Unicode Version…
McLaren သည် အထူးထုတ်ရွေးချယ်ထားသည့် 570 S Model များအား Coupe နှင့် Spider ပုံစံများဖြင့် ဖန်တီးထုတ်လုပ်မည်ဖြစ်ပြီး McLaren ၏ ပြိုင်ကားသမိုင်းအထိမ်းအမှတ်အနေဖြင့် အမှတ်တရ ဖန်တီးခြင်းဖြစ်သည်။ ၎င်းအား – Racing Through The Ages ဟု သတ်မှတ်ပြီး ကားအမျိုးအစား ၆ မျိုးထုတ်လုပ်မည်ဖြစ်ကာ – Muriwai ၊ Papaya Spark ၊ Sarthe Carey အမည်ရှိသည့် အရောင် ( ၃ ) မျိုးပါဝင်မည်ဖြစ်ကာ McLaren ၏ နာမည်ကျော် GT 4 Racing ၏ ဖန်တီးမှုလက်ရာများဖြင့် တန်ဆာဆင်ထားပါမည်။ ပထမဆုံးထုတ်ကားအား New Zealand ရှိ Muriwai ကမ်းခြေတွင် မိတ်ဆက်ပြသခဲ့ပြီး Bluish White ဆေးရောင်နှင့် Speedy Kiwi Logo တို့ဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ဒုတိယကားအား 1960 နှင့် 1970 ခုနှစ်များ၌ ကျင်းပခဲ့သည့် Can – Am ၊ Indy 500 နှင့် ဖေါ်မြူလာဝမ်း ပြိုင်ပွဲများ၌ ဗိုလ်စွဲခဲ့သည့် Papaya Spark အရောင်ဖြင့် ဆေးချယ်ခဲ့ပါသည်။ တတိယကားအား 1995 Le Mans တွင် ဗိုလ်စွဲခဲ့သည့် F1 GTR ကား၏ Sarthe Grey အရောင်ဖြင့် ဖန်တီးထားပြီး အနောက်အတောင်ပံတွင် 24 Heures Du Mans – Winner 1995 စာတမ်းပါရှိပါမည်။ အဆိုပါကားများ၏အတွင်းခန်းရှိ အင်ဂျင်စက်နိုးစနစ်တွင်လည်း အဆိုပါ အရောင် များဖြင့် ပြုလုပ်ထား မည်ဖြစ်ပြီး အခြားသော ထူးခြားသည့်ဖန်တီးမှုများစွာလည်း ပါရှိပါမည်။ ( အဆိုပါ Model များအား McLaren ၏ ပြိုင်ကားသမိုင်းကြောင်းကို အမှတ်ရစေပြီးပြန်လည်ဆက်စပ်စေရန် ဖန်တီးခြင်းဖြစ်သည် ) ဟု McLaren Special Operations ၏ M . D ဖြစ်သူ Mr Ansar Ali မှ ပြောကြားပါသည်။







Zawgyi Version…
ၿပိဳင္ကားသမိုင္းအထိမ္းအမွတ္အေနျဖင့္ အမွတ္တရ ဖန္တီးမည့္ McLaren 570 S Model McLaren သည္ အထူးထုတ္ေရြးခ်ယ္ထားသည့္ 570 S Model မ်ားအား Coupe ႏွင့္ Spider ပုံစံမ်ားျဖင့္ ဖန္တီးထုတ္လုပ္မည္ျဖစ္ၿပီး McLaren ၏ ၿပိဳင္ကားသမိုင္းအထိမ္းအမွတ္အေနျဖင့္ အမွတ္တရ ဖန္တီးျခင္းျဖစ္သည္။ ၎အား – Racing Through The Ages ဟု သတ္မွတ္ၿပီး ကားအမ်ဳိးအစား ၆ မ်ဳိးထုတ္လုပ္မည္ျဖစ္ကာ – Muriwai ၊ Papaya Spark ၊ Sarthe Carey အမည္ရွိသည့္ အေရာင္ ( ၃ ) မ်ဳိးပါ၀င္မည္ျဖစ္ကာ McLaren ၏ နာမည္ေက်ာ္ GT 4 Racing ၏ ဖန္တီးမႈလက္ရာမ်ားျဖင့္ တန္ဆာဆင္ထားပါမည္။ ပထမဆုံးထုတ္ကားအား New Zealand ရွိ Muriwai ကမ္းေျခတြင္ မိတ္ဆက္ျပသခဲ့ၿပီး Bluish White ေဆးေရာင္ႏွွွွွွွွွွင့္ Speedy Kiwi Logo တို႔ျဖင့္ ထုတ္လုပ္ခဲ့ပါသည္။ ဒုတိယကားအား 1960 ႏွင့္ 1970 ခုႏွစ္မ်ား၌ က်င္းပခဲ့သည့္ Can – Am ၊ Indy 500 ႏွင့္ ေဖၚၿမဴလာ၀မ္း ၿပိဳင္ပြဲမ်ား၌ ဗိုလ္စြဲခဲ့သည့္ Papaya Spark အေရာင္ျဖင့္ ေဆးခ်ယ္ခဲ့ပါသည္။ တတိယကားအား 1995 Le Mans တြင္ ဗိုလ္စြဲခဲ့သည့္ F1 GTR ကား၏ Sarthe Grey အေရာင္ျဖင့္ ဖန္တီးထားၿပီး အေနာက္အေတာင္ပံတြင္ 24 Heures Du Mans – Winner 1995 စာတမ္းပါရွိပါမည္။ အဆိုပါကားမ်ား၏အတြင္းခန္းရွိ အင္ဂ်င္စက္ႏိုးစနစ္တြင္လည္း အဆုိပါ အေရာင္ မ်ားျဖင့္ ျပဳလုပ္ထား မည္ျဖစ္ၿပီး အျခားေသာ ထူးျခားသည့္ဖန္တီးမႈမ်ားစြာလည္း ပါရွိပါမည္။ ( အဆိုပါ Model မ်ားအား McLaren ၏ ၿပိဳင္ကားသမိုင္းေၾကာင္းကို အမွတ္ရေစၿပီးျပန္လည္ဆက္စပ္ေစရန္ ဖန္တီးျခင္းျဖစ္သည္ ) ဟု McLaren Special Operations ၏ M . D ျဖစ္သူ Mr Ansar Ali မွ ေျပာၾကားပါသည္။