Zawgyi Version…
Cycle & Carriage Myanmar ၏ Mazda 3S အေရာင္းျပခန္း အသစ္ကို ၂၀၁၉ မတ္လ (၂၂) ရက္ေန႔တြင္ အမွတ္(၅၁)၊ ျပည္လမ္း (၇)မိုင္ခြဲ၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕၌ ေျပာင္းေရြ႕ ဖြင့္လွစ္ခဲ့ပါသည္။ (၁၁,၄၀၆) စတုရန္းေပက်ယ္၀န္းေသာ Mazda 3S အေရာင္းျပခန္းအသစ္တြင္ ကား(၆)စီး ျပသႏိုင္သည့္အေရာင္းျပခန္းႏွင့္ ျပဳျပင္ထိန္းသိမ္းသည့္ After Sales ဝန္ေဆာင္မႈမ်ားေပးရန္ ေနရာ (Work Bay) (၅)ခုတုိ႔ ပါဝင္ပါသည္။ ဖြင့္ပြဲအခမ္းအနားကို Mazda Motor Corporation ၏ Managing Executive Officer of Asia & Oceania and New Emerging Markets, Mazda Motor Corporation ျဖစ္သူ Mr. Hiroshi Inoue က ဖြင့္လွစ္ေပးခဲ့ျပီး ဖိတ္ၾကားထားေသာ ဧည့္သည္ ေတာ္မ်ားႏွင့္ စာနယ္ဇင္းသတင္းမီဒီယာမ်ား တက္ေရာက္ခဲ့ၾကပါသည္။
Cycle & Carriage ၏ဦးတည္ခ်က္ျဖစ္ေသာ ဝယ္ယူစီးနင္းသူမ်ားအတြက္ ပိုမိုထူးျခား ေကာင္းမြန္သည့္ ဝန္ေဆာင္မွဳႏွင့္ အေတြ႕အႀကံဳအသစ္မ်ားကို ဖန္တီးေပးမည္ဆိုသည့္ဆိုရိုးႏွင့္အညီ ဝန္ေဆာင္မွဳေပးရန္ Mazda အေရာင္းခန္းမအသစ္ႀကီးအား ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။
Mazda 3S Yangon အေရာင္းျပခန္းအသစ္ႀကီးတြင္ ကၽြမ္းက်င္ဝန္ထမ္းမ်ား အဆင့္ျမင့္နည္းပညာႏွင့္ စက္ကိရိယာမ်ားကို အသုံးျပဳ၍ ဝယ္ယူစီး နင္းသူမ်ား၏ လိုအပ္ခ်က္မ်ားကို တစ္ေနရာထဲတြင္ အေကာင္းဆုံးဝန္ေဆာင္မွဳ ေပးႏိုင္ေသာ “One Shop Stop” အျဖစ္ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္ဟု ဆုိသည္။
“မိမိတို႔၏ အဖြဲ႕အစည္းအေနျဖင့္ အေကာင္းဆုံးဝန္ေဆာင္မွဳမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို Customer မ်ားထံ ယူေဆာင္လာေပးရုံမွ်မက Automotive Industry အတြင္း Customer မ်ားအားအၿမဲ အမွတ္တရျဖစ္ေစၿပီး ပိုမိုတိုုးတက္ ေကာင္းမြန္ေသာ အေတြ႕အႀကံဳမ်ား ေပးႏိုင္ရန္ဦး ေဆာင္ႏိုင္သည့္ အဖြဲ႕အစည္းျဖစ္ရန္ ရည္ရြယ္ပါသည္” ဟု Jardine Cycle & Carriage ၏ Regional Managing Director ျဖစ္သူ Mr. Haslam Preeston က အဖြင့္အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ပါသည္။








ဖြင့္ပြဲသို႔ တက္ေရာက္လာသူ ဧည့္သည္မ်ားအား Mazda 3S အေရာင္းျပခန္းအသစ္ကို လွည့္လည္ျပသျပီး စားေသာက္ဖြယ္ရာမ်ားႏွင့္ ဧည့္ခံေကၽြးေမြးခဲ့ပါသည္။
ဤသို႔ ဖြင့္လွစ္လိုက္ျခင္းအားျဖင့္ New Generation Mazda ေမာ္ေတာ္ယာဥ္မ်ား၏ ကမၻာ့ေစ်းကြက္ခ်ဲ႕ထြင္ႏိုင္ေရးအတြက္ နည္းွဗ်ဴဟာ တရပ္အေနျဖင့္ တစ္ဘက္တစ္လမ္းမွ ေဖာ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္း Mazda မွအခုိင္အမာဆုိထားသည္။
