွေအထိ ရှိတယ်။

Zawgyi version…

ကားကုမၸဏီေတြသည္ သင့္ကားကို သတ္မွတ္ထားတဲ့အခ်ိန္ (သို႔) မိုင္ႏႈန္းတစ္ခုမတိုင္ခင္ ေကာင္းမြန္အဆင္ေျပစြာ သြားလာႏိုင္မယ္ဆိုတာကို အာမခံႏိုင္မွာ မဟုတ္ပါဘူး။ စက္ေတြအတြက္ကေတာ့ ပံုမွန္ျပဳျပင္ဖို႔ လိုအပ္ပါတယ္။ ယခုဒီစာအုပ္မွာ ကြ်န္ေတာ္တို႔ DRIVE က ကားဝါသနာအိုးလည္းျဖစ္ Right D Car Mechanics  ပိုင္ရွင္လည္းျဖစ္သူ ကိုေဇယ်ာေမာင္ကို သူ႔ရဲ႕စီးပြားေရးအေၾကာင္း၊ အဓိက ကားျပႆနာမ်ားနဲ႔ အသံုးျပဳေနတဲ့ေမာ္ေတာ္ယာဥ္ကို ဘယ္လိုထိန္းသိမ္းရမယ္ဆိုတာ အင္တာဗ်ဴးထားပါတယ္။the-fixer

DRIVE – ကားျပင္ဆရာအလုပ္ကို ဘယ္လိုစလုပ္ျဖစ္တာလဲ၊

ကိုေဇယ်ာ – ကားျပင္ဆရာအလုပ္ကို ၂၀၁၃ ခုႏွစ္ ေမလေလာက္ကစလုပ္ျဖစ္တာပါ။ လုပ္ျဖစ္တာကလည္း ကြ်န္ေတာ္ကိုယ္တိုင္ Myanmar Motor Sport Association (MMSA) မွာ ဝင္ၿပိဳင္ခဲ့တုန္းက ကားေတြပ်က္ၿပီး အေရးတႀကီးျပင္ဖို႔လိုၿပီဆိုရင္ အလြယ္တကူျပင္ဖို႔ မလြယ္တာကို ကိုယ္တိုင္ႀကံဳရတယ္။ ကြ်န္ေတာ္ကိုယ္တိုင္ကလည္း ကားျပင္အလုပ္ကိုဝါသနာပါတယ္။ ေက်ာင္းကလည္း Machanics နဲ႔တက္ေနတာဆိုေတာ့ ကားျပင္လုပ္ငန္းကို စိတ္ဝင္စားတယ္။ ၿပီးေတာ့လည္း ၿပိဳင္ကားေမာင္းတဲ့သူေတြအတြက္ ကားပ်က္လို႔အေရးႀကီးၿပီဆိုရင္ ျပင္ေပးႏိုင္တဲ့သူေတြလည္း မရွိဘူး။ အဲေတာ့ ေဈးသက္သက္သာသာနဲ႔ အေရးတႀကီးျဖစ္ၿပီဆိုရင္ တန္းျပင္ေပးႏိုင္တဲ့ ကားျပင္လုပ္ငန္းကို ဝါသနာအရ ၂၀၁၃ ေမေလာက္မွာ Right D

ဆိုတဲ့ နာမည္နဲ႔ online ကေန on call ပံုစံနဲ႔ စလုပ္ျဖစ္ခဲ့တာပါ။ ၂၀၁၅ ဇန္နဝါရီမွာ Right D Myanmar ဆိုၿပီးေတာ့ သူငယ္ခ်င္းေတြနဲ႔ ရွယ္ယာေပါင္းၿပီး ကားျပင္လုပ္ငန္းကို ထပ္ခ်ဲ႕ျဖစ္ခဲ့တယ္။ လတ္တေလာမွာေတာ့ ေနရာသံုးခုမွာ လုပ္ငန္းတစ္ခုစီကို ခြဲလုပ္တယ္။ ေဘာ္ဒီ႐ံုတစ္႐ံု၊ ဝပ္ေရွာ့တစ္ခုနဲ႔ ြေမေါန တစ္ခုပါတယ္။ ကားစြမ္းရည္ေကာင္းမြန္ေရး၊ ျပဳျပင္ထိန္းသိမ္းေရး၊ ကားအလွဆင္လုပ္ငန္းေတြကို အဓိကလုပ္ျဖစ္ပါတယ္။

DRIVE – က်င္းပတဲ့ ပြဲမွာလည္း ဆုရခဲ့တယ္လို႔ သိထားပါတယ္။ အဲဒီအေၾကာင္းေလးနဲ႔ အေတြ႔အႀကံဳေလးေတြကိုလည္း ျပန္ေျပာျပေပးပါ။

ကိုေဇယ်ာ – Myanmar Motor Sport Association (MMSA) က ႀကီးမွဴးက်င္းပတဲ့ Race Event 2

မွာ ျမန္မာတစ္ႏိုင္ငံလံုး ဒုတိယရခဲ့ပါတယ္။ ၿပိဳင္ပြဲမွာ ႀကံဳခဲ့ရတာေတြကေတာ့ ကိုယ္ကားပ်က္သြားခဲ့ရင္ ကူညီမယ့္သူမရွိဘူး။ ကိုယ္တိုင္ကလည္း ကားျပင္တာေတြနဲ႔ပတ္သက္ၿပီး အခုေလာက္ထိ တြင္တြင္က်ယ္က်ယ္ မလုပ္ႏိုင္ေသးဘူး။ Online service ေလာက္ပဲ ဝါသနာအရ လုပ္ႏိုင္ေသးတဲ့အတြက္ ၿပိဳင္ပြဲမွာ spare parts ေတြလိုရင္ ဒုကၡေရာက္ခဲ့ရတယ္။

DRIVE – ကားျပင္လုပ္ငန္းနဲ႔ပတ္သက္ၿပီး သင္ခဲ့ဖူးတာေတြရွိလား၊

ကိုေဇယ်ာ – ၂၀၁၅ ခုႏွစ္ လုပ္ငန္းေတြ တိုးခ်ဲ႕လုပ္ကိုင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ကြ်န္ေတာ့္သူငယ္ခ်င္း ကားျပင္ဆရာေတြရဲ႕ ဆက္သြယ္ေပးမႈနဲ႔ တ႐ုတ္ျပည္က ဝပ္ေရွာ့တစ္ခုမွာ သင္တန္းတက္ခဲ့ဖူးပါတယ္။ ၿပီးေတာ့ Liquid Gold ဆိုတဲ့ အင္ဂ်င္ဝိုင္ကုမၸဏီရဲ႕ စပြန္ဆာေပးမႈနဲ႔ အင္ဂ်င္ဝိုင္နဲ႔ပတ္သက္တဲ့ training တစ္ခုကိုလည္း စင္ကာပူမွာ တစ္ပတ္သြားတက္ခဲ့တယ္။ လက္ရွိမွာေတာ့ ဗစ္တိုးရီးကား တကၠသိုလ္မွာ Auto Mobile Specialize အျဖစ္ တက္ေရာက္ေနပါတယ္။

DRIVE – ေနာက္ပိုင္းမွာေကာ ကားျပင္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ဘာေတြဆက္လုပ္သြားဖို႔ ရွိပါသလဲ။

ကိုေဇယ်ာ – ဒီႏွစ္ထဲမွာပဲ ကြ်န္ေတာ့္အေနနဲ႔ ကုမၸဏီတစ္ခုနဲ႔ ပူးေပါင္းၿပီး သုဝဏၰနားက ကားေမာင္းကြင္းကို ငွားမယ္။ အဲဒီမွာ ကားေမာင္းတဲ့ Track ကြင္းတစ္ခုပါမယ္။ ဝပ္ေရွာ့ပါမယ္။

Dinning Bar & Resturant တစ္ခုပါမယ္။

(ဥပမာ-တာယာတစ္ခုခုျဖစ္ရင္ တန္းလုပ္ေပးႏိုင္တဲ့ service မ်ိဳးကို ေျပာတာပါ။) ၿပီးေတာ့ Dinning Bar & Resturant တစ္ခုပါမယ္။ အဲဒီလုပ္ငန္းကို ဒီႏွစ္ထဲမွာပဲ ျဖစ္ေအာင္လုပ္ဖို႔ စီစဥ္ထားပါတယ္။

