Unicode Version…
Mercedes – Benz ၏ထင်ရှားလှသည့် GLE Crossover ၏ 2020 Model GLE – Class သည်ထွက်ရှိ၍ လာပါသည်။ ထူးခြားဆန်းသစ်သည့် ဒီဇိုင်းဖြင့် ရှုမြင်ရမည့် New Model တွင် လက်ရှိ GLE Class ထက် (၃) လက်မပိုရှည်သည့် ကိုယ်ထည်အလျား၊ Optional မှာယူနိုင်မည့် တတိယ ထိုင်ခုံတန်းစသည့် ထူးခြားမှုများနှင့် နောက်ဆုံးပေါ်နည်းပညာသုံး Features များ စသည်တို့သည် GLE ချစ်သူများကို အံ့သြဝမ်းမြောက်စေပါသည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် ( 2.0L Turbo I 4 Engine ) , ( 255 hp ) အင်ဂျင် ၊ (3.0 L Turbo I 6 Engine ) ( 362 hp) အင်ဂျင်နှင့် (48 – Volt electrical System ) တို့ ပေါင်းစပ်သည့် အင်ဂျင်စနစ်များပါရှိမည်ဖြစ်သည်။ ဂီယာစနစ်သည် ( 9 –speed Automatic ) ဖြစ်သည်။ ၎င်းတွင်အဆင့်မြှင်တင်ထားသည့် Suspension စနစ်များ ပါရှိ မည်ဖြစ်ပြီး ဝန်ရိုးများရှိ စပရိန်နှင့် Damper များသည် ဘီးတစ်ဘီးခြင်းသို့ သီးခြားစွမ်းအင်များဖြင့် ထိန်ချုပ်နိုင်သည့် လေအိတ်ရှော့ဘားစနစ် ( E- Active Body Control ) ၊ ( Fully – Variable AWD Controls ) စသည့် ထူးခြားသည့်နည်းပညာများကို ထည့်သွင်းထားမည်ဖြစ်သည်။ ၎င်း၏ အတွင်းခန်းအား ဒီဇိုင်းအသစ်ဖြင့် ဖန်တီးထားမည်ဖြစ်ပြီး ရုပ်ထွက်အထူးကောင်းမွန်းသည့် Display Serene ( ၂ ) ခုကို ဘေးချင်းယှဉ်ကာထားရှိမည်။ အလားတူ ပါဝင်မှုအသစ်အဆန်းများဖြစ် ကြသည့် – ( New Head – up Display ) ၊ ( Google Assistant / Siri ဆက်သွယ်မှုစနစ် ) ( Up to 37-mph မှစတင်၍ လုပ်ငန်းဆောင်ရွက်မည့် Autonomous Traffic – Assist System ) စသည် တို့အား စုံလင်စွာ ထည့်သွင်းထားပါမည်။ 2020 Mercedes GLE Class အား မကြာမီ ကျင်းပမည့် ပြင်သစ်နိုင်ငံရှိ Paris Auto Show တွင် စတင်ပြသမည်ဖြစ်ပြီး ( 2019 ) ခုနှစ်တွင် စတင်၍ အမှာစာများလက်ခံ မည်ဖြစ်ပါသည်။.
Zawgyi Version…