

Unicode Version……

McLaren GT ၏ MSO Displays ထိုင်ခုံများ လက်ရာမြောက်သည့် ဗိသုကာဖန်တီးမှုများ
McLaren Automotive သည် 2019 August အား ( MSO Month ) အနေဖြင့် သတ်မှတ်ပြီး အကောင်းဆုံး Customize ဖန်တီးမှုများကို လက်ခံဆောင်ရွက်ပေးပါသည်။ McLaren GT ၏ ( McLaren Special Operations – MSO ) Version အား နာမည်ကျော် Pebble Beach တွင် မိတ်ဆက်ပြသခဲ့ပြီး အဆိုပါ ဝယ်သူစိတ်ကြိုက် ဖန်တီးမှုသည် McLaren ၏ အကောင်းဆုံးဖန်တီးမှု လက်ရာလည်းဖြစ်ပါသည်။ MSO သည် ၎င်း၏ ထူးခြားသည့် ဆေးရောင်များကြောင့်နာမည်ရသည့် ဖန်တီးမှုတရပ်ဖြစ်ပြီး ယခု GT Model တွင် ( MSO Defined Fulx Silver ) ဆေးရောင်အသစ်အား ထည့်သွင်းထားပြီး Satin Graphic ဆေးရောင်အသစ်အား တံခါးအရှေ့ဖက် Splitter ဘေးမှန်များ အနောက်ဖက် bumper ၊ Brake Caliper များတွင် ရွေးချယ်ထားမည်ဖြစ်သည်။ အမိုးသည် Electro chromic Roof အမျိုးအစားဖြစ်ပြီး ၊ Glass Black Diamond Cut Wheels ၊ စသည့် အဆင်တန်ဆာ များလည်း ပါရှိပါမည်။ McLaren GT MSO အား ဗြိတိသျှတို့၏ ဗိသုကာဟန်ပန်များကို မှီငြမ်းဖန်တီး ထားသည်ဟု McLaren မှ ပြောကြားသည်။ ထိုင်ခုံများအတွက် ( Metallic Flux White Leather ) အား ( Geo form Stitching ) များဖြင့် အသေးစိတ်ချယ်မှုန်းဖန်တီးထားပြီး ထိုသို့လက်ဝင်သည့် ဖန်တီးမှုလက်ရာအား ထိုင်ခုံများအပြင် Sun Visor ၊ Armrest များ တံခါးလက်ကိုင်နေရာများ တို့တွင်လည်း ထည့်သွင်းထားပါမည်။ ၎င်းအပြင် ( Satin Graphite Leather Accents ) ၊ ( MSO Logo ) ( MSO Silver Infused Corbin Fiber အား Gear Shift, Steering Wheel , ခြေနင်းကြမ်းခင်းများတွင် ထည့်သွင်းခြင်း ) တို့လည်းပါရှိမည်။ အဆိုပါ GT တွင် ( G 12 hp ) ( Twin turbo V8 Engine ) စနစ်ကို တပ်ဆင်ထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here