Unicode version…

မန္တလေးမြို့သည် ဆိုင်ကယ်အမျိုးအစားပေါင်း များစွာရှိသည့် ဆိုင်ကယ်မြို့တော်ဖြစ်သကဲ့သို့ အိမ်တိုင်းလူတိုင်း တွင် ဆိုင်ကယ်တစ်စီးခန့့်ပိုင်ဆိုင်ကြသည်။တချိန်က နေညိုချိန်တွင် နန်းမြို့ကျုံးကို ပတ်ကာ စက်ဘီးစီးသော ခေတ်ကာလသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ရာ ဆိုင်ကယ်များနှင့် မန္တလေးဟုဆိုရမည့် ခေတ်ရေစီးကြောင်း ကို မြင်တွေ့နေရသည်။

နေညိုချိန် ၅-နာရီကျော် ရောက်ပြီဆိုလျင် မန္တလေးမြို့ ၆၂-လမ်း လမ်း ၄၀-ရှိ “မနောရမ္မံ-ဟစ်တိုင်”ကွင်း-တွင် ဆိုင်ကယ်အစီးများစွာ၏ ဆိုင်ကယ်အင်ဂျင်နှင့် အိတ်ဇောသံများက ဂျက်လေယာဉ်သံလို ဆူညံနေသည်။ ကွန်ကရစ်ခင်းထားသည့် ကွင်းပြင်ကျယ်ကျယ်က ထိုအသံများသည် ဆယ်ကျော်သက် လူငယ်များမှာ ဆိုင်ကယ်စတန့် လေ့ကျင့်နေကြပြီး အသက် ၁၅-နှစ်မှ ၂၀-ခန့်အရွယ်များသာဖြစ်သည်။

မန္တလေးမြို့တွင် ဆိုင်ကယ်စတန့်ဆော့ကစားကြသည့် အဖွဲ့ပေါင်း ၂၀-ကျော်ရှိကြောင်းသိရပြီး ဆိုင်ကယ်အဖွဲ့ တစ်ဖွဲ့တွင် အဖွဲ့ဝင် ၂၀-ခန့်မှ ၄၀-ခန့်ထိရှိပြီး အလွှာအသီးသီးမှ လူငယ်များပါ၀င်သောကြောင့်အလုပ်အား၊ ကျောင်းအားသည့် ညနေပိုင်းချိန်တွင် လေ့ကျင့်ခန်းဝင်ကြသည်။သို့သော်လည်း ဆိုင်ကယ်စတန့်သမားများ အတွက် ၄င်းတို့ အရည်အသွေးကို ဆိုင်ကယ် အရောင်းပြခန်းဖွင့်ပွဲများတွင် မြင်တွေ့ရသော်လည်း ပြိုင်ပွဲ/ပြပွဲ များဖြင့်ခမ်းနားစွာမမြင်တွေ့ရသေးပါ။

ပကာသန မရှိကြသည့် မန္တလေးသား ဆယ်ကျော်သက် လူငယ်များစွာထဲမှ ဆိုင်ကယ်စတန့်ကို ၀ါသနာထုံ ဆော့ကစားသူတချို့နှင့် တွေ့ဆုံခဲ့ပြီး သူတို့၏ စကားသံများကို ဖေါက်သည် ချလိုက်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××-

A – မောင် ကျော်သီဟထွန်း(Led Fee)

၀ါသနာအရဆိုတော့ လေ့ကျင့်ရင်းနဲ့ ဒဏ်ရာရတာတွေရှိတယ်။ခုဆိုရင် ကျနော်လက်ကျိုးလို့ လေ့ကျင့့်မှု နားနေ ရတာ။ဆိုင်ကယ်(၄)စီးလောက် အပြောင်းအလဲလုပ်ပြီး လေ့ကျင့်ခဲ့တယ်။အခက်ဆုံးစတန်က မောင်းရင်း နဲ့ လက်ကိုင်ပေါ်တက်ရတာ အခက်ဆုံးပါ။ထိုင်လျက်နဲ့ နောက်ကနေ ထိုင်ပြီးရှေ့ဘီးထောင်တာက လွယ်တယ်။ ကျနော်တို့ လေ့ကျင့်မှုက ဒီကတဆင့် တခြားနိုင်ငံက ပြိုင်ပွဲတွေ မှာ ပြိုင်နိုင်အောင်ပေါ့။ ပြည်တွင်း ပြိုင်ပွဲတွေ လည်း လုပ်ပေးစေချင်တယ်။ ကျနော်တို့အဖွဲ့ကို ဘဂျားကုမ္ပဏီက စပွန်စာပေးတဲ့သဘောနဲ့ လေ့ကျင့်ဖို့နဲ့ စတန့်ပြပွဲတွေမှာ သူတို့ဆိုင်ကယ် ပေး တယ်။ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်လေ့ကျင့်လို့ ပျက်တာရှိရင် ပြင်ပေးတယ်။

