


Unicode Version….

အထူး Promotion ဖြင့် ရောင်းချပေးနေသည့် Mazda Myanmar ရဲ့ (၅) နှစ်ပြည့် ကားအရောင်းပြပွဲ


Mazda Myanmar သည် မြန်မာနိုင်ငံတွင် အမှတ်တရများစွာဖြင့် လျှောက်လှမ်းခဲ့သည့် (၅)နှစ်ပြည့် ခရီးစဉ် အထိမ်းအမှတ်အဖြစ် Mazda ကားအရောင်းပြပွဲကြီးကို Myanmar Plaza တွင် စက်တင်ဘာ (၂၆)ရက်နေ့မှ (၂၉)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ Mazda Myanmar ၏ (၅) နှစ်ပြည့် အထိမ်းအမှတ် ကားအရောင်းပြပွဲကြီးတွင် (၅) နှစ် အရစ်ကျအတိုးမဲ့စနစ်၊ (၅) ကြိမ် အခမဲ့ ကားမွမ်းမံထိန်းသိမ်းခွင့် ၊ (၅) ကြိမ် အခမဲ့ ကားပေါလစ်တိုက်ခွင့်၊ (၅၀၀) လီတာ ဓာတ်ဆီ အခမဲ့ စသည့် အထူး Promotion များပါဝင်သည်။
Mazda ကားချစ်သူများအနေဖြင့် မော်ဒယ်အားလုံးကို ပြပွဲရက်အတွင်း အထူး Promotion ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Sedan မော်ဒယ်များအနေဖြင့် Mazda 2၊ Mazda 3၊ Mazda 6 နှင့် SUV မော်ဒယ်များအနေဖြင့် Mazda CX-3၊ Mazda CX-5၊ Mazda CX-9 တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
Mazda Myanmar ရဲ့ (၅) နှစ်ပြည့် အထိမ်းအမှတ်နဲ့ ပတ်သတ်ပြီး Marketing Manager ကိုမျိုးမင်းဆွေက “ Mazda ကို (၅)နှစ်တာတောအတွင်းမှာ အားပေးခဲ့တဲ့ မိတ်ဟောင်းတွေကို အများကြီး ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။ မိတ်သစ်တွေကိုလည်း Mazda Myanmar ရဲ့ Product တွေကို ဝယ်ယူပြီးတာနဲ့ နောက်ပိုင်းမှာ Maintenance ပိုင်းတွေ၊ Service ပိုင်းတွေကို ဝန်ဆောင်မှု အပြည့်အဝပေးသွားမှာဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါ တယ်” ဟု ဆိုခဲ့သည်။
အဆိုပါကားအရောင်းပြပွဲတွင် Mazda ကားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို ခံစားနိုင်ဖို့အတွက်Test Drive မောင်းနှင်မှုများလည်းပြုလုပ်နိုင်မည်ဖြစ်သောကြောင့် ကားချစ်သူမိတ်ဆွေများကို ဖိတ်ခေါ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here