Mazda Myanmar သည် ဇန်နဝါရီ(၃၀)ရက်နေ့တွင် ရာစုနှစ်တစ်ခုကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့သည့် Mazda ၏ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်းဈေးကွက်အတွင်း Mazda 3 အား မိတ်ဆက်သွားခဲ့သည်။
Mazda Myanmar သည် အသစ်မိတ်ဆက်လိုက်သည့် ၂၀၂၀ မော်ဒယ် The All New Mazda တွင် Mazda ကိုယ်ပိုင်ဟန်မူဖြစ်သည့် ထူးခြားဆန်းသစ်သော KODO Deisgn Language ကြောင့် ကျော့ရှင်းလှပစွာ ဖွဲ့စည်းထားသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။
မိတ်ဆက်လိုက်သည့် Mazda 3 Hatchback နှင့် Sedan နှစ်မျိုးစလုံး၏ အတွင်းခန်းများကို Premium Quality ဆန်သည့် Leather ထိုင်ခုံများ၊ Side Cover မှ Chrome line များနှင့် မောင်းနှင်သူ သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်ရန် အဆင့်မြင့်နည်းပညာများဖြင့် ဖန်တီးထားကြောင်းသိရသည်။
နည်းပညာပိုင်းအနေဖြင့် ၈.၈ လက်မ Infotainment TV Screen၊ BOSE Sound System၊ Head-Up Display on Windshield၊ Keyless Entry Touch Switch၊ Rain Sensor စသည့်တို့ကို ထောက်ပံ့ပေးထားသောကြောင့် ခေတ်မီနည်းပညာဖြင့် သင့်ကို သက်သာလွယ်ကူစေမည်ဖြစ်သည်။
လုံခြုံရေးပိုင်းအနေဖြင့် ကားကို ကောင်းမွန်စွာ ထိန်းချုပ်မောင်းနှင်နိုင်ခြင်းမရှိပါက အချက်ပြမည့် Driver Monitoring System၊ ရုပ်တရက် ထွက်ပေါ်လာသည့် အရာဝတ္ထုများအတွက် Smat City Brake Sport၊ AirBag(၆)လုံးနှင့် ကားအရှေ့ဘက်ခြမ်းတွင် New Energy-Absorbing Inner Structure တို့ကို ထည့်သွင်းထားသောကြောင့် အန္တာရယ်ဖြစ်မှုများကို အကောင်းဆုံးကာကွယ်ပေးနိုင်မည်ဖြစ်သည်။
2020 All New Mazda 3 သည် 1.5l SKYACTIV-G အင်ဂျင်ကို အသုံးပြုထားပြီး 6-Speed Automatic Transmission ကို အသုံးပြုထားသောကြောင့် ဆီစားနှုန်းအသက်သာဆုံးနှင့် ညိမ့်ညောင်းစွာ မောင်းနှင်နိုင်မည်ဖြစ်သည်။
Mazda Myanmar မှ 2020 All-New Mazda 3 Hatchback နှင့် Sedan တို့ကို အမေရိကန်ဒေါ်လာ (၄၉,၉၉၉) ဈေးနှုန်းသတ်မှတ်ထားပြီး ဝန်ဆောင်မှုအနေဖြင့် (၃)နှစ် သို့မဟုတ် ကီလိုမီတာ(၁)သိန်း အာမခံပေးသွားမည်ဖြစ်သည်။

Zawgyi Version….
Mazda ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် 2020 All New Mazda 3 အား ပြည်တွင်းဈေးကွက်အတွင်း မိတ်ဆက်
