Unicode version…
Sedan ကောင်းတစ်စီးမှာ လှပမှု၊ဇိမ်ကျမှု၊မောင်းနှင်ရလွယ်ကူမှု ဆိုတဲ့စံနှုန်းတွေနဲ့ပြည့်စုံရပါမယ်။ လမ်းမပေါ် တွေမှာ ကြွကြွရွရွစီးနင်းသွားလာနိုင်ဖို့အပြင် သူ့ရဲ့စွမ်းဆောင်ရည်ကလည်း SUV လောက်ကောင်းဖို့မလိုပေ မယ့် အခြား Hatchback တွေ၊City ကားတွေနဲ့ယှဉ်ရင် သာလွန်နေဖို့လိုအပ်ပါတယ်။တစ်ချို့ဆီဒင်ကားတွေက လိုအပ်ရင်ခရီးဝေးလေ့ရှိတဲ့အတွက်ကြောင့်ပါ။ အခုDrive issue အတွက် Test Drive လုပ်ဖို့ရာ Sedan ကား ကောင်းတစ်စီးဖြစ်တဲ့ Mazda 6 ကို ရွေးချယ်ပေးထားပါတယ်။ Mazda 6 ဟာ Full-size Sedan ကားအမျိုး အစားဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုမျိုးဆက် ၃ ဆက်တိုင်ခဲ့ပါပြီ။ Mazda ရဲ့နာမည်ကျော်ကြားလှတဲ့ KODO (Soul of Motion)ကို Mazda 6 မှာမြင်တွေ့ခွင့်ရခဲ့ပါတယ်။ အနုစိတ်အတိ အကျပုံဖော်ထားပြီး မြင်သူတိုင်းစွဲမက်သွားစေမယ့် ဒီဇိုင်းမျိုးဖြစ်တာကတော့ အသေအချာပါပဲ။ 2017 Mazda 6 ရဲ့အသေးစိတ်အကြောင်းလေးဆက်ပြောပြချင်ပါတယ်။
အပြင်ဘက်ပိုင်း
Mazda ရဲ့ Design ပိုင်းညက်ညောမှုနဲ့လှပမှုတွေက Mazda 6 နဲ့မှပိုပြီးပနာရနေတယိလို့ဆိုရလောက်အောင် ပြီးပြည့်စုံတဲ့အလှကို ခံစားခဲ့ရပါတယ်။ လှပပြီး အချိုးကျတဲ့ Chrome တွေနဲ့ခြယ်သထားတဲ့ ရှေ့ရှဲ၊ လေခွင်းအားကောင်းအောင်ပြုလုပ်ထားတဲ့ ရှေ့ဘောနက်ပုံစံ၊အောက်ဆုံးမှာ အလျားလိုက် ပုံစံပြုလုပ်ထားတဲ့ ရှဲတွေက ပိုပြီး Sport ဆန်သွားစေသလို လှပမှုကို ပံ့ပိုးပေးစေနိုင်ခဲ့ပါတယ်။ ရှေ့မီးတွေက အလိုအ လျောက်ဖွင့်ပိတ်နိုင်တဲ့LEDတွေ သုံးထားသလို Day time running lightတွေက မီးကြီးထဲမှာ ထည့်သွင်း ထားပါတယ်။ ပြီးတော့ ရှေ့ဘက်ကလာနေတဲ့ယာဉ်ကို အနှောင့်အယှက်မဖြစ်စေဖို့ရာ အလိုအလျောက်မီး အတင်အချလုပ်ပေးနိုင်တဲ့စနစ်ပါဝင်သလိုလမ်းကွေ့တွေမှာလည်းမြင်ကွင်းပိုကောင်းအောင် ယာဉ်နဲ့အတူ လိုက်ပါကွေ့ပေးနိုင်တဲ့ မီးကြီးစနစ်ကိုသုံးထားပါတယ်။ ဒါကအဆင့်မြင့် Luxury ကားတွေရဲ့ ပါဝင်မှု မျိုးပါ။နောက်ထပ် ထူးခြားတာကတော့ ရှေ့ရှဲဇကာကွပ်တစ်လျှောက်အတန်းလိုက် အလှဆင် ပေးထားတဲ့မီး စနစ်ဖြစ်ပါတယ်။ Fog Light တွေကိုလည်း Chrome တွေနဲ့ပတ်လည်အလှဆင်ပေးထားပါတယ်။ ပြီးတော့ Body အနားရေးကြောင်းတွေကလည်း တိကျစွာပုံဖော်ထားခြင်းကြောင့် Mazda 6 ကိုပိုပြီးကြွ ရွစေပါတယ်။ အာရုံခံစနစ်ပါပြီး အလိုလျောက်အလုပ်လုပ်ပေးတဲ့ Wipers စနစ်တွေ လည်းပါပါသေး တယ်။နောက်ဘက်ပိုင်းမှာတော့ ရိုးရိုးရှင်းရှင်းနဲ့လှပအောင် ပုံဖော်ထားပြီး ဘေး ဘက်ဘော်ဒီထဲကနေ နောက်ဖုံးပေါ်ထိရောက်နေတဲ့ မီးလုံး Dseign နဲ့အိတ်ဇော ၂ ပေါက်ပါဝင်တာတွေက Sport တစ်စီး အသွင်ဆောင်စေခဲ့ပါတယ်။ ထူးခြားတာနောက်တစ်ခုက ဘီးဒီဇိုင်းဖြစ်ပါတယ်။ ဒီဇိုင်းပေါင်း ၂၀ ကျော် ကိုစမ်းသပ်ပြုလုပ်ပြီးမှ အခုသုံးထားတဲ့ အားကောင်းပြီး တောက်ပမှုအားကောင်းတဲ့ 19လက်မ Aluminium Alloy Wheel တွေကိုရွေးချယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
အတွင်းပို်င်း
Mazda 6 ရဲ့ခုံတွေအားလုံးဟာ Nappa leather seats တွေကိုပဲသုံးထားလို့ သက်တောင့်သက်သာရှိမှုကို ရရှိစေနိုင်မှာပါ။ လူ ၅ ဦးအဆင်ပြေပြေလုပ်ပါနိုင်မယ့် အကျယ်အဝန်းမျိုးရှိပြီး ရှေ့ Driver ခုံနဲ့Passenger ခုံတွေကို Seat Motor နဲ့Memory 2 မျိုးပြောင်းလဲနိုင်ပါတယ်။ ပြီးတော့ လည်သာအုပ်ထားတဲ့ လက်ကိုင်ဂွေနဲ့shift knob တို့ကလည်းကိုယ်တွယ်မောင်းနှင်ဖို့အတွက် လွယ်ကူချောမွေ့စေမှာဖြစ်ပါ တယ်။Sport စတိုင် G-Vectoring Control ပါဝင်တဲ့ Streering Wheel နဲ့အတူ Phone,Audio နဲ့Cruise contro တွေကို ထိန်းချူပ်နိုင်တဲ့ Button တွေပါဝင်ပါတယ်။ ပိုပြီး Sport ဆန်စေတာကတော့ အရှိန်ကိုလိုသလိုထိန်းချူပ်နိုင်တဲ့ Paddle Shifter ပါဝင်တာပဲဖြစ်ပါတယ်။ဒါ့အပြင် Electronic Parking Brake ၊ Push-button start၊ Enging Start/stop စနစ်တို့လိုနောက်ဆုံးပေါ်နည်းပညာတွေပါဝင်သလို Remote နဲ့နောက်ဖုံးကို အဖွင့်၊အပိတ်လုပ်နိုင်ပါသေးတယ်။ ရှေ့နောက်တွေရဲ့ အလယ်မှာ လက်တင်ခုံတွေနဲ့အတူ Cup Holder တွေလည်းပါဝင်ပြန်ပါတယ်။ Driver Assist အနေနဲ့ရှေ့ဒိုင်ခွက်က တောက်ပပြီး မြင်ကွင်း ရှင်းလင်းမှုသလို Speed,Fuel, အပြင် ဘက်အပူချိန်နဲ့ Multi-Information တွေကိုဖော်ပြပေးမှာပါ။ နောက်ပြီးတော့ Audio & Infotainment တွေကိုဖော်ပြပေးနိုင်တဲ့ 7.0″ Full-color touch-screenက