ဆိုင်ကယ် စတန့်အတွက် လေ့ကျင့်ခဲ့တာက သုံးနှစ်ရှိပြီ။အချိန်ကြာလာတာနဲ့ ကျွမ်းကျင်မှုပိုရှိတယ်။ ကျနော်တို့ အများဆုံးသုံးတဲ့ ဆိုင်ကယ်က ရုပ်ဆိုး၊-ကေအက်စ်အာ၊-အပ်အက်စ်အိတ်၊ကလစ်၊စကူဖီးလ် ဆိုင်ကယ်တွေပါ။ အားလုံးနီးပါးဆော့လို့ရတဲ့အထဲမှာ အဆင်ပြေဆုံး စတန့်ကစားရတာက အော်တိုဂီယာဖြစ်တဲ့ ကလစ်တို့ စကူဖီးလ်တို့ပေါ့။အင်ဂျင်ဆီပေးတဲ့စနစ်က ပန့်စနစ်နဲ့ဖြစ်လို့ လီဗာပုတ်တာ/ကစားတာမျိုးမှာဆီများသွားတာမျိုး မရှိဘူး။ကာဗရိုက်တာစနစ်နဲ့ ဆိုင်ကယ်ဘီးဆိုရင် ရုတ််တရက် စက်ရပ်တာမျိုးဖြစ်တတ်တယ်။ စတန့်ပြချိန်မှာ စက်ရပ်သွားရင် ပြုတ်ကျပြီး လက်ကျိုးတာမျိုးဖြစ်နိုင်တယ်။ကျနော်တို့ ဆော့တဲ့အခါမှာ အသွားအလာများတဲ့ လမ်းတွေပေါ်မဆော့ပါဘူး။စည်ပင်ပိုင်ဥယျာဉ်ကွင်းထဲမှာ ညနေပိုင်းဆိုရင် အားလုံးစုပြီး ဆော့ကြတယ်။ ညမိုးချုပ်ရင်မရတော့ဘူး။

×××××××××××××××××××××××××××××××××××××××××××××

B – မောင် သနေ။

အစပိုင်းကစိတ်မဝင်စားပေမယ့် အိမ်က ဆိုင်ကယ်ဝယ်ပေးတော့ ဆိုင်ကယ်စတန့်သမားတွေကို အားကျပြီး လေ့ကျင့်တယ်။လေ့ကျင့်တဲ့အခါ လူရှင်းလမ်းရှင်းတဲ့နေရာမှာ သွားပြီးလေ့ကျင့်တော့ ခဏခဏ ဆိုင်ကယ်လဲ သွား တာမျိုးနဲ့ ဆိုင်ကယ်ပျက်စီးတာတွေ ရှိတယ်။ စတန့်ကစားတာနဲ့ လေ့ကျင့်တဲ့အခါ ခြေတင်ခုံတွေဆိုရင် ခဏခဏကျိုးတယ်။ ခြေထောက်အောက်ပိုင်းနဲ့ ဒူးပိုင်းမှာ ဒဏ်ရာရတယ်။ကျန်တဲ့ ခြေကျိုလက်ကျိုုးတာတော့ မဖြစ်သေးဘူး။ ဆိုင်ကယ်စတန့််က ၀ါသနာအရကစားဖြစ်တာပါ။

စတန့်ကစားနိုင်ဖို့ ဆိုင်ကယ်မှာ ပြင်ဆင်ရတာတွေရှိတယ်။ နောက်ဘရိတ်က ခြေနင်းဖြစ်နေရင် လက်ဘရိတ် ဖြစ် အောင် အရင်ပြင်ရတယ်။ဘရိတ်အိုးကို ၂-လုံးသုံးလုံးနဲ့ ပြင်ဆင်ဖန််တီးထားတယ်။ ဆိုင်ကယ်စတန့်် အမျိုးအစားများကြီးပါ။အားလုံးကျွမ်းကျင်အောင် အချိန်ပေးလေ့ကျင့်ဖို့လိုတာပေါ့။ ဆိုင်ကယ်ရှေ့ဘီးထောင် ရင်းနဲ့ လက်တစ် ဖက်ထဲလုပ်ရတာက ခက်ခဲတယ်။ စတန့်သမားများအတွက် ဆိုင်ကယ်အင်ဂျင်က 110-125 -150 အားလုံးအဆင်ပြေပြီး အင်ဂျင်ပါ၀ါက် အဓိကမဟုတ်ဘဲ လေ့ကျင့်မှုက အကောင်းဆုံးပါ။

