Unicode Version…
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော် ကတည်းက အီတလီနိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ Maserati ကားထုတ် လုပ်ရေး ကုမ္ပဏီက ကမ္ဘာ့ပထမဆုံး အဆင့်မြင့် ဇိမ်ခံကား ဖြစ်တဲ့ 2017 Maserati Quattroporte Super Saloon ကားသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လျင်မြန်တဲ့ အ ရှိန်နှုန်း များပြားတဲ့ သက်သောင့်သက်သာ ရှိမှုတွေ အ ပြင် အံ့မခန်းလှပလွန်းတဲ့ အတွင်းအပြင် ဖွဲ့စည်းပုံတွေ ပါဝင်တဲ့ အီတလီ Style Grand Touring ကားဖြစ်ပါ တယ်။ ကမ္ဘာ့ Luxury car လောကမှာ စိုးမိုးနေတဲ့ Mercedes Benz နဲ့ BMW ကုမ္ပဏီထုတ်ကားတွေလို ဈေး ကွက်ထဲမှာ အရေအတွက်များများ နဲ့ ထုတ်လုပ် ရောင်း ချမှုကို ပြုလုပ်ခဲ့ခြင်းမရှိပေမယ့် အထူးသီးသန့် လူတန်း စား အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ Full-size luxury ကားဖြစ်ပါတယ်။
Maserati Quattroporte ကားကို သင်ပိုင်ဆိုင် ခွင့်ရခဲ့မယ်ဆိုရင် BMW 7 Series ကားတစ်စီးကို ရလိုက် သလိုမျိုး ပြုံးပျော်နေနိုင်ပါလိမ့်မယ်။ အကြောင်းကတော့ Maserati ကားကို သင့်အိမ်ရှေ့မှာ ရပ်နားထားချိန် (သို့) မြို့တွင်း နဲ့ မြို့ပြင်လမ်းတွေမှာ မောင်းနေချိန်မှာ မြင် တွေ့ကြတဲ့သူတွေက အံ့သြချီမွမ်းသံတွေကို သင့်နား နဲ့ မဆန့်အောင် ကြားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ကားကို မောင်းနှင်နေချိန်မှာ ခေါင်း မော့ရင်ကော့ပြီး ခပ်ပြုံးပြုံးလေး မောင်းနှင်သွားနိုင်ပါလိမ့် မယ်။
Quattroporte ကားအမည်ရဲ့ အဓိပ္ပါယ်ကတော့ အီတလီ ဘာသာစကားအရ “Four-Door” တံခါးလေး ပေါက်ကားဖြစ်ပါတယ်။ 2013 ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Ghibli ဆီဒင်ကားမှာ အသုံးပြုထားတဲ့ Powertrains နည်း ပညာအချို့ကို လက်ဆင့်ကမ်း သယ်ဆောင်လာပြီး 2015 နဲ့ 2016 Quattroportes ကားတွေထက် သာလွန် ကောင်းမွန်အောင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အတွင်း ပိုင်း ဖွဲ့စည်းမှုကိုတော့ Premium Luxury Brand တစ် ခု ဖြစ်တဲ့ Fiat Chrysler ကားမှာ တပ်ဆင်ခဲ့တဲ့ အစိတ် အပိုင်းတွေကို ပြန်လည် ဆန်းသစ်ခဲ့တာ ဖြစ်ပါတယ်။ Maserati ရဲ့ ဂုဏ်ယူစရာ Trident logos (အသွား နှစ်ခွ ပါခက်ရင်း) ကိုတော့ ကားရဲ့ C-pillars နဲ့ Grille တွေမှာ တပ်ဆင်ထားပြီး ကားရဲ့နောက်ပိုင်းမှာတော့ Maserati စာသားပါတဲ့ တံဆိပ်ပြားကို တပ်ဆင်ပေးထားပါတယ်။