ကားဒတ်ရှ်ဘုတ်အလယ်မှာပါဝင်ပြီး Infotainment တွေကို အသံနဲ့ညွှန်ကြားနိုင်မှု ၊ HD Radio ၊ DVD၊ SMS ပို့နိုင်တဲ့စနစ်၊တာယာအခြေအနေကိုဖော်ပြပေးတဲ့စနစ်နဲ့ နောက်ကြည့်ကင်မရာတွေပါ ဝင်သလို Mazda ရဲ့အဆင့်မြင့်နည်းပညာဖြစ်တဲ့ ယာဉ်မောင်းသူကို အထောက်အကူဖြစ်စေမယ့် ကိုယ့်ကား Speed ကိုဖော်ပြ ပေးနိုင်တဲ့ Head up Display က ယာဉ်မောင်းသူရဲ့ ရှေ့တည့်တည့် ဒတ်ရှ်ဘုတ် ပေါ်မှာပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ Audio system တွေကိုထိန်းချူပ်နိုင်ဖို့အတွက် Multifunction Commander control ကိုလည်း ရှေ့လက်တင်ခုံနားမှာထည့်သွင်းထားပါသေးတယ်။ပြီးတော့ Auxiliary-audio input jack ၊ USB audio input၊12-volt power outlets နဲ့ Bluetooth ချိတ်ဆက်နိုင်မှုတို့ပါဝင်ပါသေးတယ်။ Entertainment အနေနဲ့ စွမ်းဆောင်ရည်မြင့် Bose အမျိုးအစားSpeaker 9 လုံးပါဝင်ပြီး အသံဖြန့် ကျက်မှုကောင်းတာမို့ စီးနင်းသူတွေအတွက် ပြီးပြည့်စုံ တဲ့ဖျော်ဖြေမှုကို ရရှိစေမှာပါ။
စွမ်းဆောင်ရည်
ဒီကားမှာ SKYACTIV-G 2.0-liter DOHC 16-valve 4-cylinder အင်ဂျင်ကိုသုံးထားပြီး မြင်းကောင်ရေ 155 hp နဲ့အမြင့်ဆုံး rpm 6000 အထိထွက်ရှိနိုင်မှာပါ။ အမြင့်ဆုံး Speed အနေနဲ့ ၁ နာရီကို ၂၁၂ ကီလိုမီတာရောက်အောင်သွားနိုင်ပြီး Front-wheel drive (FWD) ဖြစ်ကာ 6 Speed Transmission ကိုသုံးထားပါတယ်။ SKYACTIV TECHNOLOGY ကိုသုံးစွဲထားလို့ ဆီစားနှုန်းသက်သာခြင်း၊ စွမ်းဆောင် ရည်မြင့်မားခြင်းနဲ့Emission ထုတ်လွှတ်မှုလျော့နည်းစေခြင်း စတဲ့အားသာချက်တွေကို ရရှိစေမှာဖြစ်သလို Drive feeling ကိုလည်း အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ ကိုင်တွယ်ရပေါ့ပါးစေနိုင်တဲ့ စတီယာရင်၊ ညင်သာ တဲ့ ကားအထွက်အပြု၊အရုန်းအဆွဲ၊ အင်ဂျင်သံညက်ညောမှုတွေက Mazda 6 ကိုပိုပြီး လေးနက် စေခဲ့ပါတယ်။Brakesစနစ်ကလည်း4-wheel disc ကိုသုံးထားလို့စိတ်ချယုံကြည်ရမှုကိုမြင့်တက်သွားစေသလို Suspension ကတော့ ရှေ့ကို MacPherson strut with stabilizer bar နဲ့နောက်ကို Multilink with stabilizer bar တွေကိုသုံးထားပါတယ်။
လုံခြုံရေး