DRIVE – ေအာင္ျမင္တဲ့ကားလုပ္ငန္းအျဖစ္ ရပ္တည္ႏိုင္ဖို႔ ဘာေတြလိုအပ္ပါသလဲ။

ကိုေဇယ်ာ – ကိုယ့္အလုပ္မွာလာအပ္တဲ့ ကားေတြကို ရက္ခ်ိန္းတိတိက်က်လုပ္ေပးတာတို႔၊ ကြာလတီမွန္မွန္၊ ေစတနာမွန္မွန္နဲ႔ လာအပ္သူေတြ စိတ္တိုင္းက်ျဖစ္ေအာင္ လုပ္ေပးတာေတြကလည္း ကြ်န္ေတာ္တို႔ရဲ႕ ကားျပင္လုပ္ငန္းေတြကို ပိုၿပီးေအာင္ျမင္ဖို႔ အေထာက္အကူျဖစ္လာမွာပါ။ ၿပီးေတာ့ ကြ်န္ေတာ္က စီးပြားေရးအရလုပ္တာမဟုတ္ဘဲ ဝါသနာအရလုပ္တာျဖစ္တဲ့အတြက္ အျမတ္မ်ားမ်ားနဲ႔ ကားနည္းနည္းပဲ ရတာထက္ အျမတ္နည္းနည္းနဲ႔ ကားေတြမ်ားမ်ား ပိုတင္သြင္းလာႏိုင္တာက ကြ်န္ေတာ္တို႔ ၿပိဳင္ကားျပဳျပင္ေရးလုပ္ငန္းေတြအတြက္လည္း စိတ္တိုင္းက်ျပင္ဆင္ျပဳလုပ္ခြင့္ရတာေပါ့ဗ်ာ။

DRIVE – ကားသစ္တင္သြင္းခြင့္ေတြ ပိတ္လိုက္တာနဲ႔ပတ္သက္ၿပီး အနာဂတ္မွာ ဘယ္လိုျဖစ္လာမယ္လို႔ ခင္ဗ်ားထင္လဲ။

ကိုေဇယ်ာ – ပြင့္ပြင့္လင္းလင္းေျပာရရင္ မူလပစၥည္းက စက္႐ံုထုတ္ေဈး ၂၀ဝ၀ တန္တယ္ပဲထား။ Dailer ေတြဆီေရာက္ရင္ ၃၀ဝ၀ ေလာက္ျဖစ္သြားတတ္တာ ပံုမွန္ဆိုေပမယ့္ ရန္ကုန္ေဈးကြက္မွာက်ေတာ့ ၃၀ဝ၀ ေလာက္ျပန္ေရာင္းမယ့္အစား ႏွစ္ဆ၊ သံုးဆေလာက္အထိ ေဈးတင္တာေတြ ရွိတတ္တယ္။ ကြ်န္ေတာ္ကိုယ္တိုင္က ၿပိဳင္ကားေတြဘက္ကို ပိုအားသန္ပါတယ္။ ဒါေၾကာင့္ ၿပိဳင္ကားကို ႐ူးသြပ္တဲ့သူေတြ၊ Sporty က်က် စီးခ်င္တဲ့ လူငယ္ေတြအတြက္ သူတို႔လိုခ်င္တဲ့ ဘယ္ပစၥည္းကိုမဆို ပစၥည္းမွန္ ေဈးသက္သက္သာသာနဲ႔ ဝယ္ႏိုင္ေအာင္လုပ္ေပးခ်င္တယ္။ ကြ်န္ေတာ္တို႔အေနနဲ႔ နယ္စပ္ကေန ကားတင္သြင္းတဲ့ေနရာမွာ အခက္အခဲေလးေတြ ရွိပါတယ္။ လတ္တေလာ စည္းမ်ည္းေတြအရဆိုရင္ ၂၀ဝ၆ ေနာက္ပိုင္းကားေတြဆိုရင္ out of model ျဖစ္သြားတဲ့အတြက္ တင္သြင္းခြင့္ မရေတာ့ဘူး။ ကြ်န္ေတာ္တို႔ လိုခ်င္တဲ့ ၿပိဳင္ကားတခ်ိဳ႕ (ဥပမာ- Japaness domestic motor လို႔ေခၚတဲ့ ဂႏၴဝင္ေျမာက္ကားေတြ)ဆိုရင္ 2016 model ေအာက္ေတြပဲ ျဖစ္ေနတယ္။ အစိုးရကလည္း တင္သြင္းခြင့္ေတြကို ကန္႔သတ္ထားေတာ့ ဘာပဲျဖစ္ျဖစ္ အခုအစိုးရသစ္လက္ထက္မွာ ကြ်န္ေတာ္တို႔လို ၿပိဳင္ကားခ်စ္တဲ့သူေတြအတြက္ အဲဒီစည္းမ်ဥ္းေတြကို အနည္းငယ္ေလွ်ာ့ေပါ့ေပးမယ္ဆိုရင္ ကြ်န္ေတာ္တို႔ကားလုပ္ငန္းလုပ္သူေတြအတြက္ ေတာ္ေတာ္ကို အခြင့္အလမ္းေတြ ပိုမ်ားလာမယ္လို႔ျမင္မိပါတယ္။