Score Bar မှာ ခရိုမီယံ နဲ့ ပြုလုပ်ထားတဲ့ ဒေါင် လိုက် Bars 10 ခုကို တပ်ဆင်ပေးထားလို့ ကားအမှတ် တံဆိပ် ရဲ့ လှပမှုကို ပိုမိုပြည့်စုံသွားစေပါတယ်။ ရှည်လျား တဲ့ ဘောနက်ဖုံး နဲ့ ရှေ့အစွန်းနှစ်ဖက်မှာ New Adaptive full LED headlights ကို အဆင့်မြင့်မြင့် တပ်ဆင်ပေး ထားပါတယ်။ Wheel Base က ကျယ်တဲ့အတွက် ကားရဲ့ ခန့်ထည်မှုကို အဝေးကနေ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ကားရဲ့ နောက်ဖက်ပိုင်းက လေးထောင့်ကျကျ ပုံစံဖြစ်ပြီး ရှည်ပြီးကျဉ်းတဲ့ ခရိုမီယံ tailpipes ကို တပ် ဆင်ပေးထားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ တွေကို ကားနောက်ပိုင်း အောက်ခြေကနေ ဖြတ်သန်း သွားဖို့အတွက် ကန့်သတ်ထိန်းချုပ်ပေးတဲ့ Continent-crossing power ကို အသုံးပြုထားပါတယ်။
အတွင်းပိုင်း ဒက်ရှ်ဘုတ် ဒီဇိုင်းကို ရှင်းလင်း တိကျပြီး အနုစိတ်မွမ်းမံ ဆင်ယင်မှုတွေပါဝင်တဲ့ meticulously-crafted comfort, နည်းပညာပိုင်း ဆိုင်ရာ အဆင်ပြေ ချောမွေ့စေမယ့် technological conve- nience တို့ကို ပေါင်းစပ်ပြီး အဆင့်အတန်း မြင့်မားတဲ့ အီတလီ style dynamic dashboard ကို ပြုလုပ်ထား တာဖြစ်ပါတယ်။ ဒက်ရှ်ဘုတ် ရဲ့ အလယ်မှာတော့ Blue Maserati clock နာရီကို ဂုဏ်ယူဝင့်ကြွားစရာပြယုင်္ဂ တစ်ခုအနေနဲ့ တပ်ဆင်ပေးထားပါတယ်။
ယာဉ်မောင်းရဲ့ ရှေ့တည့်တည့်မှာတော့ 7လက်မ TFT နဲ့ display လုပ်သွားမယ့် ကြီးမားတဲ့ speedometer နဲ့ rev counter တိ့ို ပါဝင်ပြီး လက်ရှိအချိန်ရဲ့ အဓိက ကျတဲ့ dynamic data တွေကို ရယူပေးသွားမှာဖြစ် ပါတယ်။ အောက်ဖက်မှာတော့ Infotainment system တွေကို လုပ်ဆောင်ပေးသွားမယ့် 8.4 လက်မ အရွယ် အစားရှိတဲ့ Advanced & intuitive touch screen တစ်ခု ကို တပ်ဆင်ပေးထားပါတယ်။ system မှာ Rotary control ကို ထပ်မံ ပေါင်းစပ်ပေးထားပြီး ထိန်းချုပ်မှုတွေ လုပ်ဆောင်ချိန်မှာ အဆင်ပြေစေဖို့အတွက် Phone Storage Box တစ်ခုကို လည်းပေါင်း စပ်လုပ်ဆောင် ပေး ထားပါတယ်။
ထိုင်ခုံတွေကို အဆင့်မြင့်သားရေနဲ့ ပြုလုပ်ခဲ့ပြီး ဒက်ရှ်လ်ဘုတ် နဲ့ လက်တင်တဲ့ နေရာတွေကိုတော့ လက် ချုပ် နဲ့ ချုပ်လုပ်ခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ လှပသေ သပ်မှုကို ရရှိစေပါတယ်။ စစ်မှန်တဲ့ သစ်သား ထည်တွေ ကို အသုံး ပြုထားလို့ နူးညံ့ချောမွတ်စေခြင်းနဲ့ ကျက်သရေ ရှိရှိ လှပနေခြင်းတို့ကို အထောက်အကူပြု ပေးထားပါ တယ်။ ရှေ့ထိုင်ခုံကတော့ 12 way Power Adjustment နဲ့ အပူပေးစနစ်တို့ပါဝင်ပြီး ယာဉ်မောင်းထိုင်ခုံ ရဲ့ ဖွဲ့စည်း ပုံမှာလည်း memory function တွေနဲ့ လုပ်ဆောင်ထား ပါတယ်။
