Mercedes သည် EV Super Car Concept ဖြစ်သည့် Vision One – Eleven Concept ကို မိတ်ဆက် လိုက်ပါသည်။ သူက 1960 – 1970 နှစ်များမှာ ဖန်တီးခဲ့တဲ့ Mercedes – Benz C 111 Prototype ကိုလည်း မှီငြမ်းထားတဲ့ Model ဖြစ်ကာ တောက်ပသည့် Orange Paint နှင့် Gullwing Door တို့ကဲ့သို့ ထူးခြားချက်များနဲ့ ဖန်တီးထားပါတယ်။ Concept ရဲ့ အပြင်ဘက်ဒီဇိုင်းက ခေတ်လွန်ပုံစံရှိသော်လည်း စွဲမက်ဖွယ်ဒီဇိုင်းပုံစံရှိကာ Shallow Curve များကို ကားအရှေ့မှ အနောက်အထိ မြင်တွေ့ရပါတယ်။

Aerodynamic Design ကို အဓိကယူထားခြင်းမှာ EQS နဲ့ EQE တို့ရဲ့ အခင်းအကျင်းများနဲ့ ဆင်တူစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပုံမှန် Grille အစား Pixelated LED များပါဝင်တဲ့ Oval Panel Design ကို ရွေးချယ်ထားပြီး  C 111 ရဲ့ နှင်းခွဲမီးဒီဇိုင်းကိုလည်း ပြန်လည်အသုံးပြုထားပါတယ်။ အမိုးတခုလုံးကို Glass Panel Type ကို ထည့်သွင်းပေးထားမှုမှာ ဆန်းသစ်သည့် Idea လို့ဆိုရပါမယ်။

အပြင်ဒီဇိုင်းက ခေတ်ရှေ့ပြေးသလို အတွင်းခန်း ကိုလည်း တမူထူးခြားစွာ ခင်းကျင်းထားပြီး Feature Gazing Concept Design လို Mercedes မှ မှတ်ချက်ပြု ထားပါတယ်။ ထိုင်ခုံများက Orange Color ဖြစ်ပြီး ပုံစံမျိုးစုံ ပြောင်းလဲနိုင်တယ့်အပြင် Dashboard Area တခုလုံးကို LED Pixel Display များနဲ့ လွှမ်းခြုံပေးထားမှုကတော့ Mercedes Benz ရဲ့ ထူးခြားတဲ့တီထွင်နိုင်စွမ်း လို့ဆိုရပါမယ်။

Digital Screen ထိန်းချုပ်မှုများကို QR Code နဲ့ ချိတ်ဆက်ပေးခြင်း ၊ 3D Control ၊ AR System အစရှိတဲ့ ခေတ်မှီနည်းပညာများစွာကိုလည်း မိတ်ဆက်အနေနဲ့ထည့်သွင်းပေးထားပါတယ်။ Powertrain အနေနဲ့ ( Axial – Flux Motor Type ) ကို အသုံးပြုထားပြီး အဆိုပါ Powertrain အား YASA မှ ဖန်တီးခြင်းဖြစ်ကာ Mercedes ၏ မျိုးဆက်သစ် EV များတွင် အဓိက Developed အနေနဲ့ အသုံးပြုမည်ဖြစ်ပြီး နှစ်အနည်းငယ် အတွင်း Brand ရဲ့ EV များတွင် တပ်ဆင်မည်ဖြစ်ပါသည်။