အမေရိကန်ရှိ Exclusive Customer များအတွက် McLaren ၏ Special Operation သည် ( 824 hp Output ) ပါရှိသည့် Sabre Hyper car ကို ဖန်တီးလိုက်ပါသည်။ New Sabre Model သည် McLaren Beverly Hills မှ ပထမဆုံး ဖန်တီးသည့် Model လည်းဖြစ်ပြီး ထူးခြားသည့် ဖန်တီးတီထွင်မှုများနှင့် Idea တို့ဖြင့် တည်ဆောက်ထားပါသည်။ McLaren Sabre ၏ ဒီဇိုင်းအား နာမည်ကျော် McLaren Speedtail နှင့် McLaren Senna ကဲ့သို့ ခေတ်ဆန်စွာ ဖန်တီးထားကာ အစင်းရေ (၁၅)စင်းသာ ( MSO ) မှ ကန့်သတ်ထုတ်လုပ်ပါမည်။ အပေါ်သို့ထောင် ဖွင့်ရသည့် Swing-up Doors များအပါအဝင် Missive Rear Wing နှင့် Unique ဖြစ်သည့် အခင်းအကျင်းများဖြင့် ဖန်တီးမည်ဖြစ်သည်။ McLaren Sabre တွင် ( 4.0 L Turbocharged V8 Engine ) ၊ (824 hp ) အင်ဂျင် ပါဝင်မည်ဖြစ်ပြီး Top Speed အနေဖြင့် ( 218 mph ) ပါရှိကာ McLaren Model များတွင် ( Top Speed Level ) အမြင့်ဆုံး Model ဖြစ်သည်။ ( Top Speed 220 mph ) အထက်ရှိသည့် McLaren F1 နှင့် McLaren Speed Tail တို့ကိုမူ ( 3- Seats Version ) အနေဖြင့် ဖန်တီးထားပါသည်။ U.S.A အတွက် ကြိုတင်မှာယူထားသည့် အထူးထုတ် Model (၁၅) စင်းအနက် (၁၄) စင်းအား 2021 နှစ်ဦးပိုင်းတွင် Customer များထံလွှဲအပ်နိုင်မည်ဟု McLaren Special Operation မှ ပြောကြားပါသည်။ McLaren သည် Sabre ၏ ဈေးနှုန်းအတိအကျအား ပြောကြားခြင်း မရှိထားသော်လည်း Sabre သည် ( USD 1.0 million ) ဝန်းကျင်ခန့် ရှိမည်ဟု ကားချစ်သူများမှ ယူဆကြသည်။ McLaren Sabre ဥည် အထူးထုတ် Model ဖြစ်သည့်အတွက် အတွင်း ၊ အပြင် ဖန်တီးမှုနှင့် ပါဝင်သည့် Features များကို သာမန်ထက် ထူးခြားစွာ ဖန်တီးထားပါမည်။

11 Jan 2021
0