Steering Wheel နဲ့ တံခါးမှန်တွေကို ယာဉ် မောင်းထိုင်တဲ့ Positions နဲ့ ကွက်တိဖြစ်အောင် ပြုလုပ် ပေးထားပါတယ်။ Centre console က မီးအလင်းရောင် ပေးထား နိုင်တဲ့အတွက် လှပကြော့ရှင်းတဲ့ အသွင် သဏ္ဍန်ကို တွေ့မြင်နိုင်ပြီး ပလပ်ပေါက် နှစ်ပေါက်ပါတဲ့ 12V Socket ကို အတွင်းပိုင်းမှာ တပ်ဆင်ပေးထားတာ ကြောင့်လိုရာအသုံးပြုနိုင်ပါတယ်။
အဆင့်မြင့်နည်းပညာ နဲ့ ပြုလုပ်ထားတဲ့ ZF Eight-Speed Automatic Transmission စနစ်ကြောင့် ဂီယာပြောင်းလဲမှုကို လုပ်ဆောင်ချိန်မှာ အချိုးအကွေ့ တွေကို တိကျသေချာမှုရှိစေပြီး ယာဉ်ရဲ့ အင်ဂျင်ပါဝါကို လုံးဝ ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။ ယာဉ်မောင်းစဉ် စတီ ယာရင်ကွင်း နဲ့ ဂီယာရွှေ့ပြောင်းမှုကို ပိုမိုကောင်းမွန် အောင် လုပ်ဆောင်ပေးဖို့ Auto-Adaptive software ကို ထည့်သွင်းပေးထားပါတယ်။
နောက်ဖက်ကဘီးတွေကို Transmission Power ပို့ဆောင်ပေးဖို့ စံသတ်မှတ်ထားတဲ့ mechanical စွမ်း ဆောင်ရည်ဖြစ်တဲ့ Limited slip differential (LSD) နည်းပညာကို အသုံးပြုထားပါတယ်။ ဒီစနစ်ကြောင့် စိန် ခေါ်မှုတွေ နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမှာတောင် ဆွဲအား အလှည့်အပြောင်းကို သေချာစေလို့ အန္တရာယ်က လွတ် မြောက်သွားနိုင်ပါလိမ့်မယ်။
ယာဉ်မောင်းတွေ အများဆုံး အသုံးပြုရမယ့် modes 5 မျိုးပါဝင်ပြီး ဂီယာတံ အနီးမှာရှိတဲ့ Buttons တွေကို ရွေးချယ် အသုံးပြုသွားနိုင်မှာပါ။ Auto Normal, Auto Sport, Manual Normal, Manual Sport နဲ့ ICE (Increased control & Efficiency) Mode တို့ ဖြစ်ပါ တယ်။
Quattroporte ကားက ကျစ်လစ်တဲ့ ဖွဲ့စည်းပုံရှိ ပြီး ကိုယ်ထည်ကပေါ့ပါးပါတယ်။ ယာဉ်မောင်း က All-wheel drive system ကို ရွေးချယ်နိုင်သလို Rear-wheel drive ကားလည်း မောင်းနှင်နိုင်မှာ ဖြစ် ပါ တယ်။ Rear-wheel drive စနစ်ကို ရွေးချယ်သူတွေ အ တွက် Four-by-four traction system နဲ့ အထောက် အကူပြုပေးသွားမှာဖြစ်ပါတယ်။
