Zawgyi Version…
ဂ်ပန္ကားကုမၸဏီ တစ္ခုျဖစ္ေသာ Mazda သည္ မေဝးေတာ့မည့္အနာဂတ္တြင္ အလယ္အလတ္ဆုိဒ္ Sedan ကားအမ်ိဳးအစားျဖစ္သည့္ Mazda 6 ကို 2.2 Liter turbo ဒီဇယ္အင္ဂ်င္ တပ္ဆင္ထုတ္လုပ္မည္ဟု အတည္ျပဳခ့ဲသည္။
အမ်ားစုေမွ်ာ္လင့္ထားေနၾကေသာ Mazda 6 မွာ CX-5 ကဲ့သုိ႔ ဒီဇယ္အင္ဂ်င္ပံုစံအျဖစ္ႏွင့္ Skyactiv-D Powertrain ကို အသံုးျပဳသြားဖြယ္ရိွေနၿပီး all-wheel-drive စနစ္ကိုု လည္း ထည့္သြင္းသြားမည္ျဖစ္သည္။
Mazda 6 သည္ CX-5 ၏ဒီဇယ္အင္ဂ်င္ပံုစံအျဖစ္ ျမင္ေတြ႕ရမည္ျဖစ္ေသာေၾကာင့္ အင္ဂ်င္ဖြဲ႕စည္းမႈအပိုင္းတြင္ ကြာဟခ်က္ ႀကီးႀကီးမားမားမရိွဘဲ ျမင္းေကာင္ေရ 168 hp၊ six-speed automatic transmission ႏွင့္အတူ 290 lb-ft ႐ုန္းအားကို ေပးစြမ္းႏုိင္မွာလည္းျဖစ္သည္။
ဒီဇိုင္းပိုင္းတြင္မူ CX-5 ထက္ အနည္းငယ္ေျပာင္းလဲမႈကိုသာ ျမင္ေတြ႕ရမည္ျဖစ္ၿပီး အဓိက အားသာခ်က္အေနျဖင့္ CX-5 ထက္ ပိုမုိသာလြန္သည့္ Fuel Economy ကားတစ္စီးအျဖစ္ ျမင္ေတြ႕လာရႏုိင္သည္။
Mazda 6 ကို တရားဝင္မိတ္ဆက္မည့္ အခ်ိန္ကို အတိအက် မသိရေသးေသာ္လည္း ၂၀၁၉ မတုိင္ခင္မိတ္ဆက္သြားဖြယ္ရိွၿပီး ၂၀၂၀ ေမာ္ဒယ္ကားတစ္စီးအျဖစ္ ထုတ္လုပ္မည္ဟုလည္း ၾကားသိေနရသည္။

Unicode Version…

2.2 Liter turbo ဒီဇယ်အင်ဂျင်နှင့် ထုတ်လုပ်မည့် Mazda 6
ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mazda သည် မဝေးတော့မည့်အနာဂတ်တွင် အလယ်အလတ်ဆိုဒ် Sedan ကားအမျိုးအစားဖြစ်သည့် Mazda 6 ကို 2.2 Liter turbo ဒီဇယ်အင်ဂျင် တပ်ဆင်ထုတ်လုပ်မည်ဟု အတည်ပြုခဲ့သည်။
အများစုမျှော်လင့်ထားနေကြသော Mazda 6 မှာ CX-5 ကဲ့သို့ ဒီဇယ်အင်ဂျင်ပုံစံအဖြစ်နှင့် Skyactiv-D Powertrain ကို အသုံးပြုသွားဖွယ်ရှိနေပြီး all-wheel-drive စနစ်ကို လည်း ထည့်သွင်းသွားမည်ဖြစ်သည်။
Mazda 6 သည် CX-5 ၏ဒီဇယ်အင်ဂျင်ပုံစံအဖြစ် မြင်တွေ့ရမည်ဖြစ်သောကြောင့် အင်ဂျင်ဖွဲ့စည်းမှုအပိုင်းတွင် ကွာဟချက် ကြီးကြီးမားမားမရှိဘဲ မြင်းကောင်ရေ 168 hp၊ six-speed automatic transmission နှင့်အတူ 290 lb-ft ရုန်းအားကို ပေးစွမ်းနိုင်မှာလည်းဖြစ်သည်။
ဒီဇိုင်းပိုင်းတွင်မူ CX-5 ထက် အနည်းငယ်ပြောင်းလဲမှုကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး အဓိက အားသာချက်အနေဖြင့် CX-5 ထက် ပိုမိုသာလွန်သည့် Fuel Economy ကားတစ်စီးအဖြစ် မြင်တွေ့လာရနိုင်သည်။
Mazda 6 ကို တရားဝင်မိတ်ဆက်မည့် အချိန်ကို အတိအကျ မသိရသေးသော်လည်း ၂၀၁၉ မတိုင်ခင်မိတ်ဆက်သွားဖွယ်ရှိပြီး ၂၀၂၀ မော်ဒယ်ကားတစ်စီးအဖြစ် ထုတ်လုပ်မည်ဟုလည်း ကြားသိနေရသည်။