×××××××××××××××××××××××××××××××××××××××××××××××××

C – မောင်မျိုးကြီး။

ကျနော်က ကျောင်းသွား/ပြန်မှာ ဆိုင်ကယ် ထောင်ပြီးမောင်းတာ တွေ့ရာကစပြီး ကိုယ်လဲ အဲဒိလို ဆိုင်ကယ်နဲ့ လုပ်ချင်တဲ့စိတ်တွေ ၀င်လာတယ်။စိတ်ဝင်စားတာပေါ့။လေ့ကျင့်တာကတော့ တစ်ယောက်ထဲ လေ့ကျင့် တယ်။ အုပ်စုတွေက အစပိုင်းမှာ အဝင်မခံဘူး။နောက်ပိုင်းတော့ ခင်မင်သွားြပြိး သူတို့အုပ်စုထဲ အဝင်ခံတာ။ စသင်တဲ့ အချိန်မှာ အသစ်ဝင်လာရင် ဒဏ်ရာတွေ ရနိုင်တယ်။အဲဒါ သူတို့ အဆင်မပြေမှာလည်း စိုးရိမ်တာနဲ့ ထိခိုက်မှှာစိုး လို့ဖြစ်မယ်။ ကျနော်ကတော့ တကယ်ကို ၀ါသနာကြိးလွန်းပြီး လုပ်ခဲ့တယ်။

ကျွမ်းကျင်မှုရှိရင် ဘယ်လိုဆိုင်ကယ်ဖြစ်ဖြစ် အဆင်ပြေတယ်။ရိုးရိုးဂီယာနဲ့ ဆိုင်ကယ်တွေမှာ နောက်ဘီး အတွက် မဖြစ်မနေလုပ်တာက ခြေနင်းဘရိတ်ကနေ လက်ဘရိတ်ပြောင်းတာပါ။ကလစ်တို့/ စကူပီတို့ဆိုရင် မူလကတည််းက ရှေ့/နောက်ဘရိတ်တွေက လက်မှာဘဲရှိတယ်။ပြင်စရာမလိုဘုး။

အလှပြ စတန့်စီးရတာလောက်ပဲရှိတယ်။ ပြိုင်ပွဲတွေလုပ်ပေးမယ်ဆိုရင် ဒီထက်လည်း စတန့်ပြကွက်တွေ ကောင်းလာမယ်။အသစ်တွေလည်း တီထွင်လာ ကြမယ်။အားလုံးက ၀ါသနာအရ အားကစား တစ်ခုလို သဘောထားပြိး အားတဲဲ့အချိန်မှာ ကစားကြတာ။ ဆိုင်ကယ်စတန့်လေ့ကျင့်ဖို့ ကွင်းသီးသန့်ရှိဖို့တော့လို နေပါ တယ်။ခု လေ့့ကျင့်ကွင်းကလည်း တသမတ်တည်းမဟုတ်သေးဘူး။ ညပိုင်းဆော့ရင် ရဲတွေက လာတားတယ်။

××××××××××××××××××××××××××××××××××××××××××××××××××××××

D – မောင်နိုင်။

ကျောင်းသားဘဝ ၈-တန်းလောက်ကတည်းက စပြီး ၀ါသနာပါခဲ့တယ်။နိုင်ငံခြားက ဆိုင်ကယ်စတန့်ပြကွက် တွေဆို အမြဲတမ်းကြည့်တယ်။နောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ ကိုယ့်ရပ်ကွက်ဝန်းကျင်မှာ အမြင်နဲ့ လုပ်တာပေါ့။ အဲဒီကတဆင့် စီနီယာကိုမျိုး ကသင်ပေးရင်း တွဲပြီးလေ့ကျင့်ပါတယ်။

စတန့်လုပ်နိုင်ဖို့က ဆိုင်ကယ်ကို အရင်ပြင်ဆင်ရတယ်။ဆိုင်ကယ်မှာ လိုအပ်တာတွေ အရင်ပြင်ဆင်ရတယ်။ စီနီယာတွေ သင်ပေးသလို လေ့ကျင့်တာပါ။အစပိုင်းမှာ ခဏခဏ လဲကျ တယ်။ ပွန်းပဲ့ဒဏ်ရာတွေရ တယ်။ ဆိုင်ကယ်ခြေတင်ခုံတွေနဲ့ ဘရိတ်ပိုင်းကတော့ အမြဲပြင်ရတဲ့အပိုင်းပဲ။