All-wheel drive system က စနစ် ၆မျိုးကို အမြဲ တမ်း အချိန်ပြည့် လေ့လာစီစစ်ပြီး သုံးသပ်ပေးသွားမှာပါ။ Driving style, steering angle, yaw angle, speed, wheel slip နဲ့ power output တို့ဖြစ်ပါတယ်။ Maserati Quattroports Q4 ကား ရဲ့ မြင်းကောင်ရေက All-wheel drive စနစ်နဲ့ မောင်းရင် 430 hp ထွက်ရှိပြီး အင်ဂျင်က တော့ V6 Petrol Engine ဖြစ်ပါတယ်။ ခေတ်မီ ဆန်း သစ်ပြီး အားပြင်းတဲ့ အင်ဂျင်ပါဝါ ရဲ့ စွမ်းဆောင်ရည်တွေ ကို wheel speed, steering နဲ့ yaw angle တွေ အပြင် ယာဉ်မောင်းရဲ့ driving style ကိုလိုက်ပြီး ဘီးတွေ လမ်း ချော်မှု မရှိပဲ ခိုင်မြဲမှုရှိနေစေရေး အတွက်ပါ စောင့်ကြည့် စစ်ဆေးပြီး အခြေအနေ နဲ့ သင့်တော်အောင် ဖြန့်ဝေပေး သွားနိုင်မှာပါ။
ဒတ်ရှ်လ်ဘုတ်ရဲ့ အလယ်တည့်တည့်မှာ 8.4 လက်မ အရွယ်အစားရှိတဲ့ screen ကို တပ်ဆင်ပေးထား ပါတယ်။ Maserati ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့ Maserati touch plus (MTC+) screen ဖြစ်ပါတယ်။ screen မှာ buttons တွေ အသုံးပြုမှုနည်းပါးပြီး တုန့်ပြန် မှု မြန်ဆန်တဲ့ ထိတွေ့ မျက်နှာပြင် ပါရှိပါတယ်။ ယာဉ် မောင်း ရဲ့ မျက်လုံးအကြည့်ကို လမ်းပေါ်က နေလွှဲဖယ် စရာမလိုဘဲ သတင်းအချက်အလက်တွေကို အလွယ် တကူ သိရှိနိုင်အောင် ကူညီလုပ်ဆောင် ပေးသွားပါလိမ့် မယ်။ MTC+ ကို နည်းလမ်းသုံးသွယ်နဲ့ Operated လုပ် ဆောင်သွား နိုင်မှာပါ။ Multi-touchscreen, Rotary Control နဲ့ Voice Commands တို့ ပါဝင်ပါတယ်။ Rotary Control ကိုတော့ central console မှာ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
State-of-the-art system မှာ Apple Car play နဲ့ Android စနစ်တွေကို ပူးတွဲ အသုံးပြုသွားနိုင်မှာဖြစ်ပြီး iphone အသုံးပြုသူတွေအတွက် Apple’s Siri system ကို ပေါင်းစပ်အသုံးပြုသွား နိုင်ပါလိမ့်မယ်။ ဒီ function ကတော့ personal assistant အတွက် အထောက် အကူ ပြုပေးမှာပါ။ Wi-Fi စနစ်ကို ရွေးချယ်သွားနိုင်လို့ ကား မောင်းနေစဉ် internet အသုံးပြုသွားနိုင်ပါလိမ့်မယ်။
ဘေးကင်းလုံခြုံမှု စနစ်ကို ဦးစားပေး လုပ်ဆောင် ခဲ့တဲ့ Maserati က Maserati stability program (MSP) ကို တပ်ဆင် အသုံးပြုခဲ့ပါတယ်။ Sensors တွေကို အသုံး ပြုပြီး ယာဉ်မောင်းခြင်း အခြေအနေအမျိုးမျိုးကို စောင့် ကြည့်စစ်ဆေးခဲ့ပါတယ်။ Safety နဲ့ Performance system တွေ အတွက် လုပ်ဆောင်ပေးမှာဖြစ်ပြီး handling နဲ့ grip အခြေအနေကို ထိန်းသိမ်းပေးသွား မှာ ပါ။ MSP က အင်ဂျင်ရုန်းအားကို လျော့ချပေးသွားပြိး ဘရိပ်လုပ်ဆောင်မှုကို activate ဖြစ်စေပြီး ယာဉ်ကို mili seconds အတွင်းမှာ တည်ငြိမ်အောင် ထိန်းသိမ်းပေး သွားနိုင်မှာဖြစ်ပါတယ်။