“ျမန္မာႏိုင္ငံသည္ ေဒသတြင္း လူငယ္လူဦးေရမ်ားျပားျခင္းႏွင့္ ပထဝီအေနအထား တုိ႔ေၾကာင့္ အနာဂတ္ေစ်းကြက္ဖြံ႔ၿဖိဳးေရးအတြက္ အလားအလာရွိေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါသည္။ Cycle & Carriage Myanmar အေနျဖင့္ Mazda၏ေစ်းကြက္ နည္းဗ်ဴဟာကို ေကာင္းစြာ နားလည္ ထားသည့္အျပင္ ျမန္မာႏိုင္ငံ၏ ေစ်းကြက္လိုအပ္ခ်က္ကိုလည္း သိရွိထားၿပီးျဖစ္ေသာေၾကာင့္ Mazda ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ကားခ်စ္သူမ်ားၾကား ဆက္ဆံေရးကို ပိုမိုခိုင္မာလာေစရန္ ဦးေဆာင္ႏိုင္မည္ဟု ယုံၾကည္ပါသည္” ဟု Mazda Corporation ၏ Managing Executive Officer, Asia and Oceania ျဖစ္သူ Mr. Hiroshi Inoue က ေျပာၾကားခဲ့ပါသည္။
‘ကၽြန္ေတာ္တို႔ Cycle & Carriage Myanmar အေနနွင့္ Mazda Brand ကား အသစ္မ်ားအား ျမန္မာနိုင္ငံသို႔ဂုဏ္ယူစြာနွင့္ တင္သြင္းေရာင္းခ်ခဲ့တဲ့ ၆ နွစ္တာ ကာလအတြင္းမွာ ေအာင္ျမင္ မူမ်ား ရရွိခဲ့လို႔လည္း ဝယ္ယူအားေပးခဲ့တဲ့ Customers မ်ား၊ စီးပြားမိတ္ဖက္မ်ားအား ေက်းဇူးအမ်ားၾကီးတင္ေၾကာင္းေလးနက္စြာ ေျပာၾကားလိုပါတယ္။ ေျပာင္းလဲလာတဲ့ နည္းပညာမ်ားနဲ႔ အတူေစ်းကြက္အတြင္း လူအမ်ားနွစ္ျခိဳက္လ်က္ရွိတဲ့ Skyactiv Technology နွင့္ KODO Design မ်ားအား တင္သြင္းေရာင္းခ်လ်က္ရွိေနျပီး ေနာက္ထပ္လည္း ဆန္းသစ္တဲ႔ နည္းပညာမ်ားနွင့္အတူ ေခတ္နွင့္အညီ တင္သြင္းေရာင္းခ်သြားဖို႔လည္း ရွိပါတယ္ ခင္ဗ်ာ” ဟု Cycle & Carriage Myanmar မွ Managing Director ဦးေအာင္မိုးေက်ာ္မွ ေျပာၾကား ခဲ့ပါသည္။



Unicode Version…
Mazda 3S ရန်ကုန် ဖွင့်ပွဲအခမ်းအနား
Cycle & Carriage Myanmar ၏ Mazda 3S အရောင်းပြခန်း အသစ်ကို ၂၀၁၉ မတ်လ (၂၂) ရက်နေ့တွင် အမှတ်(၅၁)၊ ပြည်လမ်း (၇)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ (၁၁,၄၀၆) စတုရန်းပေကျယ်ဝန်းသော Mazda 3S အရောင်းပြခန်းအသစ်တွင် ကား(၆)စီး ပြသနိုင်သည့်အရောင်းပြခန်းနှင့် ပြုပြင်ထိန်းသိမ်းသည့် After Sales ဝန်ဆောင်မှုများပေးရန် နေရာ (Work Bay) (၅)ခုတို့ ပါဝင်ပါသည်။ ဖွင့်ပွဲအခမ်းအနားကို Mazda Motor Corporation ၏ Managing Executive Officer of Asia & Oceania and New Emerging Markets, Mazda Motor Corporation ဖြစ်သူ Mr. Hiroshi Inoue က ဖွင့်လှစ်ပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် စာနယ်ဇင်းသတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။
Cycle & Carriage ၏ဦးတည်ချက်ဖြစ်သော ဝယ်ယူစီးနင်းသူများအတွက် ပိုမိုထူးခြား ကောင်းမွန်သည့် ဝန်ဆောင်မှုနှင့် အတွေ့အကြုံအသစ်များကို ဖန်တီးပေးမည်ဆိုသည့်ဆိုရိုးနှင့်အညီ ဝန်ဆောင်မှုပေးရန် Mazda အရောင်းခန်းမအသစ်ကြီးအား ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