စတန့်ပြကွက်တွေထဲမှာ မတတ်သေးရင် အားလုံးက ခက်တာတွေပဲ။ကျနော်ရဲ့ လေ့ကျင့်ချိန််က တစ်ရက်ကို ၃-နာရီလောက် လုပ်ပါတယ်။ကွင်းထဲမှာပဲ ဆော့ပြီး အများသွားတဲ့လမ်းမှုာ မဆော့ပါဘူး။အရင်က လေ့ကျင့်ကွင်း မရှိသေးတော့ လမ်းပေါ်မှာ လုပ်ကြတာပေါ့။

××××××××××××××××××××××××××××××××××××××××-

E – မောင်ရဲရင့်။

သူများတွေ ဆိုင်ကယ်နဲ့ စတန်စိးတာကြည့်ပြီးအားကျရာက ကိုယ့်ဖာသာ လေ့ကျင့်တယ်။အစပိုင်းမှာ အသိမရှိ လို့ ကိုယ့် တစ်ယောက်ထဲလေ့ကျင့်ရတာပါ။နောက်ပိုင်းမှာ စတန့်အဖွဲ့တွေနဲ့ ဆက်စပ်မိပြီး အုပ်စိုလိုက်ဖြစ် သွားပြီး ပျော်စရာကောင်းတယ်။ ကျနော််မှာရှိတဲ့ ဆိုင်ကယ်နဲ့ ဖြစ်အောင် ပြင်ဆင်မွမ်းမံပြီး ဆော့တယ်။

လေ့ကျင့်ချိန်မှာလည်း အန္တရာယ် မရှိအောင်လုပ်ရတယ်။ပြင်ဦးလွင်(ဆိုင်ဘာကွင်း)မှာ လေ့ကျင့်တုန််းက ဆိုင်ကယ်ပေါ်ကနေ ဟန်ချက်မထိန်းနိုင်တာကြောင့် ပြစ်လဲသွားခဲတာပါ။ပွန်းပဲတာလောက်တော့ ဖြစ်ခဲ့တာပေါ့။ ဒါမျိုးက ဖြစ်တတ်တယ်။ဖြစ်တာနဲ့ ဆိုင်ကယ်ကို ထည့်မတွက်ဘဲ လွတ်ချလိုက် ရမှာ။ဆိုင်ကယ်ပျက်စီး မှာကြောက်ရင် ကိုယ့်မှာ ဒဏ်ရာပိုပြင်းမယ်။လေ့ကျင့်ရင်း ဟန်ချက်ပျက်တာမျိုးဖြစ်လာရင် လူလွတ်ရုန််းရမယ်။ ဆိုင်ကယယ်တာယာ၊ ဘရိတ်ရှူး၊ကလပ်ပြားဒါတွေက အများဆုံးပျက်စီးတာမြန်ပြီး အသစ်လဲရတယ်။ လူငယ်တွေမှာလည်း အနာဂတ်ဆိုတာရှိတယ်လေ။၀ါသနာအရ လုပ်ကြတယ်ဆိုပေမယ့် အောင်မြင်မှုရလာဒ် အဖြစ် လိုချင်ကြတာပဲ။ဒါတွေဖြစ်လာအောင် ပြိုင်ပွဲတွေ ရှိလာစေချင်တယ်။

ကျော်ထက်

Zawgyi vesion..

မႏၱေလးျမိဳ႕သည္ ဆိုင္ကယ္အမ်ိဳးအစားေပါင္း မ်ားစြာရွိသည့္ ဆိုင္ကယ္ျမိဳ႕ေတာ္ျဖစ္သကဲ့သုိ႔ အိမ္တိုင္းလူတိုင္း တြင္ ဆိုင္ကယ္တစ္စီးခန႔္႔ပိုင္ဆိုင္ၾကသည္။တခ်ိန္က ေနညိဳခ်ိန္တြင္ နန္းျမိဳ႕က်ံဳးကို ပတ္ကာ စက္ဘီးစီးေသာ ေခတ္ကာလသည္ အတိတ္တြင္ က်န္ရစ္ခဲ့ျပီျဖစ္ရာ ဆိုင္ကယ္မ်ားနွင့္ မႏၱေလးဟုဆိုရမည့္ ေခတ္ေရစီးေၾကာင္း ကို ျမင္ေတြ႔ေနရသည္။