Advanced Driver Assistance System မှာ Lane Keeping Assist, Traffic Sign Recognition, Adaptive Cruise Control with Stop & go, Forward Collision Warning Plus (FCW Plus), Blind Spot Alert / Active Blind Spot Assist and Rear Cross Path Function တို့ပါဝင်ပါတယ်။
Maserati ကားမှာ ခရီးဝေး အသုံးပြုနိုင်တဲ့ High Speed အင်ဂျင်ပါဝါ နှစ်မျိုးကို ရွေးချယ်သွားနိုင်မှာပါ။ ဓာတ်ဆီ နဲ့ ဒီဇယ်အင်ဂျင်နှစ်မျိုးဖြစ်ပြီး Quattroprote အတွက် V6 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။
Luxury ကားဖြစ်တဲ့အတွက် Suspension စနစ် က လမ်းပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေ အားလုံးကို ထိန်းချုပ်ပေးထားနိုင်လို့ ယာဉ်ကိုစီးနင်းသူတွေ ဇိမ်ခံနိုင် တဲ့ ကောင်းမွန်တဲ့ အရည်အသွေးအမျိုးကို ပိုင်ဆိုင်ထား ပါတယ်။
အလေးချိန်ပေါ့ပါးတဲ့ အတွက် Fuel economy ဖြစ်ပြီး Turbocharged V-6 အင်ဂျင် တပ်ထားတဲ့ Quattroporte SQ4 ကားအတွက် 16/23/18 mpg ဖြစ်ပါတယ်။ ပျမ်းမျှက 22mpg ပါ။ V6 အင်ဂျင်က မြင်း ကောင်ရေ 404hp ထွက်ရှိပြီး 406 lb-ft ရုန်းအား ရှိပါ တယ်။ V8 အင်ဂျင်ကိုလည်း ရွေးချယ် သွားနိုင်ပါတယ်။ V8 ရဲ့ မြင်းကောင်ရေက 530 hp ထွက် ရှိပြီး twin turbo petrol အမျိုးအစားပါ။
Maserati Genuine Accessories ကို အသုံးပြု ချင်တဲ့သူတွေအတွက် အထူးသီးသန့် functions တွေကို လည်း တွဲဖက်လုပ်ဆောင်ပေးသွားနိုင်ပါ လိမ့်မယ်။ Luggage Compartment mat, foldable luggage compartment box နဲ့ ski / snowboard bag တို့ ပါဝင် ပါတယ်။ Maserati Genuine Tyre နဲ့ စတိုင်ကျ လှပ နေတဲ့ Car Covers တွေကိုလည်း တွဲဖက်လုပ်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။
Drive ရဲ့ စာဖတ် ပရိတ်သတ် ကြီးအတွက် Luxury ကားအမျိုးမျိုးကို မိတ်ဆက်ပေးခဲ့သလိုပဲ 2017 Maserati Quattroporte ကားလေးကို လက်မထောင်ပြီး စီးချင်ကြသူတွေအတွက် Specifications လေးကို ဖော်ပြ ပေးလိုက်ပါတယ်။
Specifications
Engine Layout – V8
Displacement – 3799 cc
Max power – 530 HP
Max power (rpm) – 6500-6800 rpm
Traction – RWD
Max torque – 710 Nm
Max torque (rpm) – 2250-3500 rpm
Zawgyi Version…
အဆင့်မြင့် လူတန်းစားတွေအတွက် အထူးထုတ်လုပ်ခဲ့တဲ့
Specifications
Engine Layout – V8
Displacement – 3799 cc
Max power – 530 HP
Traction – RWD
Max torque – 710 Nm