နာမည်ကျော်ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Mazda ဟာ ကုမ္ပဏီရဲ့ပထမဆုံး EV Model သစ်ကို Hiroshima ကထုတ်လုပ်ရေးစက်ရုံမှာ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
MX-30 လို့ အမည်ပေးထားတဲ့ ဒီ Battery-Electric Crossover ကားသစ်အတွက် ကြိုတင်မှာယူမှုတွေကိုလည်း အခုစတင်လက်ခံနေပြီဖြစ်ကာ ၂၀၂၁ အစောပိုင်းလောက်မှာတော့ UK ဈေးကွက်ထဲကို အရင်ဆုံးတင်ပို့ရောင်းချသွားဖို့ Mazda ကရည်မှန်းထားပါတယ်။ ဈေးနှုန်းကတော့ £30k ဝန်းကျင်ေလာက်ရှိနိုင်မှာပါ။
MX-30 ကိုဖန်တီးထားတဲ့နည်းပညာဟာ CX-30 ကိုဖန်တီးတဲ့နည်းပညာေပါ်အေခြပြုထားတယ်ဆိုေပမဲ့ EV powertrain စွမ်းဆောင်ရည်ပိုင်းမှာတော့ MX-30 ကပိုအဆင့်မြင်ကောင်းမွန်ေနပါတယ်။ 35.5kWh Battery နဲ့ Front Axle ပေါ်က E-motor တွေ ကားအတွက် ပါဝါထောက်ပံ့ပေးမှာဖြစ်ပြီး အားအပြည့်တစ်ကြိမ်သွင်းပြီးရင် 125 မိုင်ဝန်းကျင်ခရီးထိမောင်းနှင်စွမ်းရှိမှာပါ။ သီအိုရီပိုင်းအရတော့ MX-30 က တခြား EV ေတွထက်ပိုပေါ့ပါးပြီးသေဘာကျစရာဖြစ်နေပါတယ်။
Mazda ဟာ EV Platform ထဲ စတင်ဝင်ေရာက်လာခဲ့တဲ့ ၂၀၂၀ အစောပိုင်းလောက်ကတည်းက Energy-dense Solid-state Battery နည်းပညာအတွက် Toyota နဲ့ပူးပေါင်းဖန်တီးမှုေတွရှိခဲ့တယ်ဆိုေပေမဲ့လည်း MX-30 ကိုဖန်တီးရာမှာ Mazda ရဲ့ကိုယ်ပိုင်နည်းပညာေတွကိုချည်း 100% အသုံးပြုထားတာပါ။ MX ဆိုတဲ့ nameplate ကိုေတာ့ MX-5 sports ကားကို စွန့်ဦးတီထွင်ခဲ့မှုနဲ့ ဆက်စပ်အစွဲပြုပြီးပေးထားတာဖြစ်ပါတယ်။
MX-30 ရဲ့ Exterior design ပိုင်းကို အကွေးအဝိုက်တွေ၊ coupe-like roofline တွေနဲ့အတူ သေသပ်သားနားတဲ့ Mazda ရဲ့ ပင်ကိုဟန်အတိုင်းတွေ့မြင်ရမှာပါ။ Cabin Feature ပိုင်းမှာေတာ့ Floating Centre Console တစ်ခုအနေနဲ့ ရှိနေမယ့် EV Staple တွေ၊ ရိုးရှင်းတဲ့ကြမ်းခင်းဒီဇိုင်းနဲ့ Recycled Plastic Bottle တွေကရတဲ့ Fibre ကိုအသုံးပြုဖန်တီးထားတဲ့ပစ္စည်းသစ်တချို့ကို တွေ့ရပါလိမ့်မယ်။
MX-30 ရဲ့ Ultra-compact, vibration-free range extender version ကလည်း Mazda ရဲ့multi-powertrain line-up ထဲက Model တစ်ခုအဖြစ်နဲ့ လာမယ့်ဆယ်စုနှစ်အတွင်းမှာပဲ ပါဝင်လာဖို့ရှိေနတယ်လို့သိရပါတယ်။
Ref: carmagazine
Thiha