Unicode Version…
Mazda ၏ အထင်အရှား ထုတ်လုပ်မှုဖြစ်သည့် Rotary Engine အား အသစ်တဖန် ပြန်လည် ဖေါ်ထုတ်သည့် အနေဖြင့် Mazda မှ ထုတ်လုပ်မည့် လျှပ်စစ်ကားများတွင် Range Extender အနေဖြင့် ထည့်သွင်းထားပါမည်။ အဆိုပါ Rotary Engine အသစ်များအား ကြာမြင့်စွာ စောင့်ဆိုင်း ရမည် မဟုတ်ကာ ၂၀၂၀ တွင် ရောင်းချမည့် Mazda ၏ EV ကားများတွင် စတင်ထည့်သွင်းထား ပါမည်။ ၎င်းတို့သည် Fully EV ကားများဖြစ်ပြီး အမျိုးအစား ၁ မျိုး ၂ မျိုး ခန့်ထုတ်လုပ်မည်ဖြစ်ပါမည်။ Rotary Engine အား Shared Packing Layouts အနေဖြင့် ထည့်သွင်းထားမည်ဖြစ်ပြီး အဆိုပါ Mazda EV ကားအသစ်များသည် Hyundai Ioniq နှင့် Honda Clarity Models များ ကဲ့သို့ဖြစ်ပါသည်။
အဆိုပါ Rotary Engine များသည် သန့်စင်ထားသည့် ရေနံဓာတ်ငွေ့ အမျိုးအစားများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Mazda အနေဖြင့် မည်သည့် လောင်စာဆီနှင့်မဆို လိုက်ဖက်သည့် Fuel Usage ကို ဖန်တီးနိုင်မှုအတွက် ခြေလှမ်းအစပင်ဖြစ်မည်။ မြောက်အမေရိကဒေသနိုင်ငံများတွင် ဟိုက်ဒရိုဂျင်လောင်စာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း ( Propane – လောင်စာအဖြစ် သုံးနိုင် သည့် ရေနံတွင်ပါရှိသည့် အဆင်းမဲ့ဓာတ်ငွေ့ ) ကဲ့သို့ လောင်စာစွမ်းအားများဖြင့်လည်း အဆင်ပြေပြေ အသုံးပြုနိုင်ပါသည်။
Mazda သည် ပြန်လည်ထုတ်လုပ်မည့် Rotary Engine ဆိုင်ရာ အသေးစိတ်အချက်များကို ပြောကြားခြင်းမရှိထားသော်လည်း ၎င်းတွင် အကောင်းဆုံး Power output အားသေးငယ်သည့် ပမာဏဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ EV ကားအသစ်များအား ၂၀၂၀ မတိုင်ခင် အသိပေးမည်ဖြစ်ပါသည်။

Zawgyi Version…

မြောက်အမေရိကတွင် ထင်ရှားသည့် 2019 Nissan Maxima ထွက်ရှိတော့မည်
Mazda ၏ Rotary Engine ကိုအသစ်တစ်ဖန်ပြန်လည်ဖန်တီးမည်