Zawgyi Version…
Mercedes သည္ အဆင္ျမင့္ဇိမ္ခံကားေမာ္ဒယ္ျဖစ္သည့္ Maybach GLS ၏ တတိယမ်ိဳးဆက္ကို အေမရိကန္တြင္ ေစ်းအျမင့္ဆံုးကားအျဖစ္ ထုတ္လုပ္ေရာင္းခ်သြားရန္စီစဥ္ေနေၾကာင္း သိရသည္။
Maybach GLS ကို အေမရိကန္ႏုိင္ငံ၊ အလာဘာမားျပည္နယ္တြင္ ဖန္တီးထုတ္လုပ္သြားမည္ျဖစ္ၿပီး ယခင္ထြက္ရိွခဲဲ့သည့္ Maybach Version မ်ားအေပၚအေျခခံကာ ပိုမိုေကာင္းမြန္ခမ္းနားေသာ ဇိမ္ခံကားအျဖစ္ ေစ်းကြက္ထဲျဖန္႔ခ်ိရန္ ေမွ်ာ္လင့္ထားသည္။
Mercedes အေနျဖင့္ Maybach GLS မ်ိဳးဆက္သစ္ကို ဒီႏွစ္ကုန္ပိုင္း၌ ေရာင္းခ်သြားဖုိ႔ရိွေနျပီး အထူးသျဖင့္ တ႐ုတ္ေစ်းကြက္ကုိ ပထမဆံုး ေရာင္းခ်သြားရန္ရိွေနသည္။
GLS ေမာ္ဒယ္သစ္ကို ထြက္ရိွခဲ့သည့္ GLS 580 အတိုင္း twin-turbo 4.0-liter V-8 အင္ဂ်င္ႏွင့္ ထြက္ရိွလာဖြယ္ရွိေၾကာင္း ခန္႔မွန္းထားၿပီး All-electric ကားအျဖစ္ ပြဲထြက္လာႏုိင္ေျခမ်ားေနသည္။
Mercedes အေနျဖင့္ ယခုႏွစ္အတြင္း ထြက္ရိွခဲ့သည့္ Maybach S560 4Matic sedan ကို $ 171,745, ျဖင့္ ေရာင္းခ်ခဲ့ျခင္းေၾကာင့္ ယခုMaybach GLS ေမာ္ဒယ္သစ္ကို $ 200,000, ဝန္းက်င္ျဖင့္ ေရာင္းခ်သြားရန္ ရိွေနသည္။
Mercedes-Benz USA ၏ CEO ျဖစ္သူ Exler က ထြက္ရိွလာမည့္ Maybach GLS သည္ Mercedes အမွတ္တံဆိပ္ကို တည္ေဆာက္ရာတြင္ ကူညီႏိုင္မည့္ ထိပ္တန္းကားတစ္စီးျဖစ္ေၾကာင္း ေျပာဆုိ ထားသည္။




Unicode Version…
Maybach GLS ၏ တတိယမျိုးဆက်ကို ဒေါ်လာ ၂ သိန်းဝန်းကျင်ဖြင့်ရောင်းချတော့မည်
Mercedes သည် အဆင်မြင့်ဇိမ်ခံကားမော်ဒယ်ဖြစ်သည့် Maybach GLS ၏ တတိယမျိုးဆက်ကို အမေရိကန်တွင် ဈေးအမြင့်ဆုံးကားအဖြစ် ထုတ်လုပ်ရောင်းချသွားရန်စီစဉ်နေကြောင်း သိရသည်။
Maybach GLS ကို အမေရိကန်နိုင်ငံ၊ အလာဘာမားပြည်နယ်တွင် ဖန်တီးထုတ်လုပ်သွားမည်ဖြစ်ပြီး ယခင်ထွက်ရှိခဲ့သည့် Maybach Version များအပေါ်အခြေခံကာ ပိုမိုကောင်းမွန်ခမ်းနားသော ဇိမ်ခံကားအဖြစ် ဈေးကွက်ထဲဖြန့်ချိရန် မျှော်လင့်ထားသည်။
Mercedes အနေဖြင့် Maybach GLS မျိုးဆက်သစ်ကို ဒီနှစ်ကုန်ပိုင်း၌ ရောင်းချသွားဖို့ရှိနေပြီး အထူးသဖြင့် တရုတ်ဈေးကွက်ကို ပထမဆုံး ရောင်းချသွားရန်ရှိနေသည်။
GLS မော်ဒယ်သစ်ကို ထွက်ရှိခဲ့သည့် GLS 580 အတိုင်း twin-turbo 4.0-liter V-8 အင်ဂျင်နှင့် ထွက်ရှိလာဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး All-electric ကားအဖြစ် ပွဲထွက်လာနိုင်ခြေများနေသည်။
Mercedes အနေဖြင့် ယခုနှစ်အတွင်း ထွက်ရှိခဲ့သည့် Maybach S560 4Matic sedan ကို $ 171,745, ဖြင့် ရောင်းချခဲ့ခြင်းကြောင့် ယခုMaybach GLS မော်ဒယ်သစ်ကို $ 200,000, ဝန်းကျင်ဖြင့် ရောင်းချသွားရန် ရှိနေသည်။
Mercedes-Benz USA ၏ CEO ဖြစ်သူ Exler က ထွက်ရှိလာမည့် Maybach GLS သည် Mercedes အမှတ်တံဆိပ်ကို တည်ဆောက်ရာတွင် ကူညီနိုင်မည့် ထိပ်တန်းကားတစ်စီးဖြစ်ကြောင်း ပြောဆို ထားသည်။