Mercedes-AMG ၏ 2020 Model Year အတွက် Emotion Start စနစ်ကို ထည့်သွင်းမည် ဖြစ်ပြီး Start Button ကိုအသုံးပြုလိုက်ပါက ပုံမှန်ထက် 300 rpm မြင့်မားသည့် Power ကို Active Exhaust Valves များမှတဆင့် ဖြစ်ပေါ်စေပါမည်။ ရလဒ်အနေဖြင့် ကျယ်လောင်ပြီး ကြည်လင်သည့် AMG Engine စက်သံကို Feel တခုအနေဖြင့် ရရှိခံစားနိုင်ပါမည်။ အဆိုပါ Feature အပြင် Carwash Function နှင့် Energizing Coach တို့ကိုလည်း 2020 AMG Models များအတွက် ထည့်သွင်းထား မည် ဖြစ်သည်။ Carwash Function သည် GLS AMG အတွက်သာ သီးသန့်ဖြစ်ပြီး စနစ်ကို အသုံးပြုလိုက် ပါက Suspension ကိုအမြင့်ဆုံး မြှင့်လိုက်ခြင်း၊ မှန်တံခါးအားလုံးကို ပိတ်ပြီး Windshield Wiper များမှ ကားရေဆေးမှုကို ပြုလုပ်မည်ဖြစ်ကာ ယာဉ်မောင်းအနေဖြင့် HVAC စနစ်ရှိ 360 Degree Camera များအကူအညီဖြင့် ကြည့်ရှုထိန်းချုပ်နိုင်မည့် စနစ်ဖြစ်သည့် Energizing Coach Feature သည် Air Balance Package ၏ အပိုင်းတစ်ခုဖြစ်ပြီး Algorithm စနစ်ကို အသုံးပြု၍ ယာဉ်မောင်း၏ ကိုယ်ဟန်အနေအထား ၊ အခြေအနေကို Data များ စုစည်းပြီး သက်သောင့်သက်သာ အဖြစ်ဆုံးအနေအထားကို ပြုလုပ်ဖန်တီးထားမည်ဖြစ်ပြီး ၎င်းအတွက် ထိုင်ခုံနှိပ်နယ်ပေးခြင်း၊ ကားအတွင်းခန်း မီးအလင်းရောင်ကို ညှိပေးခြင်းနှင့် သာယာနာပျော်ဖွယ် သီချင်းများနှင့် ဖွင့်လှစ်ပေးခြင်းတို့အား ပေါင်းစပ် ပြုလုပ်ပေးမည်ဖြစ်ပါသည်။

Mercedes-Benz ၏ AMG Emotion Start