လုံခြုံရေးစနစ်ကလည်း Mazda 6 မှာအကောင်းဆုံးအားထုတ်ထားတာကိုတွေ့ရပါတယ်။ ပထမဆုံးပြောချင် တာက Airbag အပိုင်းပါ။ရှေ့ရောနောက်ဘေးဘက်ကိုပါ ကာကွယ်ပေးနိုင်တဲ့ လေအိတ် ၆ လုံးအပြင် ယာဉ်တိုက်မှုဖြစ်ရင် ရှေ့လူတွေကို ထိခိုက်မှုလျော့နည်းစေဖို့အလိုအလျောက်တင်းကြပ်ပေးနိုင်တဲ့ Seat Belt တွေပါဝင်ပါတယ်။ Bodyကိုလည်း ပေါ့ပါးပြီးခိုင်ခန့်တဲ့ultra-high-tensile စတီးတွေနဲ့တည်ဆောက် ထားပါတယ်။ နောက်ပြီးတော့ Anti-lock Brake System (ABS) စနစ်ကို Electronic Brakeforce Distribution (EBD) နဲ့ Brake Assist တွေနဲ့တွဲသုံးထားလို့ညင်သာတဲ့ရပ်နားမှု၊လုံခြုံတဲ့ အထိအတွေ့ကို ရရှိခံစားနိုင်မှာပါ။ နောက်ပြီးတော့ အချိုးအကွေ့တွေမှာ ယာဉ်ကိုလမ်းမချော်စေဖို့Traction Control System (TCS)ကို Dynamic Stability Control (DSC) Smart city brake assist နဲ့ လမ်းကြောင်း သွေဖည်မသွားစေဖို့ Lane Departure စနစ်တွေသာမက Round Sensor တွေလည်းပါလို့ Mazda 6 ကို လုံခြုံရေးစနစ်မှာစိတ်ချရတဲ့စာရင်းသွင်းခဲ့မိပါတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
Mazda 6 2017 ကို USD 49999 နဲ့စတင်ဝယ်ယူနိုင်မှာဆိုတော့ Luxury Sedan တစ်စီးအတွက်ဒီပမာဏက သိပ်တော့ မများလှပါဘူး။အထက်မှာပြောခဲ့သလိုပါပဲ Sedan ကောင်းတစ်စီးမှာ လှပမှု၊ဇိမ်ကျမှု၊ မောင်းနှင်ရ လွယ်ကူမှု ဆိုတဲ့စံနှုန်းတွေနဲ့ပြည့်စုံရပါမယ်။ Mazda 6 ကဒီစံနှုန်းတွေသာမကဘဲ ဆီစားနှုန်းသက်သာခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊Handling ပိုင်းကောင်းမွန်မှု၊ Drive feeling ကိုပါ အပြည့်အဝပေးနိုင်တဲ့ ကား ကောင်းတစ်စီးလို့ညွှန်းဆိုလိုက်ပါရစေ။
Specifications
Engine – SKYACTIV-G 2.0-liter DOHC 16-valve 4-cylinder,Gasoline
Horse Power – 155 hp(6000rpm)
Maximum Speed-212 km/hr
Transmission – 6-Speed Auto
Fuel Capacity-62L
Air bags-6
Audio System-9 Speakers with Bose
Zawgyi version…
အပြင်ဘက်ပိုင်း
အတွင်းပိုင်း
စွမ်းဆောင်ရည်
လုံခြုံရေး
ဈေးနှုန်းနဲ့သုံးသပ်ချက်
Specifications
Maximum Speed-212 km/hr
Fuel Capacity-62L
Air bags-6