ေနညိဳခ်ိန္ ၅-နာရီေက်ာ္ ေရာက္ျပီဆိုလ်င္ မႏၱေလးျမိဳ႕ ၆၂-လမ္း လမ္း ၄၀-ရွိ “မေနာရမၼံ-ဟစ္တိုင္”ကြင္း-တြင္ ဆိုင္ကယ္အစီးမ်ားစြာ၏ ဆိုင္ကယ္အင္ဂ်င္နွင့္ အိတ္ေဇာသံမ်ားက ဂ်က္ေလယာဥ္သံလို ဆူညံေနသည္။ ကြန္ကရစ္ခင္းထားသည့္ ကြင္းျပင္က်ယ္က်ယ္က ထိုအသံမ်ားသည္ ဆယ္ေက်ာ္သက္ လူငယ္မ်ားမွာ ဆိုင္ကယ္စတန္႔ ေလ့က်င့္ေနၾကျပီး အသက္ ၁၅-နွစ္မွ ၂၀-ခန္႔အရြယ္မ်ားသာျဖစ္သည္။

မႏၱေလးျမိဳ႕တြင္ ဆိုင္ကယ္စတန္႔ေဆာ့ကစားၾကသည့္ အဖြဲ႔ေပါင္း ၂၀-ေက်ာ္ရွိေၾကာင္းသိရျပီး ဆိုင္ကယ္အဖြဲ႔ တစ္ဖြဲ႔တြင္ အဖြဲ႔၀င္ ၂၀-ခန႔္မွ ၄၀-ခန္႔ထိရွိျပီး အလႊာအသီးသီးမွ လူငယ္မ်ားပါ၀င္ေသာေၾကာင့္အလုပ္အား၊ ေက်ာင္းအားသည့္ ညေနပိုင္းခ်ိန္တြင္ ေလ့က်င့္ခန္း၀င္ၾကသည္။သို႔ေသာ္လည္း ဆိုင္ကယ္စတန္႔သမားမ်ား အတြက္ ၄င္းတို႔ အရည္အေသြးကို ဆိုင္ကယ္ အေရာင္းျပခန္းဖြင့္ပြဲမ်ားတြင္ ျမင္ေတြ႕ရေသာ္လည္း ျပိဳင္ပြဲ/ျပပြဲ မ်ားျဖင့္ခမ္းနားစြာမျမင္ေတြ႔ရေသးပါ။

ပကာသန မရွိၾကသည့္ မႏၱေလးသား ဆယ္ေက်ာ္သက္ လူငယ္မ်ားစြာထဲမွ ဆိုင္ကယ္စတန္႔ကို ၀ါသနာထံု ေဆာ့ကစားသူတခ်ိဳ႕နွင့္ ေတြ႔ဆံုခဲ့ျပီး သူတို႔၏ စကားသံမ်ားကို ေဖါက္သည္ ခ်လိုက္ပါသည္။

×××××××××××××××××××××××××××××××××××××××××××××××××××××-

A – ေမာင္ ေက်ာ္သီဟထြန္း(Led Fee)

၀ါသနာအရဆိုေတာ့ ေလ့က်င့္ရင္းနဲ႔ ဒဏ္ရာရတာေတြရွိတယ္။ခုဆိုရင္ က်ေနာ္လက္က်ိဳးလို႔ ေလ့က်င့့္မွဳ နားေန ရတာ။ဆိုင္ကယ္(၄)စီးေလာက္ အေျပာင္းအလဲလုပ္ျပီး ေလ့က်င့္ခဲ့တယ္။အခက္ဆံုးစတန္က ေမာင္းရင္း နဲ႔ လက္ကိုင္ေပၚတက္ရတာ အခက္ဆံုးပါ။ထိုင္လ်က္နဲ႔ ေနာက္ကေန ထိုင္ျပီးေရွ႕ဘီးေထာင္တာက လြယ္တယ္။ က်ေနာ္တို႔ ေလ့က်င့္မွဳက ဒီကတဆင့္ တျခားနိဳင္ငံက ျပိဳင္ပြဲေတြ မွာ ျပိဳင္နိဳင္ေအာင္ေပါ့။ ျပည္တြင္း ျပိဳင္ပြဲေတြ လည္း လုပ္ေပးေစခ်င္တယ္။ က်ေနာ္တို႔အဖြဲ႔ကို ဘဂ်ားကုမၸဏီက စပြန္စာေပးတဲ့သေဘာနဲ႔ ေလ့က်င့္ဖို႔နဲ႔ စတန္႔ျပပြဲေတြမွာ သူတို႔ဆိုင္ကယ္ ေပး တယ္။ကိုယ့္ဆိုင္ကယ္နဲ႔ ကိုယ္ေလ့က်င့္လို႔ ပ်က္တာရွိရင္ ျပင္ေပးတယ္။

