Maserati သည် Porsche Macan ကဲ့သို့ Compact Crossover Model များအား ယှဉ်ပြိုင်ရန်အတွက် Model အသစ်ဖြစ်သည့် 2023 Maserati  Grecale ကို နမူနာအနေဖြင့် မိတ်ဆက်လိုက်ပါသည်။ ၎င်းအား 2022 March 23 တွင် အပြည့်အစုံ မိတ်ဆက်မည်ဖြစ်ကာ ယခုနှစ်ကုန်ခန့်တွင် U.S.A Market  သို့ ရောင်းချမည်ဖြစ်သည်။ Maserati သည် All New Grecale အား 2021 တွင် မိတ်ဆက်ရန် စီစဉ်ခဲ့သော်လည်း Supply Chain နှင့် Component ဆိုင်ရာ ကြန့်ကြာမှုများကြောင့် ယခုအချိန်တွင်သာ မိတ်ဆက်ရခြင်းဖြစ်သည်။ New Grecale သည် Levante SUV နှင့် ဆင်တူမည်ဖြစ်သော်လည်း Size ပို၍ သေးငယ်ပါမည်။ Grecale အား Alfa Romeo Stelvio Crossover Platform ကို Sharing ပြုလုပ်ကာ ဖန်တီးထားမည်ဖြစ်ပြီးအဆိုပါ Platform  သည် Rear – Wheel  Drive Design Platform ဖြစ်ပါသည်။ နမူနာမိတ်ဆက်သည့် Prototype Model ၏ အသွင်အပြင်သည် Sporty and Handsome Design ပုံစံပေါ်လွင်နေပြီး Stelvio Crossover နှင့်လည်း ဆင်တူသည့် ပုံစံရှိပါသည်။

 

New Grecale Model တွင် အင်ဂျင်အနေဖြင့် – Maserati MC 20 Supercar တွင် အသုံးပြုသည့် ( 3.0 L Twin – turbo V6 Engine ) ၊ ( 621 hp ) အင်ဂျင်ကို ထည့်သွင်းမည်ဖြစ်သည်။ ၎င်းတွင် Electric Variant ကို Optional အနေဖြင့် ရနိုင်ရန် Maserati မှ စီစဉ်ထားပြီး ရမည်ဆိုပါက ယခုနှစ် July တွင် Stellantis Group မှ မိတ်ဆက်မည့် EV Platform အသစ် ( ၄ ) မျိုး အနက် တစ်မျိုးကို Grecale Model အတွက်  အသုံးပြုမည်ဖြစ်သည်။ ၎င်းအား Stallantis Group ၏ ကားစက်ရုံဖြစ်သည့် ၊ အီတလီ ၊ Cession ရှိ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ပါမည်။ Grecale အမည်သည် မြေထဲပင်လယ်တွင် တိုက်ခတ်လေ့ရှိသည့် Wind ကို ဆိုလိုပါသည်။

#DriveMediaMyanmar