Mazda ရဲ့ Electric Crossover အမျိုးအစား MX-30 Model သစ်က‌တော့ 2021 လောက်ဆို ဥရောပ‌ဈေးကွက်ထဲကိုရောက်လာတော့မှာပါ။ ဒီကားသစ်မှာ ခရီးအကွာအဝေး (Range) ပမာဏကိုပိုတိုး‌စေမယ့် Rotary (Highway Interchange) Engine ပါဝင်မှာဖြစ်တယ်လို့လည်း Mazda က ကြေညာထားပါပြီ။

MX-30 ရဲ့ Electric Motor က 143 hp (106 kilowatts) Power Output ကိုထုတ်လုပ်ပေးမှာဖြစ်ပြီး Battery ကိုတော့ 35.5-Kilowatt-Hour Battery အသေးစားကိုသာ အသုံးပြုထားပါတယ်။ ဒါ‌ပေမဲ့ ဒီဖွဲ့စည်းပေါင်းစပ်မှုက ခန့်မှန်းချေအားဖြင့် Range ပမာဏ‌130 miles (209 kilometers) လောက်ကို ရ‌စေနိုင်မှာပါ။ Mazda ဟာ MX-30 ရဲ့ Range ပမာဏပိုတိုး‌‌စေဖို့အတွက် အရွယ်အစားပိုကြီးတဲ့ Battery ကို‌ပြောင်းလဲအသုံးပြုတာမျိုးမလုပ်ဘဲ Rotary Engine ကိုအသုံးပြုထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

 

ဥရောပဈေးကွက်အတွက်သေချာနေပြီဖြစ်ပေမဲ့လည်း ဒီ Crossover EV Model သစ်ကို US ဈေးကွက်ဆီတင်ပို့‌ရောင်းချဖို့အတွက်ကိုတော့ Mazda က ဘာကိုမှမစီစဉ်ထားရသေးပုံပါ။

အခုထွက်လာ‌ဖို့ရှိ‌တဲ့ MX-30 က Mazda ရဲ့ ပထမဆုံး Rotary Engine ပါကားနစ်စီး‌‌တော့မဟုတ်‌‌ပါဘူး။ 1978 ခုနှစ်မှာစတင်ပွဲထွက်ခဲ့ပြီး ဒီနေ့ခေတ်ထိ‌လူသိများ‌နေဆဲဖြစ်တဲ့ Mazda RX-7 Model ဟာလည်း MX-30 နည်းတူ Rotary Engine အသုံးပြုတဲ့ကားတစ်စီးဖြစ်ခဲ့ပါတယ်။ မျိုးဆက် ဆက်မြောက်တဲ့တိုင်သက်တမ်းရှည်ခဲ့သလို စီး‌ရေ‌ပေါင်း 811,634 စီးထိထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ အဲဒီ RX-7 Model ကိုတော့ 2002 ခုနှစ်‌ရောက်မှ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာပါ။

Ref: motor1
Thiha