Unicode Version…
Maserati သည် 2019 Model ထုတ်ကားများတွင် Edizinne Nobile ( ခေါ်) Noble Edition များကို Special Edition အနေဖြင့် ထုတ်လုပ်မည်။ အဆိုပါ ထုတ်လုပ်မှုတွင် Levante, Ghibli နှင့် Quattroporte တို့ ပါဝင်မည် ဖြစ်ပြီး တစ်မျိုးတွင် အစင်းရေ ( ၅၀) စီထုတ်လုပ်ပါမည်။ အဆိုပါအမည် သည် Blu Noble ကို ညွှန်းဆိုခြင်းဖြစ်ပြီး ထူးခြားတောက်ပသည့် အပြာရောင်ဆေးသားဖြင့်ထုတ်လုပ် ခြင်းဖြစ်ပြီး 20 inch Alloy Wheels များနှင့် ငွေရောင် Clipper များဖြင့် ထူးခြားစွာ ဖန်တီး ထားပါမည်။ အလားတူ Maserati ၏ ထိပ်တန်းအဆင့်ရှိသည့် ( Grenlusso Trim Level ) ဖြင့်အဓိကဖန်တီး ထားမည်။ အလားတူ အတွင်းခန်းတွင် ( Gran Sport ) ဖြင့် ဖုံးအုပ်ထားသည့် Sport Seat များအား အညို / အမဲ ပေါင်းစပ်အရောင်ဖြင့် ခင်းကျင်းထားပါမည်။ Quattroporte နှင့် Ghibli တို့၏ Cabin များတွင် glossy wood နှင့် High glass Metal များဖြင့် ဖန်တီးထားပါမည်။ Edizione Nobile အမှတ်တံဆိပ် နှင့် ကား၏ အမှတ်စဉ်နံပါတ်တို့အား Center Console တွင် ယှဉ်တွဲတပ်ဆင်ထား
ပါမည်။
အဆိုပါ Special Edition များတွင် ထူးခြားသည့်ပါဝင်မှု အချို့အား ထည့်သွင်းထားမည်ဖြစ်ပြီး အဓိကအားဖြင့် – Aleontona Headliner / Bowers and Wilkins အမျိုးအစားအသံစနစ်နှင့် Maserati’s Level 2 Driver Assistance Package တို့ပါရှိပါမည်။ Edizione Nobile Model များအား ယခုနှစ်ကုန်ခန့်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ပုံမှန် Granlusso Trim Level ထက် USD 7500 ခန့် ပို၍ ကျသင့်မည်ဖြစ်သည်။

Zawgyi Version…

အစင်းရေ (၁၅၀)သာထုတ်မည့် Maserati ၏ Edizione Nobile Limited Edition