DRIVE – ကားမွာ ပံုမွန္ျဖစ္တတ္တဲ့ျပႆနာေတြအျပင္ တျခားဘယ္လိုျပႆနာမ်ိဳးေတြ ျဖစ္တတ္ပါသလဲ။

ကိုေဇယ်ာ – ကြ်န္ေတာ္ကေတာ့ ၿပိဳင္ကားေတြကိုသီးသန္႔ဆိုေတာ့ ၿပိဳင္ကားနယ္ပယ္ထဲကေနပဲ ေျပာခ်င္ပါတယ္။ ပံုမွန္မဟုတ္ဘဲ ျဖစ္တတ္တာေတြဆိုရင္ အင္ဂ်င္ဝိုင္ခန္းသြားတတ္တာမ်ိဳး၊ ႐ုတ္တရက္စက္ရပ္လိုက္လို႔ turbo ပ်က္သြားတတ္တာမ်ိဳး၊ ၿပီးေတာ့ အင္ဂ်င္မွာ သာမန္မဟုတ္တဲ့ ျပႆနာေတြ ျဖစ္လာတာမ်ိဳးေတြအျပင္ ECU ပိုင္းမွာ censer ေတြ ေၾကာင္သြားတတ္တာမ်ိဳးတို႔၊ ကားေအာက္ပိုင္း စပရိန္ေတြ က်ိဳးသြားတတ္တာမ်ိဳးေတြလည္း ျဖစ္တတ္တယ္။ ဥပမာေျပာရရင္ ကြ်န္ေတာ့္ကားကို အစမ္းေမာင္းတဲ့ေန႔ကဆိုရင္ ၂၃၆ ကီလိုမီတာအေရာက္မွာ အပူခ်ိန္ေတြတအားျမင့္လာၿပီး(high pressure) အင္ဂ်င္ဝိုင္ေတြပန္းထြက္သြားတယ္။ ကြ်န္ေတာ့္ကားလည္း ဘက္ထရီဟန္းသြားတယ္ (အင္ဂ်င္ျပႆနာတက္သြားတယ္)။ ဒီလိုျပသနာေတြက ေတာ္႐ံုတန္႐ံု မ်ားေသာအားျဖင့္ေတာ့ မျဖစ္တတ္တဲ့ ကိစၥေတြပါ။

DRIVE – ခင္ဗ်ားနဲ႔အလုပ္အတူတူလုပ္ေနတဲ့သူ ဘယ္ႏွစ္ေယာက္ရွိလဲ။ အလုပ္သမားေတြကိုေရာ

ဘယ္လိုမ်ိဳး ေလ့က်င့္ေပးထားလဲ။

ကိုေဇယ်ာ – ကြ်န္ေတာ္က အလုပ္႐ံုသံုး႐ံုခြဲထားတယ္။ တစ္႐ံုစီမွာ ေအာက္က ဝန္ထမ္းကို အုပ္ခ်ဳပ္တဲ့ စီနီယာဝန္ထမ္း၊ ေခါင္းေဆာင္ေတြ၊ ႀကီးၾကပ္သူေတြ စသျဖင့္ အဆင့္ဆင့္ ခြဲထားပါတယ္။ ဝပ္ေရွာ့ဆရာေတြ၊ ကားေဘာ္ဒီပိုင္းသီးသန္႔လုပ္တဲ့သူေတြ၊ ကားျပဳျပင္ထိန္းသိမ္းေရးပိုင္းလုပ္တဲ့သူေတြဆိုၿပီး အလုပ္႐ံု သံုး႐ံုလံုးမွာ အလုပ္သမား ၃၀ ေလာက္ရွိပါတယ္။ ဒီလုပ္ငန္းကို ကြ်န္ေတာ္စလုပ္ကတည္းက ကြၽန္ေတာ္တို္႔မွာ project plan ႀကီးတစ္ခုလံုးကို ဆြဲေပးတဲ့သူရွိတယ္။ သူဆြဲေပးတဲ့အစီအစဥ္အတိုင္း လုပ္ေဆာင္ၿပီး ဝန္ထမ္းေတြကိုလည္း ကားျပင္သူေတြ စိတ္တိုင္းက်ျဖစ္ဖို႔၊ အခ်ိန္မီၿပီးေအာင္လုပ္ေပးႏိုင္ဖို႔အတြက္ ေသခ်ာေလ့က်င့္ေပးထားပါတယ္။

