Maserati ချစ်သူများစောင့်နေသည့် New Grecacle SUV သည် ယခုအခါ ထွက်ရှိလာပြီးဖြစ်ကာ ၎င်းသည် Levante ထက်အရွယ်အစား ငယ်ပါသည်။ Porsche Macan နှင့် BMW X4 တို့နှင့် Rival ဟုဆိုရမည့် Grecale Crossover တွင် V6 Engine အပါအဝင် Troteo Version ကဲ့သို့ Trim Level များစွာ ပါဝင်ပါမည်။ V6 Engine အပြင် Alfa Romeo ထံမှ Adapted ပြုလုပ်ထားသည့် 2.0 L Turbo I4 Engine ကိုလည်း ရရှိနိုင်ပါသည်။ Grecale Model အားလုံးတွင် 4WD System Standard ပါဝင်ပါမည်။ Maserati သည် Grecale EV Version အား Folgore Badge အနေဖြင့် 2024 တွင် ဆက်လက်ဖန်တီးမည်ဖြစ်ကာ Folgore  Lineup အား Maserati Model အများစုတွင် ထည့်သွင်းမည်ဖြစ်သည်။ All New Grecale Model အား Alfa Romeo ၏ Giorgio Platform ကိုအခြေခံဖန်တီးထားကာ အကောင်းဆုံးသော မောင်းနှင်မှုနှင့် Handling စွမ်းဆောင်ရည်အတွက် ရည်ရွယ် ဖန်တီးခြင်းဖြစ်သည်။ ကားထုတ်လုပ်သည့် စက်ရုံသည်လည်း Alfa Romeo ၏ Alfa Stelvio SUV နှင့် တူညီပါသည်။

 

New Grecale Model တွင် Android Auto OS ကို အခြေခံထားသည့် New Connected Infotainment Screen ပါဝင်မည်ဖြစ်ကာ Infotainment , Climate နှင့် Main Cluster တို့ပေါင်းစပ်ထားသည့် Combination Screen ပုံစံဖြစ်ပြီး HUD System လည်း ပါဝင်ပါမည်။ Maserati’s Usual Plush Leather အပါအဝင် High-End Features များစွာပါဝင်မည်ဖြစ်သည်။ Self-Leveling Suspension ကို Optional ရရှိနိုင်မည့်အပြင် Complex Torque Vectoring ၊ Braking ၊ Electronic Dynamic Control စနစ်ဖြစ်သည့်  Braking ၊ Damping စသည့် Features အားလုံးကို ချိတ်ဆက် ထိန်းချုပ်နိုင်သည့် အဆင့်မြင့် နည်းပညာ များကိုလည်း ထည့်သွင်းထားပါသည်။ New Maserati Grecale အား မကြာခင် စတင်ရောင်းချ နိုင်ရန် Maserati မှ စီစဉ်ထားပါသည်။

#DriveMediaMyanmar