Mazda 3S Yangon အရောင်းပြခန်းအသစ်ကြီးတွင် ကျွမ်းကျင်ဝန်ထမ်းများ အဆင့်မြင့်နည်းပညာနှင့် စက်ကိရိယာများကို အသုံးပြု၍ ဝယ်ယူစီး နင်းသူများ၏ လိုအပ်ချက်များကို တစ်နေရာထဲတွင် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သော “One Shop Stop” အဖြစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိမိတို့၏ အဖွဲ့အစည်းအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများနှင့် မော်တော်ယာဉ်များကို Customer များထံ ယူဆောင်လာပေးရုံမျှမက Automotive Industry အတွင်း Customer များအားအမြဲ အမှတ်တရဖြစ်စေပြီး ပိုမိုတိုးတက် ကောင်းမွန်သော အတွေ့အကြုံများ ပေးနိုင်ရန်ဦး ဆောင်နိုင်သည့် အဖွဲ့အစည်းဖြစ်ရန် ရည်ရွယ်ပါသည်” ဟု Jardine Cycle & Carriage ၏ Regional Managing Director ဖြစ်သူ Mr. Haslam Preeston က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဖွင့်ပွဲသို့ တက်ရောက်လာသူ ဧည့်သည်များအား Mazda 3S အရောင်းပြခန်းအသစ်ကို လှည့်လည်ပြသပြီး စားသောက်ဖွယ်ရာများနှင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ဤသို့ ဖွင့်လှစ်လိုက်ခြင်းအားဖြင့် New Generation Mazda မော်တော်ယာဉ်များ၏ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် နည်းှဗျူဟာ တရပ်အနေဖြင့် တစ်ဘက်တစ်လမ်းမှ ဖော်ဆောင်လိုက်ခြင်းဖြစ်ကြောင်း Mazda မှအခိုင်အမာဆိုထားသည်။
“မြန်မာနိုင်ငံသည် ဒေသတွင်း လူငယ်လူဦးရေများပြားခြင်းနှင့် ပထဝီအနေအထား တို့ကြောင့် အနာဂတ်ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အလားအလာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ Cycle & Carriage Myanmar အနေဖြင့် Mazda၏ဈေးကွက် နည်းဗျူဟာကို ကောင်းစွာ နားလည် ထားသည့်အပြင် မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ကိုလည်း သိရှိထားပြီးဖြစ်သောကြောင့် Mazda မော်တော်ယာဉ်များနှင့် ကားချစ်သူများကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန် ဦးဆောင်နိုင်မည်ဟု ယုံကြည်ပါသည်” ဟု Mazda Corporation ၏ Managing Executive Officer, Asia and Oceania ဖြစ်သူ Mr. Hiroshi Inoue က ပြောကြားခဲ့ပါသည်။
‘ကျွန်တော်တို့ Cycle & Carriage Myanmar အနေနှင့် Mazda Brand ကား အသစ်များအား မြန်မာနိုင်ငံသို့ဂုဏ်ယူစွာနှင့် တင်သွင်းရောင်းချခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ အောင်မြင် မူများ ရရှိခဲ့လို့လည်း ဝယ်ယူအားပေးခဲ့တဲ့ Customers များ၊ စီးပွားမိတ်ဖက်များအား ကျေးဇူးအများကြီးတင်ကြောင်းလေးနက်စွာ ပြောကြားလိုပါတယ်။ ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ အတူဈေးကွက်အတွင်း လူအများနှစ်ခြိုက်လျက်ရှိတဲ့ Skyactiv Technology နှင့် KODO Design များအား တင်သွင်းရောင်းချလျက်ရှိနေပြီး နောက်ထပ်လည်း ဆန်းသစ်တဲ့ နည်းပညာများနှင့်အတူ ခေတ်နှင့်အညီ တင်သွင်းရောင်းချသွားဖို့လည်း ရှိပါတယ် ခင်ဗျာ” ဟု Cycle & Carriage Myanmar မှ Managing Director ဦးအောင်မိုးကျော်မှ ပြောကြား ခဲ့ပါသည်။