DRIVE – ကားတစ္စီး တာရွည္အသံုးခံေရးနဲ႔ပတ္သက္ၿပီး ကားပိုင္ရွင္ေတြ ဘယ္လိုမ်ိဳးျပဳျပင္ထိန္းသိမ္းမႈေတြကို ျပဳလုပ္သင့္ပါသလဲ၊

ကိုေဇယ်ာ – ကားပိုင္ရွင္ေတြအေနနဲ႔ သူတို႔ကားေတြကို ဘယ္လိုစစ္ေဆးရမလဲဆိုရင္ ဥပမာ ရန္ကုန္ကေန မႏၱေလးသြားတာပဲျဖစ္ျဖစ္ မႏၱေလးကေန ရန္ကုန္လာရင္ပဲျဖစ္ျဖစ္ ခရီးရွည္သြားၿပီးတဲ့အခါတိုင္းေရာ မသြားခင္အခ်ိန္မွာပါ ကားေအာက္ပိုင္းကအစ ျပန္စစ္ရမယ္။ ၿပိဳင္ကားေမာင္းတဲ့သူေတြအေနနဲ႔ဆိုရင္လည္း တာယာကိုစစ္ရမယ္။ ျမင္းေကာင္ေရအားသိပ္မ်ားတဲ့ ကားေတြဆိုရင္ ဝယ္ဝယ္ခ်င္းအသစ္မွာပဲ တာယာ ေခ်ာ္တတ္တဲ့အတြက္ တာယာကို ေသခ်ာစစ္ရမယ္။ ၿပီးေတာ့ အျမန္ႏႈန္းနဲ႔ ကားကိုေကြ႔တဲ့အခ်ိန္မွာလည္း ကားကိုေမွာက္မသြားေအာင္ ထိန္းေပးႏိုင္တဲ့ short absorver ေတြကို ကိုယ့္ကားသက္တမ္းအလိုက္ ေရြးခ်ယ္တတ္ရမယ္။ အရင္တုန္းကဆိုရင္ သတိ ဆီ ေရ ေလ ဝိုင္ ဆိုတဲ့ စကားအတိုင္း ကိုယ္တိုင္ကားမေမာင္းခင္မွာ ဒီအခ်က္ေတြကိုေတာ့ ေသခ်ာေပါက္ စစ္ေဆးသင့္ပါတယ္ ၿပီးေတာ့ ကားပိုင္ရွင္ရဲ႕ စိတ္ေပၚမူတည္ၿပီး ကိုယ့္ကားေလးကို ပိုလွခ်င္ရင္ ပိုအခ်ိန္ေပးရပါတယ္။ ၿပီးေတာ့ ကိုယ့္ကားေလးၿပီးစီးသြားၿပီဆိုရင္လည္း ကားေလးကိုထိုင္ၾကည့္လို႔ရတဲ့ ေကာ္ဖီဆိုင္ေလးမွာျဖစ္ျဖစ္ စားေသာက္ဆိုင္ေလးမွာျဖစ္ျဖစ္ ထိုင္ၿပီးေတာ့ ကိုယ့္ကားေလးကို ထိုင္ၾကည့္တတ္ၾကတယ္။ ၿပီးေတာ့ ၿပိဳင္ကားသမားေတြမွာျဖစ္တတ္တဲ့ ေနာက္ထပ္ျပႆနာတစ္ခုက ေကာင္မေလးေတြနဲ႔ ျပႆနာတက္တာပါပဲ။ ကိုယ္ကကားအေပၚမွာပဲ စိတ္ေရာက္ေနေတာ့ သူတို႔ကို အခ်ိန္မေပးႏိုင္တာတို႔ တစ္ခါတစ္ေလ ကားအေၾကာင္းပဲ ေဆြးေႏြးေနေတာ့ သူတို႔ေဘးနားမွရွိတာေတာင္ ေမ့ေနလို႔ ေကာင္မေလးနဲ႔ျပတ္တဲ့အထိေတာင္

ျဖစ္တာေတြအထိ ရွိတယ္။