(Maybach) သည် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် အထူးတန်ဖိုးမြင့် ကားများကိုသာ ထုတ်လုပ်သည့် company တစ်ခုဖြစ်ပါသည်။ ဂျာမနီ အခြေစိုက် (Maybach) သည် (၀ယ်သူစိတ်ကြိုက်) သီးသန့်ဖြစ်စေမည့် ဇိမ်ခံကားများကို (Ulto-Luxury Standard) အနေဖြင့် ထုတ်လုပ်ရောင်းချသည့် (Brand) တစ်ခုလည်းဖြစ်ပါသည်။၎င်း၏ (Maybach) သီးသန့်ကားများအား (2012) ခုနှစ်အထိသာ ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါသည်။ ထို့နောက် (2016) ခုနှစ်တွင် (Mercedes-Benz) နှင့်ပူးပေါင်းကာ ၎င်း၏ (S-Class Sedan) အားအဆင့်မြင့်တင်ထားသည့် (Mercedes Maybach) အားအသွင်သစ်ဖြင့် ထုတ်လုပ်ခဲ့ပါသည်။
(Maybach) အား ဂျာမနီ၏ ထိပ်တန်း အင်ဂျင်နီယာတစ်ဦး ဖြစ်သည့် (Mr Wilhe Maybach) မှ (1919) ခုနှစ်တွင် စတင်မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဂျာမနီ၏ ပထမဆုံးသော မော်တော်ယဉ် တီထွင်သူတစ်ဦးဖြစ်ခဲ့ပြီး (1901) တွင် (Mercedes-Benz) ၏ ပထမဆုံးကားဒီဇိုင်းကို ရေးဆွဲခဲ့ခြင်း၊ ကမ္ဘာကျော် (Zeppelin) လေသင်္ဘောများအတွက် (Mr Graf Zeppelin) အားဒီဇိုင်းရေးဆွဲခဲ့ခြင်း စသည့် ထူးခြားသည့် တီထွင်မှု များဖြင့်ထင်ရှားခဲ့ပါသည်။ ၎င်းနှင့်သားဖြစ်သူ (Mr Karl) တို့မှ ပထမဆုံး (Maybach Model) ဖြစ်သည့် (Type W1) အား (Mercedes-Benz) ၏ (Chassic) ကိုအခြေခံကာ (1919) တွင်ထုတ်လုပ်ခဲ့ပါသည်။ ထို့နောက် (Maybach Type W3) အား (1921) တွင်ကျင်းပခဲ့သည့် (Berlin Motor Show) တွင် ပြသရောင်းချခဲ့ပါသည်။
ထို့နောက် ဆက်လက်၍ (Type Zepplin DS8) အား (1929) ခုနှစ်တွင်ထုတ်လုပ်ခဲ့ပြီး ၎င်းသည် (Maybach Models) များတွင်အထင်ရှားဆုံးဖြစ်ခဲ့ပါသည်။ ၎င်းတွင် (200-horsepower) နှင့် (V12 Engine) တို့အား ပထမ ဆုံးတီထွင်ထည့်သွင်းခဲ့ပါသည်။
(1936) တွင် (Limousine Model) ဖြစ်သည့် (Type SW38) အားထုတ်လုပ်ခဲ့ကာ ၎င်းတွင် ခရီးသည် (၅) ဦးသီးသန့်စီးနိုင်မည့် ပုံစံဖြင့် ဖန်တီးထားခဲ့ပါသည်။ ထို (Type SW38) တွင် ခေါက်သိမ်း နိုင်မည့် ထိုင်ခုံများအား ထည့်သွင်းထားခဲ့ပါသည်။ (1941) ခုနှစ်တွင် (Maybach) သည်၎င်း၏ မော်တော်ယဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး စစ်တပ်သုံး ပစ္စည်းများကိုသာ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။
ထိုကာလများအလွန် (2003) ခုနှစ်တွင် (Daimler-Benz) မှ (Maybach) အားအသစ်တဖန်ဖော်ထုတ်သည့်အနေဖြင့် အထူးတန်ဖိုးမြင့်ကားများဖြစ်ကြသည့် (57/57S) Sedan နှင့်ကမ္ဘာ့အရှည်ဆုံး (Sedan) ဟုဆိုနိုင်မည့် (62/62S) Sedan တို့ အား (Twin_turbo V12 Engine)စနစ်များဖြင့် ခမ်းနားစွာထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် (2009) ခုနှစ်တွင် (Maybach 62) အားအခြေခံကာ (Ultra-pash Landaulet) အားထပ်မံထုတ်လုပ်ခဲ့ပါသည်။ ၎င်းတွင် ထူးခြားမှုအနေဖြင့် ကားအနောက်ဧရိယာအား (Quasi-convertible soft top) ဖြင့် ဖွင့်ပိတ်နိုင်ရန် ဖန်တီးထားပါသည်။ ထို့အပြင် အထူးသီးသန့်မှာယူနိုင်ရန် (Maybach Guard) ကိုလည်း အလွန်လှပခန့်ညားသည့် အတွင်းခန်းဒီဇိုင်းများဖြင့် ထုတ်လုပ်ခဲ့ပါသည်။
(Maybach) သည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး (Luxury Brand) တစ်ခုအနေဖြင့် (2003-2012) ကာလများအတွင်း ကမ္ဘာအနှံ့ရှိလူကုံထံများကြားတွင် ရေပန်းစားခဲ့ပါသည်။ (Maybach) ကားတစ်စင်း အား မှာယူလိုပါက (၃) လမှ (၄) လအတွင်းကြိုတင်အမှာစာများ ဖြင့်ဝယ်ယူ ရခြင်းမှာ (Maybach) ၏၀ယ်သူစိတ်ကြိုက်အနုစိတ်ဖန်တီးမှုများ၊ လက်မှုပညာအသုံး (Hand Made) ပါဝင်မှုများအား စုံလင်စွာထည့်သွင်းထားမှုများ၊ လုံခြုံရေးနှင့် နည်းပညာအပါအ၀င် ဘက်စုံထောင့်မှ အကောင်းဆုံး ဖြစ်စေရန် အားထုတ်ထားမှုများကြောင့် ဟုဆိုရပါမည်။ ထိုသို့အကောင်းဆုံးများဖြင့် ဖန်တီးထားသည့် ကမ္ဘာကျော် (Maybach)အား စီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျား။