တတိယအကြိမ်မြောက် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် ကားအမှတ်တံဆိပ် ၁၂ မျိုးကို အကဲဖြတ်
+++++++++++++++++
တတိယအကြိမ်မြောက် မြန်မာ့တစ်နှစ်တာ အကောင်းဆုံး ကားဆုပေးပွဲအတွက် မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချနေသော ကားအမှတ်တံဆိပ် ၁၂ မျိုးမှ ကားအစီးရေ ၄၀ ခန့်ကို အောက်တိုဘာလ ၁၇ ရက်နေ့က ရွှေထွဋ်တင်ကွင်းတွင် စမ်းသပ်မောင်းနှင်ပြီး အကဲဖြတ်ခဲ့သည်။
မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားရွေးချယ်ဆုပေးပွဲ(MCOTY)သည် နိုင်ငံတကာမှ ဆုပေးပွဲများကဲ့သို့ မော်တော်ကား သတင်းစာပညာရှင်များမှ ရွေးချယ်၍ အကဲဖြတ်အမှတ်ပေးသော ပြိုင်ပွဲတစ်ပွဲဖြစ်ပါသည်။
Myanmar Car of Thr Year ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ကားဈေးကွက်အတွင်း အောင်မြင်မှုအများဆုံးနှင့် အကောင်းဆုံးကားများကို ရွေးချယ်၍ ဆုချီးမြှင့်ရန်ဖြစ်ပါသည်။
Drive Media Myanmar သည် မြန်မာတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ် တစ်နှစ်အကောင်းဆုံးကားဆုပေးပွဲ (MCOTY 2019) သည် Drive Media Myanmar ၏ တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် Drive Media အနေဖြင့် ပြည်တွင်း ပြည်ပကျွမ်းကျင်ပညာရှင်၊ သတင်းစာပညာရှင်များ၏ ပူးပေါင်းပါဝင်မှု နှင့်အတူ မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲကို အကဲဖြတ်စနစ်များနှင့် ရွေးချယ်ဆုချီးမြှင့်သွားမည်ဖြစ်သည်။
မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုများကို ရွေးချယ်ရာတွင် စမ်းသပ်မောင်းနှင်မှုများပြုလုပ်ပြီး ကားတစ်စီး၏ Safety ပိုင်း၊ စွမ်းဆောင်ရည်၊ နည်းပညာပိုင်း၊ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှင့် ဈေးနှုန်းသင့်တင့်မှု ရှိ၊မရှိစသည့် အချက်များကို လေ့လာ၍ စစ်ဆေးအကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲတွင် ပြည်တွင်းပြည်ပမှ သတင်းစာပညာရှင်များ ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ ဆုတံဆိပ်(၁၀)ခု နှင့် ကားချစ်သူပရိတ်သတ်များမှ ရွေးချယ်သည့် People Choice ဆုတို့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ယခုနှစ်မှာတော့ MCOTY ပွဲကြီးအားပိုမိုထူးခြားကောင်းမွန်စေရန်နှင့် ပိုမိုထင်သာမြင်သာဖြစ်စေရန် အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ၂၀၁၉ မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် ကားချစ်သူများကို အဓိကထားပြီး ဆုပေးမည့် ကားအမျိုးအစားစာရင်းများကိုလည်း ပြောင်းလဲထားသည်။
၂၀၁၉ မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲတွင် ချီးမြှင့်မည့် ဆုအမျိုးအစားများ
1 – Best Family Car Of The Year
2 – Best Small SUV Of The Year
3 – Best Family SUV Of The Year
4 – Best Small Car Of The Year
5 – Best City Car Car Of The Year
6 – Best City SUV Of The Year
7 – Best Luxury SUV Car Of The Year(USD 90,000 and below)
8 – Best Luxury SUV Car Of The Year (Above USD 90,000)
9 – Best PickupCar Of The Year
10 – Best MPV/Minivan Car of the year
အဆိုပါဆုများကို ဒိုင်များမှ ရွေးချယ်ခြင်းဖြစ်ပြီး အကဲဖြတ်စနစ်ဖြင့် အမှတ်အများဆုံးရရှိသောကားကို ချီးမြှင့်မည်ဖြစ်သည်။
11 – 2019 Car of The Year (People’s Choice)
အဆိုပါဆုမှာ အွန်လိုင်းမှတစ်ဆင့်ပြည်သူမှ မဲပေးရွေးချယ်ခြင်းဖြစ်ပြီး DRIVE Magazine၏ Website နှင့် Facebook မှတစ်ဆင့် Vote အများဆုံးရသည့် ကားကို ချီးမြှင့်ခြင်းဖြစ်သည်။
ဆုအမျိုးအစားအလိုက် ပါဝင်ခဲ့သောကားများကို Drive Myanmar facebook နှင့် Website မှတစ်ဆင့် ကြေညာခဲ့ပြီး ဖြစ်သည်။ ပြိုင်ပွဲကျင်းပပုံအဆင့်ဆင့်မှာ ဆုကဏ္ဍ (၁၀) ခုတွင်ပါဝင်သော ကားများကို ဒိုင်များမှ ပထမအဆင့် ကိုယ်တိုင်စမ်းသပ်မောင်းနှင်လေ့လာမှုများပြုလုပ်ပြီး အကဲဖြတ်စနစ်ဖြင့် အမှတ်ပေးရွေးချယ်မည် ဖြစ်သည်။
မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲတွင် Mazda၊ Chevrolet၊ TOYOTA၊ KIA၊GAC
Hyundai၊ Mitsubishi၊ Borgward၊ Ford၊ Jaguar Land Rover နှင့် Nissan ကားကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်ထားသည်။
မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် ဒိုင်လူကြီးများ
အကောင်းဆုံးကားတွေကို ဆုပေးရွေးချယ်ရာမှာ အတွေ့အကြုံရော စိတ်အားထက်သန်မှု နှစ်မျိုးစလုံးရှိတဲ့ ဒိုင်များကို လိုအပ်သည်။
၂၀၁၉ခုနှစ်မြန်မာတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲ(MCOTY-2019)ရဲ့ အကဲဖြတ်မယ့် ဒိုင်များထဲတွင် ပြည်တွင်းမှ ဒိုင်(၄)ဦးနဲ့ နိုင်ငံတကာမှ ဒိုင်(၃) ဦးအထိ ပါဝင်ပြီး ပြည်ပကျွမ်းကျင်ဒိုင်များမှာ ပြည်တွင်းဂျာနယ်လစ်များနှင့် ကျွမ်းကျင်သူများကို ပံ့ပိုးပေးရန်အတွက် နိုင်ငံတကာ အတွေ့ကြုံများကို ယူဆောင်လာကြသူများလည်း ဖြစ်သည်။
နိုင်ငံတကာမှ ဒိုင်လူကြီးများ –
၁။ Ashwin Ram N P – Road Tester and Photographer for www.RushLane.com
၂။ Dao Trong Anh – Driving tester and Photographer for www.Autovina.com
၃။ Zotmund Pal – Automotive Reporter, AutomotorTV
ပြည်တွင်းဂျာနယ်လစ်ဒိုင်လူကြီးများ –
၄။ မိုးကန်ရှိန် – Former Editor-in-chief at Automobile Entertainment
၅။ သန်းထိုက်သူ – Chief Editor of Myanmar Post and Myanmar Post Global
၆။ ကျော်ကျော်မင်း – Chief Editor of Drive Magazine
ဒီနှစ်မှာတော့ ကားနဲ့ ပတ်သတ်ပြီး စိတ်အားထက်သန်သူတစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်။
၇။ ပိုင်ဇေရဲထွန်း – Influencer
မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုချီးမြှင့်ပွဲကိုတော့ လာမည့် နိုဝင်ဘာလထဲတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
Zawgyi Version
တတိယအႀကိမ္ေျမာက္ ျမန္မာ့တစ္ႏွစ္တာ အေကာင္းဆုံးကား ဆုေပးပဲြအတြက္ ကားအမွတ္တံဆိပ္ ၁၂ မ်ဳိးကုိ အကဲျဖတ္
+++++++++++++++++
တတိယအႀကိမ္ေျမာက္ ျမန္မာ့တစ္ႏွစ္တာ အေကာင္းဆုံး ကားဆုေပးပြဲအတြက္ ျမန္မာႏိုင္ငံအတြင္း တင္သြင္းေရာင္းခ်ေနေသာ ကားအမွတ္တံဆိပ္ ၁၂ မ်ဳိးမွ ကားအစီးေရ ၄၀ ခန္႔ကုိ ေအာက္တိုဘာလ ၁၇ ရက္ေန႔က ေရႊထြဋ္တင္ကြင္းတြင္ စမ္းသပ္ေမာင္းႏွင္ၿပီး အကဲျဖတ္ခဲ့သည္။
ျမန္မာ့တစ္နွစ္တာအေကာင္းဆံုးကားေရြးခ်ယ္ဆုေပးပြဲ(MCOTY)သည္ နိုင္ငံတကာမွ ဆုေပးပဲြမ်ားကဲ့သုိ႔ ေမာ္ေတာ္ကား သတင္းစာပညာရွင္မ်ားမွ ေရြးခ်ယ္၍ အကဲျဖတ္အမွတ္ေပးေသာ ျပိဳင္ပြဲတစ္ပြဲျဖစ္ပါသည္။
Myanmar Car of Thr Year ပြဲ က်င္းပျခင္း၏ ရည္ရြယ္ခ်က္မွာ ျမန္မာ့ကားေစ်းကြက္အတြင္း ေအာင္ျမင္မႈအမ်ားဆံုးႏွင့္ အေကာင္းဆံုးကားမ်ားကို ေရြးခ်ယ္၍ ဆုခ်ီးျမွင့္ရန္ျဖစ္ပါသည္။
Drive Media Myanmar သည္ ျမန္မာတစ္ႏွစ္တာအေကာင္းဆံုးဆုေပးပြဲကို ၂၀၁၇ ခုႏွစ္က စတင္က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး ယခု ၂၀၁၉ ခုႏွစ္ တစ္ႏွစ္အေကာင္းဆံုးကားဆုေပးပြဲ (MCOTY 2019) သည္ Drive Media Myanmar ၏ တတိယအႀကိမ္ေျမာက္ ျပဳလုပ္ျခင္းျဖစ္သည္။
၂၀၁၉ ခုႏွစ္တြင္ Drive Media
အေနျဖင့္ ျပည္တြင္း ျပည္ပကြၽမ္းက်င္ပညာရွင္၊ သတင္းစာပညာရွင္မ်ား၏
ပူးေပါင္းပါဝင္မႈ ႏွင့္အတူ ျမန္မာ့တစ္ႏွစ္တာအေကာင္းဆုံးကားဆုေပးပြဲကို
အကဲျဖတ္စနစ္မ်ားႏွင့္ ေရြးခ်ယ္ဆုခ်ီးျမွင့္သြားမည္ျဖစ္သည္။
ျမန္မာ့တစ္ႏွစ္တာအေကာင္းဆုံးကားဆုမ်ားကို ေ႐ြးခ်ယ္ရာတြင္
စမ္းသပ္ေမာင္းႏွင္မႈမ်ားျပဳလုပ္ၿပီး ကားတစ္စီး၏ Safety ပိုင္း၊
စြမ္းေဆာင္ရည္၊ နည္းပညာပိုင္း၊ သုံးစြဲသူမ်ား၏ စိတ္ေက်နပ္မႈႏွင့္
ေဈးႏႈန္းသင့္တင့္မႈ ရွိ၊မရွိစသည့္ အခ်က္မ်ားကို ေလ့လာ၍ စစ္ေဆးအကဲျဖတ္
အမွတ္ေပးသြားမည္ျဖစ္သည္။
၂၀၁၉ ခုႏွစ္
ျမန္မာတစ္ႏွစ္တာအေကာင္းဆုံးကားဆုေပးပြဲတြင္ ျပည္တြင္းျပည္ပမွ
သတင္းစာပညာရွင္မ်ား ပါဝင္သည့္ အကဲျဖတ္ဒိုင္အဖြဲ႕မွ ဆုတံဆိပ္(၁၀)ခု ႏွင့္
ကားခ်စ္သူပရိတ္သတ္မ်ားမွ ေ႐ြးခ်ယ္သည့္ People Choice ဆုတို႔
ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။
ယခုနွစ္မွာေတာ့ MCOTY
ပြဲၾကီးအားပိုမိုထူးျခားေကာင္းမြန္ေစရန္ႏွင့္ ပုိမုိထင္သာျမင္သာျဖစ္ေစရန္
အတြက္ အေကာင္းဆုံး ျပင္ဆင္ထားၿပီး ၂၀၁၉
ျမန္မာတစ္ႏွစ္တာအေကာင္းဆုံးကားဆုေပးပြဲအတြက္ ကားခ်စ္သူမ်ားကို အဓိကထားၿပီး
ဆုေပးမည့္ ကားအမ်ိဳးအစားစာရင္းမ်ားကိုလည္း ေျပာင္းလဲထားသည္။
၂၀၁၉ ျမန္မာတစ္ႏွစ္တာအေကာင္းဆုံးကားဆုေပးပြဲတြင္ ခ်ီးျမွင့္မည့္ ဆုအမ်ိဳးအစားမ်ား
1 – Best Family Car Of The Year
2 – Best Small SUV Of The Year
3 – Best Family SUV Of The Year
4 – Best Small Car Of The Year
5 – Best City Car Car Of The Year
6 – Best City SUV Of The Year
7 – Best Luxury SUV Car Of The Year(USD 90,000 and below)
8 – Best Luxury SUV Car Of The Year (Above USD 90,000)
9 – Best PickupCar Of The Year
10 – Best MPV/Minivan Car of the year
အဆုိပါဆုမ်ားကို ဒုိင္မ်ားမွ ေရြးခ်ယ္ျခင္းျဖစ္ျပီး အကဲျဖတ္စနစ္ျဖင့္ အမွတ္အမ်ားဆုံးရရွိေသာကားကုိ ခ်ီးျမွင့္မည္ျဖစ္သည္။
11 – 2019 Car of The Year (People’s Choice)
အဆုိပါဆုမွာ အြန္လုိင္းမွတစ္ဆင့္ျပည္သူမွ မဲေပးေရြးခ်ယ္ျခင္းျဖစ္ျပီး
DRIVE Magazine၏ Website ႏွင့္ Facebook မွတစ္ဆင့္ Vote အမ်ားဆုံးရသည့္
ကားကုိ ခ်ီးျမွင့္ျခင္းျဖစ္သည္။
ဆုအမ်ိဳးအစားအလုိက္
ပါဝင္ခဲ့ေသာကားမ်ားကုိ Drive Myanmar facebook ႏွင့္ Website မွတစ္ဆင့္
ေၾကညာခဲ့ျပီး ျဖစ္သည္။ ျပိဳင္ပဲြက်င္းပပုံအဆင့္ဆင့္မွာ ဆုက႑ (၁၀)
ခုတြင္ပါဝင္ေသာ ကားမ်ားကုိ ဒုိင္မ်ားမွ ပထမအဆင့္
ကုိယ္တုိင္စမ္းသပ္ေမာင္းႏွင္ေလ့လာမွဳမ်ားျပဳလုပ္ျပီး အကဲျဖတ္စနစ္ျဖင့္
အမွတ္ေပးေရြးခ်ယ္မည္ ျဖစ္သည္။
ျမန္မာ့တစ္ႏွစ္တာအေကာင္းဆံုးကားဆုေပးပြဲတြင္ Mazda၊ Chevrolet၊ TOYOTA၊ KIA၊GAC
Hyundai၊ Mitsubishi၊ Borgward၊ Ford၊ Jaguar Land Rover ႏွင့္ Nissan ကားကုမၸဏီမ်ား ပါဝင္ယွဥ္ၿပိဳင္ထားသည္။
ျမန္မာ့တစ္ႏွစ္တာအေကာင္းဆုံးကားဆုေပးပြဲအတြက္ ဒိုင္လူႀကီးမ်ား
အေကာင္းဆုံးကားေတြကို ဆုေပးေ႐ြးခ်ယ္ရာမွာ အေတြ႕အႀကဳံေရာ စိတ္အားထက္သန္မႈ ႏွစ္မ်ိဳးစလုံးရွိတဲ့ ဒိုင္မ်ားကို လိုအပ္သည္။
၂၀၁၉ခုႏွစ္ျမန္မာတစ္ႏွစ္တာအေကာင္းဆုံးဆုေပးပြဲ(MCOTY-2019)ရဲ႕ အကဲျဖတ္မယ့္
ဒိုင္မ်ားထဲတြင္ ျပည္တြင္းမွ ဒိုင္(၄)ဦးနဲ႔ ႏိုင္ငံတကာမွ ဒိုင္(၃) ဦးအထိ
ပါဝင္ၿပီး ျပည္ပကြၽမ္းက်င္ဒိုင္မ်ားမွာ ျပည္တြင္းဂ်ာနယ္လစ္မ်ားႏွင့္
ကြၽမ္းက်င္သူမ်ားကို ပံ့ပုိးေပးရန္အတြက္ ႏိုင္ငံတကာ အေတြ႕ႀကဳံမ်ားကို
ယူေဆာင္လာၾကသူမ်ားလည္း ျဖစ္သည္။
ႏိုင္ငံတကာမွ ဒိုင္လူႀကီးမ်ား –
၁။ Ashwin Ram N P – Road Tester and Photographer for www.RushLane.com
၂။ Dao Trong Anh – Driving tester and Photographer for www.Autovina.com
၃။ Zotmund Pal – Automotive Reporter, AutomotorTV
ျပည္တြင္းဂ်ာနယ္လစ္ဒိုင္လူႀကီးမ်ား –
၄။ မိုးကန္ရွိန္ – Former Editor-in-chief at Automobile Entertainment
၅။ သန္းထိုက္သူ – Chief Editor of Myanmar Post and Myanmar Post Global
၆။ ေက်ာ္ေက်ာ္မင္း – Chief Editor of Drive Magazine
ဒီႏွစ္မွာေတာ့ ကားနဲ႔ ပတ္သတ္ၿပီး စိတ္အားထက္သန္သူတစ္ဦးကိုလည္း ဖိတ္ေခၚထားသည္။
၇။ ပိုင္ေဇရဲထြန္း – Influencer
ျမန္မာတစ္ႏွစ္တာအေကာင္းဆံုးကားဆုခ်ီးျမွင့္ပြဲကုိေတာ့ လာမည့္ ႏုိဝင္ဘာလထဲတြင္ က်င္းပျပဳလုပ္သြားမည္ ျဖစ္သည္။