Maserati သည် ထူးခြားသည့် Program တခုဖြစ်သည့် Fuoriserie Customization Program အား မြောက်အမေရိကဈေးကွက်အတွက် 2022 Maserati Models များတွင် ထည့်သွင်းမည်ဖြစ်သည်။ အဆိုပါ Program သည် Maserati Customer များအတွက် များပြားစုံလင်သည့် စိတ်ကြိုက်ဖန်တီးမှုများကို Options မှာယူနိုင်မည်ဖြစ်ကာ ( Corse ၊ Unica ၊ Futura ) အမည်ရသည့် Design Themes ( ၃ ) မျိုးကိုလည်း မိတ်ဆက်ထည့်သွင်းထားပါသည်။ Corse သည် Maserati Racing Heritage ကို မှီငြမ်းခြင်းဖြစ်ကာ Unica သည် Design Trend ဖြစ်ပြီး Futura သည် နည်းပညာအသစ်နှင့် ကြာရှည်ထိန်းသိမ်းနိုင်မှုတို့ကို ကိုယ်စား ပြုပါသည်။ Customer များအနေဖြင့် အဆိုပါ Taste များအား စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။ Maserati သည် အဆိုပါ Program အတွက် Customized Showcase အနေဖြင့် Model ( ၃ ) မျိုး ဖန်တီးထားပြီး ၎င်းတို့မှာ – Levante SUV ၊ Ghibli ၊ Quattroporte တို့ဖြစ်သည်။ Model ( ၃ ) မျိုးလုံးတွင် – ( 3.8 L Twin – turbo V8 Engine ) ၊ ( 580 hp ) အင်ဂျင်ပါဝင်ပါသည်။
Levante Trnfeo တွင် Orange Zest Metallic Paint တို့လည်းကောင်း ၊ Ghibil Tnafeo တွင် Blu Maserati Paint တို့လည်းကောင်း | Quattroporte Trnfeo တွင် Verde Royal Metallic Paint တို့လည်းကောင်း | အသုံးပြုထားပြီး 22 – inch Wheels ၊ Glass Black Brake Caliper စသည့် Sporty Features များလည်း ပေါင်းစပ် ထည့်ထားပါသည်။ Sedan ( ၂ ) မျိုးတွင် အထူးဖန်တီးမှုအနေဖြင့် Maserati’s Zegna Pelletessuta Upholstery နှင့် Carbon Macro Twill Trim တို့ကို ထည့်သွင်းပေး ထားပါသည်။ Maserati သည် လက်ရှိတွင် MC 20 Sport Car ကို ထုတ်လုပ်ထားပြီး Grecale Crossover နှင့် Redesigned Gran Turismo Coupe တို့ကိုလည်း ဆက်လက်ထုတ်လုပ်ပါမည်။