Unicode version…
လူကြီးမင်းအတွက် ကားလမ်းညွှန်
သင့်ရဲ့ ကားက သင့်အကြောင်းကို ဘာတွေပြောပါသလဲ။ ပြီးတော့ အခြားလူတွေကလဲ
သင့်ကားအကြောင်းကို ဘာတွေပြောကြသလဲ။
ပြင်သစ်စကားလိုပါပဲ။ ကားဆိုတာ ယောကျာ်း ဆန်တယ် ဒါမှမဟုတ် မိန်းမဆန်တယ်။ ဒီလို ကားမျိုးတွေမှ မဟုတ်ရင်တော့ ဘယ်ကားက ဘာဆိုတာ သင်အမြဲသိလိမ့်မယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ သင်သိသင့်တာပေါ့။
လူတစ်ယောက်ရဲ့ ကားက သူ့ရဲ့ အတ္တ စိတ်ကို အဆုံးစွန်ဖော်ပြမှုမျိုးဖြစ်သင့်တယ်။ သင့်မိန်းမက တောင် သင့်မှာ ဒီလိုစိတ်မျိုးမရှိစေချင်ဘူး။ ကျွန်တော်တို့ ယောကျာ်းတွေက ကျွန်တော်တို့ရဲ့ ကားတွေကတစ်ဆင့် စွမ်းအားကို ရှာဖွေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘဝရဲ့ အခြား နေရာတွေမှာ ဒီလိုစွမ်းအားကို ရှာလို့မရသလောက် ဖြစ်လို့ပါပဲ။
သင့်မှာ ဘဝတစ်ခုရှိတယ်။ .. ဒီဘဝကို အပြည့်အဝခံစားလိုက် ဒါမှမဟုတ် သေအံ့မူးမူး အချိန် ကုတင်ပေါ်မှာ နောင်တတစ္ဆေ ခြောက် လှန့်ခံရမယ့်ဘဝမျိုးနဲ့ အဆုံးသတ်ရမယ့်အန္တရာယ် ကို ယူလိုက်ပါ။ သံသယရှိစွာ မှန်ကန်နေဦးမှာ ကတော့ ပထမဦးဆုံးအနေနဲ့ သင့်ရဲ့ မိန်းမက အသစ်စက်စက်ရရှိလာတဲ့ လွတ်လပ်မှုနဲ့ ဓနဥစ္စာ တွေ ကုန်သွားအောင်ကို V-8 Lexus ကားကြီးကို သူမအတွက် ဝယ်ယူမှာပါ။
စံပြကားက ခင်ဗျားရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြရမှာဖြစ်သလို၊ ကမ္ဘာကြီးကိုလဲ ခင်ဗျားက ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ပြောပြလိမ့်မယ်။ ကားထုတ်လုပ်သူတွေက ဒါကို နားလည်တယ်။ ဒီတော့ လူတိုင်းအတွက် ရည်ရွယ်တည်ဆောက် ထားတဲ့ ကားတွေရှိတယ်။ ဒါကြောင့် ခင်ဗျားကိုယ် ခင်ဗျား လုံးဝရိုးသားပါ။ အောက်ဖော်ပြထားတဲ့ လက်ရွေးစင်ကားတွေကို အသုံးပြုပါ။
ဘယ်ကားက ခင်ဗျားအတွက် အမှန်ကန်ဆုံး ဖြစ်တယ်ဆိုတာ ရွေးချယ်ရင်းပေါ့။
အရိုးခေါင်း
ဟမ်းဗီး – တကယ်လို့ သင်က စစ်သားလို့ ထင်ယောင်ထင်မှားဖြစ်တယ်ဆိုရင်ပေါ့၊ မျက်နှာပေါ်မှာ ေြွမရုပ်ဆေးမင်ကြောင်ရုပ်တစ်ခု ထိုးထားမယ်ဆိုရင်ပေါ့။
ခင်ဗျားရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အကြမ်း ဖက်မှုကိုပဲ အကောင်းဆုံးနည်းလမ်းအဖြစ် ခင်ဗျား မြင်ပါလိမ့်မယ်။ ခင်ဗျားအတွက် လက်သင့်မခံ သင့်ဆုံးကားကို ပြုလုပ်ပေးထားသလိုပေါ့။ သင် တတ်နိုင်တဲ့ အကြီးဆုံး မော်ဒန်ကိုဝယ်ပါ။ သင် လာနေတာကို မြင်တဲ့အခါ လမ်းဖြတ်ကူးတဲ့လူတွေ က ဥပဒေကြောင်းအရကို မတောင်းဆိုရဲတဲ့ အနေ အထားမျိုးဖြစ်နေပါလိမ့်မယ်။humvee-3
The Dude
