Mercedes-Benz သည် AMG ၏ (၅၅) နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Edition 55 Package အမည်ရသည့် အထူးထုတ် Model များကို ထုတ်လုပ်လျက်ရှိပြီး 2022 A 35 AMG နှင့် 2022 CLA 35 AMG တို့ကိုလည်း Edition 55 Models များအနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ A35 AMG နှင့် CLA 35 AMG တို့တွင် AMG Logo အား Silver Chrome ဖြင့်ထည့်သွင်းထားမည့်အပြင် ကားတံခါးခြေရင်းနေရာများတွင်လည်း AMG logo တို့တပ်ဆင်ထားပါသည်။ ထို့အတူ AMG Night Package နှင့် Night Package II Appearance Packs များ Side Sill Trim, Window Line Strip, နောက်ကြည့်မှန်နေရာ စသည်တို့တွင် ပေါင်းစပ်ထည့်သွင်း ထားပါသည်။ အနီရောင်ရှိပြီး Silver Finish ပုံစံ AMG Logo အားထိုင်ခုံများတွင် ရေးထိုးထားမည့်အပြင် ကားအတွင်းခန်းသည် Brushed Aluminum and Black Grace Interior ဖြစ်ပါသည်။

 

Dinamica Micro Fiber Material ဖြင့်ထူးခြားစွာဖန်တီးထားသည့် Edition AMG  နှင့် CLA 35 AMG တို့တွင် Front End Aero များကိုလည်း အဆင့်မြှင့်တင် ထည့်သွင်းထားပါသည်။ ကား၏ အပြင်ဖက်တွင် Sporty ဆန်သည့် အခင်းအကျင်းများ အနေဖြင့် – Blade Diffuser , Rear Apron Air Outlets, High-gloss black finished 19-inch AMG Alloy စသည့် Features များစွာ ပါဝင်ပါမည်။ Edition 55 A 35 AMG နှင့် CLA 35 AMG တို့အား ဥရောပဈေးကွက်တွင် အဓိကဦးစားပေးရောင်းချပါမည်။

#DriveMediaMyanmar