ဆိုင္ကယ္ စတန္႔အတြက္ ေလ့က်င့္ခဲ့တာက သံုးနွစ္ရွိျပီ။အခ်ိန္ၾကာလာတာနဲ႔ ကၽြမ္းက်င္မွဳပိုရွိတယ္။ က်ေနာ္တို႔ အမ်ားဆံုးသံုးတဲ့ ဆိုင္ကယ္က ရုပ္ဆိုး၊-ေကအက္စ္အာ၊-အပ္အက္စ္အိတ္၊ကလစ္၊စကူဖီးလ္ ဆိုင္ကယ္ေတြပါ။ အားလံုးနီးပါးေဆာ့လို႔ရတဲ့အထဲမွာ အဆင္ေျပဆံုး စတန္႔ကစားရတာက ေအာ္တိုဂီယာျဖစ္တဲ့ ကလစ္တို႔ စကူဖီးလ္တို႔ေပါ့။အင္ဂ်င္ဆီေပးတဲ့စနစ္က ပန္႔စနစ္နဲ႔ျဖစ္လို႔ လီဗာပုတ္တာ/ကစားတာမ်ိဳးမွာဆီမ်ားသြားတာမ်ိဳး မရွိဘူး။ကာဗရိုက္တာစနစ္နဲ႔ ဆိုင္ကယ္ဘီးဆိုရင္ ရုတ္္တရက္ စက္ရပ္တာမ်ိဳးျဖစ္တတ္တယ္။ စတန္႔ျပခ်ိန္မွာ စက္ရပ္သြားရင္ ျပဳတ္က်ျပီး လက္က်ိဳးတာမ်ိဳးျဖစ္နိဳင္တယ္။က်ေနာ္တို႔ ေဆာ့တဲ့အခါမွာ အသြားအလာမ်ားတဲ့ လမ္းေတြေပၚမေဆာ့ပါဘူး။စည္ပင္ပိုင္ဥယ်ာဥ္ကြင္းထဲမွာ ညေနပိုင္းဆိုရင္ အားလံုးစုျပီး ေဆာ့ၾကတယ္။ ညမိုးခ်ဳပ္ရင္မရေတာ့ဘူး။

×××××××××××××××××××××××××××××××××××××××××××××

B – ေမာင္ သေန။

အစပိုင္းကစိတ္မ၀င္စားေပမယ့္ အိမ္က ဆိုင္ကယ္၀ယ္ေပးေတာ့ ဆိုင္ကယ္စတန္႔သမားေတြကို အားက်ျပီး ေလ့က်င့္တယ္။ေလ့က်င့္တဲ့အခါ လူရွင္းလမ္းရွင္းတဲ့ေနရာမွာ သြားျပီးေလ့က်င့္ေတာ့ ခဏခဏ ဆိုင္ကယ္လဲ သြား တာမ်ိဳးနဲ႔ ဆိုင္ကယ္ပ်က္စီးတာေတြ ရွိတယ္။ စတန္႔ကစားတာနဲ႔ ေလ့က်င့္တဲ့အခါ ေျခတင္ခံုေတြဆိုရင္ ခဏခဏက်ိဳးတယ္။ ေျခေထာက္ေအာက္ပိုင္းနဲ႔ ဒူးပိုင္းမွာ ဒဏ္ရာရတယ္။က်န္တဲ့ ေျခက်ိုလက္က်ုိဳးတာေတာ့ မျဖစ္ေသးဘူး။ ဆိုင္ကယ္စတန္္႔က ၀ါသနာအရကစားျဖစ္တာပါ။

စတန္႔ကစားနိဳင္ဖို႔ ဆိုင္ကယ္မွာ ျပင္ဆင္ရတာေတြရွိတယ္။ ေနာက္ဘရိတ္က ေျခနင္းျဖစ္ေနရင္ လက္ဘရိတ္ ျဖစ္ ေအာင္ အရင္ျပင္ရတယ္။ဘရိတ္အိုးကို ၂-လံုးသံုးလံုးနဲ႔ ျပင္ဆင္ဖန္္တီးထားတယ္။ ဆိုင္ကယ္စတန္္႔ အမ်ိဳးအစားမ်ားၾကီးပါ။အားလံုးကၽြမ္းက်င္ေအာင္ အခ်ိန္ေပးေလ့က်င့္ဖို႔လိုတာေပါ့။ ဆိုင္ကယ္ေရွ႕ဘီးေထာင္ ရင္းနဲ႔ လက္တစ္ ဖက္ထဲလုပ္ရတာက ခက္ခဲတယ္။ စတန္႔သမားမ်ားအတြက္ ဆိုင္ကယ္အင္ဂ်င္က 110-125 -150 အားလံုးအဆင္ေျပျပီး အင္ဂ်င္ပါ၀ါက္ အဓိကမဟုတ္ဘဲ ေလ့က်င့္မွဳက အေကာင္းဆံုးပါ။

×××××××××××××××××××××××××××××××××××××××××××××××××

C – ေမာင္မ်ိဳးၾကီး။

က်ေနာ္က ေက်ာင္းသြား/ျပန္မွာ ဆိုင္ကယ္ ေထာင္ျပီးေမာင္းတာ ေတြ႔ရာကစျပီး ကိုယ္လဲ အဲဒိလို ဆိုင္ကယ္နဲ႔ လုပ္ခ်င္တဲ့စိတ္ေတြ ၀င္လာတယ္။စိတ္၀င္စားတာေပါ့။ေလ့က်င့္တာကေတာ့ တစ္ေယာက္ထဲ ေလ့က်င့္ တယ္။ အုပ္စုေတြက အစပိုင္းမွာ အ၀င္မခံဘူး။ေနာက္ပိုင္းေတာ့ ခင္မင္သြားျျပိး သူတို႔အုပ္စုထဲ အ၀င္ခံတာ။ စသင္တဲ့ အခ်ိန္မွာ အသစ္၀င္လာရင္ ဒဏ္ရာေတြ ရနိဳင္တယ္။အဲဒါ သူတို႔ အဆင္မေျပမွာလည္း စုိးရိမ္တာနဲ႔ ထိခိုက္မွွာစိုး လို႔ျဖစ္မယ္။ က်ေနာ္ကေတာ့ တကယ္ကို ၀ါသနာၾကိးလြန္းျပီး လုပ္ခဲ့တယ္။

ကၽြမ္းက်င္မွဳရွိရင္ ဘယ္လိုဆိုင္ကယ္ျဖစ္ျဖစ္ အဆင္ေျပတယ္။ရိုးရိုးဂီယာနဲ႔ ဆိုင္ကယ္ေတြမွာ ေနာက္ဘီး အတြက္ မျဖစ္မေနလုပ္တာက ေျခနင္းဘရိတ္ကေန လက္ဘရိတ္ေျပာင္းတာပါ။ကလစ္တုိ႔/ စကူပီတို႔ဆိုရင္ မူလကတည္္းက ေရွ႕/ေနာက္ဘရိတ္ေတြက လက္မွာဘဲရွိတယ္။ျပင္စရာမလိုဘုး။

အလွျပ စတန္႔စီးရတာေလာက္ပဲရွိတယ္။ ျပိဳင္ပြဲေတြလုပ္ေပးမယ္ဆိုရင္ ဒီထက္လည္း စတန္႔ျပကြက္ေတြ ေကာင္းလာမယ္။အသစ္ေတြလည္း တီထြင္လာ ၾကမယ္။အားလံုးက ၀ါသနာအရ အားကစား တစ္ခုလို သေဘာထားျပိး အားတဲဲ့အခ်ိန္မွာ ကစားၾကတာ။ ဆိုင္ကယ္စတန္႔ေလ့က်င့္ဖို႔ ကြင္းသီးသန္႔ရွိဖုိ႔ေတာ့လို ေနပါ တယ္။ခု ေလ့့က်င့္ကြင္းကလည္း တသမတ္တည္းမဟုတ္ေသးဘူး။ ညပိုင္းေဆာ့ရင္ ရဲေတြက လာတားတယ္။

××××××××××××××××××××××××××××××××××××××××××××××××××××××

D – ေမာင္နိဳင္။

ေက်ာင္းသားဘ၀ ၈-တန္းေလာက္ကတည္းက စျပီး ၀ါသနာပါခဲ့တယ္။နိဳင္ငံျခားက ဆိုင္ကယ္စတန္႔ျပကြက္ ေတြဆို အျမဲတမ္းၾကည့္တယ္။ေနာက္ပိုင္းမွာ ဆိုင္ကယ္နဲ႔ ကိုယ့္ရပ္ကြက္၀န္းက်င္မွာ အျမင္နဲ႔ လုပ္တာေပါ့။ အဲဒီကတဆင့္ စီနီယာကိုမ်ိဳး ကသင္ေပးရင္း တြဲျပီးေလ့က်င့္ပါတယ္။

