Maserati Team သည် နာမည်ကျော် Fashion Designer နှင့် DJ ဖြစ်သူ Hiroshi Fujiwara နှင့် ၎င်း၏ Street Wear Brand ဖြစ်သည့် Fragment တို့နှင့် ပူးပေါင်းကာ Ghibli Model အတွက် Special Edition ( ၂ ) မျိုးကို ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းတို့အား ( Operanera ) နှင့် ( Operabianca ) ဟု သတ်မှတ်ထားပါသည်။ အဆိုပါ Special Edition ( ၂ ) မျိုး အတွက် ကား အစင်းရေ ( ၁၇၅ စင်း ) သာ ထုတ်လုပ်မည်ဖြစ်သည်။ Ghibli Operabianca တွင် Opaque Black နှင့် Gloss တို့ ပေါင်းစပ်ထားသည့် Body ကို တွေ့မြင်ရမည် ဖြစ်ကာ Ghibli Operanera တွင်မူ Opaque Black နှင့် Gloss White တို့ ပေါင်းစပ်ထားပါမည်။ ၎င်းတို့အပြင် Body Color နှင့် ထပ်တူကျသည့် တံခါးလက်ကိုင်များနှင့် 20 – inch Black Wheel ၊ Grille တွင် Fragment Logo တပ်ဆင်ထားခြင်းနှင့် Fashion Brand ၏ သင်္ကေတအား C – Pillar တွင် တပ်ဆင်ထားခြင်း ကဲ့သို့ ထူးခြားမှုများလည်း ပါဝင်မည်။ ကားများ၏ အတွင်းခန်းကို သားနားစွာ ခင်းကျင်းထားမည်ဖြစ်ကာ Leather နှင့် Alcantara တို့ပေါင်းစပ်ထားသည့် ထိုင်ခုံများတွင် ဒေါင်လိုက် အနားသက်ဒီဇိုင်းများ နှင့်အတူ ခေါင်းမှီများတွင် Maserati ၏ သုံးမြှောင့်မှိန်း Logo တို့ကိုလည်း ထည့်သွင်းထားပါမည်။ ထိုင်ခုံခါးပတ်များသည် နက်ပြာရောင်များဖြစ်သည်။ Maserati အနေဖြင့် Operanera နှင့် Operabianca တို့၏ ဈေးနှုန်းနှင့် ထုတ်လုပ်ဖြန့်ချီမည့်အချိန်တို့အား Maserati မှ မကြေငြာသေးသော်လည်း မကြာခင်အချိန် အတွင်း ထုတ်ပေါ်ကြေငြာမည်ဟု ကားချစ်သူများမှ ယူဆကြသည်။ Maserati သည် CANOTWAIT နှင့် ပူးပေါင်းပြီး ( Ghibli Hybrid Love Audocious ) ကိုလည်း အစင်းရေ ( ၈ ) စင်း သီးသန့်ထုတ်လုပ်ခဲ့ပါသည်။