BMW Z4 Hard Top Convertible (အမိုး ဖွင့်ကား) – အမျိုးသမီးတွေအတွက် ဒီဇိုင်းဆင်ထားတာ အမှန်ပါပဲ။ အသစ်စက်စက် သတ္ထုပိုင်းဆိုင်ရာ ြွကက်သားလိုသူ အမျိုးကောင်းသားအတွက်တော့ သူ့စိတ်ကူး အတိုင်းပါပဲ။ အေးအေးလူလူ သက် သောင့်သက်သာမောင်းနိုင်တဲ့ အနေအထားရှိပြီး စိတ်သက်သက်သာသာရှိကာ၊ ကားမောင်းနေရ တာကို သဘောကျမိနေပါလိမ့်မယ်။ သတိတော့ ထားပါ။ ခင်ဗျားရဲ့ ထိပ်ပြောင်မှုအတွက် သိပ်ပြီး သတိထားနေတတ်သူဆိုရင်တော့ မှန်ကန်တဲ့ ရွေး ချယ်မှုမဟုတ်ပါဘူး။
white-bmw-z4
ဘဏ်မှာ ငွေစာရင်းကောင်းကောင်း၊ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု နည်းနည်းနဲ့ ပုခုံးလျှောပိုးကောင်
Lamborghini Aventador နာမည်က ‘Genitals (လိင်အင်္ဂါ)’ … ‘Tiny Genitals’ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေရဲ့ နှစ် ၅၀ သမိုင်းတစ်လျှောက် ဒီလို နာမည်ကြီး Lambo ကားမျိုးကို ရုပ်ရှင်ထဲထည့် မရိုက်တာ အကြောင်းအရင်း ခိုင်ခိုင်လုံလုံရှိပါ တယ်။ ကားရဲ့နာမည်ပြောင်ကိုက Tiny Genitals (လိင်အင်္ဂါအသေး)ဆိုတာ သိရပါတယ်။ Genitals ဆိုတဲ့အတိုင်း သူက သေးသေးကွေးကွေးအရွယ် အစားပဲရှိပါတယ်။ ဒေါ်လာသိန်းဂဏန်းပေးရပြီး ခန့်ခန့်ထည်ထည်မရှိတဲ့ ကားဒီဇိုင်းကြောင့် ကား ကြိုက်သူတွေရဲ့ ပထမတန်းရွေးချယ်မှု မဟုတ်ခဲ့ ပါဘူး။
aventador-2
လည်ပင်းနီ
ပစ်ကပ် ထရပ်ကား (သို့) ကားအကြီး ကြိုက် တယ်ဆိုရင် Ford F-150 ကိုပဲ ရွေးလိုက်ပါ။ အဲဒီ ကားက ကမ္ဘာ့အရောင်းရဆုံး four wheeled ကားလည်းဖြစ်ပြီး ဒီဇိုင်းကလည်း Henry Ford ကို ဂုဏ်ပြုပြီးလုပ်ထားတော့ သပ်ရပ်လှပပါတယ်။ ဒါကိုခင်ဗျား မသိခင်မှာပဲ တခြား Prius ကား မောင်းတဲ့ သူငယ်ချင်းတွေကိုလဲ သူတို့ကားတွေ အမှိုက်ပုံထဲပစ်ချင်အောင် ကူညီပေးနိုင်ပါတယ်။
ford-f-150-2
အကဲဆတ်တဲ့ ခေတ်သစ်ငနဲ
ဒါက Toyota ရဲ့ ထုတ်ခဲ့တဲ့ကားတွေထဲမှာ ရုပ်အဆိုးဆုံးကားနဲ့ လူတိုင်းမလိုချင်တဲ့ ကား မျိုးဖြစ်ပေမယ့် ကားပါကင်နေရာမရှိတဲ့သူတွေ၊ ကားကို ထူးထူးခြားခြား ဘာမှမလုပ်ချင်တဲ့သူ တွေအဖို့တော့ Toyota ကို ကျေးဇူးတင်မိနေ ပါလိမ့်မယ်။ ခင်ဗျားက ကမ္ဘာကြီးအတွက် စဉ်းစား ပေးနေတယ်ဆိုတဲ့ အလားတူ အတွေးမျိုးကို တွေးတတ်တဲ့ အမျိုးသမီးတွေအတွက်တော့ ဒီကားက အဆွဲဆောင်ကြီး ဆွဲဆောင်ပါလိမ့်မယ်။
toyota-prius-1
Zawgyi version…
အရိုးခေါင်း
ဟမ်းဗီး – တကယ်လို့ သင်က စစ်သားလို့ ထင်ယောင်ထင်မှားဖြစ်တယ်ဆိုရင်ပေါ့၊ မျက်နှာပေါ်မှာြွေမရုပ်ဆေးမင်ကြောင်ရုပ်တစ်ခု ထိုးထားမယ်ဆိုရင်ပေါ့။
The Dude
white-bmw-z4
aventador-2
လည်ပင်းနီ
ford-f-150-2
အကဲဆတ်တဲ့ ခေတ်သစ်ငနဲ
toyota-prius-1