Monaco တွင် ကျင်းပခဲ့သည့် FIA World Tour ၏ World Final ပွဲတွင် Mazda မှ ကြေငြာချက်အချို့ထုတ်ပြန်ခဲ့သည်။ ပထမတခုသည် 2020 Model Year အတွက် Mazda သည် Video Game Partner အနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဒုတိယတခုသည် Mazda မှ 2015 Tokyo Motor Show တွင် ပြသခဲ့သည့် RX – Vision Concept ကို အခြေခံထားသည့် RX – Vision GT 3 Concept အား မိတ်ဆက်ခြင်းဖြစ်သည်။ ၎င်းအား ပြိုင်ကားပုံစံဖန်တီးထားပြီး ကြီးမားပြန့်ကားသည့် ကိုယ်တည် ဒီဇိုင်းသစ်ဖြင့် ထည့်သွင်းမည်ဖြစ်ပြီး 4 – Door Design ထုတ်လုပ်ထားကာ ဓာတ်ဆီအင်ဂျင်စနစ်ကို တပ်ဆင်ထားပါမည်။ Mazda အနေဖြင့် အဆိုပါပြိုင်ပွဲ၌ RX – Vision GT 3 အား အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန် မျှော်မှန်းထားပါသည်။

Zawgyi Version….

Mazda သည် RX – Vision GT 3 သည် Gran Truism Sport 2020 တွင် ပါဝင်မည်