Zawgyi version..
Unicode version…
Mercedes – AMG များတွင် V12 Engine များအား အနာဂတ်တွင် ထည့်သွင်းမည် မဟုတ်
မကြာမီက ကျင်းပခဲ့သည့် New York Auto Show ၌ Mercedes-AMG ၏ အကြီးအကဲဖြစ်သူ Mr Tobias Moers ၏ အင်တာဗျူး ၌ (Mercedes-AMG Model များ၌ V12 Engine ကိုထည့်သွင်း တပ်ဆင်ခြင်း)နှင့် ဆိုင်သည့် မေးခွန်းအား မေးမြန်းခဲ့ပါသည်။ Mr Moers မှ (အနာဂတ်ထုတ်လုပ်မည့် AMG’s Product များ၊ အထူးသဖြင့် AMG GT ကဲ့သို့ Model ၌ V12 Engine အား ထည့်သွင်း နိုင်ဖွယ်မရှိ)ဟု ပြောကြားခဲ့ပါသည်။ ၎င်းမှ ဆက်လက်ရှင်းပြရာ၌ (လေ့လာမှုအရ AMG GT 635 4-Door တွင် တပ်ဆင်ထားသည့် (Twin-turbocharged 4.0 L V6 Engine) (630 hp)ကို တပ်ဆင်ပြီး S65 AMG ၌ (Twin Turbo 6.0 L V12 Engine) (621 hp)ကို တပ်ဆင်ထားပါသည်။ ထိုအချက်အရ (V12 Engine)၏ Torque သည် (V8 Engine)ထက်ပိုသော်လည်း များစွာခြားနားခြင်း မရှိပဲ အလေးချိန်နှင့် နေရာယူမှုတို့မှာမူ သိသာစွာ ကွာခြားပါသည်။ ထို့အပြင် V8 Engine သည် V12 Engine ထက်ပို၍ လက်ခံနိုင်ခြင်း၊ ပြုပြင်မွမ်းမံမှု သာလွန်ခြင်းနှင့် ကျစ်လစ်မှု ရှိခြင်းတို့ကြောင့် Mercedes-Benz ကားများ၌ ကျယ်ပြန့်စွာ တပ်ဆင်ကြပါသည်။ အဆိုပါ အလေးသာမှုများကြောင့် ကျွန်ုပ်တို့သည် အနာဂတ် AMG Model များ၌ V12 Engine အား ဆက်လက် ထည့်သွင်းမည် မဟုတ်)ဟု ပြောကြားခဲ့ပါသည်။ သို့သော် အခြားသော ပုံမှန် Mercedes – Benz Model များ ဖြစ်မည့် High-end Luxury Cars များ/ Maybach S650 Model တို့တွင် V12 Engine အား ထည့်သွင်းထား မည်ဖြစ်သည်။
ထို့အပြင် Mr Moers ၏ အင်တာဗျူး၌ AMG GT4-Door နှင့် ပက်သတ်၍ (Mercedes ချစ်သူများသည် C-Class / E-Class AMG များ ထက်ပို၍ စွမ်းဆောင်ရည် ကောင်းမွန်သည့် 4-Door ကားကို မျှော်လင့်ကြကြောင်း သိရှိ၍ AMG GT-4 Door အား ဖန်တီးရခြင်းဖြစ်ပြီး ၎င်းတွင် Mercedes GT-R Coupe ထက်ပို၍ စွမ်းဆောင်ရည်ရှိသည့် အင်ဂျင် (AWD System)တို့ဖြင့် ဖန်တီးထားကာ Body ကိုလည်း များစွာ ပေါ့ပါးမှုရှိစေရန် ဖန်တီးထားမည် ဖြစ်ပါသည်။