စတန္႔လုပ္နိဳင္ဖို႔က ဆိုင္ကယ္ကို အရင္ျပင္ဆင္ရတယ္။ဆိုင္ကယ္မွာ လိုအပ္တာေတြ အရင္ျပင္ဆင္ရတယ္။ စီနီယာေတြ သင္ေပးသလို ေလ့က်င့္တာပါ။အစပိုင္းမွာ ခဏခဏ လဲက် တယ္။ ပြန္းပဲ့ဒဏ္ရာေတြရ တယ္။ ဆိုင္ကယ္ေျခတင္ခံုေတြနဲ႔ ဘရိတ္ပိုင္းကေတာ့ အျမဲျပင္ရတဲ့အပိုင္းပဲ။

စတန္႔ျပကြက္ေတြထဲမွာ မတတ္ေသးရင္ အားလံုးက ခက္တာေတြပဲ။က်ေနာ္ရဲ့ ေလ့က်င့္ခ်ိန္္က တစ္ရက္ကို ၃-နာရီေလာက္ လုပ္ပါတယ္။ကြင္းထဲမွာပဲ ေဆာ့ျပီး အမ်ားသြားတဲ့လမ္းမွုာ မေဆာ့ပါဘူး။အရင္က ေလ့က်င့္ကြင္း မရွိေသးေတာ့ လမ္းေပၚမွာ လုပ္ၾကတာေပါ့။

××××××××××××××××××××××××××××××××××××××××-

E – ေမာင္ရဲရင့္။

သူမ်ားေတြ ဆိုင္ကယ္နဲ႔ စတန္စိးတာၾကည့္ျပီးအားက်ရာက ကိုယ့္ဖာသာ ေလ့က်င့္တယ္။အစပိုင္းမွာ အသိမရွိ လို႔ ကိုယ့္ တစ္ေယာက္ထဲေလ့က်င့္ရတာပါ။ေနာက္ပိုင္းမွာ စတန္႔အဖြဲ႔ေတြနဲ႔ ဆက္စပ္မိျပီး အုပ္စုိလိုက္ျဖစ္ သြားျပီး ေပ်ာ္စရာေကာင္းတယ္။ က်ေနာ္္မွာရွိတဲ့ ဆိုင္ကယ္နဲ႔ ျဖစ္ေအာင္ ျပင္ဆင္မြမ္းမံျပီး ေဆာ့တယ္။

ေလ့က်င့္ခ်ိန္မွာလည္း အႏၱရာယ္ မရွိေအာင္လုပ္ရတယ္။ျပင္ဦးလြင္(ဆိုင္ဘာကြင္း)မွာ ေလ့က်င့္တုန္္းက ဆိုင္ကယ္ေပၚကေန ဟန္ခ်က္မထိန္းနိဳင္တာေၾကာင့္ ျပစ္လဲသြားခဲတာပါ။ပြန္းပဲတာေလာက္ေတာ့ ျဖစ္ခဲ့တာေပါ့။ ဒါမ်ိဳးက ျဖစ္တတ္တယ္။ျဖစ္တာနဲ႔ ဆိုင္ကယ္ကို ထည့္မတြက္ဘဲ လြတ္ခ်လုိက္ ရမွာ။ဆိုင္ကယ္ပ်က္စီး မွာေၾကာက္ရင္ ကိုယ့္မွာ ဒဏ္ရာပုိျပင္းမယ္။ေလ့က်င့္ရင္း ဟန္ခ်က္ပ်က္တာမ်ိဳးျဖစ္လာရင္ လူလြတ္ရုန္္းရမယ္။ ဆိုင္ကယယ္တာယာ၊ ဘရိတ္ရွဴး၊ကလပ္ျပားဒါေတြက အမ်ားဆံုးပ်က္စီးတာျမန္ျပီး အသစ္လဲရတယ္။ လူငယ္ေတြမွာလည္း အနာဂတ္ဆိုတာရွိတယ္ေလ။၀ါသနာအရ လုပ္ၾကတယ္ဆိုေပမယ့္ ေအာင္ျမင္မွဳရလာဒ္ အျဖစ္ လိုခ်င္ၾကတာပဲ။ဒါေတြျဖစ္လာေအာင္ ျပိဳင္ပြဲေတြ ရွိလာေစခ်င္တယ္။

ေက်ာ္ထက္