Maserati သည် Ghibli ၊ Levanter ၊ Quattro Porte တို့၏ 2020 ဈေးနှုန်းများအား လျော့ချလိုက်သည်။ Maserati သည် 2019 တွင် ကားအစင်းရေ ( တသောင်းတထောင် ) ရောင်းချခဲ့ပြီး 2018 ထက် ရောင်းအားကျဆင်းခဲ့သည်။ 2020 ၏ Base Price များမှာ Ghibli – USD 70985 ၊ Levanter – USD 74485 ၊ Quttroporte – USD 101485 ၊ တို့ဖြစ်ကြသည်။ ထို့အပြင် Edizione Ribelle Special Edition ကိုလည်း အသစ်ထည့်သွင်းထားမည်ဖြစ်သော်လည်း Limited အနေဖြင့် ကန့်သတ်မှာယူနိုင်ပါသည်။ ၎င်းအား Levanter တွင် အစင်း ၁၀၀ Ghibli တွင် အစင်း ၁၀၀ Quattroporte တွင် ၂၅ စင်း ၊ သတ်မှတ်ထားပြီး Fully Loaded အနေဖြင့် ထုတ်လုပ် ထားပါမည်။

 

၎င်းတွင် Black Chrome Trim ၊ အနီရောင် Brake Caliper များ ၊ အနီရောင် နှင့် အနက်ရောင်တန်ဖိုးကြီးသားရေများဖြင့် အထူးဖန်တီးထားပါမည်။ ကားကိုယ်ထည်ပတ်လည်တွင် Carbon Fiber များလည်းပါဝင်မည်ဖြစ်ကာ Harman Kordon Audio System လည်းရရှိနိုင်မည်။ ၎င်းနှင့် အတူ လူငယ်ကြိုက်ဖြစ်သည့် GT Sport Package ကိုလည်း ထည့်သွင်းထားပြီး ဝံ့ကြွားပြီး Sport ဆန်သည့် ရုပ်ထွက်ဖြင့် Maserati ကို အလှဆင်ထားသည့် ဒီဇိုင်းအလွိုင်းအသစ်နှင့် ရောင်စုံ Brake Caliper တို့သည် Maserati ချစ်သူများကို အထူးကျေနပ် စေပါသည်။ Edizione Ribelle နှင့် GT Sport တို့အား 2020 March မှ စတင်ရောင်းချပါမည်။

 

Zawgyi Version


 


 
